Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Sunday 29 January 2012

မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၆)


(၁၂)
သာသနာပင်စည်ကို လဲပြိုစေရန် အားထုတ်ပြီဆိုသောအခါ ၀ိနည်းစည်းကမ်းဟူသောအသက်ကို ရက်စက်စွာ သတ်၍ သင်ယူပို့ချမှုပရိယတ္တိဟူသော အမြစ်ကိုလည်း ကောက်ကျစ်စွာ ဖြတ်ရပေလိမ့်မည်။
ဝိနည်းစည်းကမ်းသည် သာသနာ၏ အသက် ။( ၀ိနယော နာမ သာသနဿ အာယု။) သင်ယူပို့ချမှုပရိယတ္တိပညာရေးသည် သာသနာ၏ အမြစ်။ (ပရိယတ္တိ ဟိ သာသနဿ မူလံ။) ၀ိနည်းစည်းကမ်း(Discipline)နှင့် ပရိယတ္တိပညာရေး( Education) ဟူသည် ဖွံ့ဖြိုးသောအဖွဲ့အစည်းတိုင်း၏ အသက်နှင့် အမြစ်ပင်ဖြစ်လေသည်။
သာသနာတောင်ထွတ်တစ်ခုတည်းကိုသာ လေပြင်းက မွှေ့သည်မဟုတ် ၊ မြင့်သောသစ်ပင်တိုင်းကို လှဲဖြိုခဲ့ပါသည်။ ညီညွတ်အောင်မြင်သောအဖွဲ့အစည်းမှန်သမျှ၏ ၀ိနည်းစည်းကမ်း သို့မဟုတ် စာရိတ္တ နှင့် ပရိယတ္တိကို ဖြတ်တောက်ပုပ်သိုးစေခြင်းဖြင့် ပုံရိပ်အားလုံး ၀ါးသွားစေခဲ့သည်။သို့အတွက် မိတ်ဆွေရဟန်းက '' စစ်တပ်တစ်ခုတည်း ပုံပျက်နေတယ်မထင်နဲ့ '' ဟု ဆိုခြင်းဖြစ်ပေမည်။ နာဂစ်အပြီးနောက်တစ်ရက်မြင်ကွင်းပမာ အလဲလဲအပြိုပြိုဖြစ်သွားသော ပင်စည်ကြီးများကို အားပျက်ဖွယ်တွေ့လိုက်ရပြီ။
စားဝတ်နေရေး၊ပကာသနနှင့် ကာမဂုဏ်အာရုံ ပြည့်စုံမှုနောက်သို့ စိုက်စိုက်မတ်မတ် လိုက်ရသော လောကီနယ်၏ ပင်စည်များကို အူခြောက်စေခြင်းဖြင့် ဖြတ်တောက်ပစ်ရ၏။ အူမ မတောင့်မှသာ သီလကောက်ကြပေလိမ့်မည်။ မစို့မပို့လစာနှင့် လုပ်အားခသည် ကာယလုပ်သား၊ဥာဏလုပ်သားကြီးများ၏ စာရိတ္တကြွက်သားကို ဖိညှစ်ကာ ရိုးသားခွင့်ကို ပျောက်ဆုံးသွားစေခဲ့၏။
ရိုးသားခွင့်မရှိသော နိုင်ငံတစ်ခု၏ စာရိတ္တမဏ္ဍိုင်ဆိုသည်မှာ အ၀တ်စုတ်ပတ်ထားသော စာခြောက်ရုပ်သာဖြစ်ပေလိမ့်မည်။ အသိဥာဏ်အူသော မိလက္ခူ တောသမင်တို့ကိုသာ လှည့်ဖျားနိုင်ပေမည်။ အသိဥာဏ်ရှိသူတို့၏ အဖက်လုပ်ခန့်ညားခြင်းကိုမူ ဆုံးရှုံးရပေတော့သည်။ စီးပွားရေးပိတ်ဆို့မှု(Sanction) ဆိုသည်မှာ အဖက်မလုပ်ခံရခြင်းပင်ဖြစ်ပါသည်။ တရားမျှတခြင်း(Justice)နှင့် ငြိမ်းချမ်းရေး(Peace)ကင်းဆိတ်လေသောအခါ သူသည် မြို့ပျက်ဟောင်းကြီးတစ်ခုတွင် ရပ်နေမိသလို အနာဂတ်မဲ့သွားတတ်သေးသည်။
ပစ္စည်းလေးပါးခြိုးခြံကာ ပစ္စဝေက္ခဏာ အခါခါ ပွားရလေသော လောကုတ္တရာနယ်၏ ပင်စည်များကိုမူ ရေလျှံစေခြင်းဖြင့် ပုပ်သိုးစေရ၏။ အူစိုတော့ လူပျိုဖြစ်ပေါ့ကွာ ဟု ဆရာတော်ကြီးတစ်ပါး၏ စကားပုံအသစ်ကို သူမှတ်မှတ်ရရ ဖြစ်နေခဲ့၏။ အမှန်တကယ်ပင် သာသနာတွင် ရေလျှံတွင်းများပေါ်ပေါက်ခဲ့ပြီဖြစ်ပါသည်။
ယခင်က ဓမ္မကထိကတစ်ပါးဖြစ်ရန် ခက်ခဲစွာ ဖြည့်ကျင့်ဆည်းပူးရသလို ''တစ်မိပေါက် တစ်ယောက်ထွန်း'' ပါရမီချွန်မှလည်း အမွန်အမြတ်ပူဇော်ခြင်းကို ခံယူရကြောင်း တို့ထိဆွေးနွေးခဲ့ပြီးပါပြီ။ ထို့ကြောင့် ဓမ္မကထိကဖြစ်ရန် ရှင်ရဟန်းတိုင်း အိပ်မက်မက်လေ့မရှိခဲ့ပါ။ ထူးမြတ်ထင်ရှားလာသော ဓမ္မကထိကအကျော်အမော်၏ ကျေးဇူးဂုဏ်ကိုသာ ချီးမွမ်းပူဇော်လေ့ရှိခဲ့ကြပါသည်။ သို့မဟုတ် ဓမ္မကထိကဖြစ်နိုင်သောအရည်အချင်းရှိပါကလည်း လာဘသက္ကာရစသောပကာသနအရောင်အဆင်းများကို စိတ်နှလုံးကျိန်းစပ်တော်ကြသဖြင့် ထိုလမ်းကြောင်းကို ရွေးချယ်လေ့မရှိတတ်ကြပါ။
သူသူကိုယ်ကိုယ် ဆွမ်းတစ်နပ်စီဘုန်းပေးကာ ဘုရားရှင့် သာသနာ့အရေးအတွက် ဂန္ထဓုရ၊ ၀ိပဿနာဓုရ လုံ့လအားသည်းတော်မူကြမြဲဖြစ်လေသည်။

(၁၃)

သို့သော် ယနေ့တော့ ရေစီးပြောင်းလေပြီ။ သူဆွမ်းတစ်နပ်၊ကိုယ်ဆွမ်းတစ်နပ်မဟုတ်တော့ပြီ။ သူတိစီဝရိတ် ၊ ကိုယ်တိစီဝရိတ်မျှ မဟုတ်ချေတော့ပြီ။ သူ မာခ်တူးလျင် ကိုယ်က လင်ခရုးဇာရပေမည်။ သူက မာစီးဒီစ်ဘင့်ဇ်လျင် ကိုယ်က ပိုရှေးရပေတော့မည်။ သူက ကျောင်းဆောက်လျင် ကိုယ်က ဘုရားတည်ပြရပေမည်။ သူ အင်္ဂလန်ဆိုလျင် ကိုယ်ကလည်း ခပ်သွက်သွက် အမေရိကန်ရပေလိမ့်မည်။
အမှန်စင်စစ် ဗဟိဒ္ဓအဆောက်အဦသာသနာထွန်းကားလာခြင်းက ဓမ္မကထိကများစွာ ပေါ်ပေါက်စေခြင်း၏ အဓိကတွန်းအားဖြစ်ကြောင်းဆွေးနွေးဖြစ်ကြသည်။
ရှေးခေတ်မတူအောင် ဓမ္မကထိကအလုပ်သည်လည်း ဘာများ ခက်တော့သနည်း..။ တစ်ပိုင်းကြောင်ကျက်စာရရုံနှင့်လည်း ထက်မာနအပြောသန်နိုင်ကြလေပြီ။ ထိုမျှသာမက မင်းကောင်းမင်းမြတ်တို့ပေါ်ထွန်းရာ အခါသမယ၊ ရာဇဌာနီရွှေပြည်တော်ကြီးဝယ် သာသနာပွင့်လင်းရမြဲမဟုတ်တုံလော။ ဓမ္မကထိကအဆူဆူတို့ အယူယူအမျိုးမျိုးပြ၍ မူအမျိုးမျိုးချကာ ဟောကြားကြစေ။
သို့နှင့် ဓမ္မကထိကကြော်ငြာဆိုင်းဘုတ်များက သစ္စာမေတ္တာရွှေမန်းသဘင်၊ ဇာတ်မင်းသားလေးမောင်သိန်းဇော်နှင့် စိန်မာဒင်သားမိုးဝင်းမိုးမင်းတို့၏ ခေါင်းပေါင်းစတလူလူလေးများကို သစ်ပင်မြင့်မြင့်နှင့် ဓါတ်တိုင်၊ လမ်းဘေးအုတ်နံရံနှင့် ဘတ်စ်ကားမှတ်တိုင်တို့မှ ဖြုတ်ချလေတော့သည်။ လာဘ်လည်း ရွှင်၊ လူအထင်လည်း ကြီး၊ ပေါ်ပြူလာပဂေးကြီးလည်း ဖြစ်နိုင်သောဓမ္မကထိကအိပ်မက်ကို စာမကျက်ချင်သောကိုရင်လေးတစ်ပါးသည်ပင် သင်္ကန်းခေါင်းမြိးခြုံကွေးရင်း အတွေးဖဲရိုက်နေလေပြီ။
ဥပါသကာကြီးတစ်ဦးကတော့ '' ဒီခေတ်လောက် သာသနာစည်ပင်တာမျိုးရှိမယ်မထင်ဘူးနော်ဘုရား။ ဓမ္မကထိကဆရာတော်လေးတွေဆိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဟောတတ်ပြောတတ်ပါဘိသနဲ့..'' ဟု သူ့ကို စကားခေါက်ပါသည်။
'' ၀က်အူ(Nut)တွေ နေရာမှားတပ်နေကြတာ.. ဒါမှ မဟုတ်ရင်လည်း ၀က်အူတွေ ဖြုတ်နေကြတာ'' ဟု သူက စကားဖွင့်ပေးလိုက်ပါသည်။

မွေးဖွား ရမည့် ရက်ကို မှားယွင်း တွက်ချက်ပြီး မွေးဖွား ခဲ့ခြင်းကြောင့် ကလေးငယ် သေဆုံး ခဲ့သည့် ကိစ္စ

