ဆင်းရဲတဲ့နိုင်ငံက လူတွေဟာ
သူတို့တိုင်းပြည် မှာ လုပ်စရာမရှိ ဖြစ်နေကြပေမယ့် ချမ်းသာတဲ့ နိုင်ငံကို
အလုပ်လာလုပ်ရင် အလွန်အလုပ် ကြိုးစားတဲ့ အလုပ်သမားကောင်းတွေ
ဖြစ်နေတာတွေ့ရတယ်။ ဥပမာ-မြန်မာနိုင်ငံက တချို့လူငယ်တွေ အလုပ်မရှိ
လက်ကြောမတင်းပဲ လ္ဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်း နေကြပေမယ့် မလေးရှားမှာ
အလုပ်လာလုပ်တော့ မြန်မာအလုပ်သမားတွေ အလွန်အလုပ်လုပ်တဲ့ အကြောင်း နာမည်ကြီး
တယ်လေ။
အဲဒီတော့ဘာကွာလဲ၊ လူတွေရဲ့ အကျင့် (ATTITUDE) ကွာတယ်။ အဲဒီအကျင့်ဆိုတာ ပညာ
အရည်အချင်း၊ ယဉ်ကျေးမှုနဲ့ ပါတ်ဝန်းကျင်စရိုက်က သားစဉ်မြေးဆက်
ပုံဖေါ်ပေးလိုက်တာပါပဲ။ ချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံကလူတွေရဲ့
အမူအကျင့်နဲ့ လုပ်ဆောင်ချက်တွေကို လေ့လာဆန်းစစ် ကြည့်လိုက်တဲ့အခါ
လူအများစုဟာ အောက်ပါအခြေခံ သဘောတရားတွေကို လိုက်နာကျင့်သုံး ကြတာ
တွေ့ရပါတယ်။
၁။ ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တကို ထိန်းသိမ်းကြတယ်။
လူဆိုး၊ သူခိုးတွေများနေရင် အဲဒီတိုင်းပြည် ဘယ်တိုး တက်မလဲ။
၂။ ရိုးသားဖြောင့်မတ်တယ်။
လူလိမ်၊ လူကောက်တွေများရင် အဲဒီတိုင်းပြည်မှာ ဘယ်သူမှ လာပြီး စီးပွားရေးလုပ်မှာ မဟုတ်ဘူး။
၃။ တာဝန်သိကြတယ်။
လမ်းပေါ်မှာ အမှိုက်ကျနေရင် ကောက်ပစ်တယ်။ အမှိုက်ကို အမှိုက်ပုံးထဲပစ်တယ်။
တယောက်ယောက်က လမ်းပေါ်ကို အမှိုက်ပစ်မိရင် မြင်တဲ့သူက မပစ်နဲ့လို့ပြောတယ်။
ဘတ်စ်ကားစီးရင် ရထားပေါ်တက်ရင် တိုးခွေ့မတက်ဘူး။ တန်းစီတယ်။ အရင်ရောက်တဲ့
လူကိုဦးစားပေးတယ်။ အသက်ကြီးတဲ့ လူ၊ ကိုယ်ဝန်ဆောင်၊ မသန်မစွမ်း လူတွေကို
ဦးစားပေးတယ်။
၎။ ဥပဒေနဲ့ စည်းကမ်းကို ရိုသေလေးစားပြီး လိုက် နာကျင့်သုံးတယ်။
ချမ်းသာတဲ့ နိုင်ငံတွေမှာ ကားတွေများပေမယ့် ယာဉ် တိုက်မှုသိပ်မရှိဘူး။
လာဘ်ပေးလာဘ်ယူတာတို့ ကိုယ်နဲ့ရင်းနှီး ခင်မင်တဲ့ သူကို ဦးစားပေးတာတို့
လူခင်ရင်မူပြင်ပြီး လူမုန်းရင်မူသုံးတာတို့ မရှိ သလောက်ပါပဲ။
၅။ ပြည်သူအချင်းချင်းရဲ့ လွတ်လပ်ခွင့်ကို လေးစားကြတယ်။
အချိန်မတော် ဆူတာတို့ အိပ်ချိန်မှာ အသံချဲ့စက်ဖွင့် တာတို့ လမ်းပိတ်ပြီး
မဏ္ဍာပ်ဆောက်တာတို့ သူများအနှောင့် အယှက်ဖြစ်မှာကို ရှောင်ကြတယ်။
၆။ မိမိအလုပ်ကို ဂုဏ်ယူတယ်။ တန်ဘိုးထားတယ်။
အိမ်ဖေါ်လုပ်တဲ့ လူကလည်း ကျမအလုပ်က အိမ်ဖေါ်ပါလို့ ဂုဏ်ယူစွာနဲ့ ပြောကြတယ်။
တခါက မင်္ဂလာဆောင် တခုမှာ ဆရာဝန်ရယ်၊ ရှေ့နေရယ်၊ ဘဏ်အရာရှိရယ် ကျောင်းဆရာရယ်၊
အိမ်ဖေါ်အမျိုးသမီးကြီးရယ် ထမင်းတဝိုင်းတည်း ထိုင် စားနေတာတွေ့ရတယ်။
ဘယ်သူမှ အထင်သေးတဲ့ အကြည့်နဲ့ မကြည့်တဲ့အပြင် အဲဒီအမျိုးသမီးရဲ့
