Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Wednesday 21 March 2012

မင်္ဂလာဆောင်တဲ့ နေ့ မှာ အသုဘလိုက်ချပေးတဲ့ သတို့ သားနဲ့  သတို့ သမီး

မင်္ဂလာဆောင်တဲ့ နေ့ မှာ အသုဘလိုက်ချပေးတဲ့ သတို့ သားနဲ့  သတို့ သမီး

ကျနော်စာတွေလိုတ်ဖတ်ရင်း နဲ့ မြန်မာနိုင်ငံမှာ..ဒီ မင်္ဂလာမောင်မယ် နှစ်ဦးရဲ့ လုပ်ရပ် က အင်မတန်မှ ချီးကျူး လေးစားစရာ ကောင်းနေလို့  ကိုကျော်သူ့ facebook က ပုံတွေနဲ့  ရေးသားထားမှုကို ပြန်လည်ကူးယူ မျှဝေလိုက်ပါတယ်။

**************************************************************************
လူမှုရေးသူရဲကောင်း ဇနီးမောင်နှံ

မင်္ဂလာဝတ်စုံတွေနဲ့ အသုဘလိုက်ချပေးနေတဲ့ မောင်ဇင်ဖြိုးအောင်နဲ့ မထက်ထက်ထွေးတို့ ဇနီးမောင်နှံ

နာရေးဆိုလျှင် အများက မင်္ဂလာမရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟု ထင်မြင်ကြပြီး ဝေးဝေး ပြေးကြပြန်တယ်။ အမှန်တော့ ဒါတွေကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာဖြစ်ပါသည်။





















၎.၂.၂၀၁၂ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁း၀၀) နာရီမှ (၃း၀၀) နာရီအချိန်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ် ပေးခဲ့သည်။ မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ်နေသူဖြစ်သည်

မင်္ဂလာအခမ်းအနား ပြီးပြီးချင်း မွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအား မင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ အထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံးမင်္ဂလာကို ကူညီဖေးမရယူခဲ့သည်။ မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။







မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့နီးတူ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မင်္ဂလာ အခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကို သတို့သား၊ သတို့သမီး ဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံများသည်လည်း များစွာရှိခဲ့ပြီးဖြစ်သည်။ အချို့သော နာမည်ကြီး ဟိုတယ်/စားသောက်ဆိုင်များရှိ မင်္ဂလာအခမ်းအနားကျင်းပရာတွင်လည်း မိမိတို့အား ဂုဏ်ပြု ပေးအပ်မည့် လက်ဖွဲ့ပစ္စည်းများအစား လူမှုရေးအသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။







ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင် ပြုကာ မြင့်မြတ်သောကုသိုလ်ရေးကိစ္စများကို လုပ်ဆောင်ကြသည့် မင်္ဂလာဇနီးမောင်နှံများအား လူမှုရေး သူရဲကောင်း ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။



ကျော်သူ

Saturday 17 March 2012

အမှားလုပ်ပြီးရင်

အမှားအယွင်းတစ်ခုကို လုပ်မိပြီဆိုရင် ဘယ်လိုနည်းနဲ့ သိနိုင်သလဲဆိုတော့ အမှားလုပ်ပြီးမှ သိတော့တာပဲ..။
ဒါဆို နည်းနည်းညံ့သေးတယ်..။ သိသိကြီးနဲ့ အမှားလုပ်ပစ်တာဆိုရင်တော့ မိုက်ရူးရဲဆန်တယ်ပေါ့..။
မှားတာသိလို့ ရှောင်ကြဉ်နိုင်တယ်ဆိုရင်တော့ ပညာရှိပေါ့..။ ဘယ်ဟာမှန်သလဲ ဘယ်ဟာမှားသလဲ မသိရင်တော့ အင်း..
အဲဒီသူကို ဘယ်လိုခေါ်ရမလဲ..။ အတီးအတ လို့ပဲ ထားကြပါစို့..။
ကျွန်တော်တစ်ခါတလေတော့လည်း စဉ်းစားမိတယ်..။ မှားတာတွေလုပ်နေမိပြီလား..။
ဒါမှမဟုတ် မှားခါစပဲလား..။ ဒါမှမဟုတ် အမှားလို့ပဲ ထင်နေသလားဆိုတာ
စိတ်ထဲဇဝေဇဝါဖြစ်လာပါတယ်..။ ဒီလိုစဉ်းစားမိတိုင်း အတီးအတ ဘဝပဲရှိသေးတာပါလားလို့
ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိပြီး ပြုံးမိတယ်..။ ဟုတ်ချင်လည်း ဟုတ်မယ်.. မဟုတ်ချင်လည်း
မဟုတ်ဘူးပေါ့လေ..။ ဒါပေမယ့် သေချာတာတော့ မလုပ်လိုက်ရလို့
နောင်တရနေတာထက်စာရင် လုပ်လိုက်မိတဲ့အတွက် ကိုယ့်အမှားကိုယ်
တာဝန်ယူရဲတဲ့  သတ္တိဆိုတာမျိုးရှိရမယ်လို့  ကျွန်တော်တော့  ခံယူထားတယ်၊။
အမှားတွေကို မသိလို့မှားကြတယ်။တစ်ချို့ကတော့ မသိချင်ဟန်ဆောင်မှားကြတယ်။
တစ်ချို့အမှားတွေက မှားမှာကြောက်လို့မှားကြတယ်၊
ပြီးတော့ တစ်ချို့အမှားတွေကတော့ မှားမှာမကြောက်လို့မှားကြတယ်။
လူတိုင်းဟာမှားတက်ကြပါတယ်....ေ့ ရှလူတွေက ပြောတယ်အမှားသိ၇င် ပြင်၇မယ်တဲ.....
ဒီစကားဟာသိပ်တန်ဖိုး၇ှိပြီးလိုက်နာသင့်ပါတယ်.....တချိုလူတွေကကိုယ်မှားနေတာကိုလည်သိတယ်....
ပြင်ဘို့ ကြတော့ ..ဂုဏ်တွေ..မာနတွေ...နာကြည်မုန်းတီးတာတွေနဲ  ဖုံးကွယ်ထားတယ်..........
အမှားကိုသိပြီးအမှန်မပြင်ပဲ တဘ၀လုံးယူဆောင်သွား၇င်တော့...မိမိအတွက်လည်းမကောင်းဘူး
မိသာစုအတွက်လည်းမကောင်းဘူး.....သူငယ်ချင်း၁ယောက်ကပြောတယ်.....သူအမှားက ပြင်လို့ မ၇ဘူးတဲ.....
ပြင်လို့ မ၇တော့ တဲ....အမှားတွေလဲ၇ှိပါတယ်....ပြင်လို့ မ၇၇င် ကောင်းအောင်နေပါ....ထပ်မမှားပါနဲ........
အမှားတွေထဲကနေ သင်ခန်းစာ တွေ ထုတ်ယူတတ်မယ်ဆိုရင်တော့ အဲဒီ သင်ခန်းစာ
ရယူနိုင်တဲ့ ပုဂ္ဂိုလ်ဟာ သူ့ဘ၀ တိုးတက်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေပါမယ်။
ကျွန်တော် သူငယ်ချင်း ပြောပြတဲ့ စကားလေး တစ်ခုရှိတယ်။သူပြောပြတာလေးက
“မမှားသော ရှေ့ နေ
မသေသော ဆေးသမား”တဲ့
ဒီဖြေဆေးဟာ
ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ
အကောင်းဆုံးပဲ။
                                     သူငယ်ချင်းအာလုံး ပျော်ရွှင်ပါစေ
                                          mraungmintun

