Pages
အိမ်မက်ချစ်သူမှကြိုဆိုပါတယ်
ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်
Thursday 31 May 2012
ကွမ်တန်း၊ တနင်ဂါနူး ၊ လ၀က စခန်းမှာ လေဖြတ်ပြီး ဒုက္ခရောက်နေရှာတဲ့ မော်လမြိုင်သား “ ဦးစိုး” ထိုလင့်တွင်အပြည့်အစုံဖတ်ပါ:
     ကျွန်တော်ဒီနေ့ မိတ်ဆွေဒီနိုင်ငံသားတယောက်ကဘာသာပြန်ပေးဖို့အကူအညီတောင်းလို့ Quantan
ပြည်နယ် ရဲ့Taninganu အရပ်မှာရှိတဲ့ မလေးရှား လ၊၀၊က ရဲ့ ထိမ်းသိမ်းရေးစခန်း(Camp) ကိုရောက်ခဲ့ပါတယ် ။
သွားခဲ့တဲ့ကိစ္စရင်းကတော့ မှားယွင်းဖမ်းခံရတဲ့သူကိုသွားပြန်ရွေးထုတ်တာပါ ။ အဲဒီကိစ္စတွေလုပ်ပေးရင်း နဲ့
ဟိုဟိုဒီဒီစပ်စုကြည့်ရာကနေ  ခုလိုစိတ်မကောင်းစရာကိစ္စရပ်တွေ သိလာခဲ့ရပါတော့တယ် ။
          ကျွန်တော်မြင်လိုက်ရတဲ့မြင်ကွင်းကတော့ အသက်အားဖြင့် ၅၀ကျော် ၆၀ ၀န်းကျင်လောက် ရှိနေပြီဖြစ်
တဲ့လူကြီးတယောက်လူနာထိုင်ကုလားထိုင်လှည်း( Wheel Chair )နဲ့အဲဒီ(Camp)တွင်းမှာတွေ့လိုက်ရလို့ပဲဖြစ်ပါ
တယ်။ကိုယ်မိဘအရွယ် ဦးလေးသားချင်းအရွယ်ဖြစ်လို့စာနာစိတ်၊စိတ်မကောင်းတဲ့စိတ်တွေနဲ့ သူ့အဖြစ်အပျက်
ကို မေးမြန်းစုံစမ်းကြည့်မိပါတယ် ။
          ဦးလေး နေကောင်းလား ၊ …………………….၊  ကျွန်တော်အမေးကိုသူနှုတ်ကပြန်လည်ဖြေကြားနိုင်စွမ်း
မရှိပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ၊ သူက လေဖြတ်ခံထားရလို့ပါပဲ ၊ ခေါင်းကိုအားယူညိတ်ပြ လို့ ကျွန်တော်
မေးတာကိုသူသိကြောင်းနားလည်ရပါတယ် ၊ အဲဒီလိုမေးလို့မရတော့မှကျွန်တော်ရဲ့ သိချင်တဲ့စိတ်တွေကပိုမိုလို့
လာပါတော့တယ်။ ဦးလေး ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ ၊………………..ကျွန်တော်ကစကားမပြောနိုင်
သောသူကိုမှသိလိုဇောနဲ့ထပ်မံမေးမိနေပြန်ပါတယ် ၊
          အကိုရေ   “ အဘက ဒီရောက်တာ (၃)နှစ်လောက်ရှိပြီလို့ပြောကြတယ် ၊ ကျွန်တော်တို့ကလူသစ်တွေ
ဆိုတော့တဆင့်စကားတဆင့်ပဲကြားရတာ” ၊လို့ ဘေးက ညီငယ်တယောက်က ၀င်ပြီးကူညီဖြေကြားပေးတယ် ၊
ဒီမှာတင် ကျွန်တော်ကလဲ သူကဘယ်မြို့ကဆိုတာရော ညီလေးသိသလား လို့မေးတော့ အင်းမော်လမြိုင် က
လို့တော့ပြောတာကြားဘူးတယ် အကိုရေ လို့ဖြေပါတယ် ၊ ဒီမှာတင် အဲဒီဦးလေးကြီးက ဟုတ်မှန်ကြောင်းအား
ယူပြီး ခေါင်းကိုညိမ့်ပြနေပါတယ် ။
          ကျွန်တော်လဲ အကြံရပြီး ပါလာတဲ့ဘောပင်နဲ့စာအုပ်ကိုထုတ်လို့ သူ့နာမည်ကိုရေးခိုင်းတော့ လေဖြတ်
နေလို့ မသန်စွမ်းတဲ့ကြားကနေ  ကြိုးစားပန်းစားရေးပြခဲ့လို့ ၊ သူဟာ  “ ဦးစိုး ” မော်လမြိုင်ကဆိုတာထပ်သိ
လာခဲ့၇တယ် ၊ မော်လမြိုင်မြို့ပေါ်ကဆိုရင် လက်ညှိုးတချောင်းထောင်ပြပါဆိုတော့ ၊လက်ညှိုးတချောင်းကိုအား
ယူထောင်ပြခဲ့ပါတယ် ၊ ဆက်သွယ်ဖို့ဖုန်းနံပတ်ရေးခိုင်းတော့သူမရေးနိုင်တော့ဘူး၊ဘယ်လိုမှကိုမေ၇းနိုင်တော့
ဘူး ၊ ဒီမှာတင်ကျွန်တော်ကဥာဏ်ကူလို့  ၁၊၂၊၃၊ ၄၊….၉.၀ အထိရေးထားပြီး ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်ကိုရွေး
ခိုင်းတော့   ၁..၁….၂…၄..၅  လို့ရွေးပြတယ် ၊ ထပ်ပြီးရွတ်ပြပြီး မှန်မမှန်မေးတော့မှန်တဲ့အကြောင်း အမူအယာ
ပြတယ် ။ ဒီနောက်ဆက်သွယ်နိုင်မဲ့သူမရှိဘူးလားလို့မေးကြည့်တော့ “သား”တယောက်ရှိတယ်ဆိုတဲ့အထိသာ
ပြောနိုင်ပါတော့တယ် ။ ဆက်မေးလို့လဲ မပြောနိုင်တော့ ရေးလဲမရေးနိုင်နဲ့ခြေကုန်လက်ပမ်းကျသွားပြီ ။ သူနဲ့
ပတ်သက်တဲ့ Camp က အချက်အလက်ဆိုရင်လဲ   Body No . 0097 /11  ,  Blok –F  , Tanninganu  ,နဲ့
နာမည် Ulatery Bin Mauchik ဆိုတာလောက်ပဲ သိရတယ်သူ့ကိုအရေးတယူမေးနေတဲ့အချိန်မှာသူကျွန်တော်
ကိုနှုတ်မှစကားဖွင့်လို့မပြောနိုင်ပေမဲ့ “ ငါ့တူရယ် ဖြစ်နိုင်ရင် ငါ့ကိုကယ်ပါကွာ ၊ ငါဒီအထဲမှာဘယ်လောက်ထိနေ
နေရမှာလဲကွာ ”လို့ အဓိပါယ်ရတဲ့သူ့မျက်လုံးတွေက အားကိုးတကြီးနဲ့ကြည့်နေရှာတယ်။
          ခက်တာက သူအကြောင်းကိုစေ့ငုဃင စွာပြောနိုင်မဲ့ သူနဲ့အတူတူထောင်ကျဖော်ကျဖက်တွေကအသီး
သီးအပြင်ကိုရောက်တဲ့သူရောက် ၊မြန်မာပြည်ပြန်တဲ့သူကပြန်နဲ့ဆိုတော့ သူ့ကိုယ်စားသူ့အကြောင်းပြောနိုင်တဲ့