ပုဂံထဲဟင်းတွေ ထည့်ပေးကြ၊ ရီစရာတွေပြောကြနဲ့ ခင်ဗျားလို
အိမ်ဖေါ်မရှိရင်ကျွန်တော်တို့တော့ ဒုက္ခပဲဆိုပြီး တန်ဘိုးထားပြောတာ
ကြားဖူးတယ်။ တချို့နိုင်ငံ တွေမှာလို အိမ်ဖော်နဲ့ ထမင်းတဝိုင်းတည်း
မစားချင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးမရှိကြဘူး။
၇။ ငွေကြေး စုဆောင်းတယ်။ ပြန်လည်ရင်းနှီးမြှုပ် နှံတယ်။
ဆိုလိုတာက ကိုယ်နဲ့ တန်ရာပဲ ဝတ်ကြတယ်။ စား ကြတယ်။ သုံးကြတယ်။
အပိုမသုံးဘူး။ တတ်နိုင်သမျှ စုကြ တယ်။ စုလို့ရတဲ့ငွေကို ငွေစုလက်မှတ်တို့
ရှယ်ယာတို့ ဝယ်ပြီး အတိုးရအောင်လုပ်တယ်။ ဈေးဝယ်ရင်တောင် ဈေးချတဲ့အခါမှ
ဝယ်တယ်။ အကျိုးမရှိရင် ငွေမဖြုန်းကြဘူး။
၈။ အမြဲတမ်း ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ စိတ်ရှိကြတယ်။
ဥပမာ နွားတကောင်ရှိတဲ့ လူက နွား ၁၀ ကောင်ဖြစ် အောင်၊ ၁၀ ကောင်ရှိတဲ့လူက
အကောင် ၁၀၀ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အမြဲတွေးတော ကြံဆနေတယ်။
ဖြစ်အောင်လည်း ကြိုးစားကြတယ်။ တခါက အုဌ်စက်သူဌေး သားအဖဟာ မနက် ၇
နာရီဆိုရင် အလုပ်စလုပ်နေပြီး အလုပ် သမားတွေက ၈ နာရီမှ စလုပ်တယ်။
အလုပ်သိမ်းတဲ့ ညနေ ၅ နာရီမှာ အလုပ်သမားတွေက မလုပ်တော့ပေမယ့် သားအဖ ၂ ယောက်က
၆ နာရီထိ ဆက်လုပ်တယ်။ ကိုယ်တိုင်အုဌ်ရိုက် အုဌ်သယ်လုပ်တယ်။ အလုပ်သမား
တယောက်ဟာ တနေ့ကို အုဌ်ဘယ်နှစ်ချပ်ကို ရိုက်နိုင်တယ်။ အုဌ်ဘယ်နှစ်ချပ်
သယ်နိုင် တယ်ဆိုတာသိနေတော့ သူတို့ကို ဘယ်လိမ်လို့ ရပါ့မလဲ၊ သား ကိုအသေးစိတ်
သင်ပေးနေတယ်။ အပင်ပန်းခံကြိုးစားတယ်။ ဟော အခုဆိုရင် အုဌ်စက် ၂
စက်ဖြစ်သွားပြီ။
၉။ နောက်ဆုံးတချက်ကတော့ အချိန်မှန်တာပဲ။
ချမ်းသာတဲ့ နိုင်ငံက လူတွေဟာ အချိန်ကို တန်ဖိုး ထားတယ်။ အချိန်ရဲ့
တန်ဖိုးကိုနားလည်တယ်။ သူတို့နိုင်ငံတွေမှာ အချိန်မမှန်တဲ့လူ
အလုပ်မရပါဘူး။ အလုပ်မပြောနဲ့ ရည်းစားနဲ့ ချိန်းထားလို့
အချိန်နောက်ကျနေရင်တောင် ပြဿနာတက်သေး တယ် မဟုတ်လား။
ဆင်းရဲပြီး မတိုးတက်တဲ့နိုင်ငံက လူအများစုဟာ အထက်ပါအချက် ၉ ချက်ကို
မလိုက်နာကြပါဘူး။ အချောင်ခိုချင်တဲ့ စိတ်၊ လွယ်လွယ်နဲ့ ငွေရချင်တဲ့ စိတ်၊
ဘုရားမ,ပါ၊ ဘိုးဘိုးကြီး မ,ပါ၊ နတ်မျိုးစုံ မ,ပါ ဆိုပြီး ကိုယ့်ကိုယ်ကို
အားမကိုး မကြိုးစားပဲ ကံကိုပဲ ပုံချတတ်တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ သူများတွေ
ချမ်းသာတိုးတက်အောင်လုပ်နိုင်ရင် ငါလည်း သူတို့လို ချမ်းသာ
တိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိအောင် အတုယူကြဖို့ လိုတယ်။
ဘယ်အရာမဆို လွယ်လွယ်နဲ့တော့မရပါဘူး။