Thursday 15 March 2012

စာနာကြည့် ပါ

...ဟဲဟို..
"အောင်အောင် ခု ချိန်ထိ အိပ်ရာ မထသေးဘူးလား..."
"အငိ ..မနတ်စောစောစီးစီး  မင်းကတော့ လုပ်ပြီး..တပတ်မှာတရတ်ကလေး နာရတာ ကွာ ပြော..."
"အရေး ကြီးတာ မင်း ကိုတိုင်ပင် ချင်လို့  ..ငါလာခဲ့ မယ်  ...အေအေ"
ဖုန်းချပြီး အချိန်ကို ကြည့် လိုတ်တော့  ၈နာရီထိုးနေပြီး...ဒီလိုနာရတ်မျိုးတွင် ကျွန်တော်
အိပ်ရာထနောတ်ကျပါတယ်....တပတ်မှာ နားရတ်လေး တရတ်ရရင် အိပ်ချိန်ကို အများဆုံးပေးတတ်တာ
ကျွန်တော် အကျင့် ပါ....ဒါကို ဒီကောင်လဲ ကောင်းကောင်း သိပါတယ် ...ဘယ်လို အရေး ကြိး လို့ လဲ ....
ဒီလို နေ့ မျိုး ကို သူလဲ အနား ယူ ကျွန်တော်လဲ အနားယူပါပဲ ...တော်ရုံလောတ်နဲ့ တော့  အိပ်ချိန်မှာ
သူမနှိုးလောတ်ပါဘူး.......သူနာမည်က ကိုကိုမောင်   နေတာကေတာ့  မြန်မာပြည်အလယ်ပိုင်း   အသတ်ကတော့ 
ကျွန်တော်နဲ့ ရွယ်တူပါပဲကျွန်တော်နဲ့  သူက တနေ့ ထဲ့  အတူတူ လုပ်ငန်း ခွင်ထဲ့ မှာ ရောတ်ရှိခဲ့ ကြတာပါ....
အစအနောတ်သန်ပြီးအမြဲတမ်း ပြုံးနေတဲ့ သူကိုတော်တေယ်များများ က ခင်ကြပါတယ်...
သူနဲ ကျွန်တော်က ညီအကိုလို ဖြစ်နေတော့ တစ်ယောတ်နဲ့ တစ်ယောတ် တိုင်ပင်ဖော် တိုင်ပင်ဖတ်တွေပါ.....
ဘာလုပ်လုပ် တစ်ယောတ်နဲ့ တစ်ယောတ်အသိပေး ကြတယ်လေ။
"အောင်အောင်မထသေးဘူးလား"
အတွေး မဆုံး ခင်မှာ ပဲ အသံနဲ့ အတူး ကျွန်တော်အခန်းထဲ ကို   သူရောတ်လာပါတယ်။
"အေပါ ထပြီး ဘာတွေ အရေး ကြီးနေတာလဲ ကွာ..."
"ပြောပြမယ်   မင်းအရင်မျတ်နှာသစ်ရေချိုးလိုတ်အုံး"
"အေပါ"
ကျွန်တော် မျတ်နှာသစ်ရေချိုး ပြီးတော့  သူကျွန်တော် ကွန်ပြူတာ ဖွင့် နေတာ    ကျွန်တော်တွေ့ ရတယ်။
"အောင်အောင် ဒီမှာ လာကြည့် ပါအုံး"
သူခေါ်သံကြောင့်  ကျွန်တော် ကွန်ပြူတာတွင် သူဖွင့် ထားသော စာမျတ်နှာ ကို ကျွန်တော်မျတ်လုံး က
ရောတ်ရှိသွား ပါတယ်တွေ့ ရတာကတော့  မြန်မာ မိန်းကလေးတွေ ရဲ   sex ပုံလေးတွေ နဲ့ 
ဗီဒီယို ဖိုင်လေး တွေ ပါပဲ။
"မင် က အဲဒါတွေ ရှာဖွေတွေ့ ရှိလို့   ငါကို ကြွားတာလား...ဒါမှမဟုတ် ခေါ်ပြတာလား..
မင်း လာရင်က ဒါကြောင့် လားကျွန်တော်အမေးကို သူပြန်ဖြေတာကတော့    မဟုတ်ဘူး 
မင်းကို တိုင်ပင်စရာရှိတယ်ဆိုတာ ဒီဟာနဲ့ တော့ ဆိုင်တယ်...မင်းသေချာ မကြည့် ပဲ လျှောတ်ရမ်း မပြောနဲ့ ....
ဒီထဲ့ မှာ ပါနေတဲ့ ဇတ်လိုတ် မင်းသမီက   ငါညီမ ၀မ်းကွဲဖြစ်နေတယ် ကွာ...""