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရိပ်မွန် အိမ်ရာ၊ တိုက်အမှတ်(၇)၊ အခန်း(၁၁)နေ ကျွန်မ မသဲဖြူဖြူအောင်၊ နိုင်ငံသား စိစစ်ရေးမှတ်ပုံတင် ၁၂ / တမန (နိုင်)၁၀၈၀၈၃မှအစီရင်ခံတင်ပြအပ်ပါသည်။
ကျွန်မမသဲဖြူဖြူအောင် နှင့် ကိုညီညီ ထက်ကျော်တို့ (၆-၆-၂၀၀၉) ရက်တွင် အိမ် ထောင်ပြုပြီး အကြင် လင်မယား အဖြစ်နေ ထိုင်ခဲ့ကြရာ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၌ နီးစပ်ရာ ဆေးကုခန်းတွင် စမ်းသပ်ခဲ့ရာ သန္ဓေ သားဦး ရှိကြောင်းသိခဲ့ရပါသည်။ ကျွန်မသည် သန္ဓေသားနှင့် ပတ်သက်၍ သားဦးကလေး ဖြစ်သော ကြောင့် ရှေ့ဆက်လုပ်ရမည့် ကိစ္စ အား မသိနား မလည်သဖြင့် အဒေါ်ဖြစ်သူ ဒေါ်ချိုချိုဝင့် (ဇိဝိတဒါန သံဃဆေးရုံကြီး) ဓာတ်မှန် ကျွမ်းကျင်အဆင့်(၁)၏ အကူအညီ ဖြင့် ၎င်းအလုပ်လုပ်နေသည့် သံဃဆေးရုံ တွင် သီလရှင် များနှင့်ပတ်သက်ပြီး မီးယပ် ရောဂါကုသ နေသည့် သားဖွားနှင့်မီးယပ် ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ —————– ထံတွင် တိုင်ပင် ပြသရန် ခေါ်ဆောင် ခဲ့ပါသည်။ ဒေါက်တာ —————– နှင့်တွေ့သော အခါ ၎င်းမှ ကျွန်မ ၏ကိုယ်ဝန် သန္ဓေသားနှင့်ပတ်သက်၍ ရာသီ သွေး ဓမ္မတာ အကြောင်း အသေးစိတ်မေး မြန်းခဲ့ရာ တွင် ကျွန်မသည် အဒေါ်ဖြစ်သူ ဒေါ်ချိုချိုဝင်း ရှေ့မှောက်တွင် ၂၅-၁၁-၂၀၁၀ ရက်မှစ၍ မိန်းမတို့ ဓမ္မတာ (ရာသီသွေး)မှာ မပေါ်ကြောင်း ရှင်းပြခဲ့သည်။ ၎င်းနေ့ ၂၁-၁-၂၀၁၁ ရက်နေ့ဖြင့် ဆေးကု ချက်မှတ်တမ်း များနှင့် အတူ ၎င်း၏အမည်၊ ရာထူး တာဝန်၊ ဆရာဝန်မှတ်ပုံတင် အမှတ် တို့ရေးသား ပါရှိ သည့် အမှတ်အသားဖြင့် ကျွန်မ၏ ဆေးကု သမှုဆေးစာအုပ် တွင် ၎င်းကိုယ်တိုင်လက် ရေးဖြင့် ရေးသားခဲ့ပါသည်။ ၁၁-၃-၂၀၁၁ နေ့တွင် လည်း ချိန်းဆိုသည့် အတိုင်းပြသခဲ့ ပါသည်။ ၇-၄-၂၀၁၁ နေ့တွင် ချောင်းဆိုးပြီး မအီမသာ ဖြစ်သဖြင့် ကျွန်မပြသ နေသည့် ဒေါက်တာ————ရှိသော နှင်းဆီကုန်း အထူးကု ဆေးခန်းသို့ မိခင်ဖြစ်သူနှင့်သွား ရောက်ပြသခဲ့ရာ ဒေါက်တာ ————– မှာ အခြားသော နေရာသို့ ရောက်ရှိနေ ကြောင်း တာဝန်ရှိ ဆရာဝန်နှင့် ဒေါက်တာ —————– တို့ ဖုန်းဆက် သွယ်မှုရရှိ ခဲ့ပြီး ကျွန်မအား သန္ဓေသားနှင့်ပတ်သက်၍ (ultrasound) ရိုက်ခိုင်း၍ ၎င်းဆေးခန်းတွင် ဒေါက်တာ ဦးကျော်မြင့်ဆိုသူမှ လက်ခံဆောင် ရွက်ပေးပြီး စိုးရိမ်ဖွယ် မရှိကြောင်း ဒေါက်တာ ——————– ထံဖုန်းဆက်၍ ဖြေကြား ပါသည်။ နောက်တစ်နေ့တွင် ၎င်းနှင့် ထပ်မံတွေ့ရန်ချိန်းကြောင်း တာဝန် ခံ ဆရာဝန်မှ ပြောပါသည်။ ၈-၄-၂၀၁၁ နေ့ တွင် နှင်းဆီကုန်း အထူးကုဆေးခန်းသို့ ထပ်မံ သွားရောက် ပြသခဲ့ပါသည်။ ချောင်းဆိုး နေ၍ ချောင်းဆိုးပျောက်ဆေး သောက်ရန်လည်း ၎င်းကိုယ်တိုင်ညွန်ကြားခဲ့ပါ သည်။ ကျွန်မ သည် ၁၂-၅-၂၀၁၁ရက်နေ့ ၂၀-၅-၂၀၁၁ ရက်နေ့ ၁-၇-၂၀၁၁ ရက်နေ့အထိ ကိုယ်ဝန် နှင့် ပတ်သက်၍ ဒေါက်တာ————-၏ ဆေးမှတ်တမ်းများ ညွှန်ကြားချက်အတိုင်း လိုက်နာ ခဲ့ပါသည်။ ၁.၇.၂၀၁၁ နေ့မတိုင်မီ ultrasound ရိုက်ထားရန် ညွှန်ကြားထား သဖြင့် ၃၀-၆-၂၀၁၁ နေ့တွင် ဒေါက်တာ—————–ထံတွင် သွားရောက်ရိုက်ခဲ့ ပါသည်။ ၁-၇-၂၀၁၁ နေ့တွင် ကျွန်မ သည် ဒေါက်တာ—————–ချိန်းထား သည့်အတိုင်း သွားရောက်ပြသခဲ့ပါသည်။ ကျွန်မအလှည့် သို့ရောက်၍ ဆေးကုခန်း သို့ ၀င်သောအခါ ၎င်းမှ ကျွန်မ၏ ဆေးစာအုပ်ကို လှန်၍ကြည့် ပါသည်။ ပြီးလျှင် ကျွန်မအား ကုတင်ပေါ်သို့ တက်ခိုင်းပါသည်။ ၎င်း၏လက် တစ်ဖက်ဖြင့် ကျွန်မ၏ ဗိုက်အား လက်ထောက် စမ်းသပ်မှု အမျိုးမျိုးပြုလုပ်ပြီး ကလေးမှာ မွေးလမ်းကြောင်း တွင်းရောက်ရှိနေ၍ ဒီကနေ့ မွေးရန်ချက်ခြင်း လိုကြောင်း လိုက်နာမှုမရှိပါက ကလေးမှာ ထွက်ကျလာမည်ဖြစ်ကြောင်း ပြော ပါသည်။ ထိုအချိန်တွင် ကျွန်မ၏အဒေါ် ဒေါ်ချိုချိုဝင့်မှ ဆရာမကြီး ရိုက်ခိုင်းထားသော ultrasound ကို မနေ့က ရိုက်ထားတာ အဖြေရလာ ပါပြီဟုပြောပြီး စာကြည့်စားပွဲ ပေါ်တင်ပေး လိုက်ပါသည်။ သို့သော် ဒေါက်တာ—————- မှ ultrasound စာရွက်အား မကြည့်တော့ဘဲ ၎င်းညွှန်ကြား သည့်အတိုင်း လုပ်ဆောင်ရန်သာ ဆက်လက် ပြောပါသည်။ ကျွန်မမှာ ယနေ့မွေးလျှင် ငွေကြေးနှင့် အခြား ကိစ္စများအဆင့်သင့် မဖြစ်သေး၍ နောက်တစ်ပတ် ခန့်မှ မွေးခွင့်ပြု ရန်ပြော သောအခါ ဒေါက်တာ ———-မှ ကျွန်မ၏ ဆေးမှတ်တမ်းစာအုပ် တွင် ဆေး အမည်များ ရေးပေးပြီး အိမ်တွင်ငြိမ်ငြိမ်လေး နေ မည်ဆိုလျှင် နောက်တစ်ပတ် ၇-၇-၂၀၁၁ နေ့တွင် မွေးဖွား ပေးမည်ဟု ပြောပါသည်။ ကျွန်မမှာ ထိုဆေးများမှာ မည်သို့သော ဆေး များဖြစ်ကြောင်း မေးမြန်းရာ သားအိမ်ကျုံ့ ဆေးများဖြစ်ကြောင်း ထိုဆေးများကို အသုံးပြု ထားမှ သာ ကလေးမထွက်ကျမှာဖြစ်ကြောင်း ဒေါက်တာ —————— မှ ပြောပါသည်။
ကျွန်မမှာ ၎င်းဆေးများသောက်ခြင်း၊ ထိုးခြင်းတို့ပြုလုပ်လျှင် သန္ဓေသားကလေး ထိခိုက် သွားမည်ကိုစိုးရိမ် သဖြင့် အဒေါ်ဖြစ်သူ ဒေါ်ချိုချိုဝင့်နှင့်တိုင်ပင် ကာ ၎င်းညွှန်ကြား သည့် အတိုင်း ယနေ့ ၁-၇-၂၀၁၁ နေ့တွင်ပင် မွေးရန် သံသယ ကင်းစွာဖြင့် လက်ခံခဲ့ပါသည်။ ထို့နောက် မိသားစုနှင့် တိုင်ပင်ပြီး ဒေါက်တာ ————ချိန်းဆိုသည့် မြောက်ဥက္ကလာပ မြို့နယ်ရှိ ရွှေလမင်း ဆေးရုံသို့ ၁-၇-၂၀၁၁ နေ့ နေ့လည် ၁၁ နာရီခွဲ အချိန် အရောက်သွားခဲ့ ပါသည်။ ဆေးရုံ ရောက်ပြီး တာဝန်ကျ ဆရာ ၀န်မှ ကျွန်မ၏ ဆေးမှတ်တမ်းများ အားကြည့် ရှုပြီး ဗိုက်နာလား၊ ရေမွှာပေါက်ပြီလား၊ သွေး ဆင်းလား ဟုမေးရာ၊ ကျွန်မမှာ ဗိုက်လည်း မနာကြောင်း ရေမွှာလည်း မပေါက်ကြောင်း၊ သွေးလည်း မဆင်းကြောင်းပြောပြရာ၊ ရွှေ လမင်း ဆေးရုံ၏ ဆေးမှတ်တမ်း စာအုပ်တွင် ရေးသား မှတ်တမ်းတင်ပြီး၊ တာဝန်ကျဆရာ ၀န်မှ ဒါဆိုဘာကြောင့်မွေးဖွား မှာတုန်းဟု ပြောရာ ဒေါက်တာ ——————-ချိန်းဆို၍ လာရောက် မွေးဖွားရခြင်းဖြစ် ကြောင်း ပြောပါသည်။ ထို့နောက် တာဝန်ကျ ဆရာဝန်မှ ဒေါက်တာ———— ထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပြီး၊ ကျွန်မအား ဆရာမကြီးမှ ယနေ့ညနေ ၃ နာရီ တွင် မွေးဖွား ပေးမည်ဖြစ်ကြောင်း ကျန်းမာ ရေးဆေး စစ်ချက်များ ဆောင်ရွက်ထားရန်နှင့် သီးသန့် ခန်းရယူထားရန်၊ (ECG) စမ်းသပ် ချက်ယူထားရန် ညွှန်ကြားကြောင်း ပြောပါ သည်။ (ECG) ရိုက်ပြီး ဒုတိယထပ်ရှိ အခန်း အမှတ် (A-104) အခန်းတွင် တစ်နေ့လျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်ဖြင့် ကုသမှုခံယူခဲ့ပါ သည်။ ညနေ ၂ နာရီလောက် တွင် ကျန်းမာ ရေး ဆောင်ရွက်မှုများပြုလုပ်ပြီး ညနေ ၃ နာရီတွင် ခွဲခန်းသို့ ခေါ်ဆောင်သွားပါသည်။ ခွဲခန်းထဲတွင် ဒေါက်တာ —————-နှင့် တွေ့ပါသည်။ ညနေ ၃ နာရီ ၂၉ မိနစ် တွင် သမီး မိန်းကလေး သားဦး အားခွဲစိတ်မွေး ဖွား သည်ဟု သိရပါသည်။ ကျွန်မ သတိရပြီး မွေးခန်း အတွင်းမှ အပြင်သို့ ထွက်လာစဉ် ကျွန်မ ၏ ကုတင်ဘေးရှိပုခက်အတွင်း၌ ကလေးကို မတွေ့ရ သဖြင့်အနီးတွင်ရှိသော မိခင်နှင့် အဒေါ်ဖြစ်သူတို့ အားမေးရာ ကလေးမှာ ၃ ပေါင် ၅ အောင်စသာရှိပြီး ပေါင်မပြည့် သဖြင့် မြောက်ဥက္ကလာပ ဆေးရုံကြီးရှိ ကလေးကြပ် မတ်ကုသဆောင် သို့ပို့ထားရကြောင်း သိရပါ သည်။ မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ဆရာဝန်မှ လည်း အထူးဂရုစိုက် ကုသပေးနေ ကြောင်း၊ သွေးစစ်ခြင်း၊ သွေးရည်ကြည် သွင်း ပေးခြင်း၊ လိုအပ်သော ဆေးများသွင်းပေးခြင်း ပြုလုပ် ပေးနေကြောင်း ပြောပါသည်။ ကျွန်မ မှာ ရွှေလမင်းဆေးရုံတွင် ၅ ရက်ဆေးကု သမှုခံ ယူပြီး နေအိမ်သို့ပြန်လာခဲ့ပါသည်။
၈-၇-၂၀၁၁ နေ့တွင် ကလေး အားသွေး စစ်ထားသော (S.M.I) ခွဲခန်းမှ ကလေး၏ သွေး အဖြေရနေပြီဖြစ်ကြောင်း ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ပါသည်။ ကျွန်မမှာ ၀မ်း သာသွားပြီး မြောက်ဥက္က လာပ ဆေးရုံကြီးသို့ သွား၍ ကလေးအားကြည့်ချင်ကြောင်း ခင်ပွန်း ဖြစ်သူအားပြောပြီး ဗိုက်တွင် ခွဲထားသော ဒဏ်ရာ မကျက်သေးသဖြင့် ကားကို ဖြေးညှင်း စွာ မောင်းစေကာ ကလေးထံ သွားရောက်ခဲ့ပါ သည်။ မြောက်ဥက္က လာပ ဆေးရုံကြီးသို့ အရောက်တွင် ကလေး အား မတွေ့ရပဲ သေဆုံး သွားပြီ ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်သီတာချိုမှ ပြောပြ၍ သိလိုက်ရသောအခါ ကျွန်မမှာနေရာ တွင်ပင်မူးလဲ သွားပါသည်။ ကျွန်မ သတိရလာ သောအခါ ခင်ပွန်းဖြစ်သူ အား ကျွန်မ၏ ကလေးမှာ ဓာတ်ခွဲစမ်းသပ် မှတ်တမ်းများအရ မည်သည့်ရောဂါမျှ မရှိကြောင်းသိရသော် လည်း ယခုဘာဖြစ်လို့ ကလေးမှာ သေဆုံး သွားရတာ လဲဟု မေးပါသည်။ ထိုအခါခင်ပွန်း ဖြစ်သူမှ ကလေး၏ သေဆုံးမှု မှတ်တမ်းလက် မှတ်တွင် လမစေ့ပဲ မွေးဖွား၍ သေဆုံးရခြင်း ဖြစ်သည်ဟု ပြောပါသည်။ ထို အကြောင်းကို သိရသော အခါ ကျွန်မကို ဒေါက်တာ———–မှ မည်သည့် အတွက်ကြောင့် ယခုကဲ့ သို့ခွဲစိပ်မွေး ပေးရသည်ကို သိချင်သဖြင့် ၎င်းထံ ပြသခဲ့သည့် ဆေးမှတ် တမ်းများစာအုပ်များ ညွှန်ကြားချက်များ၊ ဓာတ်ပုံမှတ်တမ်း တို့အား အဒေါ်ဖြစ်သူ ဒေါ်ချိုချိုဝင့် (ဓာတ်မှန်ကျွမ်း ကျင်) အားပေးအပ်ပြီး၊ ၎င်းနှင့် သိကျွမ်းသည့် ကျွမ်းကျင် ဆရာဝန်ကြီးများ အားပြသမေးမြန်း ခဲ့ရာ ဒေါက်တာ ——————- ထံ ကိုယ်ဝန် စပြသည့် ရက် ၂၁-၁-၂၀၁၁ ရက်နေ့ ဆေးမှတ်တမ်းတွင် L.M.P ၂၅ – ၁၁- ၂၀၁၀ EDD ၂ – ၇ – ၂၀၁၁ ဟု ၎င်း၏လက်ရေးဖြင့် ရေးမှတ် ထားသည့် (ရက်၊လ)အတိုင်းပင် ကျွန်မ၏ ကိုယ်ဝန် သန္ဓေသားအား မိခင်ဝမ်းဗိုက် အတွင်းမှ မွေးဖွားပေး လိုက်ခြင်းဖြစ်ကြောင်း သိခဲ့ရပါသည်။ ကျွန်မမှာ ကလေးစိတ်ဖြင့် နေ့စဉ်နှင့် အမျှငိုနေရပြီး ယူကျုံးမရ ခံစားခဲ့ရပါ သည်။ နို့ရည်ကြည် များကိုလည်း စို့သောက် မည့်သူ မရှိသဖြင့် မျက်ရည်ကျပြီး ညှစ်ထုတ်ပစ် ခဲ့ရပါသည်။ မိသားစုမှ သွေးနု သားနုဖြစ်နေ၍ မငိုရန် တားမြစ်ကြသော်လည်း ကျွန်မမှာ ၎င်းတို့ ကွယ်ရာတွင်ကြိတ်၍ မျက်ရည်ကျခဲ့ရပါ သည်။ နောက်ဆုံး ကျွန်မမှာ သမီး ကလေး၏ အသုဘ နေ့ကရိုက်ခဲ့သော ဓာတ်ပုံ ၃ ပုံသာ လျှင် ကျန်ရစ် ခဲ့ပါသည်။ ကျွန်မတို့ ဇနီးမောင်နှံ စိတ်ကူး ထားခဲ့သော အနာဂတ် မှာလည်း မရှုမလှ ပျောက်ဆုံးခဲ့ရပါသည်။ ကျွန်မတို့၏ မိသားစု နှစ်ဖက်စလုံးတွင်လည်း ကလေး မှာ မြစ်ဦး၊ မြေးဦး၊ သားဦးဖြစ် နေသဖြင့် အလွန် ပင်နှမြော တသဖြစ်ရပြီး ၀မ်းနည်းပူဆွေးမှုများ ဖြစ်ခဲ့ ရပါသည်။
ကလေး သေဆုံးပြီး ၃-၈-၂၀၁၁ ရက်နေ့ တွင် ဒေါက်တာ ————– နှင့် ရွှေလမင်း ဆေးရုံအုပ် ဆရာဝန်မကြီး ဒေါ်ဖြူ ဖြူပိုင်တို့မှ အဒေါ်ဖြစ်သူ ဒေါ်ချိုချိုဝင့် အား ခေါ်၍ ကျွန်မ နေထိုင်ရာ အိမ်သို့ ရောက်လာ ပါသည်။ ထိုအချိန်တွင် ကျွန်မ၏ခ င်ပွန်းဖြစ် သူနှင့် ခွဲစိပ်ထားသော ချုပ်ရိုးအား ဆေးခန်း တွင် သွားရောက်ပြသနေသဖြင့် အိမ်တွင် မရှိပါ။ မိခင်ဖြစ်သူ ဒေါ်သီတာချိုနှင့်သာ တွေ့ဆုံခဲ့ပါ သည်။ မိခင်ဖြစ်သူ၏ ပြောပြချက် များအရ ရွှေလမင်း ဆေးရုံအုပ်ဒေါ်ဖြူဖြူပိုင်မှ ကလေး သေဆုံး သွားရသည့် အကြောင်းကြား သိရ သဖြင့် စိတ်မကောင်း ဖြစ်မိပါကြောင်း၊ သို့ပါ သော်လည်း ရွှေလမင်း ဆေးရုံနှင့်တော့ဘာမှ မသက် ဆိုင်ပါကြောင်း၊ တာဝန်လည်း မရှိပါ ကြောင်း၊ ယခု လည်း ဒေါက်တာ ————–မှ အဖော် အဖြစ်လိုက်ပေးပါ ရန်ခေါ် သဖြင့် လိုက်လာရ ခြင်းဖြစ်ကြောင်း ပြောပါ သည်။ ဒေါက်တာ —————— မှ လည်း ကလေး သေဆုံးရခြင်းအတွက် စိတ် မကောင်း ရပါကြောင်း၊ ဆရာဝန်ဆိုသည်မှာ ဘယ်တော့မှ အမှား မလုပ်ကြောင်း၊ ဒါ ကြောင့်တောင်းပန် စကားလည်းပြောရန် မလို ကြောင်းလာ ရောက်၍တောင်းပန်စကား ပြော တာလည်း မဟုတ်ကြောင်း၊ ၎င်းမွေးဖွားပေး သည့် ကလေး သေဆုံးသွားသည့် အတွက် စိတ် မကောင်းဖြစ်၍ ရွှေလမင်းဆေးရုံ တွင်တက် ရောက်ကု သခဲ့သည့် ဆေးရုံကုန်ကျ စရိတ်အား ပြန်လည် ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ ထိုစကားများ အရ မိခင်ဖြစ်သူမှာ စိတ်ဆိုးပြီး ကျွန်မတို့ငွေကြေး အကုန်အကျခံနိုင်လို့ ဂရု တစိုက်ပြုစု ကုသပေးမည် ထင်သည့် ပုဂ္ဂလိက ဆေးရုံတွင် လာရောက်မွေးဖွား တာဖြစ်လို့ ပေးတဲ့ ငွေကိုလည်း လက်မခံ နိုင်ပါကြောင်း ကိုယ်လုပ် ထားသည့် ကိုယ်အပြစ်ကိုသာ သိ လျှင်ကောင်းမှာဖြစ်ကြောင်း၊ ကျွန်မတို့ ကတော့ နစ်နာဆုံးရှုံးမှု အတွက် မကျေနပ်၍ နောင် ဒီလိုဖြစ်ရပ်မျိုး ထပ်မံမပြုမူနိုင်အောင် သက် ဆိုင်ရာ ဌာနများသို့ တိုင်ကြား ရမည်ဖြစ်ကြောင်း ပြောပါသည်။ ဒေါက်တာ ————- မှ နောက်ဆုံး ကျေနပ် အောင် ဘာလုပ်ပေး ရမှာ လဲဟု မေးရာ မိခင်ဖြစ်သူမှ လုပ်ပေး နိုင်မည် ဆိုရင် ကျွန်မတို့ရဲ့သေဆုံး သွားတဲ့ မြေးလေး ကိုသာ အသက်ရှင် အောင်ပြန်လုပ် ပေးပါဟု ငိုပြီးပြော လိုက်ပါသည်။ ကျွန်မတို့ မိသားစု မှာ ငွေကြေး ချမ်းသာ ကြွယ်ဝကြသူများ မဟုတ် ကြသော်လည်း သေဆုံး သွားရသောရင်သွေး အား မည်သည့် ဥစ္စာပစ္စည်း၊ ငွေကြေး တို့နှင့်မျှ တန်ဖိုး မဖြတ်နိုင်ပါ။ ကျွန်မတို့မိသားစုအ တွက် တန်ဖိုး မဖြတ်နိုင်သော၊ အစားထိုး မရနိုင် သော ရတနာပင်ဖြစ်ပါသည်။
နိုင်ငံတော်မှ လည်း ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်း စကလေးများကျန်းမာကြံ့ ခိုင်ရေး၊ အသေ အပျောက်ကျဆင်းရေး တို့ အတွက် စီမံကိန်းများချမှတ်ပြီး အကောင်အ ထည်ဖော်ကာ မြို့မှာသာမက မဖွံ့ဖြိုးသေး သည့် ကျေးလက် ဒေသပါမကျန် အိမ်တိုင် ရာ ရောက်ကျန်းမာရေးအသိပညာပေးခြင်း၊ ဟောပြော ပို့ချခြင်း၊ လက်တွေ့ လုပ်ဆောင်ပြ ခြင်း၊ သွားဖွားဆရာမ များအားလည်း အထူး ကြပ်မတ်၍ သင်ကြား ပြသပေးခြင်းတို့ကို စီမံချက်ဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်နေ ကြောင်း သိရပါသည်။ နိုင်ငံတော်မှ ပြည်သူ လူထုအတွက်ငဲ့ညှာ ထောက်ထားကာ ဆောင် ရွက်ပေး နေသော်လည်း ဒေါက်တာ ————— ကဲ့သို့ သားဖွား မီးရပ်အတူးကု ဆရာဝန်များမှာလမ်းညွှန်ချက်များ အား မသိ ကျိုးကျွန်ပြုကာ ပေါ့လျော့စွာ ဆောင်ရွက်နေ သည်ဟုပင် ထင်မိပါသည်။
ယခုကဲ့သို့ သားဖွား မီးယပ်ဆရာဝန် တစ်ဦး၏ ပေါ့လျော့စွာ၊ တာဝန်မဲ့စွာ၊ ရက် စက်စွာ၊ မှားယွင်း လုပ်ဆောင်မှု၊ စဉ်းစား ဆင်ခြင်မဲ့မှု၊ ငါတတ်၊ ငါသိ၊ ငါတော်သည် ဟုသာ မှတ်ယူထား သည့် ငါစွဲအတ္တရှိမှုနှင့် မွေးဖွား ပေးခဲ့သော ဆေးရုံမှာလည်း စေ့စေ့ စပ်စပ်စစ်ဆေးမှု မရှိဘဲ ၀န်ဆောင်မှုအပြည့် အ၀ရယူကာ လက်ခံကုသ ပေးခြင်းတို့ကြောင့် ဆရာဝန် ကိုသာအားကိုးပြီး မိမိနှင့် ရင်သွေး လေးတို့၏ အသက်ကို ပေးအပ်ကာ ဆေးကု သမှုခံယူခဲ့ ရသောကျွန်မမှာ ဆုံးရှုံး နစ်နာဝမ်း နည်းပူ ဆွေးမှုများ ဖြစ်ခဲ့ရပါသည်။ နောက် နောင်တွင် ကျွန်မကဲ့သို့ မသိနား မလည်သည့် အပြစ်မဲ့ပြည်သူများ ယခုကဲ့သို့ ထပ်မံမဖြစ် ပေါ်စေရန် ရည်ရွယ်၍ ၆-၈-၂၀၁၁ နေ့တွင် သက်ဆိုင်ရာ ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ၀န်ကြီးချုပ် ရန်ကုန် တိုင်းဒေသကြီး၊ မှုခင်းရဲတပ်ဖွဲ့မှူး၊ သတင်း တပ်ဖွဲ့မှူးစသည့်ဌာနများသို့ တိုင်ကြားခဲ့ ပါ သည်။ ၁၀-၈-၂၀၁၁ နေ့တွင် မြောက်ဥက္က လာပမြို့နယ် တရားရုံးသို့လည်း ကျွန်မ ကိုယ် တိုင် ဦးတိုက် လျှောက်၍ တရားစွဲဆိုထား ပါသည်။ တရားရုံးမှ မြောက်ဥက္ကလာပ ရဲစခန်းအား အမှုပြန်လည် ချပေးပြီး ကျင့် ၂၀၂ ဖြင့်စစ်ဆေးစုံစမ်း လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ကျွန်မ၏ နစ်နာမှုများ၊ ခံစားချက်များအား ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရန် အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖော် ထုတ် တင်ပြပေးပါရန် ညှိုးငယ်စွာဖြင့် တင်ပြ အပ်ပါသည်။
အမည်  – မသဲဖြူဖြူအောင်
မှတ်ပုံတင်အမှတ်         – ၁၂ / တမန(နိုင်)၁၀၈၀၈၃
အဖအမည်      – ဦးအောင်ကြီး
နေရပ်လိပ်စာ    – တိုက် ၇၊ အခန်း ၁၁၊ ရွှေဂုံရိပ် မွန်အိမ်ရာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ်        – ၀၉-၇၃၁၀၅၀၆၆
မြန်မာပို့စ်
 http://www.themyanmarpost.com/?p=10437