သူက မရှိတော့ဘူးလေ၊ မြန်မာပြည်ကို“ CI ” လျှောက်ပြီးပြန်မယ် ဆိုပြန်တော့လဲ လိုအပ်တဲ့ (၁) မှတ်ပုံတင်နံ
ပတ် တို့၊ အိမ်ထောင်စုစာရင်းမိတ္တူ တို့ ၊ နေရပ်လိပ်စာတို့ ၊၇ပ်ကွက်ထောက်ခံစာတို့ ဘယ်လိုမှမေးမြန်း လို့မရ
တော့တဲ့ အနေအထားဗျာ ၊
          သက်ရွယ် အိုကြီးအိုမအရွယ်ကျကာမှ ကျန်းမာရေးကမကောင်း ၊ ကင့်ပ် ထဲမှာဆိုတော့ မိသားစုလိုပြုစု
ယုယမဲ့သူမရှိ ၊ လွတ်ရက်ကလဲ မသိ ၊မရှိ နဲ့အတော်ကလေးဒုက္ခရောက်နေရှာတယ်ဗျာ၊အပြန်လမ်းတလျှောက်
လုံး ကျွန်တော်အတွေးထဲမှာ သူအကြောင်းပဲလုံးလည်ခြာလည်လိုက်နေတော့တယ်။ကျွန်တော်ကတော့ပြသနာ
ရှိရင် အဖြေရှိ၇မယ် လို့ယုံကြည်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တယောက်ထဲတော့ ဖြေရှင်းလို့မရနှိုင်ဘူး ၊ ဒါ
ကြောင့် အားလုံးကိုအသိပေးရင်းနဲ့ ၀ိုင်းဝန်းအဖြေရှာပေးကြဖို့မေတ္တာရပ်ခံလိုပါတယ် ။ ကျွန်တော်လည်း ရသမျှ
အချိန်ကလေးမှာ ရတဲ့အခွင့်အေ၇းလေးကိုအသုံးချလို့ ( လ၊၀၊က )တွေအလစ်မှာ ဓာတ်ပုံရိုက်ယူလာခဲ့တယ် ။
အောက်မှာဖော်ပြတဲ့ပုံက ဒီနေ့ ( ၃၀-၅-၂၀၁၂ )ဗုဒ္ဒဟူးနေ့ မှာရိုက်ယူခဲ့တဲ့ သူ ( ဦးစိုး - မော်လမြိုင် ) ရဲ့ဓာတ်ပုံ
ပဲဖြစ်ပါတယ် ၊ မော်လမြိုင်မှ လာရောက်လုပ်ကိုင်ကြတဲ့သူတွေ ၊ သူနဲ့ အတူတူ အလုပ်လုပ်ကိုင်ဘူးခဲ့တဲ့သူတွေ ၊
သူအကြောင်းသိတဲ့သူတွေ ၊ ကိုယ်၏စောင့်မခြင်း ၊ နှုတ်၏စောင်မခြင်း နဲ့ကူညီကြစေလိုပါတယ် ၊ ကျွန်တော်တို့
တိုင်းတပါးမှာ ကိုယ်အမျိုးကိုယ်စောင့်ရှောက်ဖို့ အထူးပဲလိုအပ်လှပါတယ် ။ အကယ်၍ ဒီစာကိုဖတ်ရှုမိပြီး သူ့ကို
မှတ်မိကြသူများ ကျွန်တော်ထံ ဖုံးဆက်အကြောင်းကြားနိုင်ဖို့ ဖုံးနံပတ် နဲ့ဆက်သွယ်၇န်အီးမေးလ် ကိုတပါတည်း
ဖော်ပြပေးထားပါတယ် ။
          နောက်ဆုံးပြောချင်တာလေးကတော့ ၊ ကျွန်တော်ဟာ အမှုပွဲစားလုပ်စားတာမဟုတ်သလို ၊ ကျွန်တော်
နဲ့လဲဆွေနီးမျိုးစပ်တော်စပ်ခြင်းလဲမရှိပါ ။ ဒါပေမဲ့ လူကျင့်ဝတ်အရ ကင်မ့်ထဲမှာနှစ်ရှည်လများဒုက္ခ အမှန်တကယ်
ရောက်နေတဲ့သူကို အပြင်မှာရှိနေတဲ့လွတ်လပ်နေတဲ့ကျွန်တော်တို့တတွေ တဖက်တလမ်းက ကူညီကြရ အောင်
လားဗျာ။ ကျွန်တော် အိမ်ပြန်ရောက်ရောက်ခြင်း သူ့ပေးထားတဲ့မော်လမြိုင်ဖုံးနံပတ်ကိုဆက်သွယ်ကြည့်ပါသေး
တယ်၊ ညဖြစ်နေလို့ပဲလားတော့မသိဘူးမကိုင်ပါ။ အထူးသဖြင့် နီးစပ်ရာ မော်လမြိုင်သူ ၊ မော်လမြိုင်သားများ ၊
ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြစေလိုပါတယ်
ကိုမျိုး              ဖုံး  - ၀၁ရ -၃၀၇၄ ၆၂၂ 
                     email: myon2962@gmail.com
       Tanninganu Immigration Detention Centre တွင်
               တွေ့ခဲ့ရသော ဦးစိုး ( မော်လမြိုင် )
လေဖြတ်ထား၍ ဒုက္ခိတဘ၀ နှင့် ကင့်မ် ထဲတွင်
လွတ်ရက်ကိုမှန်းဆမရ နိုင်သော ဦးစိုး (မော်လမြိုင်)
ဆက်သွယ်ရန်ဖုံး -မော်လမြိုင် ၁၁၂၄၅ ဟုပြောပါသည်။
ဦးစိုး (မော်လမြိုင်)နှင့် အတူတူနေထိုင်ဖူးသူ
အတူတူအလုပ်လုပ်ကိုင်ဖူးသူ ၊ သူအကြောင်းသိရှိသူ ၊
သူ၏မိသားစုနှင့်ဆက်သွယ်ပေးနှိုင်မည့်သူများ
ကူညီဆက်သွယ်ပေးကြပါရန်
ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blog/show?id=5442636%3ABlogPost%3A4377127&xgs=1&xg_source=msg_share_post#ixzz1wX1yOXD7
Saturday 19 May 2012
ကိုယ့်နာမည်ကို စစ်ဆေးကြည့်ပါ၊
ဒီတစ်ခါတော့ FWDမေး လေးတစ်ခုကို ဖုးစာရှင်လေးမန်ဘာများအတွက် တင်ပေးလိုက်ပါတယ် ကျွန်တော်တင်ပေးတဲ့ ပိုစ့်ကိုကြည့်
ပြီး  စိတ်ကုးယဉ်ကြပါဗျာ၊
သူငယ်ချင်းရေ...
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို
.......
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို
L  = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I   = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N  = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော. ။  Good Luck !  
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။
ကဲ ဘယ်လိုလဲ ? တိုက်ဆိုင်မှုရှိမရှိ ကိုယ်ကိုတိုင်ဘဲ သိမှာပေါ့
အားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..
