Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Monday 16 January 2012

ဂုဏ်ယူစရာ ရွှေမြန်မာ

ဂုဏ်ယူစရာ ရွှေမြန်မာ


အများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။
ပေပေါင်း ၁၇၆၄၀ ကျော် အမြင့်ရှိတဲ့ ခါကာဘိုရာဇီ တောင်ဟာ အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ ကမ္ဘာပေါ်မှာ ငှက်မျိုးစိပ် ပေါင်း ၉၆၇၂ မျိုးရှိပြီး၊ ၁၂၂၅ မျိုးက ဖြင့် အာဆီယံ နိုင်ငံ များအတွင်းမှာ ရှိပါတယ်။ ငှက်ပညာ ရှင်တွေ ရဲ့ တွေ့ရှိချက် အရ မြန်မာ နိုင်ငံ မှာ ငှက် မျိုးစိပ် ပေါင်း ၁၀၆၉ မျိုးရှိပြီး ကမ္ဘာ့စုစု ပေါင်း ငှက်မျိုးစိပ်ရဲ့ ၁၀ ရာခိုင်နှုံး၊ အာဆီယံ နိုင်ငံ အားလုံးရဲ့ ၉၀ ရာခိုင်နှုံး ရှိတာ သိရပါတယ်။ မြန်မာ နိုင်ငံ မြောက်ဖြား ပိုင်းဟာ ဟိမ၀န္တာ ဒေသန္တရ အခြေအနေ မျိုး ဖြစ် ပြီး၊ အောက်ပိုင်း ကတော့ မလေးယား ဒေသန္တရ အခြေ အနေမျိုး ဖြစ်လို့ မြန်မာ နိုင်ငံဟာ ဒေသတွင်း မှာ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝ ချမ်းသာ ဆုံး နိုင်ငံလို့ ဆိုနိုင်ပါတယ်။
ရွှေမြန်မာ မှ ဂုဏ်ယူစရာတချို့

(၁)- ပေပေါင်း ၃၀၀ ခန့် ရှိတဲ့ ရွှေတိဂုံ စေတီတော် မြတ်ကြီး ဟာ နှစ်ပေါင်း ၂၅၀၀ လောက် ကတည်း က တည်ဆောက် ခဲ့တယ် လို့ဆိုပါတယ်။ တန်ပေါင်း များစွာ ရှိတဲ့ ရွှေပြား တွေ၊ ရတီပေါင်း များစွာ ရှိတဲ့ အမျိုးမျိုးသော ကျောက်မျက်ရတနာ တွေနဲ့ပူဇော်ဆင်ယင်ထားပါတယ်။
(၂)- အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီ တောင် ရှိရာ နိုင်ငံ
(၃)- ဒေသတွင်း မှာ သဘာဝ သယံဇာတ အကြွယ်ဝ ဆုံး နိုင်ငံ
(၄)- တိုင်းရင်းသား လူမျိုးစုပေါင်း ၁၀၀ ကျော်ရှိသော နိုင်ငံ
(၅)- ကမ္ဘာ့ အကောင်း ဆုံးလို့ ဆိုနိုင်တဲ့ ကျွန်းသစ်ရွှေဝါ ထွက်ရာ နိုင်ငံ
(၆)- မြန်မာ စပါးကြီး မြွေ နဲ့ စပါးအုံးမြွေ များဟာ ကမ္ဘာပေါ်မှာ အကြီး ဆုံး မြွေ အမျိုး အစားထဲ တွင်ပါဝင်
(၇)- မြန်မာ့ ၀ါးပိုးဝါး ဟာ ဒေသတွင်း မှာ အကြီးဆုံးဝါးမျိုး
(၈)- မြန်မာ့ ပတ္တမြာ၊ နီလာ၊ ကျောက်စိမ်း စတဲ့ တွင်းထွက် ကျောက်မျက် တွေ ဟာ ကမ္ဘာပေါ်မှာ အရည် အသွေး အကောင်း ဆုံးလို့ ဆိုကြတယ်။
(၉)- ကမ္ဘာ အကြီး ဆုံး ကျောက်စိမ်း တုံး ကြီး မြန်မာ နိုင်ငံ ကချင်ပြည်နယ်တွင် ရှိ
(၁၀)- မြန်မာ လူမျိုး များဟာ ကမ္ဘာပေါ်မှာ ပထမဆုံး သနပ်ခါး ဖြင့် အလှဆင်တဲ့ လူမျိုးဖြစ် ပြီး ယခု အချိန်အထိ အသုံးပြုဆဲ။
(၁၁)- ကမ္ဘာပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓ ဘာသာစစ် ကျင့်သုံး တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပြီး နိုင်ငံတ၀ှမ်း မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ပေါင်း ၄ သိန်းကျော် ရှိ။
- ကမ္ဘာပေါ်မှာ လှေကို ခြေထောက် ဖြင့်လှော် သော တခုတည်းသော လူမျိုး ဟာမြန်မာတိုင်းရင်းသား အင်းသား လူမျိုး။
(၁၂)- ကမ္ဘာ့ ပထမ ဆုံး အာရှတိုက်သား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့် ဧ။် ဇာတိ နိုင်ငံ။
(၁၃)- အရှေ့တောင် အာရှရဲ့ ပထမဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ နိုင်ငံတကာ မှ ဆုတံဆိပ်ပေါင်း ၂၀ ကျော်ဖြင့် လေးစား ဂုဏ်ပြုခြင်း ခံရသူ၊ ကမ္ဘာ့ အရှိန်အ၀ါ အကြီး မားဆုံး အမျိုး သမီး များအနက်မှ တဦး အဖြစ် ဖော်ပြ သတ်မှတ် ခြင်း ခံရသူ၊ ၂၀ ရာစု အတွင်း အာရှတိုက် ရဲ့ အထင်အရှားဆုံး အမျိုးသမီး နိုင်ငံရေး ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိရာ နိုင်ငံ။

This post from An Asia Tour Operat

သမိုင်း     မှ ကောတ်နုတ်တင်ပြပါသည်

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်