သူအပြောကြောင့် ကျွန်တော် ခေါင်တွေပါ ကြီးသွား ပါတယ်....သူရဲ ခံစားချတ်ကို လဲ ခု မှပဲ သဘောပေါတ်မိတော့ တယ်။
သူနေရာမှာ ကျွန်တော်ဆို ဘယ်လို ခံစားရမလဲ ..စဉ်စားရင်ခေါင်တွေတောင် ပူလာပါတယ် .....
သူကို လဲဘယ်လို အာပေးရမလဲ၊ဘယ်လို စကာလုံးတွေနဲ့   စိတ်သတ်သာအောင်ပြောပေးရမလဲ မသိတော့ ဘူး....
ကျွန်တော်လဲ ကွန်ပြူတာရှေထိုင်ပြီး သူပြောတာကို ကြည့် မိတာပေါ့ ...ကောင်မလေးနဲ့ ကောင်လေး နဲ့ ချစ်ရည်
လူးနေသော မှတ်တမ်း ဗီဒီယိုလေး ဖြစ်နေတယ် ...နေရာကတော့ ကျွန်တော်ထင်တာ မမှားရင်ကန်တော် ကြီး
ဖြစ်ဖို့ များ ပါတယ်။ဆိုဒ်တခုလုံး sex နဲ့ ပတ်သတ်တာတွေ ကြီး ပါပဲ....ပြီးတော့  သူဆိုဒ်မှာ
ချတ်ခန်းလေးတောင်ပါတယ်ဗျ....ကျွန်တော်လဲ ချတ်ခန်းတွေပါ ၀င်ကြည့် တာပေါ့ ...ချတ်ခန်မှာ မြန်မာ
လိုပြောနေကြတာ ကိုတွေ့ ရတယ် ....
လိုတ်ဖတ်ကြည့် တော့  သူတို့ ပြောတာတွေက ကျွန်တော်အတွတ် အံသြမှုတွေပါဖြစ်ခဲ့ ရပါတယ်......ကျွန်တော်
ဖော်ပြလို့ မသင့် တော်လို့  သူတို့ ပြောတာ တွေကို မဖော်ပြတော့ ပါဘူး.....
""အောင်အောင်မင်း ဘယ်လို မြင်လဲ ၊ မန်ဘာဝင်ပြီး ချတ်ခန်မှာ ၀င်ပြောမလား   အဲလို တွေမလုပ်ဖို့ ၊
သူလုပ်ပုံတွေမဟုတ်သေးဘူး ကွ၊ခုဆို အင်တာနတ်မှာပါမဟုတ်ဘူး ။ဖုန်းတွေထဲ့ မှာတောင်တွေ့ နေရတယ်၊
ငါတောင် မနေ့ က တင်ဝင်းဖုန်း မှာတွေ့ လို သူကိုမေးကြည့် တော့    သူသူငယ်ချင်းကူးပေးတာတဲ့ လေ
ငါလဲ သူသူငယ်ချင်းကိုမေးတော့  ဒီကနေ ယူထားတာတဲ့ လေ.....ငါလဲ ရှတ်ပြီး ဘယ်သူမှမပြောရဲ ဘူး ကွာ၊""
""ဟုတ်ပါပြီး   မင်းခံစားချတ်ကို ငါနာလည်ပါတယ်....သူကို ချတ်ခန်ထဲ ၀င်ပြိး မင်ကောရင် မင်း မှာသွား မှာပေါ့ 
သူက လဲ ဘယ်ကနေယူတင်လဲ မသိဘူးလေး၊  သူတို့ ပြောနေတာ မင်း ကြည့် အုံး  လုံးဝ ဒီအကြောင်းနဲ့ 
ပတ်သတ်တာတွေကြီးပဲ...မင်ဘယ်လို မျိုး ပြောမလဲ ...မင်ပြောတာတွေ အကုန်လုံး ဘယ်သူမဆို
ချတ်ခန်းထဲ့ က ကြည့် ရင်တွေ့ နေရမယ်လေ...မင်ပေါင်မင်း လှန်ထောင်နေသလို ဖြစ်နေမှာပေါ့ ၊
အဲ့ တော့ ဖြစ်သင့် တာက  ကိုမောင် မြန်မာပြည်ကို ပြန်..လူကြီးတွေနဲ့ တိုင်ပင် ပြီးတော့ မင်းသမီးနဲ့ 
မင်းသားကိုပေါင်းဖတ်နိုင်အောင် ကိုမောင် လုပ်ကြည့် ပေါ့ ၊အဲတော့ မှပဲ ကိုမောင် ညီမလေး ရဲ အရှတ်တွေ ၊
မိသာစု အရှတ်တွေပြန်ဆယ်နိုင်မယ်နော်။""