မြန်မာမိန်ကလေးတွေ အကုသိုလ်မပေးကြပါနဲ့ 


မြန်မာမိန်ကလေးတွေ အကုသိုလ်မပေးကြပါနဲ့ လို ပြောလိုညီမတွေမမတွေ စိတ်မဆိုးကြပါနဲ့ .......ပြန်မေးကြမှာပါ....
ကျွန်မတို့ က ဘာတွေလုပ်နေလိုလဲ ...မေးမှာပါ....ဖြေမယ်ဗျာ...အမေးရှိရင် အဖြေရှိတာပေါ့ ....မမ တို့ ညီမတို့ ကတော့ 
အကုသိုလ်မပေးပါဘူး နေတတ်သလိုနေပြတာပဲ......ဒါမေယ့်  ကိုယ်ရဲလုပ်ရပ်ကြောင့်  သူများအကုသိုလ်ရမယ်ဆို
မကောင်းဘူးလေ....မမတို့ ညီမတို့ စကဒ်တိုတွေ ဘောင်ဘီတိုတွေဝတ်ကြတယ်နော်....လမ်းလျှောတ်ရင်လဲ
ကြည်တဲသူတော်တော်များမှာပါ......အထူးသဖြင့် ယောက်ျားလေးတွေ ပိုမျာမယ်လေ......သူတို ကြည်လို့  ငါလှလို့ တော့ မထင်လိုတ်နဲ
နောတ်မှာဘယ်လိုတွေပြောနေလဲ နားထောင်ကြည့် ပါ....အသံတွေကိုလေ.... ညီမတို့  မမတို့ ကို အကုသိုလ်တွေ များနေကြပါပြီး
ဝစီကံ၊ မနောကံ နှစ်ခုထဲက တစ်ခုတော့  ပြစ်မှာပြီးပြီး....၁၀ယောတ်မှာ ၇ ယောတ်ကတော့  အဲတိုင်းပါပဲ...........
အဲမမတို့  ညီမတို့ ကပြန်ပြောစရာ၇ှိပါတယ်...တိုးတတ်နေတဲ့  ခေတ်မှာ ဒါဝတ်တာ ဆန်းလား အပြစ်လားတဲ......
ဆန်လဲမဆန်းဘူး အပြစ်လဲမဟုတ်ဘူး....ဒါပေမဲ့ ကိုယ်က မြန်မာလေ....မြန်မာဆိုတာ ကိုယ်ရိုးရာ ကိုယ်ဓလေ့ နဲ့ နေတာလေ.....
သူများနိုင်ငံသား တွေကိုအတုမယူရဘူး....အတုယူရမှာက နည်းပညာတွေအတတ်ပညာတွေပါ...တစ်ချိုသောမြန်မာမတွေ
တွေ့ ဖူးပါတယ်....၀တ်တုန်းကတော့  ၀တ်လာတယ်ဗျာ....လူရှေရောတ်တော့  သူမျာကြည်လို့ တဲ ဟိုဟာဆွဲတင် ဒီဟာဆွဲချ
လုပ်နေတယ်ဗျာ .....၀တ်တုနိကတော့ ဝတ်လာပြီးခုမှ ဖွာဖတ်တော်တွေ မြင်မှာကြောတ်ပြီး...ဟိုလုပ် ဒီလုပ် မလုပ်နဲ့ လေ.....
ကျွန်တော်တို့ လည်း အကုသိုလ်ရမှတော့  အကြည့် အ၀ပဲ ယူမှာပေါ့  .......ပြီတော့  မြန်မာ မိန်ကလေးမှာရှိသင့် တဲ့
အရှတ်ဆိုတာ ဘယ်နားနေမှန် မသိတော့ ပါဘူး...ရှိသင်တဲ အရှတ်တွေ မရှီတော့ ရင် မြန်မာမလေးတွေအတွတ်
လမ်မှာကိုရောတ်ဖို့  နီနေတယ်နော်....ကောင်မလေး တစ်ယောတ်ကို ပြောဖူးတယ်ဗျာ မင်းအ၀တ်အစာတွေက
မဟုတ်သေးပါဘူးလို့  လူမြင်လို့ မကောင်းဘူလို့  ကျွန်တော်ပြောတော့  သူကအကိုကတော ဆန်တယ်တဲ
ဒါနိုင်ငံခြားတဲ့  မြန်မာမဟုတ်ဘူး....ရောမရောတ်ရင်ရောမလို ကျင်တဲ့ ....သူပြောတာ လတ်ခံပါတယ်...ရောမေ၇ာတ်ရင်
ရောမလိုနေရမယ်...မှန်တယ် ဒါပေမဲ့  ဒီလိုအ၀တ်တွေဟာ ကိုယ်ရဲဖွာဖတ်တော်တွေကို မလုံတစ်လုံဖြစ်နေတာ့  လာပါလာပါ
ခေါ်နေသလိုပဲ....နိုင်ငံခြားကော မြန်မာမှာပါ လုံခြုံ ပြီးခေတ်မှီတဲ အ၀တ်တွေ အမျာကြီပါ ၀တ်ကြပါ...ကိုယ်ရဲဖွာဖတ်တော်တွေ ကို မပေါ်တစ်ပေါ်ဝတ် ပြီတော့  ယောက်ျာလေးတွေကို အကုသိုလ်တွေပေးပြီးမှ ထမင်းစားရမဲသူတွေလဲ၇ှိပါတယ်.........
ကျော်ကြားမယ် သူတွေလည်းရျိပါတယ်...အဲလိုလူတွေက အဲလိုလုပ်မှ ငွေရမယ် အောင်မြင်ကျော်ကြားမယ် အရှတ်တစ်ရားနဲ့ 
အလဲအလှယ်လုပ်ထားတဲ့  သူတွေလေ....အဲလူတွေတွေ့ ချင်ရင်တော့  ကလပ်နဲ့ အင်တာနတ်ပေါ်မှာသာကြည့် တော့ ဗျာ..
ရေးနေရင် ၇ှည်နေမှာဖြစ်လို့  ကဗျားလေးကို ဖတ်ကြည့် ကြနော်........
တ်စားဆင်ယဉ်မြင်မတင်ပေါ့
လျှပ်ပေါ်လော်လီများနေတယ်
အပေါ်လွတ်ခါ အောက်ကမြင့်ပေါ့
အောက်မြင်ကလေးဖြစ်နေတယ်
်မြင်မြင်သမျှ ကြည့်မိပြန်တော့
ဟိုဟိုက်ဒီဟိုက် တွေ့နေတယ်
တွေ့သမျှသာ မြင်နေရတော့
လျှပ်စီးလက်သလို ဖြစ်နေတယ်
ငယ်တုန်းအခါ အမေပြောတဲ့
လျှပ်စီးလက် မဖြစ်လိမ့်မယ်
လျှပ်ပျာလျှပ်ပျာ ဟစိကွဲနဲ့
သူတို့မို့လို့ ၀တ်တတ်တယ်
ဝတ်သူကြည့်သူ အမြင်ခြင်းမတူတော့
ကြည့်မိသူက အရှက်ရတယ်
ဝတ်သူကြည့်သူ အမြင်တူတော့
နပမ်းလုံးပြီး ကလပ်တက်မယ်
ဝတ်သူကြည့်သူ အမြင်တူတော့
ရုပ်ရှင်ရိုက်သလားမှတ်ရတယ်
သားလောင်းသန္ဒေ ဥခွံတွင်းမှာ
ပျောက်ပျက်တာတွေများနေတယ်
ဓလေ့ထုံးစံ ယဉ်ကျေးမှုက
ဘာသာတရားမေ့နေတယ်
အမိအုပ်မနိုင် အဖအုပ်မရ
ကိုယ့်ကိုကိုယ်သာ အုပ်ရမယ်
စိတ်ထားလေးတွေ မှန်ရဲ့သားနဲ့
လျှပ်ပေါ်လော်လီ ၀တ်နေတယ်
မြင်သူကကွယ် သတ်မှတ်လိုက်တော့
နိုင်ငံတကာ အဆင့်မှီ လှတယ်
ဝတ်စားဆင်ယဉ် အမြင်မတင့်တာ
ကြည့်ရင်းကြည့်ရင်း ပျက်လာတယ်
ကမ္ဘာကြီး ပူအိုက်စပ်လို
အတိုအပြတ် ၀တ်သလားကွယ်
မိရှေ့မောင်ဘွား မရှက်အား
ပူလို့ပြတ်ရင်း ပျက်လာတယ်
တိုင်းတပါးကိုပုခုံးမှီလို့ ပလီပလာချွဲတတ်တယ်
ဝေမြေရပ်ခြား နေထိုင်ငြားလည်း
မိဘမျက်နှာ အရှက်ရတယ်
စိတ်နောက်ခန္ဓာ လိုက်ပါရင်းနဲ့
ဒုက္ခ သီးတွေစားနေတယ်
ဒီလိုဖြစ်မျိုးကင်းပစေရန်
ကဗျာရေးရပြန်
မျတ်ချတ်.........ကဗျာေ၇းသာပေးသော မမအားအထူးကျေးဇူးတင်ပါတယ်......
ရေးသာထားသော အကြာင်းအ၇ာကို သဘောမကျပါက ပြောဆိုလိုသောအခါ
mraungmintun@ gmailကိုလာရောတ်ပြောဆို နိုင်ပါတယ်

Saturday 28 January 2012

မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၃)



(၅)

ပရိယတ္တိစာသင်ခန်းများတွင်သာ ငုတ်လျှိုးပျော်ဝင်နေခဲ့သည့် စာသင်သားငယ်မျှသာဖြစ်သော သူ့လိုရဟန်းအတွက် အာဏာပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊စစ်တပ်အသိုင်းအ၀ိုင်းနှင့်ဖြစ်စေ ပတ်သက်ဆက်နွှယ်ခဲ့ခြင်းမရှိပေ။ သို့သော် သာသနပြုရဟန်းတစ်ပါးအတွက်တော့ နယ်ပယ်က ကျယ်ပြောရပါလိမ့်မည်။ ယခုဆုံမိဆုံတော့ နိုင်ငံတော်ကောင်စီဝင်၊ စစ်တိုင်းဒေသမှူး၊ ပြည်နယ်တစ်ခု၏ အကြီးအကဲတစ်ဦးနှင့် ကြုံရခြင်းဖြစ်လေသည်။

အမှန်စင်စစ် သူ့အမြင်တွင်လည်း အများသူငါလိုပင် စစ်တပ်၏ ပုံရိပ်(Image)က မကြည်လင်လှပါ။ သူတို့ငယ်စဉ်ကလေးဘ၀နေ့ရက်များတွင် တောင်ပြာတန်းပေါ်က ကျောပိုးအိပ်လွယ်ထားသော စစ်သားကြီး၏ အသွင်အပြင်ကို အားကျခဲ့ဖူးသလို ရုပ်ရှင်ပိတ်ကားပေါ်တွင် အာားမန်အပြည့်ချီတက်လာသည့် တပ်မတော်သားကြီးများကိုလည်း လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုခဲ့ဖူးလေသည်။
ရန်သူကို ချေမှုန်းမည့်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည့် ရဲတင်းအလင်္ကာနှင့် သစ္စာသီချင်းပိုင်ရှင်များဟု အားကျဂုဏ်ယူခဲ့ရလေသည်မဟုတ်လား။

ပျဉ်းမငုတ်တို၊အမိမြေမှ သားကောင်းများ၊အသီးတစ်ရာအညှာတစ်ခု၊ ''စစ်သားကြီးကို ကျနော်မျှော်မှန်းသည်''အစ။ ဂီတစာပေနှင့် ရုပ်ရှင်ပြကွက်တို့၏ လွှမ်းမိုးမှုက သူတို့ကိုရင်လေးများ၏ ကျောင်းပရိဝုဏ်ထဲအထိ ပျံ့နှံ့စိမ့်ဝင်ကာ သင်္ကန်းကို ဘောင်းဘီနှင့်တူအောင် ခါးတောင်မြှောင်အောင် ကျိုက်၊ ခေါင်းအုံးကို ခါးပန်းကြိုးနှင့် ချီနှောင်ကာ ကျောပိုးအိပ်အဖြစ်လွယ်၊ ဘုန်းတော်ကြီးဆောင်းပုသိမ်ထီးကို သေနတ်အဖြစ်ထမ်းကာ အာဇာနည်ဗိုလ်တေဇတို့လမ်းအတိုင်း '' ရဲဘော်တို့ တစ် နေရာယူ၊ နှစ်အသင့်ပြင်၊ သုံး....လေး ငါး ဒိုင်းညှောင့် '' လုပ်ရသည်ကို ပျော်ရွှင်ဂုဏ်ယူတတ်ခဲ့သည်။

သို့သော် သူ မန္တလေးစာသင်သားဘ၀ ( ၈ )လေးလုံးနောက်ပိုင်းတွင်တော့ သူမျှော်ငေးကာ စိတ်နှလုံးတွင် နေရာကျယ်ကျယ်ပေးထားခဲ့သော တပ်မတော်သားကြီးများ၏ လှံစွပ်တပ်သေနတ်ပြောင်းဝကြီးများက ယမ်းခိုးဝေ့ကာ သူ့ဘက်သို့ ချိန်ရွယ်ထားသလို ခံစားရအောင် ကြေကွဲဖွယ်အဖြစ်အပျက်နှင့် အိပ်မက်ဆိုးတို့ကို မျက်မှောက်ပစ္စက္ခ သူမက်ခဲ့ရလေပြီ။

(၆)
အားနည်းချက်များစွာဖြင့် သေးသိမ်ကျဉ်းမြောင်းလှသော အာဏာနိုင်ငံရေးစနစ်ဆိုးအောက်တွင် စစ်တပ်သည် ပထမဆုံးပုံရိပ် ပျက်ယွင်းရသည်ကို ပိဋကတ်စာပေများတွင်လည်း သူ ဖတ်မှတ်သံဝေဂယူရပါလေသည်။

ဗုဒ္ဓအရှင်သည်ပင် ပါဝါလွန်ဆွဲသော အာဏာနိုင်ငံရေးအရှုပ်တော်ပုံများနှင့် ငြိကပ်ထိရှခဲ့ရသေးသည်။ ဗုဒ္ဓခေတ်မဇ္ဈိမ၏ စူပါပါဝါအင်အားကြီးနိုင်ငံများဖြစ်သည့် မဂဓနှင့် ကောသလတို့တွင် ဖခင်းများထံမှ သားများက စစ်တပ်နှင့်ပေါင်းကာ အာဏာသိမ်းပွဲကြီးများဆင်နွှဲခဲ့ကြသည်။ မဂဓတိုင်းတွင် အဇာတသတ်က ဖခင် ဗိမ္ဗိသာရကို အကျဉ်းချထားကာ အာဏာသိမ်းခဲ့သည်။ ဗိမ္ဗိသာရမင်းကြီးကို ပါဠိပိဋကတ်များတွင် သေနိယ(စစ်အင်အားကြီးသူ) ဟု ဖော်ပြလေ့ရှိသည်။ သားကို ချစ်ဇောကြီး၍ စစ်တပ်ကြီးတစ်ခုလုံးကို သားတော်လက်သို့ လွှဲအပ်လိုက်ရာမှ အပြီးအပိုင်အာဏာအသိမ်းခံလိုက်ရခြင်းဖြစ်သည်။ ကောသလတိုင်းတွင်လည်း ၀ိဋဋူပမင်းသားက သေနာပတိချုပ် ဒီဃကာရာယန၏ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဖခင် ပသေနဒီကောသလ ဘုရင်မင်းမြတ်ထံမှ အာဏာသိမ်းယူခဲ့သည်။

မဂဓနှင့် ကောသလတိုင်းစစ်တပ်ကြီးများ၏ ပုံရိပ်သည် အာဏာငတ်မွတ်သူတို့၏ သွေးဆာသောအမိန့်ပေးသံအောက်တွင် ပုံရိပ်ကောင်းပျောက်ခဲ့ရသည်။ နောက်ပိုင်းတွင် ၀ိဋဋူပ၏ နယ်ချဲ့စစ်တပ်ကြီးက ဗုဒ္ဓအရှင်၏ မွေးရပ်မြေသက္ကတိုင်း ကပိလ၀တ်သို့ ချီတက်သွားခဲ့သည်။ ဗုဒ္ဓကိုယ်တော်မြတ်က ကပိလ၀တ္ထုနယ်စပ်ရှိ သစ်ခြောက်ပင်အိုအောက်မှာ ထိုင်ရင်း အမိမြေကို ဓမ္မပရိယာယ်ဖြင့် ကယ်တင်တော်မူခဲ့ရှာသေးသည်။

ဝိဋဋူပက မေးလျှောက်သည်။သစ်ကြီးဝါးကြီးတွေ ရှိပါလျက် ဘာဖြစ်လို့ သစ်ခြောက်ပင်အောက်မှာမှ ထိုင်တော်မူရပါသလဲ...။
သစ်ပင်ဝါးပင်အရိပ်ထက် ဆွေရိပ်မျိုးရိပ်က ပိုအေးပါသကွယ် ဟု ဗုဒ္ဓဖြေတော်မူရှာသည်ကို အားနာနားလည်စွာ စစ်တပ်ကြီးပြန်လှည့်သွားခဲ့သည်။

သို့သော် သကျတို့၏ ၀ဋ်ကျွေးနှင့် ၀ိဋဋူပ၏ မပြေနိုင်သော အာဃာတတရားတို့ကို ဗုဒ္ဓအရှင် သုံးကြိမ်ထက်ပို၍ မတားဆီးသာခဲ့ပါ။ ၀ိဋဋူပ၏ စစ်တပ်ကြီးက သကျသာကီဝင်တို့ကို လူမျိုးတုံးစစ်ပွဲကြီးဆင်နွှဲခဲ့ပါလေသည်။ သက္ကတိုင်း၊ ကပိလ၀တ်ပြည်ကြီး စစ်မီးလျှံအောက်တွင် ပြာကျခဲ့သလို အောင်ပွဲခံပြန်လာသော ကောသလ
စစ်တပ်ကြီးသည်လည်း အခါမဲ့ သည်းစွာ ရွာသော အစိရ၀တီမိုးမြစ်ရေကြောတွင် မျောကာ ပျက်သုဉ်းသွားခဲ့ရပါလေသည်။