မမှန်ရင်တော့ ကျောက်ခဲနဲ့တော့ ထုပါနဲ့နော်
http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A5132914&xgs=1&xg_source=msg_share_post
(၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့်အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)
(၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ
အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)
အသက်(၅)နှစ်အရွယ် မိန်းကလေးအား မုဒိန်းမှု ကျူးလွန်ခဲ့သော ဦးခွေး(ခ)ဦးမြဒင်ကို မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီး ဒေါ်နွယ်နွယ်ရီမှ ငွေရယူပြီး အမှုမှ တရားသေလွတ်ပေးခဲ့။
ချောင်းဆုံမြို့နယ်၊ ရပ်ကွက်(၁)၊ညောင်လမ်းကျေးရွာနေ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်မှာ (၂၇.၅.၂၀၁၁)ရက်နေ့၊ ညနေ(၂)နာရီခွဲလောက်တွင် ရွာထဲတွင် သွားကစားနေစဉ် မိခင်ဖြစ်သူမှ ကျူရှင်သွားပို့ရန် အတွက် (၂)နာရီကတည်း ကရွာထဲတွင် လိုက်ရှာခဲ့ သည်။ ဘယ်နေရာမှ မတွေ့ပေ။ (၂)နာရီခွဲ လောက်အချိန်တွင် ကလေးမှာ ငိုယိုပြီးအိမ်သို့ပြန်လာခဲ့သည်
။ ကလေးမိခင်က လျှောက်ကစား နေသည်မှတ်ပြီး ရိုက်ဖို့ချိန်ရာ ကလေးရဲ့ ပေါင်ကြားမှ သွေးများ စီးကျနေသည်ကို တွေ့ရသည်။ ထို့ကြောင့်ကလေးဖခင်က ကလေး ဘာဖြစ်တာလဲ မသိဘူး။ ဆိုပြီး ကလေးဘောင်းဘီကို ချွတ်ကြည့်ရာ ကလေးရဲ့တန်ဆာကွဲနေတာကို တွေ့ရသည်။ ကလေးမှ ဝမ်းသွားချင်တယ်။ ဆီးသွား ချင်တယ်ဆို၍ အိမ်သာတည်တော့ မတက်ဘူး။ ကလေးကို ဘယ်သူ၊ ဘာလုပ်လဲ ဟုမေးရာ နွားအဘိုးကြီး၊ နိုင်ခွေး သမီးကို မချလူးနှင့် ထိုးတယ် ဟုပြောသည်။
အိမ်အပေါ်ထပ်မှ ဖိုးလေးကို ကလေးမိခင်က ဘယ်လိုလုပ်ရမှာလဲဟု မေးရာ ဖိုးလေးကသွား၊ ရဲစခန်း သွားတိုင် ဟုပြောဆို၍ ရွာလွတ်ရဲစခန်းသို့ သွားရာ ကုလားဆိုသူ ရဲသားလေး တစ်ဦးသာ ရှိတယ်။ ကျန်တဲ့သူ တစ်ယောက်မှ မရှိပေ။ ရဲတပ်သားအား အကျိုးအကြောင်းပြောပြရာ တပ်ကြပ်ကြီး သန်းဦးဆီ ဖုန်းဆက်ပေးခဲ့သည်။ ထိုအချိန်တွင်လည်း ကလေးငယ်မှ အခင်းကြီး အခင်းငယ် သွားချင်တယ် ဟုဆိုသဖြင့် အိမ်သာသို့ တင်ပေးခဲ့ပြန်သည်။ ကလေးမှ စပ်တယ်ဟုပြောရာ ကလေးမိခင်မှ ဆေးရုံသွားလျှင် ကောင်းမည်ဟုစဉ်းစားမိကာ ရွာလွတ် ဆေးရုံသို့သွားခဲ့သည်။ အတွင်းရေးမှုး ဦးအေးလွင်မှလိုက်ပို့ပေးခဲ့ပြီး သွားခဲ့ရာ ဆရာဝန်မကြီးက မြို့သွားနေ၍ ထမိန်နီဝတ် ဆရာမတစ်ယောက်မှ အနာကိုကိုင်ပြီး သွေးတိတ်အောင် ဂွမ်းတွေနှင့် လုပ်ပေးခဲ့သည်။
ရွာလွတ်ဥက္ကဌ ဦးကျော်ဟို၊ ညောင်လမ်းဥက္ကဌ ဦးဘတုံး၊ တပ်ကြပ်ကြီးသန်းဦးတို့ ရောက်လာပြီး ကလေးကို ဝိုင်းမေးရာ ကလေးက ယခင်မိခင်ကို ပြောတဲ့စကားများအတိုင်း ပြန်ပြောသည်။ ကလေးလက်ထဲတွင် ပိုက်ဆံ (၅၀) လည်း ပါတယ်။ မုန့်ဝယ်စား၊ နင်တို့အမေကိုပြန်မပြောနဲ့။ ပြောရင် လည်ပင်းညှစ် သတ်မယ်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပြောပြသည်။ ဆရာဝန်မကြီးမှ လေးနာရီခွဲ၊ ငါးနာရီ ဝန်းကျင်လောက်တွင် ရောက်လာပြီး ကလေး တန်ဆာအား ပြန်ကြည့်သည်။ ဂွမ်းတွေ အသစ်ပြန်လဲပေးသည်။ ဆေးစာအုပ် ရေးပေးပြီး ချောင်းဆုံရဲစခန်းကို လွှတ်လိုက်သည်။ ချောင်းဆုံရဲစခန်းကို အရင်သွားပြီး ရဲမှုးမှကလေးကို စစ်မေးသည်။ ကလေးမှမွန်ဖြစ်သောကြောင့် မွန်စကားပြန် (ရဲမိန်းမ)တစ်ယောက်ကိုခေါ် ပြီး စကားပြန်လုပ်ခိုင်းရသည်။ ရဲမှုးမှ သမီးကို ဘယ်သူလုပ်လဲဟု မေးရာ ဦးခွေး၊ ဦးခွေးကိုပြရင်သိလား ဆိုတော့သိတယ် ဟုဆိုသဖြင့် နာမည်တူ တခြားလူတွေကို ခေါ်ပြရာကလေးက မဟုတ်ဘူးဟု ပြောသည်။ ဦးခွေးကိုခေါ်ပြပြီး သမီးသူ့ကို သိလားဟုမေးရာ ကလေးက အဲ့ဒါဦးခွေးဘဲဟုပြောပြီး တရားခံအား တွေ့သည်နှင့် ကလေးမှာ ငိုယိုသည်။ သူမမျက်နှာကို မိခင် ရင်ဘတ်ထဲအုပ်ပြီး ငိုသည်။
ကလေးမိသားစုကို ချောင်းဆုံဆေးရုံသို့ ပြန်သွားခိုင်းခဲ့သည်။ ဆေးရုံရောက်သောအခါ ကလေးတန်ဆာကို ကြည့်သည်။ ပြီးလျှင် ဂွမ်းပြန်လဲပေးသည်။ စာရွက်တစ်ရွက်ပေးလိုက်သည်။ ညတွင်းချင်းရွာကိုပြန်လာပြီး မော်လမြိုင်ကို ညတွင်းချင်း ပြန်တက်သည်။ ထိုအချိန်တွင်ည(၁၁)နာရီလောက်ရှိနေပြီ။ နာစ်မများက ကလေးကိုရော၊ မိခင်ကိုပါမေးပြီး ကလေးရဲ့တန်ဆာကို ဂွမ်းပြန်လဲပေးပြန်သည်။ ပြီးလျှင်ဆေးသွင်းပြီး ချိတ်ပေးသည်။ ကလေးမှာ အခင်းဖြစ်တဲ့ တစ်နေ့လုံး တစ်နေရာကနေ တစ်နေရာကို လူကြီးများနှင့်အတူ လိုက်သွားနေရပြီး ခဏခဏလည်း အစစ်ဆေး၊ အမေးမြန်းခံနေရ၊ အနာကိုလည်း ဆေးထည့်ထည့်ခံနေရ၊ ဂွမ်းလဲ ခဏခဏ လဲနေရသောကြောင့် နောက်ဆုံးမှာ ကုတင်ပေါ်တွင် မျော့မျော့သာရှိ တော့သည်။ ဆေးရုံမှာ တစ်ညအိပ်လိုက်ရသည်။
မနက်မိုးလင်းတော့ ဆရာဝန်မကြီးမှ ကလေးရဲ့ အနာကိုချုပ်ပေးသည်။ ဆရာမမှ ဆေးဝယ်ခိုင်း၍ ဆေးဝယ် ထည့်ပေးရသည်။ ပြီးလျှင် လှုမှုရေးအဖွဲ့ အစည်းများသို့ သို့တိုင်ကြားခဲ့သည်။ လှုမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခဲ့သည်။ ကလေးရဲ့ ရုံးချိန်းစားရိတ်နှင့် ဆေးဝယ်စရိတ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ အမှုကို မော်လမြိုင်ခရိုင် တရားရုံးမှစစ်သည်။ ကလေးမိခင်နှင့်ဖခင်မှာ ရုံးချိန်းများကိုလည်း မပျက်မကွက် သွားရောက်ခဲ့ကြသည်။ သက်သေများကိုလည်း တရားရုံးမှ ခေါ်ခိုင်းသည့်အတိုင်း အတိအကျ လိုက်နာခဲ့သည်။