ကျွန်တော် အကြံပေးတဲ့ အတိုင်း သူလဲမြန်မာပြည်ပြန်သွား ပါတယ်...သူနဲ့ အွန်လိုင်း မှာတနေ့ ပြန်ဆုံတော့
ံ့မေး ကြည်တော့ ကောငိလေး မိဘတွေနဲ့ ကောင်မလေး မိဘတွေကို အဖြစ်မှန်ကိုပြောပြပြီး
ဘာလုပ်သင့် လဲဆိုတာ သူတို့ ကိုဆုံး ဖြတ်ခိုင်းတော့ တယ်တဲ...သူတို့ လဲ မြန်မာလူမျိုးတွေ ပီပီ
ဘာလုပ်သင့် လဲ ဆိုတာ သိပါတယ် ကျန်တာလူကြီးတွေလုပ်ကြမယ်လေ ။
သူပြောပြတောမှ ကောင်မလေး အတွတ်စိတ်အေး ခဲ့ ရပါတယ်....
ကျွန်တော် ကြည့် ခဲ့ တဲ့ ဆိုဒ်လေး က  တဉ်ဆောတ်ခဲ့ သော သူရဲ အရည်အချင်းကို လေးစားပါတယ် 
သူရဲ ဆိုဒ်လေးကိုတဉ်ဆောတ်ထားတဲ့ ပုံလေး ကို ကြည့် ရင် သူရဲ ပညာကလဲ့ မနည်း ပါဘူး..
.တော်တော်လေး တော်တဲ့ ပညာရှင်တစ်ယောတ်ပါပဲ.သူဝါသနာပါလို့  သူဟာသူ sex ပုံတွေတင်တင် ၊
ဗီးဒီယိုတွေတင်တင်ကျွန်တော် မပြောလို ပါဘူး...သို့ ပေမယ့် 
ကျွန်တော် ပြောခြင်တာက အဲလိုမျိုး ပုံတွေ ၊ဗီဒီယိုတွေမှာ ကာယကံရှင်တွေမသိအောင်  ခိုးရိုတ်တာတွေပါမယ်..
ခွင့် ပြုလို့ တင်တာတွေ ရှိရင်လဲ ၇ှိမှာပေါ့ နော်....သီု့ ပေမယ် အဲလို တင်ခံထိမဲ့ ထဲ့ မှာ မိမိညီမတွေ
မမတွေပါလာမယ်ဆိုဘယ်လို ခံစားရမလဲ ဆိုတာ စဉ်စား ကြည့် ပါနော်...sex ၀ါသနာရှင်တွေအတွတ်
ကောင်းပေမယ်အတင်ခံရတဲ့ မိသာစုတွေအတွတ်တော့ စဉ်စားပေးခြင်ပါတယ်။
မြန်မာ ပြည်က မိန်ကလေးလေးတွေလည်း   ချစ်သူနဲ့  ချိန်တွေ့ တဲ့ အခါမှာ သတိလေး ရှိကြပါ...
ခုခေတ်က အင်တာနတ်ခေတ်ဖြစ်နေတဲ့ အတွတ်  ဘာပဲ လုပ်လုပ် သတိလေး ရှိကြပါ၊။မြန်မာ မိန်ကလေးတိုင်း
မိန်ကလေးပီသပြီး မိမိရဲ အပျိုစင်ဘ၀ကိုထိန်းသီမ်းကြမယ်ဆိုရင်  ခုလို မျိုး အဖြစ်လေးတွေ  ကင်ဝေး ကြမှာပါ။
အင်တာနတ်ပေါ်မှာမြန်မာမိန်ကလေးsex ပုံလးတွေ အတင်ခံရခြင်းမှ ကင်ဝေးကြပါစေ လို ဆုတောင်ပေးနေပါတယ်...
ကျွန်တော် ဆုတောင်လေး ပြည့် အောင်ကိုကိုတွေ၊မမတွေ ။ညီမတွေ၊ညီလေးတွေက
အနေအထိုင်လေးတွေ သတိပြုပေးကြပါနော်....
မှတ်ချတ် ...ကျွန်တော် တင်ပြသော ဘလော့ လေး သည် မည်သူကိုမှ ထိခိုတ်လိုစေခြင်း မရှိပါ..
ကျွန်တော်သူငယ်ချင်းရဲအဖြစ်လေးကို ယူပြီး ရေးသားခဲ့ တာပါ....   
                                                 သူငယ်ချင်းများ အာလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ
                                                            mraungmintun
http://mraungmintun-kokomg.blogspot.com/