ကျွန်တော်တို့ နိုင်ငံဟာ သဘာဝ သယံဇာတတွေရှိ တယ်။ မြေလည်း ထိုက်သင့်သလောက်
ကျယ်တယ်။ ရာသီဥ တုလည်း မျှတတယ်။ ရေမြေတောတောင်လည်း မျှတတယ်။ လူဦးရေလည်း
အချိုးကျတယ်။ ကုန်းရော၊ ရေရော ဆက်သွယ် ရေးကောင်းတယ်။
မြေသြဇာလည်းကောင်းတယ်။ ဆန်စပါး ထွက်ကုန်သီးနှံလည်းရှိတယ်။ ဥာဏ်ရည်လည်း
ထက်တယ်။
ဒီလောက်အဖက်ဖက်က ပြည့်စုံရဲ့သားနဲ့ ဆင်းရဲတဲ့ နိုင်ငံဖြစ်နေရသလဲဆိုရင် အကျင့် (ATTITUDE) မကောင်းလို့ ပဲ ပြောစရာရှိတယ်။
မှတ်ချတ်..........ဆောင်းပါရှင် ၀င်းမောင်ရေးသားခဲ့ သော ရွှေနိုင်ငံ ဆောင်ပါးကို ကိုးကားေ၇းသားထားပါသည်
ကမ္ဘာ့လှည့်ခရီးသွားအချို့သည်သာ့သနိကအဆောက်အအုံများဖြစ်သော
ဘုန်းကြီးကျောင်းနှင့် စေတီပုထိုး၊ ဘုရားရင်ပြင်များပေါ်တွင်
ဖိနပ်စီးခြင်းနှင့် ခြေစွပ်များဝတ်ဆင် သွားလာသည်ကို တွေ့ရှိရကြောင်း
သတင်းရရှိသည်။
အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်တွင် ဖိနပ်များစီးကာ ဖြတ်သန်းခြင်းနှင့် ခြေအိတ်များ ၀တ်ဆင်ဖြတ်သန်းခြင်းတို့ တွေ့ရှိရ၍ မြန်မာနိုင်ငံဧည့်လမ်း ညွှန်အသင်းက သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းထုတ်ပြန်ထားသည်။ “ဖြစ်နေတာကြာပြီ၊ ပြတ်ပြတ်သားသားမရှိတာ၊ တချို့က မတားမြစ်တာ”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းအတွင်းရေးမှူးကပြောသည်။ မန္တလေးရွှေကျောင်းတွင်လည်း အုတ်လှေကားအထိ ဖိနပ်များစီး၍တက်ခဲ့ကြပြီး ခြေအိတ်များမချွတ်ဘဲ ရွှေကျောင်း အတွင်းသို့ ပြင်သစ်ဧည့်လမ်းညွှန်အပါအ၀င်ဧည့်သည် ၂၅ ယောက် တက်ရောက်ခဲ့ကြောင်းလည်း သတင်းရရှိသည်။
ထိုကဲ့သို့ ခြေအိတ်ချွတ်သူကချွတ်၊ မချွတ်သူကမချွတ်သောကြောင့် ဧည့်လမ်းညွှန်နှင့် ဧည့်သည်များကြား အဆင်မပြေမှုများ ရှိကြောင်းလည်း ဂျာမန်ဧည့်လမ်းညွှန် တစ်ဦးကပြောသည်။ “ကိုယ့်ဧည့်သည်ကို ဘုရားပေါ်တက်ရင် ခြေအိတ်ချွတ်ဖို့ ပြောပြီးတက်တယ်။ ဘုရားပေါ်ရောက်တော့ တချို့ဧည့်သည်တွေ ခြေအိတ်မချွတ်ဘဲ သွားနေတာတွေ့တော့ ဧည့်သည်ကကိုယ့်ကို ပြန်မေးခွန်းထုတ်ရော”ဟု ဂျာမန်ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။
ထိုကြောင့် စည်းကမ်းသတ်မှတ်ရာတွင် အားလုံးတစ်သမတ်တည်းဖြစ်စေချင်ကြောင်း မြန်မာ နိုင်ငံ ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူးကိုဝင်းဇော်ဦးက ပြောကြား သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဗုဒ္ဓ္ဓသာသနာအဆောက်အအုံများအတွင်း ဖိနပ်စီးနင်းခြင်းကို တားမြစ်ထားခဲ့ကြသည်။ သို့သော် အချို့သောဘုန်းကြီး ကျောင်းများတွင်မူ ကျောင်းထိုင်ဆရာတော်က ခွင့်ပြုပါက ကျောင်းဝိုင်းအတွင်းဖိနပ်စီးနင်းနိုင်ကြောင်း သိရသည်။