အမှုကို (၁၁.၄.၂၀၁၂) ရက်နေ့က အမိန့်ချမှတ်ခဲ့ရာ တရားခံမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။ ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရန်နှင့် ကျူးလွန်ခံရသော ကလေးဘက်မှ အမှန်တရားအတိုင်း ဖြစ်ပေါ်စေရန် အတွက် ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံ အပ်ပါသည်။
ခိုင်လုံသော သတင်းရပ်ကွက်အရ တရားခံဘက်မှ တရားသူကြီးအား ငွေသိန်း(၄၀) ပေးသောကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်ပေးခဲ့သည်ဟု သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တရားခံ၏ သမီးနှင့် ချဲဒိုင် လောင်းကစားလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေသောကြောင့် တရားခံဘက်မှ လိုက်ပါပြီး အမှုမှန် မပေါ်အောင် သက်သေအတုများကို လုပ်ကြံ ဖန်တီးပေးခဲ့ပါသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန်
လေးစားစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။
Friday 18 May 2012
တနယ်စီဝေး(အဂ္ဂမိုး)
ကလေးရယ်ကြယ်(မိုမို)
Baby(အာဒဏ်)
မ မချစ်လို့ မဖြစ်
ပလောင်သီးချင်း
ဇာတ်သိမ်းပိုင်း
အချစ်အဝေး
သို့ (ထူးအလ်လင်း)
QQ များတွက်
သူငယ်ချင်းလေး(စံပီး)
** မ **
မငိုပါနဲ့ ကလေးရယ်
မမျှော်လင့်ပဲ
ရည်စားဦး(Dဖြိုး)
အရမ်းချစ်တယ်မင်းသမီးလေး
ကျေးဇူး
Never-Meet
စကားလေးတခွန်း
အင်တာနက်ချစ်သူ
မင်းပြန်လာမဲ့အချိန်
မ တွက်သီးချင်း
အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ 
အဖြူရောင်သတိုသမီး
အလွမ်းဝင်္ကပါ
ဝါရင့်သမ္ဘာရင့်အလွမ်းစာမျက်နှာ
မင်းနဲ့ မဆုံးသရွေ့ 
အလှဘုရင်မ
My Home Paradise
အဓိကသူငယ်ချင်းလေး
ထာဝရသင်ခန်းစာ
ယုံပါ
မျက်စိပိတ်နားပိတ်ယုံ
တသက်လုံးချစ်မဲ့သူခိုးချစ်ရတဲ့သူ
ကိုယ်ရေးကိုယ်တာ
သို့  ၁၅၀၀စက္ကထရီ(ဟဲလေး)
ပစ်မထားနဲ့  မ ရယ်
* မမ *
မငြိတွယ်နဲ့ (လင်းလင်း)
အပြုံးGood Bye
God Send Rain
ပေးပြီးသာ(Dယံ)
သူငယ်ချင်းမင်းလေးသိပါစေ
ခခယယချစ်သူ(အဂ္ဂမိုး)
မင်းတယောက်တည်းအရင်လို့ ချစ်ဆဲမင်းကို
ဖတ်တီးမ(လွှမ်းပိုင်)ချစ်နေမိပြီး(အဂ္ဂမိုး)
အလွမ်းမပေးပါနဲ့ 
ချစ်တယ်ဟုတ်သူစိမ်းတယောက်ပါ(မျိုးကြီး)
ကိုကိုသိပါစေအ၀ါရောင်လမ်းကလေး
마리아(Maria)ရပ်(နီနီခင်ဇော်)
နှုတ်ဆက်မျက်ရည်ဇာတ်သိမ်းခန်း
မျောက်ဖြစ်ချင်တယ် မင်းရဲ့ အရိပ်ကလေး
ကြယ်ကြွေးကောင်းကင်သစ္စာ(၀င်းထွဋ်)
မင်းနဲ့ ဆိုရင် ငွေတောင်တန်းဆီပြန်ခဲ့ပါ
Saturday 12 May 2012
အမေသို့  အဝေးရောက်သားမှ ပေးပို့ သောစာ
အမေ တဲ့ စကား လုံး က နှစ် လုံး တည်း ဆို ပေ မယ့် အဓိပါယ် က တော့ အလေးနက် ဆုံး
 ပေါ့ ...အမေ ဆို တာ လူတိုင်း မှာ ရှိ ကြ ပါ တယ်... အမေ ရဲ့ မေတ္တာ တွေ ကို 
ဘယ် သူတွေ ကျေ  အောင်ဆပ် နှိင် ခဲ့ ကြ ပါ သ လဲ ....
ကျွန်တော့် ရဲ့  ရင် ထဲံ မှာ တော့ အမေ ပာာ ကျွန်တော်ဘ၀ ထဲ က
အမြဲ လင်း လက် နေ တဲ့ လမင်း ကြီး တစ် ဆင်း ပါ ပဲ အမေ ရယ် ....
မှောင် မှိက် တဲ့ သား ရဲ့ ညတွေ မှာအမေ့ ရဲ့  အားပေးမှု တွေ ဆို ဆုံး မ ခြင်း တွေ ပာာ သား
အတွက် တော့ လမင်း ကြီး တစ် စင်းလင်းလတ် နေ သ လို ပါ ပဲ အမေ ၇ယ်....အေးမြ နေ တဲ့ 
အမေ ရဲ့  မေတ္တာ ရိပ် က သားအတွက်တော့ အခြားအရာ တွေ နဲ့  နှိုင်း ယှဉ် လို့ 
မ ရ လောက် အောင် ကို နက် ရှိုင်း နေ ပါ ပြီ ...
အမေ သား ကို မွေး ဖွား ပေး ခဲ့ တာ အခု ဆို ၂၈ နှစ် တိုင် ခဲ့ ပါ ပြီ အမေ...
ရုတ်တရက် အမေ ပြောဖူးတဲ့ စကားလေး တစ်ခွန်းကို အမှတ်ရမိတယ်။
“သားရယ်…
သားကို မမွေးဖွားခင် ညတုန်းကတော့ အလူးအလဲ ခံစားရတာပေါ့၊နောက်နေ့မနက်မှာ
သားကို မွေးလည်းပြီးရော အမေ ခံစားခဲ့ရတာတွေက ဘယ်ရောက်သွားမှန်းကို မသိဘူး”။
အဲဒီအချိန်က အမေ ပြုံးပြီးတော့ ပြောခဲ့တာပါ။ သားကို ဘယ်တော့မှ မမေ့အပ်စေတဲ့ 
စကားလေးတစ်ခွန်းပါ အမေ။ သား ဒီနေ့အချိန်မှာ ရပ်တည်နေထိုင်နိုင်တာဟာ 
အမေ့ ကျေးဇူးတွေ  ကြောင့်ပါပဲ အမေ။အမေဆိုတာ သားသမီး တွေကို မြတ်နိုးတတ်သော
စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးကို ခေါ်တာပါပဲ အမေ။အဲဒီ မြတ်နိုးတဲ့ စိတ်မှာ 
တစ်စုံတစ်ခုသော ကိလေသာ မပါ ပါဘူး။ သားတွေကို ပညာတတ်ဖြစ်ပြီး
တင့်တယ်စေချင်ခဲ့တဲ့ အမေ့ရဲ့ စေတနာ၊ မေတ္တာကို အခုအချိန်မှာ ပိုပြီး နားလည်ခဲ့ရပါတယ်။
သားတို့ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် ပင်ပန်းဆင်းရဲကြလိမ့်မယ်လို့ ပြောခဲ့တဲ့
စကားသံတွေဟာသားတို့အပေါ်ထားတဲ့ မေတ္တာစိတ် တစ်ခုတည်းကြောင့် ဆိုတာ သား 
သိခဲ့ရပါတယ်။အဲဒီပုံရိပ်လေးတွေက သားတို့ အတွက် မေ့ဖျောက်ထားလို့ မရခဲ့ပါဘူး အမေ။ 
အခုအချိန်ထိ သားဘ၀ရဲ့ရလာတဲ့ အောင်မြင်မှုတွေဟာ အမေ့ ကျေးဇူးတွေကြောင့်ပါ။
အမေ။ သားတို့ အတွက်လောကဓံတွေကို အန်တုခဲ့ရတာတွေ၊ မျက်ရည်ကျခဲ့ရတာတွေဟာ 
သားတို့ကိုအမေ ပေးခဲ့တဲ့ခွန်အားတွေပဲပေါ့။အခုဆိုရင် အမေ အသက်က ၇၀ ပြည့်တော့မယ်။
ရုန်းကန်ခဲ့ရတဲ့ဘ၀ကကြမ်းတမ်းခဲ့တာကြောင့် အမေ့မှာ ဝေဒနာတွေ မကြာခဏ
ခံစားနေရတာလည်း သားသိပါတယ်အမေ ရယ်...