မဂဓတိုင်းနိုင်ငံရေးက ကြိုတင်ကြံစည်မှုပါသောနိုင်ငံရေးဖြစ်၍ ဖခင်ထံမှ အာဏာသိမ်းယူပြီးချိန်တွင် စစ်တပ်နှင့် အပြိုင် ညီညွတ်သောအင်အားရှိသည့် ဗုဒ္ဓအရှင်၏ သံဃာထုကို အဇာတသတ်က စိုးထိတ်လေသည်။ (သမားတော်ဇီဝက၏ တိုက်တွန်းမှုဖြင့် ဗုဒ္ဓအရှင်ထံ ချဉ်းကပ်ရန် သရက်ဥယျာဉ်ထဲသို့ ၀င်စဉ် တန်ဆောင်တိုင်ညက တိတ်ဆိတ်လှသောကျောင်းတော်ကြီးအတွင်းတွင် လုပ်ကြံခံရမည်ကို စိုးရိမ်မိကြောင်း ပိဋကတ်မှတ်တမ်းရှိသည်။)

သမားရိုးကျဗုဒ္ဓ၀င်ပြကွက်များတွင် ဆရာဖြစ်သူဒေ၀ဒတ်က ဗုဒ္ဓအရှင်ကို လုပ်ကြံ၍ ဘုရားရာထူးကို လုမည့်ဟန် ပုံဖော်ကြသည့်တိုင် ထို့ထက် ပိုနိုင်လေသည်။ ရှင်ဒေ၀ဒတ်သည် မက်ခ်ဗယ်လီကဲ့သို့သော နိုင်ငံရေးသုခမိန်မင်းသားဟောင်းတစ်ပါးဖြစ်လေသည်။ အင်အားကြီးမား၍ ပြည်သူတို့၏ ထောက်ခံကြည်ညိုမှုကို အပြည့်အ၀ရထားသော ဗုဒ္ဓအရှင်နှင့် ညီညွတ်သောသံဃာထုကို ဖြိုခွဲရန် ကြံစည်ခဲ့လေသည်။ သဃာ့ခေါင်းဆောင်အကြီးအမှူးဖြစ်သော ဗုဒ္ဓကို အထောက်တော်များစေလွှတ်ကာ လုပ်ကြံခဲ့၍ မအောင်မြင်သောအခါ သဃာထု၏ ပုံရိပ်(Image)ကို အများပြည်သူတို့အမြင်တွင် သိမ်ငယ်သွားစေရန် ဗုဒ္ဓအရှင်ထံတွင် တောင်းဆိုချက်ငါးမျိုးတင်ပြကာ အကွက်ကျကျဖန်တီးခဲ့ပြန်သည်။

အမှန်စင်စစ် လာဘ်လာဘ ကျောစောမှုနှင့် အရှိန်အ၀ါကို တပ်မက်မောပြီး လောကီကို ညွတ်နူးနေပြီဖြစ်သည့် ရှင်ဒေ၀ဒတ်အနေဖြင့် ဘုရားလုပ်ရန်ထက် ပိုသော ရည်မှန်းချက်ရှိပါလိမ့်မည်။ ဗုဒ္ဓအရှင်နှင့် အဂ္ဂမဟာသာဝကကြီးများ၏ သြ၀ါဒအောက်တွင် ပိပြားညီညွတ်နေသောသံဃာထုကို မဖြိုခွဲနိုင်ခဲ့သဖြင့် မှန်းချက်မကိုက်ဖြစ်ကာ ခါးပိုက်ထဲမှာ ရှိနေပြီဟု ထင်သော အဇာတသတ်၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍သာ မှန်းသလောက်ပေါက်ခဲ့လျင် အဇာတသတ်လက်ထဲက အာဏာနှင့် စစ်တပ်ကြီးကို မျက်စိကျပြီးဖြစ်ပေလိမ့်မည်။

အာဏာနိုင်ငံရေးတွင် စစ်တပ်က ပထမပုံရိပ်ပျက်ရသည်။
ဒုတိယ ညီညွတ်သောအင်အားစုတို့ကို ဖြိုခွဲရန်၊ သို့မဟုတ် ချိနဲ့စေရန် ၎င်းအင်အားစုတို့၏ ပုံရိပ်ကို ဖျက်ဆီးရသည်။

လွန်ခဲ့သောလက ရွှေပြည်ကြီးသို့ အပြန် ငယ်စဉ်ကနေခဲ့ဖူးသော မြို့လေးသို့ ရောက်သွားခဲ့သည်။
မြို့လေး၏ ကျောင်းကန်သာသနိကအဆောက်အဦးများက သစ်လွင်တောက်ပနေသည်ကို အံ့ဘနန်းတွေ့ရသည်။ မြို့ခံမိတ်ဆွေရဟန်းတစ်ပါးက မှတ်ချက်ပေးသည်။ ဖက်စလီတီ(Facility) သာသနာပေါ့ ငါ့ရှင်ရယ်..။ ငါ့ရှင်တို့ငယ်ငယ်တုန်းက ကျောင်းအိုကန်အိုတိုင်းမှာ ကြားရတဲ့ စာအံသံတွေ ဘယ်မှာ ကြားရတော့လို့လဲ..တဲ့။
''အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ပိုင်ပိုင်နိုင်နိုင် မျက်ခြေဖြတ်ပစ်လိုက်နိုင်တာကတော့ ချီးကျူးစရာပဲ'' ဟု မိတ်ဆွေရဟန်းက ဆက်ပြောပါသည်။

''ဘယ်လိုပါလိမ့်'' ဟု သူက အသိခက်စွာ မေးမိတော့ ''ဒီနေ့ခေတ် စစ်သားလေးတွေ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ရဲဘော်သုံးကျိပ်တို့၊ဖက်ဆစ်တော်လှန်ရေးး၊တရုတ်ဖြူကျူးကျော်စစ်ကာလတွေက တပ်မတော်သားကြီးတွေရဲ့ ပုံရိပ်တွေနဲ့ မျက်ခြေပြတ်သွားသလို ငါတို့သာသနာ့ဝန်ထမ်းတွေကိုလည်း လယ်တီဆရာတော်၊ မစိုးရိမ်ဆရာတော်၊မင်းကွန်းဆရာတော်တို့ဆိုတဲ့ ပုံရိပ်ကြီးတွေနဲ့ မျက်ခြေဖြတ်ခံလိုက်ရပြီလေ..။

ပြည်သူတွေရဲ့အမြင်မှာ စစ်တပ်တစ်ခုထဲ ပုံရိပ်ပျက်နေတယ် မထင်နဲ့...သာသနာ့ဝန်ထမ်း၊ ကျောင်းသားထု၊ပညာရေးဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်း. နယ်ပယ်ပေါင်းစုံ ပုံရိပ်ပျက်အောင် မျက်ချေဖြတ်ပြီး ဆွဲခေါ်သွားတာပဲလေ..။''

ပစ္စည်းဝတ္ထု (လာဘ Gain)ပူဇော်မှု (သက္ကာရ Honor)နှင့် ကျောဇော်မှု (သိလောက Fame) သည် ရဟန်းဖြစ်စေ လူဝတ်ကြောင်ဖြစ်စေ ပုထုဇဉ်တိုင်း ကြိုက်နှစ်သက်ကြသောအရာများဖြစ်သည်။ မျှားလိုက်လျှင် ဟတ်ချင်တတ်မြဲဖြစ်သည်။ မုံရွာဇောတိက ဆရာတော်ကြီးက သြ၀ါဒစကား မိန့်ဖူးသည်။ ပုထုဇဉ်ပီပီ လိုချင်တဲ့သတ္တ၀ါတွေချည်းပဲ.. ဒါပေမယ့် ငတ်ကြီးမကျကြနဲ့..။ သို့သော် ထိုအရာများကို ကျော်လွှားနိုင်ဖို့ဆိုသည်မှာ စိတ်ဓါတ်ကိုယ်ခံအားကောင်းပါမှ၊ သို့မဟုတ် လောကဓံ၏ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ပါမှဖြစ်မည်။
စစ်တပ်က အာဏာသိမ်းပြီး (၈၈)နောက်ပိုင်းနှစ်ကာလများတွင် သာသနာ့ထိပ်ခေါင်တင် ဆရာတော်ဘုရားကြီးများကို ပုံရိပ်ပျက်လမ်းကြောင်းပေါ်သို့ ဘွဲ့တံဆိပ်များ ဖောဖောသီသီကပ်လှူခြင်းဖြင့် ဆွဲခေါ်သွားသည်။ ယခင်က မစိုးရိမ်ဆရာတော်ဘုရား၊ခန္တီးဆရာတော်ဘုရားတို့ကဲ့သို့ တစ်နယ်လုံး တစ်တိုင်းလုံးကျောက်ထီးတန္တုသဖွယ် လေးစားမြတ်နိုးရသည့် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးတစ်ပါးတည်း ရှိရာမှ နှစ်ပါးသုံးပါးဖြစ်လာသည်။
လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊အရှင်ဇနကာဘိဝံသတို့ကဲ့သို့သော ကျမ်းပြုနှင့် စာချအကျော်ဆရာတော်ကြီးများကိုသာ ကပ်လှူသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်များလည်း ဖောင်းပွလာသည်။ ဘုရားရှိခိုးအမျိုးမျိုးနှင့် ကျောင်းစည်းကမ်းပြုစုသော စာတတ်ပေတတ်ကြီးများလည်း အဂ္ဂမဟာပဏ္ဍိတနှင့် အလှမ်းမဝေး။ သို့နှင့် ရထိုက်၊ မရထိုက်သော ပုဂ္ဂိုလ်များရောထွေး ကာ ဘွဲ့ခံပုဂ္ဂိုလ်ကြီးများက သရော်ချင်စရာကောင်းလာတော့သည်။


Tags:

မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၄)



(၇)
အစိုးရမင်းတို့နှင့် ရင်းနှီးကျွမ်းဝင် ရောနှောချင်သော ရာဇ၀လ္လဘရဟန်းအဖြစ်ထက် အစိုးရမင်းတို့ မြတ်နိုးကိုးကွယ်သော ရာဇဂုရုဆရာရဟန်းအဖြစ်ကိုသာ သာသနာတော်ထမ်းတို့က မျှော်မှန်းကြပေသည်။ မိမိတို့ကို ဦးထိပ်တင်သော ထိုအစိုးရမင်းသည်လည်း ဓမ္မရာဇာတရားမင်းသာ ဖြစ်စေလိုကြသည်။
(၈၈)လွန်ကာလများတွင် ဘွဲ့တံဆိပ်တို့၏ အညှီအနံ့ကို ရှိုက်မိသော ဆရာတော်ကြီးများက ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ရန် ရှက်နိုးတော်မူကြသော်လည်း ဘွဲ့တံဆိပ်နောက်တွင် ချိတ်ထားသည့် အခွင့်အရေးတီထွေးကြီးကို ဟတ်လိုသူကေစိပုဂ္ဂိုလ်အချို့ကလည်း ရှိနေခဲ့ပြန်လေသည်။ သို့နှင့် ဘွဲ့မခံယူလိုသောရဟန်းနှင့် ဘွဲ့ငန်းသောဘုန်းကြီးဟု နှစ်မျိုးဖြစ်လာစေခဲ့သည်။
အများပြည်သူတို့အမြင်တွင် သိက္ခာသုံးရပ် အကျင့်မြတ်ကုံလုံ အရည်အချင်းပြည့်စုံကာ ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ထိုက်သူဟု ကျော်ဇောကိတ္တိရှိသည့် ဆရာတော်ကြီးများကို( ဖိအားပေးကာ) ဘွဲ့အလှူခံစေတတ်ပြီး မိမိကိုယ်တိုင်ဆန္ဒအရဖြစ်စေ၊ပကာသနအရောင် အသွေးကို အလေးပေးတတ်ကြသည့် တပည့်ဒကာဒကာမအသိုင်းအ၀ိုင်း၏ တွန်းအားကြောင့်ဖြစ်စေ ဘွဲ့တံဆိပ်ကို ငန်းမိသောဘုန်းတော်ကြီးအချို့ကိုတော့( လျှောက်လွှာတင်အောက်ကျို့ကာ) ဘွဲ့တောင်းခံစေသည့် စနစ်ကို ကျင့်သုံးခဲ့ပြန်သည်။
ယခင်ဆက်ကပ်မြဲဖြစ်သည့် အထင်ကရဘွဲ့တံဆိပ်တော်ကြီးနှစ်ခုအပြင် ခေါင်းစဉ်အမျိုးမျိုး တပ်ထားသော ဘွဲ့များကို တည်ထွင်လိုက်သောအခါ တစ်ဘွဲ့မဟုတ် တစ်ဘွဲ့က တန်းစီ ဇယားတွင် သေချာချင်တိုင်းသေချာနေတော့သည်။
ဘွဲ့တံဆိပ်များနှင့် ပတ်သက်၍ ရယ်သွမ်းသွေးပုံပြင်လေးတစ်ပုဒ်ကြားဖူးသည်။ အစိုးရက ဘွဲ့များကို လှိုင်လှိုင်ထုတ်လုပ်ပေးခါစ ရွာတစ်ရွာရှိ သီလသမာဓိထင်ရှားသောတောင်ကျောင်းဆရာတော်ကြီးကို ဘွဲ့တံဆိပ်ဆက်ကပ်လေသောအခါ မြောက်ကျောင်းဆရာတော်က ချီးမွမ်းမဆုံး။ ချွန်လိုက်ပါဘိ၊မွန်လိုက်ပါဘိ၊ တော်လိုက်ပါဘိ၊ မော်လိုက်ပါဘိ။
နောက်နှစ်ကူး လွတ်လပ်ရေးရာသီတွင် တပည့်ဒကာဒကာမများက လျှောက်လွှာဖြည့်စွက် တင်သွင်း၍ မြောက်ကျောင်းဆရာတော်ကိုယ်တိုင် ဘွဲ့ခံပုဂ္ဂိုလ်ကြီးဖြစ်လာသည့်အခါမှာတော့ ''ဟို မောင်ရှင်လည်း ငါ့လိုပဲထင်ပါ့ '' ဟု တန်ညှိလေသောဟူ၏.။

(၈)
ဘွဲံ့တံဆိပ်ရ၊ မရပုဂ္ဂိုလ်တို့ကိုလည်း ခွဲခြားဆက်ဆံသဖြင့် လောကဓံကို ခံနိုင်ရည်မမွေးနိုင်သော ဆရာတော်ကြီးများခမျာ စိတ်ဓါတ်စစ်ဆင်ရေးတွင် ကျဆုံးကြရသည်လည်း ရှိတတ်ပေသေးသည်။ ဘွဲ့ရမဟုတ်လျင် မင်းပွဲစိုးပွဲသဘင် မ၀င်ရ၊မကပ်ရ။
ဘွဲ့သင်္ကေတကြာငါးခိုင်တံဆိပ်တုံးမှ မပြနိုင်လျင် ရုံးပြင်ကန္နားက စကားပြောလိမ့်မည်မဟုတ်။ မီးရထားလက်မှတ်ဝယ်သည်ပင် နေရာပေးထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်။ ''ဟွန်း ဘဒ္ဒန္တဘွဲ့ရလည်း ဟုတ်ဘဲနဲ့..။''
မိတ်ဆွေရဟန်းတစ်ပါးက ရန်ကုန်ဘူတာကြီးထဲက မြင်ကွင်းလေးတစ်ခုကို ပြောပြဖူးသည်။ သက်တော်ခြောက်ဆယ်အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးကို နောက်ပါတပည့်ရဟန်းသုံးပါးခန့်က အိပ်ဆွဲကာ မီးရထားသို့ လိုက်ပို့ကြသည်။ ထိုအချိန်မှာပင် အုပ်အုပ်ကျက်ကျက် လူထုကြီးခြံရံပြီး ရွှေရောင်စာလုံးရေးထိုးထားသော ယတ်တောင်ကို ဟန်ပါပါကိုင်လျက် သက်လတ်ပိုင်း ဘွဲ့ခံဘုန်းတော်ကြီးတစ်ပါး အထက်တန်းတွဲသို့ ကြွလာသည်။
ဒုတိယဆရာတော်က ပထမဆရာတော်ကို မြင်ဖြစ်အောင် မြင်သလို ပထမဆရာတော်ကြီးကလည်း သတိထားမိလိုက်သည်။ သို့သော် အချင်းချင်းနှုတ်မဆက်ဖြစ်ကြ။ ဒုတိယဆရာတော်က လူအုပ်ကြားတွင် နှုတ်ဆက်လိုဟန် မရှိ။ ဘွဲ့ခံသာသနာ့အာဇာနည်ပုဂ္ဂိုလ်ကြီးကို ပူဇော်နေကြလေသည့် ပရိသတ်လူအုပ်ကြီးကိုသာ သြ၀ါဒနှုတ်ဆက်စကားချွေရလေမည်မဟုတ်လား။
ရထားထွက်ပြီး လူရှင်းပြီဆိုပါမှ ဘွဲ့ခံဘုန်းတော်ကြီးလေးက ဆရာအရှင်ဖြစ်သူ ပထမဆရာတော်ကြီးဆီ ချဉ်းကပ်ကာ ဂါရ၀ပြုရပါလေသည်။ တပည့်များစွာတွင် ပရိယတ်ညံ့ဖျင်းလှသော်လည်း လူမှုရေးကျွမ်းကျင်ပြီး လောကီလည်ဝယ်ဟန်ရှိသော ဘွဲ့ခံတပည့်ကျော်ကို ဆရာအရှင်က ခပ်ရိုးရိုးကြီးကြည့်နေပါလေသည်။ ထိုဆရာတော်ကြီးက သာသနာတော်လောကတွင် ပရိယတ်ပဋိပတ်ထင်ရှားလှသော်လည်း ဘွဲ့တံဆိပ်တော်ကို ညှီစော်နံသော မန္တလေးမြို့က စာချအကျော် မိုးကောင်းဆရာတော်ကြီးဖြစ်ပါသည်။
(အခြားအခြားသောဆရာတော်ကြီးများကတော့ အတန်တန်ငြင်းပယ်သည့်ကြားမှပင် သတင်းစာမှ ပြောင်ပြောင်တင်းတင်းဆက်ကပ်ကာ ဘွဲ့နှင်းသဘင်မတက်မနေရ သဒ္ဓါ အရည်သုတ်လိမ်းထားသော အာဏာချိုချဉ်တော်ကြီးကို မဘုဉ်းပေးရဲဘဲ မနေနိုင်အောင် ပူဇော်ခြင်းခံရလေသည်။)
ယခင်က ဘယ်ကျမ်းပြုဆရာတော်၊ဘယ်စာဝါကို ပို့ချနေသောဆရာတော်၊ ဘယ်တရားကို ဟောတော်မူသောဆရာတော်၊ ဘယ်ပဋိပတ်အကျင့်စခန်းကို လမ်းပြသောဆရာတော်စသည်ဖြင့် အလုပ်ကို ဦးစားပေးခေါင်းစဉ်တပ်ကာ လေးစားပူဇော်ဖွယ်ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ကိုးဘွဲ့ရ၊ဆယ့်နှစ်ဘွဲ့ရ၊ တစ်ရာ့နှစ်ဆယ်ဘွဲ့ရ၊ ဘွဲ့ပေါင်းတစ်ထောင်ဂုရုကွေးဖြစ်လာရန် အာရုံစိုက်ကြလေသည်အထိ ရေးစီးရေလာပြောင်းလဲခဲ့လေသည်။
အလုပ်ခေတ်ထက် ဘွဲ့ခေတ်ကြီးတွင် သူကိုယ်တိုင်သည်ပင် ချည်ထားသောဘွဲ့တွေ တော်တော်များနေပြီ။ အလုပ်က မည်မည်ရရ ခါးတောင်းမကျိုက်ရသေး၊ ဘ၀သက်တမ်းတစ်ဝက်ကျိုးတော့မည်။
လောကုတ္တရာဘက်တွင် ဘာဘွဲ့မှ မရကြရှာသော လယ်တီတောကျောင်းဘုန်းကြီးလေး အရှင်ညာဏ၊မန်လည်ရွာလေးက အရှင်ဇ၀န၊ ဆာဘိုးသာဇရပ်ကြီးတွင် ကပ်ရပ်စာချခဲ့ရရှာသည့် အရှင်အာဒိစ္စ၀ံသ၊ အတန်းပညာဟူသောလျှောက်လွှာပုံစံတွင် '' မရှိ'' ဟု အမြဲစာရင်းဖြည့်သွင်းရရှာသော တောင်တွင်းကြီးမြို့လေးက ရှင်ဥက္ကဋ္ဌတို့၏ ခြေဖျားလည်းမမှီ။ လောကီရေးရာတွင်လည်း တက္ကသိုလ်ဥပစာတန်းမျှ သင်ယူခဲ့ဖူးရှာသော ကိုရင်သန့်ဝိဇ္ဇာတန်းလေးအောင်ရုံမျှ ဖိုးအောင်ဆန်းနှင့် ဥပဒေတန်းတဖုန်းဖုန်းကျရှာသော ကိုကြီးနုတို့နှင့် မယှဉ်သာ။
အော် ဘွဲ့..ဘွဲ့ရောဂါ...။ ကူးစက်လေစွတကား။ သို့ဖြင့် ဘွဲ့ခံဆရာတော်အချင်းချင်း ဓါတ်သိဘွဲ့ခံများဖြစ်လာက ဂါရ၀နည်းပါးလာသည်နှင့်အမျှ တပည့်သံဃာငယ်များကလည်း အရိုသေတန်သလို ဖြစ်လာခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ သာသနာတော်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ကြေငြာချက်သည်ပင် '' မူလတန်းဂေဇက်'' ဟု အသရေပျက်လာလေတော့သည်။
သံဃာကြီးများနှင့် သံဃာငယ်များကြား ဂါရ၀နှင့် နိဝါတနည်းပါးခြင်းအက်ကြောင်းကြီးပေါ်လာခဲ့သည်။ ယခင်က ဘွဲ့တံဆိပ်ရဆရာတော်ကြီးတစ်ပါး၏ သြ၀ါဒစကားတစ်ခွန်းအောက်တွင် ရဟန်းရှင်လူပြည်သူလူထုက ညီညွတ်ပိပြားကာ တစ်ကြောင်းတည်းသောလမ်းကို လျှောက်ခဲ့ကြသော်လည်း ယခုမူ ဘွဲ့ခံအပါးတစ်ရာ၊ သြ၀ါဒအခွန်းတစ်ရာ၊ လမ်းကြောင်းတစ်ရာ...။