Saturday 3 March 2012

ဘာပြောရမှန်းတောင် သိတော့ဘူး

မနေ့က ကျနော်အလုပ်ကို စီးနေကျမှတ်တိုင်ကနေ ၃၆ ကားစီးပြီး ထွက်လာပါတယ်၊
တာမွေအ၀ိုင်းထိပ်ရောက်တော့ အသံစာစာ စာစာနဲ့ တိုင်းရင်းသူ နှစ်ယောက်
စကားပြောရင်း တက်လာတာကို ကြားလိုက်ရပါတယ်၊(မြင်တော့ မမြင်ရပါ)
ကျနော်ကကားရဲ့ ညာဘက်အခြမ်း ရှေ့ဆုံးရဲ့ နောက်က ခုံမှာပါ၊ သူတို့ကို မမြင်ရပေမဲ့
အသံကိုတော့ အတိုင်းသား ကြားနေရပါတယ် ၊ သူတို့ နှစ်ယောက်ကလဲ ကားပေါ်စရောက်ကတည်းက
စကားပြောနေလိုက်တာ အဆက်မပြတ်ဆိုတော့ ဘာရယ်မဟုတ် အသံလာရာဆီ(ကားရဲ့ဘယ်ဘက်အခြမ်း)
ကျနော့်ရဲ့ တစ်ခုံကျော်ကို လှမ်းကြည့်မိလိုက်ပါတယ်......

အဲ့ဒီအခါကျမှ လားလား...မြင်လိုက်ရတဲ့ မြင်ကွင်းက အလွန်ဆိုးပါတယ်၊
ထိုအမျိုးသမီး ၀တ်ထားတာက ဂါဝန်အကျပ် ဆွဲသားပုံစံမျိုး တိုနံ့နံ့လေးပါ၊
ဒူးနှစ်ချောင်းကို စိထားတာတောင် သူမရဲ့ ဂါဝန်ဘယ်လောက် တိုလဲဆိုတော့
အောက်ခံဘောင်းဘီကိုတောင် မြင်နေရပါတယ် :S အသားကတော့ ဖြူဝင်းနေပြီး
သူ့ပုံစံလဲ အစကတော့ ဘာမှ မဖြစ်ပေမဲ့ ကျနော်ကြည့်မိလိုက်တဲ့ အချိန်မှာ
ကျနော်နဲ့ အတူ စပယ်ယာတွေရော အခြားခရီးသည်တွေရော အကုန်လုံးက ၀ိုင်းပြီး
ကြည့်မိသွားတော့ ထိုအမျိုးသမီး နည်းနည်းတော့ တွန့်သယောင် ဖြစ်သွားပါတယ်၊
ဒါပေမယ့် ခဏလေး အတိုင်းအတာမှာပဲ နဂိုအတိုင်း စကားတပြောပြောနဲ့ ပုံမှန်လို ပြန်ဖြစ်သွားပါတယ်၊

အဓိက ကျနော်ပြောချင်တာက ထိုအမျိုးသမီးရဲ့ အ၀တ်အစားနဲ့ သူ့ရဲ့ သွားလာရေး ခရီးဖြစ်ပါတယ်၊
အနောက်နိုင်ငံအပါအ၀င် မြန်မာနိုင်ငံမှာ သူ့လို ပုံစံမျိုး ၀တ်ဆင်နေတာ အများအပြားပါ၊
ဒါပေမဲ့ ထိုအမျိုးသမီးအများစုဟာ ကိုယ်ပိုင်ကားပေါ်ကနေ ဆင်းတဲ့ လူတန်းစား မဟုတ်ပါ၊
အိမ်ကနေ စထွက်တာနဲ့ ကားပေါ်အခန့်သား ရောက် ၊ ကားပေါ်ကဆင်းလိုက်တာနဲ့ လိုရာခရီးကို
အသာအယာ ရောက်ရှိသွားတဲ့ အနေထားမျိုးတွေပါ၊ အဲ့ဒီအတွက် ထိုသို့ ၀တ်ပါက ဘာမှ ပြောစရာ မရှိသော်လည်း
ခုလို အများနဲ့ ရောထွေးသွားလာရတဲ့ အခါမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ် အဲ့ဒီအခက်အခဲဟာ
သူတစ်ယောက်တည်းတင် မကတော့ပဲ အခြား ခရီးသည်များကိုပါ စိတ်အနှောက်ယှက် ပေးနိုင်ပါတယ်၊
ဟိုတစ်လောက ကျနော်တို့ အမျိုးသမီးသီးသန့်ယဉ်နဲ့ ပက်သက်ပြီး စကားအခြေအတင် ဖြစ်ပွားခဲ့တာနဲ့ ပက်သက်ပြီး
ခုလိုအခြေအနေမျိုးတွေကို ဘယ်လိုပုံစံမျိုးဖြေရှင်းမယ်ဆိုတာကို ကျနော်သိချင်ပါတယ်၊ သူကတော့ ဘာမှမထူးဆန်းတဲ့
မျက်နှာပေးနဲ့ ဘယ်သူမှ ဂရုမစိုက်တဲ့ ဟန်ပန်နဲ့ အေးအေးသက်သာ ဖြစ်နေပေမဲ့ ကျန်လူများမှာ ကျနော်အပါအ၀င် နေမထိ
ထိုင်မသာ ဖြစ်ရတဲ့ အခြေအနေပါ၊