ဖြစ် နှိင် ရင် အဲ့ ဒီ ဝေဒနာ တွေ ကို သား သာ ခံ လိုက် ချင် ပါ တယ် အမေ ရယ်...... အမေ...
ဘ၀ မှာနှိုင်းယှဉ်လို့မရတာ ဟာ အမေ ပါ..သာသမီးတွေကို ဘယ်လောက်ထိချစ်လဲ........ဆိုရင်
ကိုယ့်ရဲ့အသက်ကိုတောင်တစ်ဝက်ပေးထားတဲ့ ............ တန်ဖိုးရှိတဲ့အမေ.....
ကျွန်တော်လည်းကျွန်တော့်အမေကို အရမ်းသတိရ အရမ်းလွမ်းတာပေါ့ဗျာ....ဒါပေမယ့်အမေနဲ့ 
ကျွန်တော်ကပြည်ခြား..နယ်ခြားနေတယ်လေ....အမေအခုချိန်ဆို ဘာတွေလုပ်နေမလဲ....?
အမေနေများကောင်းရဲ့ လား...? ...အစစအရာအရာ အားလုံးပေါ့...သတိရ 
စိုးရိမ်ပူပန်နေမိတယ်...
ကျွန်တော်တို့ ဒီမှာ ...သူများတွေဆို မိမိရဲ့ မွေးသမိခင်ကျေးဇူးရှင်(အမေ)နဲ့ 
အပြင်မှာသွားလည်ကြ ...စားကြ...သောက်ကြနဲ့ ပျော်ရွှင်ကြည်နူးပုံများဟာ...
ကျွန်တော့်ရဲ့ မျက်စိ...နား ကနေတဆင့်စိတ်ထဲသို့ ဝင်လာကာ...
ကျွန်တော်အလွန်ပင်ဝမ်းနည်းပြီး...အမေကိုအရမ်းသတိရမိတယ်ဗျာ...
အမေ့ဆီကိုဖုန်းဆက်လိုက်ရင် အမေခမျာ...
ကိုယ့်သားဆီကဖုန်းလာတယ်ဆိုတာနဲ့ အမေ့အသံကနေ
အမေ၀မ်းသာနေတယ်ဆိုတာသိရတယ်...နောက်ပြီးကိုယ့်သားကို ကျန်းမာရေး..
အစားအသောက်...အသွားအလာ...မှာလိုက်တာများကြီးပဲဗျာ...အဲ့လို မှာပုံ..မှာသံတွေကို
ကြားရင်လေ..ကျွန်တော်အရမ်းကိုသတိရ၀မ်းနည်းမ်တယ်ဗျာ....ဘယ်အသက်အရွယ်ပဲ
 ရောက်လာပါစေ..မိဘတိုင်းဟာ သူ့ တို့ ရဲ့ မျက်လုံးစုံမှာရော...စိတ်ထဲမှာပါ ကိုယ့်သား သမီး
ဟာအမြဲတမ်းပူတူးတူးလေးလို့ ပဲထင်နေတတ်ကျပါတယ်...ဘာလို့ လဲဆိုတော့ချစ်တာကိုးဗျ........
ဒါတွေကိုကျွန်တော်မသိခဲ့ဘူး....အဝေးရောက်မှသိခဲ့တယ်...အဲ့ဒီ့အတွက်အရမ်းပဲ နောင်တရ...
ဝမ်းနည်းမိတယ်ဗျာ....မိခင်တိုင်းရဲ့ ကျေးဇူးဟာ မြင့်မိုရ်တောင်ထက်မက ကြီးမားလှသည်
လူတိုင်းသိပြီးသားဖြစ်ကြမှာပါ....ကဲဒီတော့...
ယနေ့ လိုအမှတ်တရနေ့ တစ်နေ့ ဖြစ်တဲ့ ...မွေးသမိခင်ကျေးဇူးရှင်များနေ့ (အမေများနေ့ )လေးမှာ
သူငယ်ချင်းတို့ လည်း မိမိရဲ့ မွေးသမိခင်ကျေးဇူးရှင်ကို အမှတ်တရလက်ဆောင်လေး နဲ့ 
အမှတ်တရစကားလေးများပြောကြားရင်း...မိမိငယ်စဉ်ကပြောမှားဆိုမှားများရှိခဲ့သော်
ခွင့်လွှတ်ပေးရန်တောင်းဆိုပြီး...ဦးသုံးကြိမ်ချပြီး ကန်တော့ဖို့ မမေ့ကျနဲ့ အုံးနော်.......
ကျွန်တော်လည်းကျွန်တော့်အမေကိုဤယနေ့ ခေတ်ေ၇ပန်းစားနေသောInternet(အင်တာနက်) 
မှကျွန်တော့်ရဲ့ စိတ်နှလုံးသားရှိသတိရ...အမှတ်ရ...တောင်းပန်စာလေးကို မေမေ့ဆီသို
“မေမေ သားလေမေမေ့ကို
အရမ်းသတိရတာပဲဗျာ....မေမေ နေကောင်းရဲ့ လားလို့ လဲအမြဲတမ်းစိတ်ပူသတိရမိတယ်...
နိုင်ငံရပ်ခြားရောက်မှပဲမိခင်ရဲ့ မေတ္တာရိပ်မည်မျှကြီးမားတယ်ဆိုတာကို 
ပိုမိုနားလည်လာခဲ့တယ်...မေမေသားကိုဘယ်လောက်ချစ်တယ်ဆိုတာ
သားနားလည်ပါတယ်....သားအရင်က ပြောမှားဆိုမှားတာတွေ.
.မေမေ့ကိုစိတ်ပူအောင်လုပ်ခဲ့မိတာတွေရှိခဲ့ရင်..
.နောက်ပြီး....၀မ်းနည်းအောင်လုပ်ခဲ့မိရင် သားကိုခွင့်လွှတ်ပါလို့ 
ဤ Interner (Online) ပေါ်ကနေရှိခိုးတောင်းပန်
ကန်တော့လိုက်ပါတယ်နော် မေမေ...တကယ်ဆိုသားလေ..
.မေမေ့ရဲ့ ခြေစုံကို
သားရဲ့ ဦးခေါင်းနဲ့ ထိပြီးကန်တော့ချင်တာပါ...ဒါပေမယ့်...မေမေနဲ့ သားနိုင်ငံရပ်ခြားနေခြင်း
ကြောင့်သားဒီကနေပဲကန်တော့လိုက်ပါတယ်နော်...မေမေ......
မေမေ လည်း ဒီနေ့ ဒီရက်လေးကစပြီး
စိတ်၏ချမ်းသာခြင်း....ကိုယ်၏ကျန်းမာခြင်း
များနဲ့ ပြည့်စုံပါစေလို့ သားဆုတောင်းပေးလိုက်ပါတယ်နော်......
မေမေ....(အမေများနေ့ )
မှာပျော်ရွှင်ခြင်းများနဲ့ ပြည့်နှက်ပါစေလို့ သားဆုတောင်းလိုက်ပါတယ်နော်.....
P.S...အမေများနေ့ မှာသား မေမေ့ကိုပြောချင်တဲ့ အမှတ်တ၇စကားလေးကတော့.....“မေမေ့ကို
သားလေအရမ်းချစ်တယ်.....မေမေ”
မွေးသမိခင်ကျေးဇူးရှင်များရဲ့ နေ့ ဖြစ်သော အမေများနေ့ မှာ ကမ္ဘာတစ်ဝှမ်းလုံး ရှိ မိခင်များလည်း
စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်...........