(၉)
နုပျိုတက်ကြွ၍ အနာဂတ်သာသနာ့အညွန့်အညှောက် ရှင်ပျိုရဟန်းပျိုပေါက်စတို့ကို မထေရ်သံဃာတော်ကြီးတို့က မျက်စိနောက်စေအောင်လည်း မလစ်ဟင်းခဲ့ပါ။
'' မောင်ရှင်တို့ ခေတ်ရောက်မှပဲ ဘုရားတရားတော်တွေ ကွယ်ပျောက်ရတော့မှာပါကလားကွယ်ရို့ '' ဟု သာသနာ့ထိပ်ခေါင်တင်မထေရ်ကြီးတို့ ရွှေရင်စို့လောက်သော ဇာတ်ဝင်ခန်းတို့ကို ဖန်တီးခဲ့ပြန်ပါလေသည်။ ပရိယတ္တိပဌမပြန်စာမေးပွဲများ၏ အရည်အသွေးကို လျှော့ချပေးလိုက်ခြင်းဖြစ်ပါသည်။
ကြီးကြပ်ရေး၊အထူးကြီးကြပ်ရေးတင်းကျပ်စွာ ချထားသည့် စာဖြေခန်းထဲတွင် ဇောချွေးထွက်အောင် စဉ်းစားဖွယ်မလိုတော့။ စာမေးပွဲဖြေဆိုမည့်ရဟန်းသာမဏေသီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုစေချင်ပါသည်ဘုရား ဟူသော သာသနာရေးဆိုင်ရာလျှောက်ထားချက်ကြီးကို နာယူခဲ့ရပြီးသော ကြီးကြပ်ရေးဆရာတော်များအနေဖြင့် သတင်းစာတစ်စောင်ကို ဖတ်၊ရေနွေးကြမ်းကို တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း မောင်ရှင်၊မယ်ရှင်လေးများကို လစ်လျူရှုခြင်းဖြင့် စောင့်ရှောက်တော်မူရလေသည်ကော။
စာဖြေခန်းအတွင်း ကျောက်သင်ပုန်းကြီးပေါ်တွင် ဘယ်မောင်ရှင်က လက်ဆော့ထားသည်မသိ။ ကဗျာတစ်ပုဒ်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မည်။
စာစစ်ကြွလာ၊ ထေရ်မဟာ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
စာဖြေခန်းတွင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကူးထားသည့်စာ၊ အဖြေလွှာ၊ ဘယာဝေးပါစေ။
အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးကြသည့် စာသင်တိုက်ကြီးများကတော့ ထိုလောကဓံကို အံတင်းခံ၍ '' ခေတ်ဘယ်လိုလိုပြောင်းပြောင်း၊ ငါတို့ပရိယတ္တိမူမပြောင်း၊ မသမာစိတ်မွေးလျင် ဂျောင်း '' ဟု ဇွဲသန်သန်လှော်ခတ်နေကြသည်ကို ကြည်ညိုဖွယ်ရာဖူးတွေ့ရဆဲဖြစ်ပါ၏။
သို့သော် ရဟန်းငယ်ရှင်ငယ်များသည်လည်း ဆရာတော်ကြီးများက ဘွဲ့တံဆိပ်တော်နောက် ကောက်ကောက်ပါသလို စာတတ်ခြင်းထက် စာမေးပွဲအောင်ခြင်းကိုသာ ဆာလောင်လေပြီ။စာမေးပွဲအောင်ဖို့လည်း ဘာခက်သနည်း၊ စာဖြေဌာနများစွာ ဖွင့်လှစ်လိုက်လိုက်ပြီ။ ယခင်တစ်နိုင်ငံလုံး အစိုးရစစ်ဟု ဂုဏ်သရေမြင့်ခဲ့ရာမှ တိုင်းနှင့်ပြည်နယ်စစ်သို့ ပြောင်းသွားလေပြီ။ စာဖြေဌာနချင်းကလည်း ဖြေဆိုချိန်မတူ။ နှစ်ဌာနခွဲပြီးလက်မှတ်ထိုးလိုက်လျင် တစ်နေရာရာကတော့ အောင်မည်လက်ခတ်မလွဲ..။ အော် ဒို့ခေတ်ကို ရောက်နေပြီမှာ မလွဲပါ..။
စာတတ်ချင်သောရှင်ငယ်ရဟန်းငယ်လေးများက စာသင်တိုက်ကြီးများတွင် ဇွဲခတ်ကူး၍ စာမေးပွဲတဘုန်းဘုန်းကျနေချိန် သုံးကျောင်းပြောင်းသောရှင်၊ ယောင်ခြောက်ဆယ် မောင်ရင်တို့က တစ်နှစ်တစ်တန်း ပုံမှန်းလှမ်းကာ ဓမ္မာစရိယတန်း ဟုလျှမ်းလျှမ်းတောက်နေကြလေပြီ။
ခင်ကြီးပေါက်နောက် ဒို့နှစ်ယောက်ပုံပြင်ပမာ ငါ့ရှေ့နောင်တော်ဘုရားအလောင်းများသည်ပင် မူးကြတုန်း၊ ငါလည်း ကျင့်နေလို့ ထူးပါဘူး ဟု ခင်ကြီးပေါက် စိတ်ဒုန်းဒုန်းချလိုက်သလိုပင် စာသင်တိုက်မှ စိတ်ဓါတ်မခိုင်ရှာသောမောင်ရှင်လေးများလည်း စာသင်တိုက်ကြီးမှ စာချဘုန်းကြီးများမသိအောင် အခြားစာဖြေဌာနတစ်ခုတွင် လက်မှတ်ထိုးပြန်လေသတည်း၊

မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၁)


Friday 27 January 2012

ခေတ်နောတ်လိုတ်ရင်း ဘ၀ဆုံးသူလေ

ဒိုးဒိုးဒန့်ဒန့် ရောင်စုံစလိုက်မီးများ အောက်မှာ မြူးထူးပျော်ပါး နေကြသော လူတွေကို ငေးကြည့်ရင်း စိတ်တွေကျဉ်းကျပ်လွန်း နေပေမယ့် အောင်အောင်တစ်ယောက် သည်းခံပြီး နေနေရ၏။။ ပါတီပွဲကို လှမ်းကြည့်လိုက်တော့ရယ်မောပျော်ရွှင်ပြီးစကားတွေ ဖောင်ဖွဲ့အောင် ပြောဆိုနေတာ တွေ့လိုက်ရသည်။။
မြင်ကွင်းကိုသေသေချာချာ၊ စေ့စေ့စပ်စပ် ကြည့်လိုက်တော့ မိန်းကလေးတွေလက်ထဲမှာ ခွတ်လေးတွေ ကိုင်မြှောတ်ပြီး  အရက်တွေ သောက်နေရတော့ ၊ အရှက်ကြီးလှပါသည်ဆိုသော မြန်မာမလေးတွေကို မချင့်မရဲ လှမ်းကြည့် လိုက်ရင်း အောင်အောင် စိတ်တွေက တစ်ခုခုကို အလိုမကျ ဖြစ်နေသည်။။

ယခုပွဲက အောင်အောင်သူငယ်ချင်း ကိုကိုမောင်ရဲ့  မွေးနေ့ညစာစားပွဲ။။ ပြီးတော့ ကိုကိုမောင်ဆိုတာကဆိုတာက အောင်အောင်ရဲအချစ်ဆုံးသူငယ်ချင်း။မသွားချင်ပါဘူး ပြောနေသည့်ကြားက
 ကိုကိုမောင်နှင့် မိုးလေး(ညီမ၀မ်းကွဲ)တို့ အတင်းခေါ်သဖြင့် သူလိုက်လာ ခဲ့ခြင်းဖြစ်သည်။။ အဲပွဲမှာ
မိန်းကလေးတွေနှင့် တွေ့လျှင် လိုသည်ထက် မျက်နှာချိုတတ် အပြောချိုတတ်သူရဲနိုင်နှင့်  မိန်းကလေးတန်မဲ့ ရဲတင်းသွက်လက် ပြီး လျှပ်ပေါ်လော်လီ လွန်းလှသည်ဝတ်မှုံတို့  မောင်နှမနှင့်  လာဆုံနေသည်။
ထိုမောင်နှမ နှစ်ယောတ်နဲ့ တစ်ကျောင်းတည်း နေပေမယ့် အောင်အောင်ဘယ်တုန်းကမှ ပက်ပက်သက်သက် နေခဲ့ခြင်း မရှိ။။။
လက်မှ နာရီကို ကြည့်လိုက်ပြီး ပြန်ဖို့လည်း    သင့်တော်ပြီမို့ မိုးလေးတို့ဝိုင်းဆီ လှမ်းထွက်လာခဲ့လိုက်၏။။

"မိုးလေး ၁၀ နာရီတောင် ကျော်နေပြီ။။ ပြန်ကြရအောင်။။"

မိုးလေးဆီပဲ ဦးတည် စကားပြောလိုက်ပေမယ့် တစ်ဝိုင်းလုံးရဲ့ မျက်လုံးတွေက သူ့ဆီရောက်လာသည်။။
ရဲနိုင်က

"..အကိုအောင်အောင်ပဲ အရင်  ပြန်နှင့်လိုက်တော့နော်။။ မိုးလေးကို ညီလေးတို့  လိုက်ပို့ပေးလိုက်မယ်။။ ခဏနေရင် ကာရာအိုကေ ဆိုကြဖို့ စီစဉ်ထားလို့။။"
"အကိုမိုးလေးကိုပြောနေတယ် ညီလေး  ဝင်မပြောပါနဲ့။။ ကဲ မိုးလေး  ပြန်မယ်လို့ ပြောနေတယ်လေဟာ။။"

ရဲနိုင်ရဲ  စကားကို ဂရုမထားပဲ မျက်မှောင်ကို တင်းတင်းကြုတ်ရင်း အောင်အောင် ခပ်တင်းတင်း ပြောလိုက်သည်။။ရဲနိုင်က လတ်နှစ်ဖတ်ကိုမြှောတ်ပြီး မိုးလေးရေမိုးလေးရဲ အချစ်ဆုံး အကိုကို မိုးလေးပဲ ပြောလိုက်ပါတော့ဗျာ။။ ကိုရဲနိုင်တော့ ဘာမှမပြောလိုတော့ပါဘူး ဟုခပ်အီအီအသံနှင့် လှည့်ပြော၏။။ အရက်ရှိန်နှင့် နီစပ်စပ်ဖြစ်နေသော မိုးလေးမျက်နှာက ယခုလက်ရှိ အနေအထားမှာ ရှိနေဟန်မတူ။။ ယိုင်တိုင်တိုင် ထရပ်လိုက်ရင်း

"အကိုအောင်အရင်ပြန်နှင့် လိုက်တော့နော်။။ မိုးလေးကို ကိုရဲနိုင်တို့ လိုက်ပို့ပေးမယ်တဲ့။။ သိပ်မကြာပါဘူး။။ သီချင်းလေး လေး၊ငါးပုဒ်လောက် ဆိုပြီးရင် ပြန်လာမှာပဲလေနော်။။ ပြန်နှင့်လိုက်တော့နော်။။"

"ကောင်းပြီလေ.. ဒီလိုသရုပ်ပျက် ယဉ်ကျေးမှုထဲ ငါမလာချင်မှန်းသိရက် နင်ခေါ်ခဲ့တာ။။ ခေတ်နဲ့အညီ အတိုဝတ်တယ်၊ အကပ်ဝတ်တယ် ငါမပြောလိုဘူး။။ ညနေခင်းပွဲတွေ တက်တယ် ငါမပြောလိုဘူး။။ အေး.. အရက်သောက်တာကိုတော့ ငါပြောတယ်။။ မိုးလေး နင်မရှက်ဘူးလား။။ နင်မြန်မာမ မဟုတ်ဘူးလား။။ အခု အရက်သောက်ထားတဲ့ နင့်ပုံစံက ဘာနဲ့တူနေပြီလဲ နင်သိလား။။ အရက်မူးနေတဲ့ နင့်ခေါင်းထဲမှာ ဘာဆင်ခြင်တုံတရား ရှိနေလဲ နင်ဆန်းစစ်ကြည့်ရဲ့လား။။"တိုးတတ်နေတဲ့ ခေတ်မှာ အတိုင်းအတာ တခုထိပဲကောင်းတယ်။။နင်ဖြစ်နေတာတွေ နင်မိဘတွေ တွေ့ ရင် ရင်ဘယ်လောတ်နာမလဲ။။ဘာလုပ်လုပ်
သမီးမိန်ကလေး မွေးထားပေမဲ့   အမြဲတမ်းဂုဏ်ယူနေတဲ့   နင် မိဘမျတ်နှာတော့  ပြန်ကြည့် အုံး။။


"အောင်မယ်လေးဟယ်.. ဒီဘက်ခေတ်မှာ ဒါတွေက မထူးခြားတော့ ပါဘူးဟဲ့။။နင်ပြောသလို အရတ်သောတ်နေတာ မဟုတ်ဘူး၊၊၀ိုင် သောတ်နေတာ ခေတ်မှီတဲ့ မိန်ကလေးတိုင်း သောတ်နေတဲ့ ခေတ်မှာ နင်အဲလောက်ထိ ပြောဖို့မလိုပါဘူး။။ ငါတို့လဲ သောက်နေကြတာပဲကို။။"ဒီမှာသောတ်နေတဲ့   သူတွေအာလုံး
က ဂုင်္ဏသရေရှိ၊ပိုတ်ဆံရှိ၊ နှင့် ရာထူးရှိတဲ့   မိကောင်းဖခင် သာသမီးတွေကြီးပါပဲ။

"နင့်ပါးစပ်ကို ပိတ်ထား ၀တ်မှုံ။။ ငါပြောနေတဲ့ စကားတွေက နင့်လို မျိုးမစစ်ယဉ်ကျေးမှုနဲ့မှ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေပြီး ကိုယ့်အမျိုးအနွယ်၊ ကိုယ့်ဇာတ်ကိုမသိတဲ့ မိန်းမတွေအတွက် မသက်ရောက်ဘူး။။ ရှင်းလား။။ခေတ်ကို အကြောင်းပြပြီး ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ပြီး၊ခလုပ်ထိတော့ မှ အမိတပြီးမိဘမျတ်နှာ အိုးမဲသုတ်တဲ့  အဖြစ်မျိုး မဖြစ်အောင် ငါအခု မိုးလေးကို ပြောနေတယ်။။"
"ဟာ.. အကို အောင် စကားတွေက နည်းနည်းတော့  လွန်နေပြီလားလို့။။"
"မင်း ပါးစပ်ပါပိတ်ထား။မကျေနပ်ဘူးလား၊မင်းကဘာဖြစ်ချင်လို့ လဲ"
 "ယောင်္ကျားကြီးဖြစ်ပြီး အရှက်မရှိ ချွဲနွဲ့၊အီပြနေပြီး။မိန်မကောင်းတွေကို အညွန့် ချိုးနေတဲ့  မင်းနဲ့လည်း ငါ စကားပြောဖို့မရှိဘူး။။ယောင်္ကျားက ယောင်္ကျားလိုပဲ ပြောရတယ်။။မိန်ကလေးတွေကျလောတ်အောင်ပြော
ခေတ်ကိုအကြောင်းပြပြီး ခွေးဇာတ်ခင်ဖို့ ကြံနေတဲ့ မင်းလိုလူဆီမှာကိုယ့်ကိုကိုယ် ယောင်္ကျားပါလို့
 ခံယူထားတဲ စိတ်ဓာတ်ရှိရင်  မင်းလာလိုတ်ခဲ့ ။**
အောင်အောင် ဒေါသတကြီးပြောနေသောကြောင့်  မွေးနေ့ ရှင် ကိုကိုမောင်အနားရောတ်လာပြီး
**အောင်အောင် ဘာလို့ ဒေါသတွေ အဲလောတ်တောင် ဖြစ်နေရတာလဲ၊မင်ပုံစံက လူမိုတ်ပုံပေါတ်နေပြီး
သူငယ်ချင်း။ငါမျတ်နှာကိုထောတ်ပြီး မင်းဒေါသတွေ လျှော့လိုတ်နော် သူငယ်ချင်း။ ညီလေး ရဲနိုင်မင်းလဲ
ဘာမှပြန်မပြောနဲ့ တော့   ထိုင်ပြီး သောတ်စရာရှိတာသောတ်နော်**
**လာ အောင်အောင် ဟိုဘတ်မှာ ကျော်သန်း၊ဖတ်တီးနဲ့  တင်ဝင်းတို့ ရှိတယ်**
ဖခုံးဖတ်ပြီး  အောင်အောင်ကို  သူငယ်ချင်းတွေဆီသို့   အာရုံပြောင်းခေါ်ယူပြီး ထွတ်ခွာရန်ပြင်နေသော
ကိုကိုမောင် ခြေလှမ်တွေ အောင်အောင်ရဲ စကားတွေကြောင့် ပြန်လည် ရပ်တန့် သွားပါတယ်။
**ခဏနေအုံး  ကိုမောင်**
**ကဲ..မိုးလေး။။ ခေါ်လာတာလည်း နင်ပဲ၊ ပြန်နှင့်လို့ ပြောတာလည်း နင်ပဲဆိုတော့ ငါပြန်မယ်။။ အရက်မူးပြီး ဆင်ခြင်တုံတရားမဲ့နေတဲ့နင့်ကို သကာရည်လောင်းထားတဲ့ စကားမျိုးတွေကိုနာမယောင်ပဲပန်ကောင်းညွန့်ချိုး
လုပ်နေတဲ့ကောင်တွေလတ်ကနင်ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါစေလို့ဆုတောင်းပေးခဲ့မယ်။။ နောက်နင်ဘာ အကူညီလိုလို၊ ငါ့ကို လာမခေါ်ပါနဲ့။။ ဒီဇာတ်ထဲကို ဝင်သွားမှတော့ နင်လည်း ဒီဇတ်ကို ကနိုင်အောင် ကတော့ ပေါ့ ။။မိုးလေး. နင့်ကိုရော ဒီမှာသောတ်နေတဲ့ မိန်းကလေးတွေကော ပြီးတော့ ခေတ်ဆိုတာ အကြောင်းပြပြီး မိန်ကလေးတွေရဲ ဘ၀ကို တန်ဖိုးထားရမှန်မသိတဲ့ ကောင်တွေ အကုန်လုံးကိုရော ငါတစ်ခုပြောခဲ့မယ် ဒီလိုနေရာနဲ့ ဒီလိုလူတွေကို ငါက အရမ်းရွံတယ်လို့။။ ကဲ..ငါသွားမယ် မကျေနပ်တဲ့ကောင်ရှိရင် လိုက်ခဲ့။။ကိုကိုမောင် ငါပြန်ပြီး**
ပြောပြီး လှည့်ထွက်လာခဲ့လိုက်သည်။။ နောက်ဆီမှာ စီစီညံညံနှင့် ဝိုင်းဆွဲသလို အသံတွေ ကြားရပေမယ့် တကယ်တမ်းလိုက်လာရဲတဲ့သူတစ်ယောက်မှမပါဘူးဆိုတာသိနေသည်မို့ အောင်အောင် အေးအေးဆေးဆေး
ပဲလျောက်ထွက်သွားလိုက်တော့သည်။။
                   xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"ငါထင်တယ်..တစ်နေ့ မိုးလေး တစ်ခုခု ဖြစ်လိမ့်မယ်ဆိုတာ ငါသိနေတာ။။ ဒါပေမယ့် ဒီလောက်ကြီးထိ မြန်မြန် ဆန်ဆန် ဖြစ်သွားမယ် လို့တော့ မထင်ခဲ့မိဘူးကွာ။။ သတင်းကြားကြားချင်း တုန်းကဆို ငါမယုံတောင် မယုံနိုင်ခဲ့ဘူး။။"