သူလဲ သူ့ဟာသူ ၀တ်ချင်သလို ၀တ် ကျနော်တို့လဲ ကျနော်တို့ဟာ ကျနော်တို့ ဖြစ်ချင်သလိုဖြစ်ပစေဆိုတာကတော့
တစ်ဖက်စောင်းနင်း ဆန်မယ်လို့ ထင်ပါတယ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ကျနော်မပြောလိုပါ၊
ခုချိန်မှာ မြန်မာ့ယဉ်ကျေးမှုဟာ မရှိသလောက်ကို ပပျောက်နေပါပြီ အဲ့ဒီအတွက် ၀တ်ချင်သလို ၀တ်ကြပါစေပေါ့၊
ဒါပေမဲ့ ခုလိုမျိုး ကိုယ်ဝတ်ထားတဲ့ အ၀တ်အစား ကိုယ်သွားမဲ့ခရီးလမ်းကြောင်းနဲ့ ကိုယ်ခဏတာ ဖြတ်သန်းရမယ့်
အခြေအနေတွေကို တွက်ချက်သင့်ပါတယ်၊ ၃၆ ကားဆိုတော့ ခုံတန်းတွေက အတန်းလိုက် ဖြစ်တဲ့အတွက် နောက်လှည့်ကြည့်မှသာ
မြင်ရမယ့် မြင်ကွင်းမျိုးပါ ၊ အကယ်၍ ဟိုင်းလတ်ကားအမျိုးအစားဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါ၊
ထိုကားသေးလေးပေါ်တွင်လဲ ကြုံဖူးပါသည်၊ အဲ့ဒီအခါ သူတို့က ပါလာတဲ့ ပစ္စည်းတွေကို ပေါင်ပေါ်တင်ပြီး
စီးနင်းလိုက်ပါလာလေ့ ရှိပါတယ်၊ အခု ထိုအမျိုးသမီးလက်ထဲမှာ ဘာမှ ပါမလာပါ ၊ ထိုပုံစံအတိုင်း ဘယ်အထိ လိုက်ပါသွားလဲဆိုတာတော့
မသိပါ ၊ ဈေးကွေ့မှတ်တိုင်ရောက်တော့ ကျနော်ဆင်းလိုက်ပါတယ်၊ မဆင်းခင်အချိန်အတွင်းမှာလဲ စပယ်ယာရဲ့ မျက်လုံးကို ကြည့်မိတော့
ထိုနေရာမှာ မခွာတော့ပါ၊ ထို့အတူပဲ အခြားခရီးသည်များလဲ ထိုအတိုင်းသာ ဖြစ်ပါလိမ့်မည်၊ သူတောင် ၀တ်ရဲတာပဲ ငါတို့က ဘာလို့
မကြည့်ရဲရမှာလဲဆိုတာက အမြဲတမ်း မမှန်ပါ၊ သူ့မှာ စဉ်းစားဆင်ခြင်ဥာဏ်မရှိ၍ လုပ်ချင်သလို လုပ်လိုက်တဲ့ အရာကို
ကိုယ်ကလဲ သူနှင့်အတူ လိုက်လံရောရောင်၍ မဖြစ်ပါ၊ ပြောင်းလဲလာသော မြန်မာနိုင်ငံအခြေအနေနဲ့ ပြောင်းလဲလာသော
လူတွေရဲ့ စိတ်ဟာ ဘယ်လိုမှ လိုက်ဖက်မှု မရှိသေးပါ၊ ပြောင်းလဲမှုကို အခြေခံပြီး နိုင်ငံလဲ ပြောင်းပြီ ငါတို့လဲ ပြောင်းမှ ဖြစ်မယ်
ဒါမှမဟုတ် နိုင်ငံက သူ့ဟာသူ ပြောင်းတာ ငါတို့က ဘာပြောင်းစရာ လိုလို့လဲ ဒါမှမဟုတ် နိုင်ငံအခြေအနေ ပြောင်းတာကို အခွင့်ကောင်းယူပြီး
ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့အတွက် ကိုယ်တစ်ဦးတစ်ယောက် စိတ်ကျေနပ်မှု အပြည့်ရဖို့အတွက် အရာရာကို လုပ်ချင်သလို လုပ်နေတယ်ဆိုတာကတော့
မကောင်းပါ၊ ကိုယ်နဲ့ တန်ရာတန်ရာကိုသာ လုပ်ဆောင်သင့်ပါတယ်၊ အစောနက ပြောသလို ကိုယ်ပိုင်ကားစီးပြီး အတိုဝတ်တာထက်
ခုလိုမျိုး လိုင်းကားပေါ်မှာ အတိုဝတ်တာဟာ ဘယ်လိုမှ လိုက်ဖက်မှု မရှိပါ၊ တစ်ခု ကံကောင်းတာက ကားချောင်နေတဲ့ အချိန်လဲ ဖြစ်တဲ့ အတွက်
သူ့ခမျာ အဆင်ပြေသွားတာပါ၊ အကယ်၍ ကားကျပ်ကျပ်အချိန်နဲ့သာ တိုးခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာပါပဲ ဂါဝန်အရှည်နဲ့ အောက်ခံဘောင်းဘီရဲ့
အောက်အနားစဟာ တန်းတူညီနီးပါးပါပဲ ဒါဆိုရင် တွေးကြည့်ပါ ၊ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ၀ီစီလဲ ကယ်နိုင်မည် မထင်ပါ၊
အဲ့ဒီလို အနေထားမျိုးကြောင့် မတော်တရော် လုပ်လိုက်တယ်ဆိုရင် သူ့ရဲ့ အပြစ်လား မတော်တရော် လုပ်တဲ့ကောင်ရဲ့ အပြစ်လားဆိုတာ
စာဖတ်သူများ စဉ်းစားကြည့်ကြပါကုန်။