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေဟာအမေပါပဲ
ကျေးဇူးတင်လွှာ
အမေဘလော့ လေးရေးဖြစ်အောင် ကူညီခံစားပြီး ၀ိုင်းဝန်ေ၇းသားပေးသော ညီလေး ကိုကိုမောင်
အမေတခု သားတခု fash သီးချင်းလေးရှာဖွေပေးခဲ့ သောသူငယ်ချင်း ရွှေမြို့ သူ
တိုကို ကျွန်တော်မှ ကျေးဇူးတင်ရှိပါတယ်
သူငယ်ချင်းအားလုံးကို ခင်မင်လျှတ်
mraungmintun
Saturday 5 May 2012
ကားတိုက်ခံရသော မြန်မာအလုပ်သမားလေးအတွက် အားလုံးကူညီကြပါရန်
မင်္ဂလာပါ
ဒီနေ့ ကျွန်တော်တို့ထံလာရောက်အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုကို မလေးရှားရောက်မြန်မာ ညီအကိုမောင်နှမအားလုံးသိနိုင်ရန် ကျွန်တော် ဘလော့ရေးပြီး အကူညီတောင်းပါတယ်ခင်ဗျာ ။
အကြောင်းက ပီနန်း တွင်လာရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား မောင် ဇင်အောင်စိုးဟာ ပြီးခဲ့တဲ့ 5.1.2012 က အလုပ်မှဆိုင်ကယ်စီးပြန်လာစဉ် အရှိန်ပြင်းမောင်နှင်လာသော ကားတစ်စီးမှ စက်ချို့ရွင်းပြီး မောင်ဇင်အောင်စိုးကို ဝင်ရောက်တိုက်မိခဲ့ပါတယ် ။
ထိုသို့အတိုက်ခံရတဲ့ မြန်မာ အလုပ်သမားလေး မောင်ဇင်အောင်စိုးမှာ ထိုနေရာမှာပင် သတိမေ့ ခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးသို့ ချက်ချင်းတင်ဆောင်ခဲ့ရပါတယ်။
ယနေ့ မေလ သို့ရောက်ရှိသည့်တိုင် မောင်ဇင်အောင်စိုးရဲ့ ကျမ်းမာရေးအခြေအနေမှာ အထူးအရေးပေါ်အခြေအနေ ဖြင့် ကုသနေရဆဲဖြစ်ပြီး ဆေးကုသမှု့ အားလုံးဆောင်ရွက်သော အခါ ပြန်လည်မလုပ်ကိုင်နိုင်သော အခြေအနေသို့လုံးဝရောက်ရှိခဲ့ပါတယ် ။ ထို့သို့သာမက နေအိမ်သို့ရောက်ရှိသော်လည်း လုံးဝပြန်လည်မကောင်းမွန်ပဲ ယနေ့ ပီနန်းဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး အခက်ခဲပေါင်းများစွာဖြင့်ကြိုးစားကုသရာမှာ ကျွန်တော်တို့ အကူညီများစွာလိုအပ်လျှက်ရှိပါတယ်ခင်ဗျာ ။
သို့ပါသောကြောင့် ဧဒင်ဥယျာဉ်တွင် ရှိနေသော ရန်ပုံငွေမှ ရှိသလောက်ကူညီမည်ဖြစ်သည့်အပြင် မလေးရှားရောက်မြန်မာများအားလုံး ဝေဒနာများစွာ ခံစားနေရသော မောင်ဇင်အောင်စိုးအား ဝိုင်းဝန်းကူညီနိုင်ဖို့ ကျွန်တော် ဒီဘလော့ဖြင့် အဖွဲ့သားအားလုံးထံ အကူညီတောင်းခံပါတယ်ခင်ဗျာ ။
မောင်ဇင်အောင်စိုး၏ မိသားစု ရှိပါက သိရှိနိုင်ရန် မောင်ဇင်အောင်စိုး၏ပုံ
ကားတိုက်ခံရအပြီး မောင်ဇင်အောင်စိုး
ခွဲစိတ်ကုသမှု့ မလုပ်ခင် မောင်ဇော်အောင်စိုး
ခွဲစိတ်ကုသမှု့ 3 ကြိမ်အပြီး
စတီးချောင်းစိုက်ကာ နေထိုင်ရတော့မည့် ခါးအောက်ပိုင်း
ယခု မောင်ဇင်အောင်စိုးမှာ မည်သို့မှ တောင့်ခံနိုင်သော ငွေအင်အား ၊ ကုသစရိတ်များ ဖြင့် အခက်ခဲများစွာ အံတုရင်ဆိုင်ခဲ့ပေမယ့် မတတ်နိုင်သော အခြေအနေ များကြောင့် အောက်ပိုင်းတော်တော်များများကို ဖြတ်ထုတ်လိုက်ရပါတယ် ။ အောက်ပါပုံများမှာမောင်ဇင်အောင်စိုးရဲ့ နောက်ဆုံး ခွဲစိတ်မှု့အပြီးအခြေအနေဖြစ်ပါတယ်ခင်ဗျာ။
ခြေထောက်မရှိတော့ရှာသော မောင်ဇင်အောင်စိုး
ဒုတိယအကြိမ် ဆေးရုံပြန်တက်နေရသောမောင်ဇင်အောင်စိုး
ယခု ဒုတိယအကြိမ် ဝေဒနာများစွာကို ရင်ဆိုင်နေရသော မောင်ဇင်အောင်စိုး၏ နောက်ဆုံးအခြေအနေ
မလေးရှား ရောက်မြန်မာ ညီအကိုမောင်နှမများသာမက နိုင်ငံတစ်ကာက ဒီဘလော့ကိုဖတ်ရှု့နေသော အဖွဲ့ဝင်များခင်ဗျာ။
ယခု မောင်ဇင်အောင်စိုး မှာ ဆေးရုံသို့ဒုတိယအကြိမ်အဖြစ်တက်ရောက်ကုသနေရပြီး စရိတ်များစွာကြီးမားလှတဲ့ဆေးကုသမှု့အတွက် အကူညီများစွာလိုအပ် လျှက်ရှိနေပါတယ် ။ မောင်ဇင်အောင်စိုးရဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး ဝိုင်းဝန်ကူညီသော်ငြား ဆေးကုသမှု့စရိတ်မှာ မလောက်ငှတော့ပါ ။ သို့ပါသောကြောင့် မလေးရှား ကွာလာလမ်ပူရှိ နှလုံးလှပရိဟိတ လူငယ်များသွေးလှူရှင်အဖွဲ့သို့ ယနေ့ 5.5.2011 မှာ လာရောက်အကူညီတောင်းခံခဲ့ပါတယ် ။
ပီနန်းမှ မြန်မာများသွားရောက်လှူဒါန်းလိုပါက ပီနန်းဆေးရုံကြီး 
Hospital Registration Number - 890946
Ward - C-10 , Block-C .
ကေအယ်ရောက် မြန်မာများ စုပေါင်းလှူဒါန်းလိုပါက
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ 
အမှတ် - 118 ၊ Jalan Tun H.S Lee၊ ဘန်ကောက်ဘဏ်ရှေ့တည့်တည့် ( 43 ) ကားမှတ်တိုင်အရှေ့ ၊
အောင်မြန်မာ စားသောက်ဆိုင်ဘေး ၊ ပထမထပ် ။
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက 
ဆက်သွယ်နိုင်သောဖုန်းနံပတ် 
ဥယျာဉ်မှူး KOMYO
ဖုန်း 0124468842 ။
ဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းလိုပါက ဆက်သွယ်မေးမြန်းပါရန် ။
အားလုံး မြန်မာ နိုင်ငံသားတစ်ယောက်၏ ဝေဒနာ အခက်ခဲများကို ကူညီနိုင်မည်ဟု မျှော်လင့်လျှက် ။
ဥယျာဉ်မှူး
KOMYO
Friday 4 May 2012
ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု
အမရပူရ မဟာဂန္တာရုံ မဟာဇနကာဘိဝံသ ဆရာတော်ဘုရားကြီးမှာ ၁၃၁၃-ခု ကဆုန် လဆန်း
၁-ရက်နေ့ ညဉ့် ၇-နာရီ အချိန်က တပ်စခန်းတစ်ခု၌ “ စစ်တပ်နှင့်သာသနာသည် နိုင်ငံတော်
အတွက် အားထားရာ ” ဟူသောခေါင်းစဉ်ဖြင့် ညတရားဟောကြား ခဲ့တာပါ ။
ထိုစဉ်က ဆရာတော်ဘုရားကြီး ဟောကြားခဲ့သော သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓရဲ့
သာသနာဖြစ်ပြီး ၊ စစ်တပ်မှာမူကား ထိုစဉ်ကစစ်တပ်တော့ ဖြစ်ဟန်မတူ ၊ ရှေးမင်းများဧ။်
တပ်မဟာ ပင်ဖြစ်ပေလိမ့်မည် ။
ညတရားပွဲအပြီးတွင်တော့မြို့တိုင်းနယ်တိုင်းအပြန်အလှန် ငြင်းခုန်လျှက်ရှိသော 
၊ပညာရှိ လူတို့ အတန်တန်မေးဖူးခဲ့သော ၊ ဆရာတော်ဘုရားကြီးလဲ မဖြေကြားလို့သော “ 
ဗလိနတ်စာကျွေးမှု ” အကြောင်းကို လျှောက်ထားလာသောအခါ ...