မှန်ဘောင်းနှင် လုပ်ထားသော အခေါင်းအတွင်းမှ အသတ်မဲ့ နေပြီးဖြစ်သော မိုးလေးကိုကြည့် ပြီးလက်သီးကို ကျစ်အောင်ဆုပ်ရင်းအံကြိတ်သံဖြင့် အောင်အောင် ပြောလိုက်မိသည်။စားမေးပွဲနီး လို့  စာကျပ်နေရတာနှင့်  စာမေးပွဲ ပြီးတော့  အမေ့ ရဲ ကျန်မားေ၇း ကြောင့်   အမေ့ ရှိရာနေရာသို့ ပြန်သွားခဲ့ရသောကြောင့်  ၅ လခန့် 
မိုးလေး အကြောင်းတွေ သိပ်မသိရပါ။ မိုးလေး ဆုံးတာလဲ ဒေါ်လေး ပြောပြမှ တဆင့်  သိခဲ့ ရလို့ 
မိုးလေးရှိရာသို့  အမေဆီမှာ ခွင့် တောင်းပြီး သတင်းကြားကြားချင်း ပြန်လာခဲ့ တာပါ။
 ပြန်ရောက်ပြီး အကြောင်းစုံ သိရချိန်မှာတော့ စိတ်ထဲ ဖြေမဆည်နိုင် ဖြစ်ခဲ့ရတော့သည်။။ ငယ်ငယ်ရွယ်ရွယ်နှင့် မိုးလေးဘဝ နိဂုံးချုပ်တာက သူ့ဘာသာသူ အဆုံးသတ်လိုက်ခြင်းတဲ့။။

"မိုးလေး  အရမ်းမိုက်တယ်ကွာ။။ သူအရမ်းကို မှားခဲ့တာ။။"

ဖြေမဆည်နိုင်သလို ရေရွတ်နေတဲ့ အောင်အောင်၏ ပုခုံးကို ကိုကိုမောင်က အသာဖျစ်ညှစ်လိုက်ရင်း

**"ကေသီဆိုတာ ငါတို့ သူငယ်ချင်း တစ်ယောက်ပဲလေ။။ ငါတို့လည်း သူ့အတွက် ယူကျုံးမရဖြစ်ရပါတယ်။။ ဝမ်းလည်း နည်းကြတာပဲ အောင်အောင်။။ ဒါပေမယ့် အခု ငါမကျေနပ်နိုင်တာက မိုးလေးသေဆုံးမှုမှာ တကယ်အပြစ် ရှိတဲ့သူက ဘာမှမဆိုင်သလို လွတ်နေတာ။။ အဲဒါကို ငါကမကျေနပ်နိုင်တာကွာ။။"**

ကိုကိုမောင်ကို အသာငဲ့ကြည့်ရင်း အောင်အောင် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။။ **မင်းသားယောင်ဆောင်နေတဲ့ ဘီလူးတွေကိုဒီအတိုင်းမသိချင်ယောင်ဆောင်နေရင်ဒီကောင်ပိုဆိုးလာမှာပေါ့ ။
ငါရှင်းရမှာပေါ့ ကိုမောင်ရာ။။ အဲလိုသူကို  မင်းမပူနဲ့ ငါရှင်းမယ်ဟုဖြေးဖြေးချင်း ပြောလိုက်သည်။။**
မိုးလေး အလောင်းကို မီးသဂြိုလ်တဲ့ နေက  ရဲနိုင်တို့  မောင်နှမ တစ်ယောတ်မှ  ရောတ်မလာကြပါ  ။
အရိုးအိုးကို စောင့်ယူပြီး  မိုးလေးရဲ နေရပ်ဒေသမှာပဲ မြေချခဲ့ ပါတယ်.....
                  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx 
ကျောင်းပြန်တတ်တော့  မတွေ့ ချင်တဲ့ မျတ်နှာတွေ တွေ့ ရပါပြီး
"ခွပ်၊ ခွပ်၊ ခွပ်"

ဘာမပြော၊ ညာမပြောနှင့် ပြေးထိုးလိုက်သည့် အောင်အောင်၏ လက်သီးချက်များကို ရဲနိုင် မရှောင်နိုင်ခဲ့။။

"ဟေ့ကောင်.. အောင်အောင် ဘာဖြစ်တာတုန်း။။ ဒီကောင် မင်းကို ဘာလုပ်လို့တုန်း။။"

အသံနှင့်အတူ ၀တ်ကြီး၊၊တင်ဝင်းနှင့် ကျော်သန်းတို့  ပြေးဝင်လာကြ၏။။ အောင်အောင်က လက်ကာပြလိုက်ရင်း အသာနေရန် အချက်ပြလိုက်သည်။။

"ဟေ့ကောင် ရဲနိုင် မင်းငြင်းလေ။။ အခုငြင်းလေကွာ။။ မိုးလေးသတာ မင်းကြောင့် မဟုတ်ပါဘူးလို့ ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး ငြင်းစမ်းဟေ့ကောင်။။"

"ညီလေးကြောင့်  မဟုတ်ပါဘူး အကိုအောင်ရာ။။ သူ့ဘာသာသူ အဆိပ်သောက်ပြီး သေသွားတာပါ။။ ညီလေးနဲ့ မဆိုင်ပါဘူး။။"

နှုတ်ခမ်းဆီမှ စီးကျလာသော သွေးတို့ကို သုတ်ရင်း ရဲနိုင် တုန်တုန်လှုပ်လှုပ်ဖြင့် ဖြေသည်။။
ပန်ကောင်း အညွန်ချိုးတဲ့ လူဆိုတဲ့ အတိုင်း နောတ်တပွင့်  ကိုကြံဖို့ အတွတ် ကျောင်ထဲတွင် လူပြတ်သောနေမရာတွင် စကာ ချိန်ပြောနေချိန်တွင် ကိုအောင်နှင့် ဆုံခြင်းဖြစ်သည်။။  လူသွားလူလာလည်း နည်းနေသည်။။ ကူညီမည့်သူလည်း မတွေ့တာမို့ ရဲနိုင်အကြည့်တွေက အသနားခံသည့် အကြည့်များ။။

"မင်းယုတ်မာခဲ့လို့၊ မင်းလူမဆန်ခဲ့လို့၊ မင်းခွေးကျင့်ခွေးကြံ ကြံခဲ့လို့ ၊ မင်းနှမချင်း မစာနာခဲ့လို့ မိုးလေးသေခဲ့ရတာလေ။။ အဲဒါမင်းကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ။။ ဟေ့ကောင် မင်းပြောလေ။။"

"မဟုတ်ပါဘူးအကိုရယ်။။ညီနဲ့ သူနဲ့ ချစ်သူဖြစ်ခဲ့ တာမှန်တယ်၊ချစ်သူသဘာဝ ဘာညာဘာညာ ဖြစ်ခဲ့ တာလဲ
ကျွန်တော်မငြင်းဘူး။ပြီတော့သူက ညီလေးနောတ်တစ်ယောတ်တွဲလိုဆိုပြီး
ယောက်ျားလေးတော်တော်များများနဲ့ တွဲသေးတယ်လေ။ဘာပဲ လုပ်လုပ် မိမိကိုယ်မိမိသတိထားပြီး  လုပ်ရမယ်လေ။မိုးလေးက  သတိထားသင့် တာကိုသတိမထားခဲ့ ဘူး။ကိုယ့်ကိုကိုယ် ပြဿနာ
ဖြစ်မလာအောင် ဘယ်လို ကာကွယ်ရမလဲ သူမသိခဲ့ဘူးလေ။။ မဖုံးနိုင် မဖိနိုင်တော့မှ
ညီလေးကို လာပြီးလက်ထပ် ယူခိုင်းတယ်။။ ညီလေး ဘက်ကနေလဲ အကိုတို့ စဉ်းစားကြည့်ပါဦးဗျာ။။"


"ဟေ့ကောင် ရဲနိုင် မင်းယောင်္ကျားစကား ပြောကွ။။ မိုးလေးကို အဲလိုပုံစံဖြစ်အောင် ဝိုင်းပြီး ပုံသွင်းခဲ့တာလဲ မင်းနဲ့ မင်းညီမပဲလေ။။မိုးလေးက ရောရောဝင်ဝင် နေတယ် ဆိုတဲ့ ကောင်တွေအကုန်လုံးကလည်း မင်းအပေါင်းအသင်းတွေပဲလေ။။မိုးလေးက မင်းကို ချစ်လို့ မင်းပတ်ဝန်းကျင်နဲ့ သင့်တင့်အောင် ပေါင်းတာကို မင်းက လူစကားမပြောဘူး။။"

နောက်မှ တင်ဝင်းက ဒေါသကို မထိန်းနိုင်စွာ ဝင်ပြောရင်း ရဲနိုင်ကို အတင်းဝင်ထိုးပြန်သည်။။ မိန်းကလေးတွေကိုသာ ကျအောင် အမျိုးမျိုး ချွဲနွဲ့ပြောတတ်ပြီး လက်ကျောမတင်းသည့် ရဲနိုင်တစ်ယောက် ထိုးလာသည့် ထိုးချက်များကိုပင် ကာကွယ်နိုင်စွမ်းမရှိခဲ့ပဲ လဲကျသွားပြန်၏။။


"ဟေ့ကောင် ပြန်ထ။။ ပြန်ထ။။ မင်းဖြစ်ချင်တာလုပ်တုန်းက ဒီရုပ်မဟုတ်ဘူး။။ သူများသားသမီးကို မင်းမယူနိုင်ရင် ဘာလို့..။။ ဟာကွာ.. မင်းကွာ။။ အခုမင်းကြောင့် မိုးလေးသေပြီ။။ သူ့မိဘဆွေမျိုးတွေလည်း မျက်နှာမဖော်ရဲ တော့ဘူး။။ သူ့အမေ ငါဒေါ်လေးလဲ အိပ်ယာထဲ လဲနေပြီ။။ သူ့အဖေ လဲ အိမ်ထဲက အိမ်ပြင်တောင် မထွက်တော့ဘူး။။ တစ်ယောက်တည်းသော သမီးက ဒီလိုအဖြစ်နဲ့ ကြုံရတာ သူတို့ဘယ်လောက် ရင်နာမလဲ မင်းမတွေးဘူးမလား။။ မင်းက ခွေးလောက်တောင် အသိဥာဏ် မရှိတဲ့ကောင်၊ အခုကြည့်စမ်း ဘာမှမဖြစ်သလို နောတ်တစ်ယောတ်နဲ့ တောင်တွဲနေလိုတ်သေးတယ်။။
မင်း လူမှဟုတ်ရဲ့လား ဟေ့ကောင် ပြောစမ်း။။"

"ညီလေးတာင်းပန်ပါတယ် အကိုအောင်ရယ်။။ ညီလေး သူ့ကို အမျိုးမျိုး ဖျောင်းဖျခဲ့ပါတယ်။။ သူဒီလို လုပ်မယ်လို့လည်း ညီလေးမထင်ခဲ့လို့ပါ။။ ဖြစ်သွားတော့မှ ညီလေးလည်း အရမ်းကို တုန်လှုပ် ဝမ်းနည်းခဲ့ရတာပါ။။ ညီလေး ဒီလိုဖြစ်မယ်လို့ မထင်ခဲ့မိလို့ပါ။။"

"ဘာပြောတယ်ကွ။။ မထင်ဦးကွာ။။ မင်းခေါင်းက ဒီလောက်တောင် မတွေးနိုင်မှတော့ ဘာလုပ်ဖို့ အသက်ရှင်နေသေးလဲ။။ မင်းကမှ တကယ်သေသင့်တဲ့ ကောင်ကွ။။"

ပြောရင်း အတင်းဝင်ထိုးတဲ့ အောင်အောင်ရဲ့ လက်သီးများကို ရှောင်ဖို့ကြိုးစားနေသော ရဲနိုင်ကို တင်ဝင်းက နောက်မှဝင်ချုပ်လိုက်သည်။။ ပြီးတော့မှ မကျေနပ်ချက်များကို စိတ်ရှိ၊လက်ရှိ ဖြေလျော့သည့် အနေဖြင့် သူတို့သူငယ်ချင်းများ ရဲနိုင်ကို ဖွဲအိတ်ကြီးလို ဝိုင်းထိုးပစ်လိုက်ကြ၏။။

"ဟေ့ကောင်တွေ..ဘာဖြစ်နေတာတုန်း။။ ရပ်စမ်း.. ရပ်စမ်း။။"

လှမ်းအော်လိုက်သော အသံက ကြောင့် ထိုးနေသော သူတို့ တွေ လှမ်းကြည့် လိုတ်တော့  ကျောင်မှ ဆရာတွေ့ နှင့်  ဘယ်အချိန်ကထွတ်သွားမှန်မသိလိုတ်တဲ့  ရဲနိုင်နှင် အတူရှိနေသော
ကောင်မလေးဖြစ်နေသည်။  ကျောင်းအုပ်ကြီး ရုံခန်း ရောတ်တော့  အကြောင်စုံမေးမြန်ပြီး
ဒေါသ အလျှောတ်မလုပ်ကြရန်ဆုံ့းမစကားပြောပြီး  ၀န်ခံကတိ ထိုးခိုင်းပြီး ပြန်ခိုင်းပါတယ်။
      xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ငယ်စဉ်တုန်းကတော့ ကလေးတို့ဘာသာဘာဝ၊ အပူအပင်လည်း ကင်းခဲ့သည်။။ ပြိုင်ဆိုင်မှု၊
မနာလိုမှုဆိုတာတွေလည်းကင်းခဲ့ကြ၏။။ အထက်တန်း ကျောင်းသားဘဝ ရောက်တဲ့အထိ မိုးလေးဆိုတာ
အောင်အောင်စကားကို မြေဝယ်မကျ နားထောင်တတ်သည့် ပီဘိအဖြူထည် ကလေးငယ် တစ်ယောက်လို။။

သရုပ်ပျက် ယဉ်ကျေးမှု နယ်ပယ်အတွင်းမှာ ကြိုးတွေ ရှုပ်ချင်းမလှရှုပ်ခဲ့သူ။။ ကိုယ့်ကကွက်ကို ကိုယ်မနိုင်ခဲ့သဖြင့် ကကြိုးက ပြန်သတ်သည့် ဇာတ်ပျက်သမ တစ်ယောက်ဖြစ်ခဲ့ရ၏။။ မြန်မာဆန်ဆန် အဝတ်အစားတွေနှင့် ကျက်သရေရှိလှသည့် မိုးလေးတစ်ယောက် တိုနံ့နံ့ စကပ်တွေ မပေါ့်တပေါ် ဖက်ရှင်တွေ ဝတ်စဉ်ကတည်းက အောင်အောင် စကားတွေ ကတောက်ကဆဖြစ်ရင်း မခေါ်မပြော နေခဲ့ကြသေးသည်။။ နောက်တော့လည်း အောင်နှမ သံယောဇဉ်နှင့် မိုးလေးက စပြီးပြန်ခေါ်တော့ အောင်အောင်တင်းမထားနိုင်ခဲ့။။ကိုကိုမောင်၏ မွေးနေ့ပွဲ ညတုန်းကတော့ မိုးလေးအပြုအမူကို အောင်အောင်က ခါးခါးသီးသီး ဖြစ်ခဲ့တာမို့ လုံးဝကို အခေါ်အပြော မပြုပဲနေခဲ့တာ မိုးလေး သေဆုံးသွားသည်ထိပင်။။
အဆိပ်တန်ခိုးကြောင့် အမြှပ်တစီစီနှင့် အသက်ကုန်ခဲ့ရပေမယ့် မိုးလေးမျက်နှာမှာ အပြုံးမပျက်ခဲ့ဟု ဆိုသဖြင့် သူမအပြုအမူအတွက် နောင်တရခဲ့ခြင်း မရှိတာ သေချာသည်။။ သူမ၏မိုက်ပြစ်၊ မှားပြစ်အတွက် ကျေကျေနပ်နပ် အပြစ်ဒဏ်ခံလိုက်တာလိုလို။။ ဘာပဲဖြစ်ဖြစ် အသက်နှင့် လူလုပ်တာမဟုတ်၊ အရှက်နှင့် လူလုပ်တာဆိုသည့် မြန်မာအမျိုးသမီး ဂုဏ်တစ်ခုကိုတော့ လက်တွေ့ကျကျ ထိန်းပြလိုက်တာပဲဖြစ်မည်။။  မိုးလေး ရဲရဲဝံ့ဝံ့ပြုလုပ်လိုက်တာဟာ လူ့ပတ်ဝန်းကျင်မှာ အဖတ်ဆည် မရတော့မယ့် သူမရဲ့ အရှက်တရား အတွက်ဆိုလျှင်တော့.. မိုးလေးလုပ်ရပ် မှန်သလား၊ မှားသလား အောင်အောင် မတွေးနိုင်တော့။။
 တကယ်လို့သာ လျှပ်ပေါ်လော်လီ၊ မျိုးမစစ်ယဉ်ကျေးမှုများရဲ့ လွှမ်းမိုးမှုကနေ ကင်းလွှတ်ခဲ့မည်ဆိုလျှင်၊ မြန်မာအမျိုးသမီး ပီပီ မြန်မာအမျိုးသမီး ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ခဲ့မည် ဆိုလျှင်၊ မြန်မာ့လူ့ဘောင်မှာ ရဲနိုင်လို ကောင်တွေ မရှိခဲ့ဘူးဆိုလျှင် မိုးလေးတစ်ယောက် ဒီလိုအဖြစ်မျိုးကို ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ဟုပဲ နာကျင်စွာ တွေးလိုက်မိတော့သည်။။
          မြန်မာမိန်ကလေးတွေ ခေတ်နောတ်လိုတ်နေပေမယ့်  မြန်မာ ထုံလမ်းစဉ်လာ နှင် မကိုတ်ညီသော
ယဉ်ကျေးမှုတွေ ၊ဓလေ့ တွေမပါပဲ့   ခေတ်နဲ့ အပြိုင် လိုတ်နိုင်ပါစေလို့  ဆုတောင်းလိုတ်ပါတယ်၊


Thursday 26 January 2012

ဦးခင်ညွန့် အလုပ်ရပြီ

ဦးခင်ညွန့် အလုပ်ရပြီ

January 24, 2012  
၇ နှစ်ကြာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဦးခင်ညွန့် အလုပ်ရပါပြီ။ သူ့ကို အလုပ်ပေးမယ့်သူက ဇေကမ္ဘာ ဒေါက်တာဦးခင်ရွှေ ဖြစ်တယ်၊ ရမယ့် ရာထူးက မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက ဖြစ်တယ် လို့ RFA အသံလွှင့်ဌာန ၀က်ဆိုက်မှာ ဒီကနေ့ ရေးထားပါတယ်။ဦးခင်ညွန့် လွတ်မြောက်တဲ့နေ့တုန်းက သူ့ဆီ အရင်ဦးဆုံး သွားရောက် တွေ့ဆုံ စကားပြောဆိုတဲ့ သူတွေထဲမှာ ဒေါက်တာဦးခင်ရွှေလည်း ရှေ့ဆုံးက ပါဝင်သူပါ။ အဲဒီကတည်းက ဖောင်ဒေးရှင်းမှာ ၀င် လုပ်ပေးဖို့ ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်း ဘာလဲ?

မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလယ်မှာ စတင် ပေါ်ပေါက် လာတာပါ။ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ရန်ကုန်ထုတ် ဂျာနယ်အတော်များများမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၁ နိုဝင်ဘာမှာ ဦးခင်ရွှေရဲ့ ချွေးမ သရုပ်ဆောင် နန္ဒာလှိုင်ကလည်း True News ဂျာနယ်ကို ဒီလို ပြောပါတယ်။

“မြရိပ်ညို ဖောင်ဒေးရှင်းကို အစ်မရဲ့ ယောက္ခမ ဖြစ်တဲ့ ဦးခင်ရွှေက သိန်းတစ်သောင်း မတည်ပြီး စတင် တည်ထောင် ပေးခဲ့တယ်။ အဲဒီ ဖောင်ဒေးရှင်း ထူထောင်ပြီး နောက်ပိုင်း ပခုက္ကူ မြို့မှာ ရေကြီးမှု ဖြစ်ပွား ခဲ့တယ်။ ရေကြီးမှု ဖြစ်ပွား ခဲ့တဲ့ ပခုက္ကူ မြို့အပြင် ပခုက္ကူ မြို့က ရွာတချို့ကို လိုအပ် တာတွေ လှူဒါန်းမှု ပြုလုပ် ခဲ့တယ်”

၂၀၁၁ နိုဝင်ဘာလမှာ ဦးခင်ရွှေရဲ့သား ဦးဇေသီဟက ပေါ်ပြူလာသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မိဘမဲ့ ကလေးတွေ နဲ့ သက်ကြီး ရွယ်အိုတွေကို ကုမ္ပဏီက ဟိုတယ်၊ စားသောက်ဆိုင်တို့၊ ဘုရား၊ တိရစ္ဆာန်ရုံ၊ ဂေါက်ကွင်း၊ ရုပ်ရှင်ရုံ စတဲ့ နေရာတွေမှာ တစ်နေကုန် သူတို့ ပျော်အောင်ထားပြီး ပြန်ပို့ပေးမယ့် အစီအစဉ်မျိုး လုပ်မှာပါ” လို့

ဒါဆိုရင် မြရိပ်ညို ဖောင်ဒေးရှင်းဟာ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အကူအညီတွေပေးမယ့် အဖွဲ့ပါ။

သတင်းရင်းမြစ် - ဧရာဝတီ

ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်

ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်

 
ဇန်န၀ါရီ ၂၅၊ ၂၀၁၂
 
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက် မိမိတို့ ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဆက် လက်ချီတက် လျှောက်လှမ်း ကြမည် ဖြစ်သည့်အတွက် အကျဉ်းထောင် အတွင်းခံစားခဲ့ရသော ကျန်းမာရေး ဝေဒနာများကို နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ် ဆေးခန်း၌ အသီးသီး လာရောက်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
 
၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄) နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး အား သွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံစကားပြောဆိုပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လုပ်ငန်း ဆောင်ရွက်မှုများအား လိုက်လံ ရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အချိန် မအားလပ်သည့်ကြားမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သွေးဖောက်၍ ကျန်းမာရေး စစ်ဆေးမှုကို ခံယူခဲ့သည်။ ကိုမင်းကိုနိုင် သွေးဖောက် စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက် ရဲတယ် .. ဟေ့” ဟု ပြောကြားခဲ့ရာ အဖွဲ့သား အားလုံးတို့အတွက် အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို ဖြစ်တော့သည်။
ကျန်းမာရေး စစ်ဆေးရန် ကျန်ရှိသော ၈၈ ကျောင်းသားအဖွဲ့များအားလည်း မိမိတို့ အားလပ်သည့် နေ့ရက်၊ အချိန်များတွင် နာရေး ကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်၍ သွေးဖောက်ခြင်း၊ ECG၊ Ultra Sound၊ ဓါတ်မှန် ရိုက်ကူးခြင်းတို့အပြင် သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဆေးဝါး ကုသမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါသည်။
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
သတင်းရင်းမြစ် - မိုးမခ


တပ်မတော်သားများ ရာဇ၀တ်မှု ကျူးလွန်ခြင်း

၂၂၊ ၁၊ ၁၂ နေ့ ညနေက ဗွီအိုအေ အသံလွှင့် ဌာနရဲ့သတင်းပေးမှုထဲမှာ ဟိုပင်မြို့က ဗိုလ်ကြီးတယောက် လူသတ်မှု ကျူးလွန်တဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဟိုပင် ဘူတာမှာ ယာယီအလုပ်ဝင်နေတဲ့  အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရထားတဲ့ အလုပ်သမားကလေးတယောက်ဟာ သူ့ သူငယ်ချင်းနဲ့ အတူတူ စားသောက်ဆိုင် တခုအတွင်းမှာ အရက်သောက်နေခိုက် အဲဒီဆိုင်ထဲမှာ ရှိနေတဲ့ ဗိုလ်ကြီးတဦးနဲ့ စကားများ ရန်ဖြစ် ရာက ဗိုလ်ကြီးက အိတ်ထဲမှာ ပါလာတဲ့ပစ္စတိုနဲ့ ထုတ်ပစ်လိုက်တာ အရပ်သား လူငယ်လေး ဦးနှောက်ပွင့်ပြီး သေဆုံးသွားတယ်။ အဲဒီ ဗိုလ် ကြီးကပဲ အလောင်းကို ဆေးရုံ ပို့မယ်ပြောပြီး မော်တော်ဆိုင်ကယ်ပေါ် တင်သွားပြီးသင်္ချိုင်း အနီးမှာ ပစ်ထားခဲ့တယ်။ စားသောက်ဆိုင်က ရဲကို အကြောင်းကြားတော့ ဒီစစ်ဗိုလ်ကို စစ်ရဲက ဖမ်းထားပြီလို့ ပြောကြောင်း သတင်းမှာ ပါရှိတယ်။ တဆက်တည်းပဲ ဟိုပင်မြို့သူမြို့သားတွေက စစ်တပ်ရဲ့ ရမ်းကားမှု၊ ဥပဒေမဲ့ ပြစ်မှု ကျူးလွန်မှု များကြောင့် စိုးရိမ် ထိတ်လန့် နေကြကြောင်းတွေပါ ထုတ်လွှင့်သွားပါတယ်။
 
ဒီသတင်းကို ကြားလိုက်ရပြီးတဲ့နောက် အရင်နှစ်ကတည်းက ပဲခူးမြို့ ဇိုင်းဂနိုင်းက လူသတ်မှုကိုပါ ပြန် အမှတ်ရ လာတယ်။ အဲဒီ လူသတ်မှုမှာလည်း စစ်တပ်က အရပ်သားအပေါ် ရမ်းရမ်းကားကား ကျူးလွန် ခဲ့တာပါပဲ။ ဒီဇိုင်းဂနိုင်း လူသတ်မှုအကြောင်း ပြည်သူလူထုက စိတ်ဝင်စားပေမယ့် နောက်ထပ် ဘာမျှ မကြားရတော့ပါဘူး။ အခု ဟိုပင်က လူသတ်မှုလည်း ဒီလိုနဲ့ တိတ်ဆိတ် သွားဦးမယ်လို့ ထင်ပါတယ်။
ဟိုပင် မြိ့သူမြို့သားတွေကတော့ စစ်တပ်ရဲ့ ဥပဒေမဲ့ ကျူးလွန်မှုလို့ ပြောကြတယ်လို့ ဆိုပါတယ်။ စစ်ဗိုလ် တယောက်က “ဟေ့ တို့စစ်တပ်က လူသတ်လည်း အရေးမကြီးဘူးကွ” လို့ ကြုံးဝါးတဲ့ အသံတခုလည်း သတင်း တခုမှာ မကြာခင်က ကြားလိုက်မိပါတယ်။ ဒီတော့ စစ်တပ်က လူသတ်တာ၊ အခြားရာဇ၀တ်မှု ကျူးလွန်တာတွေဟာ ဥပဒေမဲ့ လုပ်ရပ်ကော် ဟုတ်မှ ဟုတ်သေးရဲ့လားလို့ မေးခွန်း ထုတ်မိပါတယ်။ ဒီရာဇ၀တ်မှု ကျူးလွန်တာတွေ အကြောင်း နောက်ထပ် မကြားရတာကကော ဥပဒေမဲဖြစ်ရပ်မှ ဟုတ်ရဲ့လား။ ဥပဒေ အတွင်းမှာပဲ ကျူးလွန်ပြီး ဘာသံမှ မကြားရပဲ ဒီအမှုတွေဟာ ဥပဒေ အတွင်းမှာပဲ ပြီးသွားတာလား။ စဉ်းစားစရာ ဖြစ်လာပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ပုဒ်မ (၃၄၃) စစ်ဘက် တရားစီရင်ရာတွင် ပုဒ်မခွဲ (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ၊ ဥပဒေ နှင့်အညီ စီရင်နိုင်သည်လို့ ဆိုပြီး ပုဒ်မခွဲ (ခ) မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့
ပါရှိလေတော့ တပ်မတော်သားများ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အရပ်ဘက် တရားရုံးတွေမှာ စီရင်မှာ မဟုတ်တော့ဘူး။ စစ်ဘက် တရားရုံးကသာ စီရင်တော့မယ်။ ဒီလို စီရင်တဲ့အခါမှာ အဆင့်ဆင့် အယူခံမှုတွေ ရှိရင်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို မရောက်တော့ပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ကပဲ အပြီးအပြတ်ဖြစ် တော့မှာပါလား။ ဒါ့ကြောင့်လည်း အခုလက်ရှိ ဖြစ်နေတဲ့ ဟိုပင်မြို့က လူသတ်မှု ကျူးလွန်တဲ့ တရားခံစစ်ဗိုလ်ကို အရပ်ဘက် တရားရုံးကို ပို့စရာ မလိုသလို၊ ရဲတပ်ဖွဲ့ကိုလည်း ပေးအပ်ဖို့ မလိုဘူး။ စစ်ရဲကသာ ဖမ်းထားတယ်လို့ ဆိုလိုတာဖြစ်မှာပေါ့။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆) တရားစီရင်ရေး ခေါင်းစဉ်အောက်က တရားရုံးများဖွဲ့စည်းခြင်း ပုဒ်မ ၂၉၃၊ ပုဒ်မခွဲ (ခ) မှာ စစ်ဘက်ဆိုင်ရာ တရားရုံးလို့ ပါရှိတော့ စစ်ဘက် တရားစီရင်ရာမှာ စစ်ဘက် တရားရုံးက စီရင်မယ်။ အရပ်ဘက် တရားရုံး တရုံးရုံးကို ပို့စရာ မလိုတော့ဘူးလို့ ဆိုလိုရာ ရောက်နေပါတယ်။
ပုဒ်မ (၂၉၄) မှာလည်း နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများ ……………၏ စီရင်ခွင့် အာဏာကို မထိခိုက်စေပဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် လို့ဆိုထားလေတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ အမြင့်ဆုံး တရားရုံးလို့ဆိုပေမယ့် စစ်ဘက် တရားရုံးများထက်တော့ မမြင့်ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့။
ဒီတော့ စစ်ဘက် တရားစီရင်မှုနဲ့ အကျုံးဝင်သွားရင် ဘယ်အရပ်ဘက် ရုံးနဲ့မှာ မဆိုင်တော့ဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့လည်း မဆိုင်တော့ဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံတက်လို့ မရတော့ ဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည်သာ အပြီးအပြတ် ဖြစ်နေတယ်။
အထက်က အချက်အလက်တွေအရ စစ်ဗိုလ် စစ်သား ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို တပ်ကပဲ စီရင်မယ်။ ကျူးလွန်ခံရတဲ့ သူတွေဟာ သာမန်အရပ်သားတွေပဲဖြစ်စေ၊ ကျူးလွတ်တဲ့ ရာဇ၀တ်မှု ဖြစ်ပွားရာနေရာ ဘယ်နေရာပဲ ဖြစ်စေ၊ အရပ်ဘက်နဲ့ မဆိုင်တော့ဘူးလို့ ယူဆရတော့မယ်။ ဖြစ်တဲ့ဖြစ်ရပ်တွေရဲ့ သဘော သဘာဝအရလည်း ဒီလို အဓိပ္ပါယ် သက်ရောက်နေပါတယ်။ တခုလေးပဲ ပြောစရာ ခြွင်းချက်ကလေး ရှိနေပါတယ်။ စစ်ဘက် တရားစီရင်ရာတွင် ဆိုတဲ့ စကားလုံးကို ဘယ်လို ဖွင့်ဆိုမလဲ။ အခုအထိ သဘောပေါက် နေရတာက ကျူးလွန်ခံရသူဟာ အရပ်သားပဲဖြစ်ဖြစ်၊ ရာဇ၀တ် ဖြစ်ပွားရာဒေသဟာ ဘယ်နေရာပဲ ဖြစ်ဖြစ် ကျူးလွန်သူဟာ စစ်ဗိုလ်စစ်သား ဖြစ်ရင် စစ်ဘက် တရားစီရင်ရေးနဲ့ပဲ စီရင်မယ်လို့ အခြေအနေ အရပ်ရပ်က ဖော်ညွှန်းနေပါတယ်။
စစ်ဘက် တရားစီရင်ရာမှာ ပုဒ်မ ၃၄၃ (က) အရ တပ်မတော်သားများအတွက် အဖွဲ့နှင့်ဖြစ်စေ၊ တဦးတည်း ဖြစ်စေ ဥပဒေနှင့်အညီ စီရင် နိုင်သည်လို့ ဆိုရာမှာ ဘယ်ဥပဒေနဲ့ စီရင်မှာလဲ။ စစ်ဘက် ဥပဒေဆိုတာများ တမျိုးမျိုး ရှိနေသေးသလား။ ဒီစစ်ဘက် တရားရုံးများရဲ့ လုပ်ထုံးလုပ်နည်းများကကော ဘယ်လိုပါလဲ။ သူ့ဟာနဲ့ သူတော့ ရှိမှာပါ။ ဒါပေမယ့် အရပ်ဘက် သက်သေတွေ သက်သေခံခွင့်၊ အရပ်ဘက် ဆေးရုံများရဲ့ ဆေးစာ သက်သေခံ ၀င်မှု ရှိမရှိ မသိရပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့လည်း သတင်းတွေ မကြားရပါဘူး။ ဒီတော့ စစ်ဘက်ဆိုင်ရာ တရားရုံးများရဲ့ စီရင်ပုံ စီရင်ထုံးများဟာ ကျူးလွန် ခံရတဲ့သူများက အရပ်ဘက်က ဖြစ်နေရင် အများသူငါ သိခွင့်တော့ ရှိရပါမယ်။ ကြားနေရတဲ့ သတင်းတွေကတော့ ကျူးလွန် ခံရတဲ့သူတွေကို ငွေ ဘယ်နှစ်သိန်း ပေးမယ်ဆိုတဲ့ သတင်းမျိုးတွေပဲ ဖြစ်နေပါတယ်။ ဒါဟာ စီရင်ချက် စီရင်ထုံး အရ ပေးတာတော့ မဖြစ်လောက်ပါဘူး။
အနှစ်ချုပ်ရရင် စစ်တပ်က စစ်ဗိုလ် စစ်သားတွေ ရာဇ၀တ်မှု ကျူးလွန်နေတာနဲ့ ကျူးလွန်သူတွေ အရပ်ဘက် ရုံးများကို ရောက်မလာ တာတွေကတော့ ဥပဒေမဲ့ မဟုတ်ပဲ သူ့ဥပဒေနဲ့ သူတော့ ဟုတ်နေတာပဲ။ ဒါကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးလေ။ ၂၀၀၈ မှာ ဆန္ဒခံယူပွဲမှာ ပြည်သူက ၉၂ . ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံ ခဲ့တယ်ဆိုတဲ့ အခြေခံ ဥပဒေကြီးလေ။ ဒီဥပဒေမှာကိုက စစ်တပ်က တမူးပို အခွင့်အရေး ရသလိုဖြစ်နေတော့ ရာဇ၀တ်မှုများ ကျူးလွန်သူများက “ဟေ့ ..တို့က လူသတ်ရင်တောင် ဖြစ်တယ်ကွ” လို့ ကြွေးကြော် ရဲတော့တာပေါ့လေး။ အဲဒါလေးကိုလည်း သတိထားကြပါဦး …။
မုန်းအောင်
ဇန်န၀ါရီ ၂၄၊ ၂၀၁၂
သတင်းရင်းမြစ် - မိုးမခ

မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိကအကြောင်းရင်း ပေါ်ပြီ


မီးလောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက် နေ့ နံနက်လင်းချိန်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မီးသတ်သမားများ၊ အရပ်သားများ အသက် ဆုံးရှုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သော ရန်ကုန် မင်္ဂလာတောင် ညွန့် ကူးတို့ဆိပ် ဂိုဒေါင် မီးလောင်ပေါက်ကွဲမှု အဓိက အကြောင်းရင်းကို စစ်ဆေး တွေ့ရှိကြောင်း သိရသည်။
“မီးလောင်ချိန်တွင် ဂိုဒေါင် အမှတ်(၇၉)အတွင်း၌ ဓာတုဗေဒ ပစ္စည်းတန်ချိန် ၁၀၇ ဒသမ ၇၄၂ တန်၊ ပရဆေးမျိုးစုံ တန်ချိန် ၈၈ ဒသမ ၆၅၂ တန် သိုလှောင် ထားရှိကြောင်း သိရသည်။ ထိုသို့ ဓာတုဗေဒ ဆေးပစ္စည်းများ ယမ်းများ အပါအ၀င် အချို့ပစ္စည်းများအား တရားမ၀င် သိုလှောင်ထားမှုကြောင့် မီးအရှိန်ဖြင့် ဓာတ်ပြုပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ် ပွားခဲ့ရကြောင်း စုံစမ်း သိရှိရသည်”ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သော ဂိုဒေါင်းများကို ပရဆေးပစ္စည်း ရောင်းချသူများက အစိုးရ ဌာနဆိုင်ရာမှ ငှားရမ်း သုံးစွဲထားခဲ့ကြခြင်းဖြစ် သည်။ ထိုဂိုဒေါင်များသည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပိုင်ဆိုင်ပြီး အငှားချထားသည့် ဂိုဒေါင်များ ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတဦးက ဆိုသည်။
“အဲဒီ ဂိုဒေါင်တွေက ကျနော်တို့ စည်ပင်နဲ့ မပတ်သက်ပါဘူး။ ကျနော်တို့လည်း စစ်ဆေးရေး အဖွဲ့ထဲမှာ မပါဘူး။ ဂိုဒေါင် တွေက စီးပွား/ကူးသန်း ၀န်ကြီးဌာနပိုင်တွေပါ။ ကျနော်တို့ ဂိုဒေါင်တွေ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။
စီးပွား/ကူသန်း ၀န်ကြီးဌာနကို အငှားချထားမှုနှင့် အန္တရာယ်ရှိ ပစ္စည်းများ တရားမ၀င် သိုလှောင်ထားမှုကို ကြိုတင် စစ်ဆေးမှု ရှိမရှိ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။ ယင်းမီးလောင်မှုသည် မြန်မာနိုင်ငံ မီးလောင်မှု သမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် က သတင်းသမားများကို မှတ်ချက်ပေး ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ဘေး မေတ္တာမွန် ၀င်းအတွင်းရှိ ပစ္စည်းဂိုဒေါင်ရုံတချို့တွင် ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း၂၁၆ စု၊ လူဦးရေ ၁၀၃၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၁၀၀၀ ကျော်ရှိကြောင်းလည်း မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။
ပြည်တွင်းပြည်ပ သတင်းဌာနများက မီးလောင်မှုနှင့် ပြင်းထန်သော ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၂၀ ခန့်ရှိ၍ ဒဏ်ရာရ သူ ၉၀ ခန့်ရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် မီးသတ်သမား ၅ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။
မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တရက်ထုတ် အစိုးရ သတင်းစာများတွင်မူ သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရသူ ၈၃ ဦး ရှိပြီး အိမ်ထောင်စု ၁၄၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းမီးလောင် ပေါက်ကွဲမှု ဒေသခံ မီးဘေး ဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်၊ မဖြူဖြူသင်း အစရှိသူများနှင့် အနုပညာရှင် များအပါအ၀င် လူမှု ကူညီရေး ပြုလုပ်သူများက သွားရောက် အားပေး ကူညီခဲ့ကြသည်။
ထိုဖြစ်ရပ်သည် ရန်ကုန်နှင့် အနီးတ၀ိုက်တွင် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး ပြင်ထန်သည့် ပေါက်ကွဲမှုများ ဖြစ်ရခြင်းနှင့် မီး လောင်ကျွမ်းမှု ကြီးမားပြီး လူအများသေဆုံးခဲ့ရသည့် အကြောင်းရင်းကို အလွန်သိချင်ခဲ့ကြကြောင်းဟု ရန်ကုန်မြို့ခံများက ပြော ဆိုသည်။ ယခုကဲ့သို့ အကြောင်းရင်းမှန် စုံစမ်း သိရှိခဲ့ရပြီး နောက်ပိုင်း ဆက်လက် အရေးယူသွားမည်ဟု ယနေ့ သတင်းစာများတွင် ပါရှိသည်။
“အသေးစိတ် ထပ်မံ စစ်ဆေးပြီးတဲ့အခါ ပေါ်ပေါက်လာတဲ့ ပြစ်မှုတွေအပေါ် အမှုကို ခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲ စခန်းမှူး ရဲအုပ် မောင်မောင်အောင်(အမှုစစ်) ၏ ပြော ဆိုချက်ကိုလည်း သတင်းစာတွင် ဖော်ပြထားသည်။
သတင်းရင်းမြစ် - ဧရာဝတီ

ပြည်ထောင်စုနေ

ပြည်ထောင်စုနေ့ အမှတ်တရ ဆောင်းပါလေး တစ်ခုရေးချင်စိတ်ဖြစ်ပေါ်လာတာနဲ ဒီဆောင်းပါလေးကိုရေးလိုတ်ပါတယ်...ကျွန်တော် ဖတ်မိသော စာလေးလးတွေကိုစုစည်းတင်ပြလိုတ်ပါတယ်

ပင်လုံစာချူပ်အား ဗိုလ်ချူပ်အောင်ဆန်း လက်မှတ်ရေးထိုးနေပုံ















မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူမျိုးတွေဟာ ရှေးပဝေသဏီခေတ်ကတည်းက တချို့က ကိုယ့်ထီးကိုယ်နန်းတွေနဲ့ ထီးပြိုင်နန်းပြိုင် (ဗမာ၊ ရခိုင်၊ မွန်) နေထိုင်ခဲ့ကြပြီး တချို့မှာ စော်ဘွား၊ စော်ဖျား၊ စော်ကဲတွေနဲ့ (ရှမ်း၊ ကယား၊ ကရင်) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ တချို့မှာမူ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ်တွေနဲ့ (ကချင်၊ ချင်း) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ 
၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။  
 ရခိုင်ပြည်၊ ဗမာပြည်နဲ့ မွန်ဘုရင်များ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့ သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက် သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ  တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများ နှင့် လွင်ပြင်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများ သည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။

ဗိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။

 စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေါ်ပေါက်စေခဲ့သော ပင်လုံစာချူပ်အား တိုင်ရင်သား အားလုံး လက်မှတ်ရေးထိုးခဲ့ သော
၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ကို - ပြည်ထောင်စုနေ့  အဖြစ် သတ်မှတ်ခဲ့ ပါတယ်။

Monday 23 January 2012

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ

စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။

ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။

-------------------------------

ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

“၁၅ ရက်နေ့က သွားတွေ့တာ။ ညနေ ၅ နာရီ။ သူ့အိမ်မှာလေ။”


သွားတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါ။

“ကျနော် ထောင်က လွတ်လာကတည်းက ကျနော်က ‘ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်’ ဆိုပြီးတော့ တောင်းပေးသေးတယ်လေ သမ္မတကို။”

“အဲဒီတော့ သူလွတ်လာတဲ့အခါကျတော့ ကျနော် ဒီလိုမျိုးတောင်းပေးခဲ့တဲ့အတွက်၊ ရဲရဲရင့်ရင့်နဲ့ သူ့အတွက်
ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ သူ့တူမ တယောက်လွှတ်ပြီး
ပြောခိုင်းတယ်။ သူက သူကိုယ်တိုင်ပဲ ပြောချင်ပါတယ်ဆိုတော့၊ သူက လူကြီးဆိုတော့ မဟုတ်ဘူး ကျနော် လာခဲ့ပါမယ်ဆိုပြီး အဲဒီအချိန်မှာ ကျနော်က ဖြူးကို ရောက်နေတယ်။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ရယ် ဇင်ဝိုင်းတို့ပါ ကျနော်တို့က အဖွဲ့အလိုက် အစည်းအဝေးလုပ်နေတဲ့အချိန် သွားမယ်ဆိုတော့ သူတို့ကလည်း ဒါဆို ဦးခင်ညွန့်နဲ့တွေ့ချင်တယ် ဆိုတော့ သူတို့ပါ ရောပြီး ပါလာတဲ့သဘောပါ”
artfreedom2
The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

ဦးခင်ညွန့်က လွတ်လွတ်ချင်း မီဒီယာနဲ့တွေ့တယ်။ ပြီးတာနဲ့ ကိုသူရနဲ့ တွေ့တယ်ဆိုတော့ မထူးခြားဘူးလား။

“မထူးခြားပါဘူး။ တကယ့်တကယ်ပြောမယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်က ဘာကိစ္စနဲ့မှ ကျနော်တို့ မတွေ့ခဲ့ဖူးဘူးဗျ။ ဘယ်တုန်းကမှ။ သူ အင်မတန် သြဇာတိက္ကမ ကြီးမားနေတဲ့အချိန်မှာ သူ့ရဲ့ အထောက်အပံ့ သူ့ရဲ့အကူအညီတွေ ရခဲ့ကြတဲ့ ရုပ်ရှင်သမားတွေထဲမှာ ကျနော်မပါဘူးဗျ။ ရုပ်ရှင်သမား အားလုံးလောက်နီးပါးက သူပေးလို့ တယ်လီဖုန်းရတယ်၊ မြေကွက်ရတယ်၊ မော်တော်ကား ဝယ်ခွင့်ရတယ်၊ အဲဒီထဲမှာလည်း ကျနော် မပါခဲ့ဘူးဗျ။ အဓိကပြောရရင်တော့ သူ သြဇာတိက္ကမ ကြီးတဲ့အချိန်တုန်း က ကျနော်က အဖမ်းခံရတာပဲရှိတယ်။ သူ့လက်ထက်မှာကို ကျနော် နှစ်ခါ အဖမ်းခံရတာကိုး။”

“အခု သူတင်မှ မဟုတ်ပါဘူးဗျာ။ ထောက်လှမ်းရေး-၆ ထဲမှာ ကျနော့်ကို တကယ် ဖမ်းဆီးခဲ့တဲ့ ဦးစန်းပွင့်လည်း အခုလွတ်လာတာပဲ။ ကျနော် သွားနှုတ်ဆက်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်ရမှာတုန်းဗျာ၊ ဒီစိတ်တွေ မရှိပါဘူး ကျနော့်မှာ။ အာဃာတတွေ အငြိုးအတေးတွေ မရှိပါဘူး။ ဦးစန်းပွင့် ကိုယ်တိုင်ပင်လျှင် ကျနော့်ကိုဖမ်းခဲ့တာ
ထောက်လှမ်းရေး-၆ ထဲမှာ နှစ်ခါလုံးလုံး၊ ဗိုလ်မှူးခင်မောင်ထွေးတို့ ဘာတို့။ သူတို့တွေတောင် ကျနော် နှုတ်ဆက် တာပဲ။”

“ဘာလို့လဲဆိုတော့ သူတို့လည်း တိုင်းပြည်အတွက် တချိန်တုန်းကတော့ လုပ်ခဲ့ကြတာပဲ။ ထိုနည်းတူ ကျနော်တို့ကို လည်း လုပ်ခဲ့တယ်ဆိုတဲ့ အငြိုးတို့ အာဃာတတို့ ကျနော့်မှာ တစက်မှ မရှိပါဘူး။ အခု သူတို့ ထောင်ကလွတ်လာ တယ်၊ လွတ်လာတဲ့အတွက် ကျနော် သွားပြီးတော့ နှုတ်ဆက်တယ်၊ ထောင်ကလွတ်လာတဲ့ လူတယောက်ကို ကျနော် ကြိုဆို နှုတ်ဆက်တဲ့ သဘော ပါပဲ။ ဒီထက်ကို ဘာမှမရှိပါဘူး။”

“သို့သော် တချို့ကတော့ ထင်မှာပေါ့လေ ဘာဖြစ်လို့ သူတို့ကို ဒီလောက်တောင် ခွင့်လွှတ်နိုင်ရ တာလဲဆိုပြီး။ ခံရတာ ကျနော်ပါ။ ကျနော်ကိုယ်တိုင်တောင် ခွင့်လွှတ်နိုင်သေးတာပဲ။ ”

“ဘာဖြစ်လို့လဲ ဆိုတော့ ဦးခင်ညွန့်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ သူ့ပါးစပ်ကတောင် ပြောခဲ့တယ် အဲဒီနေ့က သူအလုပ်လုပ်ပေးနိုင်ခဲ့တဲ့အချိန်တုန်းကတဲ့ မောင်သူရနဲ့ အန်ကယ်နဲ့ တခါမှ မဆုံနိုင်ခဲ့ ဘူးနော်တဲ့ ခုလိုအချိန်ကျတော့လည်း သူဘာမှ မကူညီနိုင်ပြန်ဘူးတဲ့။ ရပါတယ် အဲဒီဟာတွေ ကျနော့်စိတ်ထဲမှာ မရှိဘူးလို့။”

ဦးစန်းပွင့်နဲ့က ဘယ်တုန်းက သွားတွေ့လိုက်လဲ။

“မနေ့က မနက်က။”


တချို့ကလည်း ဦးခင်ညွန့်က သူသြဇာရှိနေတုန်းက ဒီမိုကရေစီဘက်သားတွေကို ဖမ်းတယ်ပေါ့။ သူနဲ့ သွားတွေ့တာကို ဝေဖန်နေကြတာတွေရှိပါတယ်။

“အဲဒီလိုတွေ ပြောနေလို့လည်း ပြီးမှာလည်း မဟုတ်ပါဘူးဗျာ။ ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဦး။ အဲဒီတုန်းကဖမ်းလို့ ဆီးလို့ ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရော မပါဘူးလားလို့၊ ဦးရွှေမန်းရောမပါ ဘူးလားလို့။ ဒီလူတွေနဲ့တောင် အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲ နှုတ်ဆက်နေကြပြီ မဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေ မွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပါယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူ တွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှ မခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”


ဦးခင်ညွန့်နဲ့တွေ့တော့ရော ဘာတွေများပြောဖြစ်လဲ။

“ရုပ်ရှင်အကြောင်းပေါ့ ကျနော်တို့ Freedom Film festival လုပ်တာကို သူ ဂျာနယ်တွေမှာ ဖတ်ရလို့ အရမ်း
ကျေနပ်မိတဲ့အကြောင်း။ နောက် အဲဒီဇာတ်ကားတွေ တကယ်လို့များ ကျနော်တို့ က အခွင့်ရှိတယ်ဆိုရင်တော့ သူကြည့်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ သူ့ကို ကူညီပါဆိုတဲ့အကြောင်း ပေါ့ဗျာ။ အဲဒါက တစ်ပေါ့။ နှစ်ကတော့ သူ့အနေနဲ့ကတော့ သူ ၇ နှစ်လုံးလုံး ဒီထဲမှာ နေနေရတဲ့ အချိန်မှာ ထောင်ထဲမှာ နေရတဲ့လူလိုပါပဲပေါ့။ အင်မတန် ကျဉ်းကျပ်တယ် ဆိုတဲ့အကြောင်း။ သူ့မှာ တနေ့တနေ့လည်း တရားထိုင်လိုက်၊ ဘဝနာပွားလိုက်။ အခုဆို သူ့စိတ်ထဲ မှာလည်း ဘာမှမရှိတော့ ဘူး ဆိုတဲ့အကြောင်းပေါ့ဗျာ။ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တဲ့ဟာတွေထဲမှာလည်း သူ့မှာလည်း တာဝန်အရသာ လုပ်ခဲ့ရပေမယ့် သူ့မှာလည်း ဘာစိတ်မှ မရှိပါဘူးဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြောဖြစ်ကြတာပါ။”

သူလွတ်လာတော့ နိုင်ငံရေးမလုပ်ဘူးပြောတယ်။ ငြိမ်းချမ်းရေးတို့ လူမှုရေးကိစ္စတို့ စိတ်ဝင်စားမှု ပြောဖြစ်သေးလား။

“ကျနော်တို့ အဲဒီအကြောင်းတော့ မပြောဖြစ်ဘူးပေါ့။ သို့သော် ငြိမ်းချမ်းရေးကိစ္စတွေကတော့ သူတို့ အရင်တုန်း ကဗျာ ဗိုလ်ချုပ်မြတို့ ရှိတဲ့အချိန်တုန်းက သူကိုယ်တိုင်သွားတွေ့ခဲ့တာ ရှိခဲ့တာကိုး။ အဲဒီတုန်းက အဆင့်တဆင့်ရောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ဆိုတာကိုလည်းပဲ ပြောဖြစ်ကြတာ ပေါ့ဗျာ။ အဲဒီကိစ္စမှာက ဦးစန်းပွင့်နဲ့ သူနဲ့နှစ်ယောက် လုပ်ခဲ့ကြတာလေ။ ကျနော်တို့မှာ ဗီဒီယိုတွေ ဘာတွေ ရှိပါတယ်။ အဆင့် တဆင့်ရောက်ပေမယ့် အဲဒီအချိန်မှာ သူတို့အဖမ်းခံရပြီးတဲ့အခါ ကျတော့ အဲဒီလုပ်ငန်းစဉ်က ပျက်ခဲ့ကြရတယ်ပေါ့ဗျာ။ သူတို့ တကယ် လုပ်ခဲ့တာရှိပါတယ် ခွန်ဆာနဲ့ သွားပြီးတော့ ဦးစန်းပွင့်နဲ့ သူနဲ့ နှစ်ယောက်ထဲ သွားပြီး တွေ့ဆုံခဲ့တာလေ။ ဒါလေးတွေ ပြောဖြစ် တာပေါ့ဗျာ။ ကျနော်က ပြန်မေးတာပေါ့ဗျာ ကျနော်သိချင်တာလေးတွေ။ ခွန်ဆာကိစ္စ သူတို့ အောင်မြင် တယ်ပေါ့။”


သူ့သား နှစ်ယောက်လုံး တွေ့ခဲ့လား။

“ကိုရဲနိုင်ဝင်းရော၊ ကိုဇော်နိုင်ဦးရောတွေ့ပါတယ်။”


ဦးစန်းပွင့်နဲ့ တွေ့တော့ရော ဘယ်သူတွေပါသေးလဲ။ ဘာတွေပြောဖြစ်ကြလဲ။

“ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်ထဲ။ ခဏတဖြုတ်ပဲ။ သွားနှုတ်ဆက်တဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်က ထောက်လှမ်းရေး-၆ ထဲမှာ အတူတူဖမ်းခံခဲ့ရတုန်းက ဗိုလ်မှူးစန်းပွင့်က ကျနော်တို့ကို ဖမ်းခဲ့တာလေဗျာ။ အဲဒါကြောင့် ကျနော်တို့ နှစ်ယောက်က သွားနှုတ်ဆက်တာပါ။ စကားတောင်
သေချာမပြောနိုင်ပါဘူးဗျာ။ လူတွေက သိပ်များနေလို့။”

ထောက်လှမ်းရေး-၆ မှာ ဘယ်တုန်းက အဖမ်းခံရတာလဲ။

“ရှစ်လေးလုံးပြီးပြီချင်း ဗမာပြည်မှာ ပထမဦးဆုံး ဖမ်းခံရတာ ကျနော်နဲ့ ဇင်ဝိုင်းပဲ။”


http://burmese.bnionline.net/index.php/interview/mizzima/9561-2012-01-18-12-44-19.html
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်