ဘာသာခြားနဲ့ ယူမယ်ဆိုရင် ဒါတွေစဉ်းစားဖို့လိုတယ်

ဦးဇင်းလည်း ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ မိမိတို့ဘာသာကို အထူးတလည်သိမြင်ပြီး ပိုမိုကောင်းမှုများများလုပ်တတ်အောင် မြန်မာပြည်နေစဉ်မှာလည်း တောင်းတန်းဒေသမှာမကျန် ကိုယ့်ဘာသာအကြောင်း ဟောပြောဆုံးမသင်ကြားပေးခဲ့ပါတယ်။ ခုလည်း ပြည်ပရောက်တော့ အွန်လိုင်းကနေ သိချင်တာများဖြေပေးခဲ့တာ (၂)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော် မိမိလူမျိုးများဟာ ကိုယ့်ဘာသာအကြောင်း မသိလို့လား၊ ဘာလားတော့ မသိ။ တခြားဘက်ကိုရောက်ရောက်သွားတာ မြင်ကြားနေရတော့ စိတ်မချမ်းမြေ့ခဲ့ပါ။ ဒါနဲ့ ဘာသာတစ်ခုနဲ့တစ်ခုမတူရင် ဘယ်လိုတွေပြုလုပ်သင့်သလဲဆိုတာကို ပြည်တွင်းပြည်ပကလူငယ်တွေ အမေးများတာနဲ့ မိမိတက်သိသမျှ ဖြေပေးလိုက်ပါတယ်။

အယူဝါဒတစ်ခု ဘ၀တစ်ခုမှာ လွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင်လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိအောင် ပြုလုပ်ဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘ၀တွေ၊ အသိဉာဏ်တွေရှိတဲ့ ဘ၀ကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက် အသိဉာဏ်ရှိတဲ့ လူ့ဘ၀လေးရရှိချိန်မှာ မျက်မှောက်ဘ၀ခဏတာကောင်းစားရေးကိုပဲမကြည့်ဘဲ ဘ၀များစွာရေရှည်ခရီးကောင်းစားရန်ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ရန်အတွက် မိမိမှာ ကောင်းသောအယူဝါဒအမြင် ရှိနေရေးသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်တာကြောင့် အဲဒီကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို မိမိဒီဘ၀မှာ လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာလျှင် နောက်နောင်ဘ၀များစွာမှာလည်း ကောင်းတာများဆက်လုပ်ပြီးသကာလ ကောင်းကျိုးများခံစားပြီး ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။

အဲဒါကို ယခုခေတ်လူတွေက ရေရှည်ကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့်ပြီး ဖြစ်သလိုနေထိုင်စားသောက်ပျော်ပါးကာဖြင့် ဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ကြတာ များနေပါတယ်။ နောက်နောင်ဘ၀တွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘ၀မို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် ဘယ်လုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်ပဲပြန်လည်ခံစားရမှာဖြစ်တယ်ဆိုတာ မျက်မှောက်လုပ်ငန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘ၀တစ်ချက်အမှားပြုလုပ်မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘ၀တွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘ၀များစွာမှာ ဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်အမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထားစဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်မှားလုပ်နေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘ၀၀ယ် ဘ၀ခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခုခေတ်လူတွေဟာ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကို ပါသွား၊ ပြောင်းသွားတတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစားချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

ဥပမာ-မိန်းကလေးတစ်ယောက်ကို တခြားဘာသာယောက်ျားလေးတစ်ယောက်က မင့်ကို ကိုယ်တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘ၀စာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့လက်ထက်ပြီးတဲ့အခါကျရင်လည်း ကိုယ်ကမင့်နဲ့အတူ မင့်ယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘအစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစသည်ဖြင့် မိန်ကလေးနဲ့မရခင်တော့ ယောက်ျားလေးများက ပြောဆိုတတ်ကြပါတယ်။ ဒါပြင် အဲဒီလိုပြောဆိုတဲ့ ဘာသာခြားယောက်ျားလေးများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းနိုင်လေ့ရှိပါတယ်။ ဥပမာ-ဒီမိန်းကလေးက ဘယ်လိုယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အတွေ့ကြုံရင်ကျက်တာခြင်းမတူတာမို့ အပိုင်သေချာအောင် ကာမဂုဏ်ကိစ္စနဲ့ပါ သိမ်းသွင်းလေ့ ရှိကြပါတယ်။

အဲဒီလိုနဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး ယောက်ျားလေးနဲ့ လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ ယောက်ျားလေးဘက်ကို လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။ ဒါတွေအားလုံးဟာ တစ်ဘ၀စာကောင်းစားရေးကို အထူးအားပေးကာ နောက်နောင်ဘ၀ ရေရှည်ကိုမစဉ်းစားကြလို့ပါ။