စစ်ဗိုလ် ၊ စစ်သားများ အမြင်မှန်ရစေခြင်းအကျိုးဌာ မေးခွန်းများကို ဖြေကြား ခဲ့ရပါတော့တယ် ။
ယခုအခါတွင်မူကား အရာရှိ ပေါက်စမှအစ ကြီးကြီးအရာရှိများပင် မကျန် ၊ အကြား
အမြင်ရဟုခေါ်သော ပုဂ္ဂိုလ်များဧ။် ကိုးကွယ်မှု ၊ ၀ိဇ္ဇာဘုန်းကြီးများဧ။်ကိုးကွယ်မှု ၊ 
ဆိုင်ရာ နတ်များဧ။်ကိုးကွယ်မှု များကိုလာမဲ့အကျိုး မျှော်ကိုးလို့ ရှေ့တန်းတင် 
ကိုးကွယ်လာကြပါတယ် ။ ထေရ၀ါဒ ဗုဒ္ဓသာသနာပင် နောက်ရောက်လောက်အောင်
 ရှေ့တန်းတင်လာကြတာပါ ။ ကြောင်းကျိုးဆက်စပ်မှုဖြစ်စဉ်တွေ ၊ မြတ်ဗုဒ္ဓ ဟောတဲ့
 လောကီလောကုတ် နှစ်ဖြာအကျိုးထူးပေးတဲ့ ၃၈-ဖြာစတဲ့ မင်္ဂလာ
တရားတော်တွေလဲ မေ့လျော့ကုန်ကြပြီ ထင်ပါတယ် ။နတ်တို့ဧ။် စားသောက်ပုံ
ဆရာတော်ဘုရားကြီးက နတ်ကိုးကွယ်မှုတွေကို ဧကနိပါတ် ကုဏ္ဍက၀ဇာတ်မှာ 
နတ်တို့ဟာခဲဖွယ်ဘော်ဇဉ်ထဲမှ အဆီသြဇာများသာ ထုတ်စားတယ် လို့ဆိုပါတယ် ၊။
သားစိမ်းငါးစိမ်း ပူဇော်ပသတဲ့အကြောင်းတော့ မတွေ့ပါဘူး ။ 
သားစိမ်းငါးစိမ်း စားခဲ့ရင်လဲ အလွန်ကြမ်းတမ်းတဲ့ နတ်ဘီလူးတွေသာဖြစ်ဖို့ ရှိ မှာပါ ။
နတ်တို့ဧ။် အဆင့်အတန်းဘယ်လိုဘဲဖြစ်ဖြစ် စားဖွယ်နဲ့ ပူဇော်ရတဲ့ နတ်တွေအားလုံးဟာ 
အထက်ဘုံမှာနေတဲ့နတ်တွေတော့ မဟုတ်ကြပါဘူး ။ လူ့ပြည်မှာ ရှိတဲ့ သစ်ပင် စတဲ့
 နေစရာတွေမှာနေတဲ့ ဘုမ္မစိုး ၊ရုက္ခစိုး နတ်မျိုးတွေပါ ။နတ်တို့ဧ။် လူတို့ကို ချယ်လှယ်နိုင်မှု
ဒီရိုးရာ နတ်တွေဟာ မိရိုးဖလာ ပူဇော်မှု မပြုရင် ကောင်းကျိုးထက် ၊ မကောင်းကျိုး
ပေးမှု ပိုများဟန် တူပါတယ် ။ မိဘရိုးရာကို အစထဲမှ မကိုးကွယ်သူများ နဲ့ ၊ မိမိလက်ထက်ကျမှ
မကိုးကွယ်သော လူကြမ်းများ နဲ့ ထေရ ဗုဒ္ဓ ဘာသာဝင် စစ်စစ် ကိုတော့ မကောင်းကျိုး 
မပေးကြတော့ပါဘူး ။ အထူး သတိပြုကြည့် ကြပါ ။
နတ်တို့၏လိုအင် ဆန္ဒ
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် နတ်များနဲ့ ပါတ်သတ်ပြီး ကုသိုလ်ကောင်းမှုပြုတဲ့ အခါ
နတ်များကို အမျှဝေဖို့ တိုက်တွန်းတော်မူပါတယ် ။ဒီလို အမျှဝေ ပူဇော်မှုအတွက်သူတို့ကလဲ ပြန်ပြီး
တတ်နိုင်သလောက် စောင့်ရှောက်ကြမှာပါ ။ ဆရာတော်ကြီးရဲ့ သဘောကလဲ လူလူချင်းမေတ္တာ
ထားသလို ရောက်ရာ အရပ်မှာ နတ်တွေကို မေတ္တာတွေထားလို့ ၊ ကောင်းမှု ကုသိုလ်တွေ အမျှဝေလို့
ဖြစ်သာ ပြုတာကို သဘောကျတာပါ ။ မြတ်ဗုဒ္ဓ ရဲ့ အလိုတော် အတိုင်းပါဘဲ ။
တကယ့်အရေးတော့ဖြ့င့် နတ်တို့လဲ မကယ်နိုင်ပြီ။
ရှေးအခါက ကာလိင်္ဂမင်းနဲ့ အဿကမင်းတို့ ရဲ့ စစ်တိုက်ခန်းကို ကြည့် ခြင်းဖြင့်
တကယ်အရေးတော့ဖြင့် နတ်တို့လဲ မကယ်နိုင်ကြပါဘူး ဆိုတာကို တွေ့ရမှာပါ ။
ရှေးအခါက တိုင်းပြည် တစ်ပြည် နဲ့ တစ်ပြည်စစ်တိုက်တဲ့အခါ မင်းတို့ကို စောင့်ရှောက်
တဲ့ နတ်က နွားလားဥသဘယောင်ဆောင်ကာ စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ကြတာပါ ။
ဦးဆောင်တဲ့ အယောင်ဆောင် နွားလားဥသဘနတ်ကို မင်းတို့သာ အသီးသီး မြင်ရပါတယ် ။
အခြားစစ်သည်တော်တွေတော့ မမြင်ရပေဘူးပေါ့ ။
ဒီလို တဖက်နဲ့တဖက် စစ်တိုက်ဖို့ဆောင်နေတဲ့ အချိန်မှာ စစ်ဖြစ်မဲ့ နေရာ အနီးမှာ
ဘုရားအလောင်းတော်ကြီးဟာ ရသေ့ဘ၀နဲ့ တရားအားထုတ်တော်မူနေတာပါ ။ သူတော်ကောင်း
ရသေ့ထံကို သိကြားမင်းဟာ မကြာခဏဆိုသလို တရားနာ လာလေ့ရှိတာပါ ။
ထိုအချိန်မှာ ကာလိင်္ဂမင်းက သာမန် အရပ်အ၀တ်အစားနဲ့ ရသေ့ထံ သွားလို့ ၊
စကားစမြည် ရင်းရင်းနှီးနှီး ပြောရင်း မင်းနှစ်ပါးစစ်တိုက်ရင် ဘယ်မင်းက နိုင်စရာ ရှိပါသလဲလို့
မေးလျှောက်တဲ့အခါ ဘုရားလောင်းရသေ့က “ ငါမသိဘူး ၊ ငါ့ဆီကိုလာလာနေတဲ့ သိကြားမင်းကို
မေးကြည့်ပေးမယ် ၊ မနက်ဖြန်လာခဲ့ပေါ့ ”
နတ်တို့ရဲ့ အရှင်သခင် သိကြားမင်းကို မေးကြည့်တဲ့အခါမှာ သိကြားမင်းက
“ စစ်တိုက်တဲ့ အခါမှာ ကာလိင်္ဂမင်းရဲ့ အစောင့်အရှောက် နတ်မင်းက တကိုယ်လုံးဖြူသော
နွားလားဥသဘကြီးလို အယောင်ဆောင်ပြီး ၊ အဿကမင်းရဲ့ အစောင့်အရှောက်နတ်မင်းက