အဲဒီတော့ နံပါတ်(၁)အနေနဲ့ မိမိနဲ့ဘာသာလူမျိုးမတူပါက ထိုလူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင်  သေချာလေး အချိန်ယူလေ့လာသုံးသပ်ပေးရပါမယ်။ အကောင်းဆုံးကတော့ ကိုယ့်ယုံကြည်မှုအယူဝါဒရဲ့ အဓိကအခန်းကဏ္ဍမှာပါတဲ့ သာသနာဘောင်ကို တစ်ပါတ်ဖြစ်စေ၊ တစ်လဖြစ်စေ ၀င်ရောက်ခိုင်းခြင်းဟာ အကောင်းဆုံးပါပဲ။ ယောက်ျားလေးက ဘာသာခြားဆို၊ ဒုလ္လဘရဟန်း၊ မိန်းကလေးဆို သီလရှင် အနည်းဆုံး တစ်ပါတ်တော့ ၀တ်ခိုင်းကြည့်ပေးပါ။ တချို့ဘာသာဝင်တွေဟာ အပေါ်ယံကိုလိုက်လုပ်ပေးတတ်ကြပါတယ်။ ဘုရားရှိခိုးတာ၊ ကောင်းမှုလုပ်တာ၊ ကျောင်းကန်ဘုရားတွေလိုက်ပြီး သူတစ်ပါးယုံကြည်မှုရအောင် လုပ်ပေးတာတွေ့ရပါတယ်။ ဒါတွေဟာ သူတို့ဘာသာရဲ့ အယူဝါဒကို ထိခိုက်သွားတာမဟုတ်သလို သူတို့အယူဝါဒလည်း ပျက်ပြယ်သွားတာမဟုတ်တဲ့အတွက် ဘယ်သူမဆို လိုက်လုပ်ပေးနိုင်ပါတယ်။ ဒါပြင် သူတို့ဘာသာရဲ့ ဆရာသမားတွေ၊ မိဘဆွေမျိုးတွေကလည်း ဒီလောက်ကိစ္စတော့ လုပ်ကိုင်ခွင့်ပေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းသူတို့လက်ထဲရောက်လာလို့ သူတို့ဂွင်ထဲရောက်လာရင် သူတို့စိတ်တိုင်းကျ ပြန်လည်သိမ်းသွင်းပြုလုပ်မယ်လို့ အကြံရှိနေကြလို့ပါ။ ဒါပေမဲ့ ဘာသာခြားများဟာ ဗုဒ္ဓဘာသာရဲ့သာသနာဘောင်ဝင်ရောက်ခြင်းကို ဘယ်သူမှအလွယ်တကူ ခွင့်မပြုကြပါဘူး။ ဒါကြောင့် မိမိကိုတကယ်ချစ်လို့ဖြစ်စေ၊ သူကိုယ်တိုင်က မိမိအယူဝါဒကို ယုံကြည်လို့ဖြစ်စေ မိမိဘာသာဘက်ကို လိုက်နိုင်မလိုက်နိုင် သေချာဖို့ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ခိုင်းမှ အဖြေထွက်မှာပါ။

အဲဒီလို သာသနာ့ဘောင်ကိုဝင်ရောက်ခိုင်းလိုက်မယ်ဆိုရင် ဘာသာခြားယောက်ျားလေးဟာ သူ့ကိုယ်တိုင်မယုံကြည်ရင်ဖြစ်စေ၊ သူ့ဆွေမျိုးအသိုင်းဝိုင်းက လက်မခံနိုင်ရင်ဖြစ်စေ သာသနာ့ဘောင်ဝင်ရောက်ခြင်းကို တားမြစ်ကြပါလိမ့်မယ်။ ဒီလိုတားဖြစ်လာတဲ့အခါ မိမိကိုတစ်ကယ်ချစ်ပြီး မိမိဘာသာကိုယုံကြည်တဲ့လူဆိုရင် မိမိဘက်ကိုပါလာမှာပါ။ ဒါဆိုရင်တော့ ဘ၀လက်တွဲဖော် သတ်မှတ်လို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ မိမိစမ်းသပ်သလို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘ၀ခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တကယ်တမ်းသာ တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုရင် အဲဒီလူနဲ့ ဘယ်လိုကြောင့်ဖြစ်စေ မပေါင်းသင်းရပါက တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ချစ်ခင်ဖို့၊ ဘ၀ခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းသောအရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘ၀မှာ နောက်ဘ၀များစွာအတွက် ရိက္ခာကောင်းတွေ များများစုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘ၀ကောင်းလေး၊ သိခဲလှတဲ့ အသိဉာဏ်ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သူတော်ကောင်းတရားထွန်းကားနေချိန်လေးမှာ ဒီဘ၀ထက် နောက်နောင်ဘ၀တွေအတွက်ကို အဓိကထားစဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ဖို့နဲ့ ဘာမဟုတ်တဲ့အရာလေးနဲ့ မိမိရဲ့ဘ၀လေးကို အဆုံးရှုံးမခံကြဖို့ သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်း ဦးဇင်းရဲ့ ဖြေကြားပေးမှုကို ယခုတော့ ဒီမှာပဲ နိဂုံးချုပ်ပြီး နောက်တစ်ပါတ်ကျမှ ဘာသာခြားများအပေါ် ဘယ်လိုမြင်သလဲ။ ဘာသာတွေမှာ အဓိကမိန်းက ဘာလုပ်ရမှာလဲဆိုတဲ့ အမေးကို ရေးသားဖြေဆိုပေးသွားပါဦးမယ်။ စာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကိုလျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေ ဆန္ဒပြုဆုတောင်းပေးလျက်……………။

မှတ်ချက်။ မိမိဘာသာဝင်များအား အသိပညာ၊ ဗဟုသုတရပြီး တွေးတောဆင်ခြင် ဆုံးဖြတ်တတ်အောင် ရေးသားပညာပေးခြင်းဖြစ်ပြီး တခြားဘာသာများကို စော်ကားခြင်း၊ စောင်းပြောခြင်း၊ ပုတ်ခတ်ခြင်း၊ နိမ့်ချခြင်းများ မပါရှိပါ။ သို့ဖြစ်၍ ဤဆောင်းပါးကို လူသားအားလုံး အသိပညာဗဟုသုတရပြီး တွေးခေါ်ဆင်ခြင်တတ်အောင် ဖြန့်ဝေပေးခြင်း၊ ပြောပြခြင်းများဖြင့် ပညာဒါန၊ ဓမ္မဒါနများ ယူကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်