မဲနက်သော နွားလားဥသဘ အယောင်ဆောင်ပြီး ဦးဆောင်စစ်ထိုးကြပါလိမ့်မယ် ။အဲဒီအခါမှာ
ကာလိင်္ဂမင်းရဲ့ နတ်မင်းဘက်ကသာ စစ်နိုင်ပါလိမ့်မဲ့ ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ပါကြောင်း ”
ရသေ့ကို လျှောက်လေ သတဲ့ ။
နောက်တနေ့ အယောင်ဆောင် အရပ်သားလုလင် ပြန်လာတော့ ရသေ့က
သိကြားမင်း လျှောက်ထားတဲ့ အတိုင်း ကာလိင်္ဂမင်းဘက်မှ အနိုင်ရမဲ့ အကြောင်း ပြောလိုက်တယ်
ဆိုရင်ဘဲ ... စစ်ဖြစ်မဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ နှစ်ဘက်သောတပ်တွေဆီကို ကာလိင်္ဂမင်းဘက်က
စစ်နိုင်မယ်ဆိုတဲ့ သတင်း တမဟုတ်ချင်း ပြန့်နှံလို့ သွားပါတယ် ။
ဤတပ်သားတွေကို တောင်ကုန်းမြင့်မြင့် တစ်နေရာ ခေါ်သွားလို့ “ အမောင်တို့ မောင်မင်းတို့
မင်းတရားအတွက် အသက်ကို စွန့်ဝံ့ကြသလားလို့ မေးပါတယ် ” စွန့်ဝံ့လို့ ရှိရင် ဒီတောင်
ထိပ်ပေါ်က ခုန်ချကြဆိုတော့ ခုန်ချမယ်ချီး တကဲကဲ လုပ်ကုန်ကြတာ ။ ဒီအခါမှာ“ ခု-ခုန်ချဖို့
မလိုဘူး ၊စစ်တိုက်တဲ့ အခါမှာသာ နောက်မဆုတ်တမ်းသတင်းကြားသိလိုက်တဲ့ အဿကမင်းလဲ
စိတ်တော်တော် ညစ်သွားရတာပါ ။
အဲဒီအခါမှာ အဿကမင်းဆီမှာ အမူတော်ထမ်းနေတဲ့ အရှင်သာရိကပုတြာ အလောင်းဖြစ်တဲ့
နန္ဒိသေန စစ်သူကြီးက ရသေ့ထံ သွားလို့ ၊ သိကြားမင်းရဲ့ ဘယ်လိုရှေ့ပြေးနိမိတ် ပြတယ်
ဆိုတာကိုမေးလို့ “ကောင်းပါပြီ ”ဆိုတဲ့ သဘောနဲ့ ပြန်လာခဲ့ပါတယ် ။
ထိုနောက် မိမိတပ်ကိုပြန်လို့ လက်ရွေးစင်တပ်သား ၁၀၀၀-ကို ရွေးပါတယ် တိုက်ကြလို့ ” မိန့်မှာတော်မူတယ် ။
ကာလိင်္ဂမင်းရဲ့ တပ်ကလဲ စစ်နိုင်မယ်ဆိုတဲ့ ရှေးပြေး နိမိတ်ကြောင့် ပေါ့ပေါ့ဆဆ
နေကြတယ်လေ ။
ဒီလိုနဲ့ မင်းနှစ်ပါး တကယ်စစ်တိုက်မဲ့ အချိန်ရောက်လာတော့ အဿပမင်းကို
နန္ဒိသေန စစ်သူကြီးက “ မင်းကြီး စစ်ဦးမှာ ဘာတွေမြင်ပါသလဲ”လို့ တိုးတိုးလေး ကပ်မေးလိုက်
တဲ့အခါ စစ်ဦးမှာ နတ်နှစ်ပါး နွားလားဥသဘ ယောင်ဆောင်လို့တိုက်နေတဲ့ အကြောင်း ၊
မိမိ ဘက်က နတ်က ကြောက်ရွံ့နေဟန် ရှိကြောင်း ပြောပါတယ် ။ ဒီအခါ စစ်သူကြီးက
အရှင်မင်းမြတ် .. သူ့ဘက်က နတ်ကိုသာ အရှင်မင်းမြတ်က လေးနဲ့ ပစ်ခတ်ပါ ။ ကျွန်တော်မျိုးတို့
စစ်သည် ၁၀၀၀-ကလဲ အရှင်မင်းမြတ် ပစ်တဲ့နေရာကို ၀ိုင်းပြီးပစ်ပါ့မယ်လို့ ပြောတော့
ကောင်းပြီဆိုပြီး ကာလိင်္ဂမင်းရဲ့နတ်ကို ၀ိုင်းချလိုက်တာ နတ်ဟာ ဒီနေရာမှာ ပွဲချင်းပြီးတာပါဘဲ ။
ဧကန်နိုင်မယ်ဆိုတဲ့ ရှင်ဘုရင်ကြီးလဲ ပြေးတော့တာပါဘဲ ။ သူ့တပ်လဲ လှန့်ပြီး ဖရိုဖရဲ ဖြစ်ကာ
စစ်ရှုံး ရတော့တာပါဘဲ ။
အဲဒီလို သိကြားမင်းကိုယ်တိုင် ဧကန်နိုင်မယ် ဟောထားပေမဲ့လဲ ၊ လုံးလ ၀ီရိယနှင့်
ကြံကောင်းဥာဏ်ကောင်းနဲ့ သူတော်ကောင်းမရှိတော့ ရှုံးရပါတယ် ။ ဧကန်ရှုံးမယ်ဆိုတဲ့ ဘက်ကလဲ
လုံးလ ၀ီရိယနှင့် ကြံကောင်းဥာဏ်ကောင်းနဲ့ သူတော်ကောင်း ရှိတော့ နိုင်တာပါဘဲ ။ ဒါကြောင့်
တကယ် အရေးမှာတော့ဖြင့် နတ်တို့လဲ မကယ်နိုင်ကြပါဘူး ။မိမိရဲ့ အကြံဥာဏ်နှင့် ကောင်းတဲ့
လုံးလ ၀ီရိယဟာ နတ်ထက်ပင် အားကိုးလောက်ပါတယ် ။
ဒါကြောင့် နတ်တို့ရဲ့ ကိုးကွယ်မှုနဲ့ ပါတ်သတ်ပြီး မြတ်ဗုဒ္ဓ ရဲ့ အလိုတော်အတိုင်းသာ
နတ်တွေကို ကုသိုလ်တွေ အမျှဝေလို့ဖြင့် သာ မေတ္တာ ပို့၊ မေတ္တာထားကြရမှာပါ ။ အားကိုးရာ
အမှန်စစ်စစ် မဟုတ်ဘူးဆိုတာ သတိချပ်သင့်ပါတယ် ။ ဤသို့ အသိပေးရင်း ၊ မြတ်ဗုဒ္ဓ ရဲ့ ထေရ၀ါရ
ဗုဒ္ဓ သာသနာကို အရှည်တည်တံ့ ပြန့်ပွားအောင် စွမ်းစွမ်းတမံ ရွတ်ဆောင်နိုင်ကြပါစေကြောင်း ၊
ကျင့်ကြံ အားထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတော့တယ် ။
နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ ...
သူရိယ မှ တဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။
Thursday 3 May 2012
ဗုဒ္ဒဘာသာသံဃာတွင်းဝင်၍ လိမ်ညာလှည့်ပတ်နေသော ဥိးသောမအကြောင်း
ဗုဒ္ဒဘာသာသံဃာတွင်းဝင်၍ လိမ်ညာလှည့်ပတ်နေသော ဥိးသောမအကြောင်း
ဗုဒ္ဓဘာသာကိုဖျက်ဆီးနိုင်တာ သာသနာတွင်းသား ရှင်ရဟန်းများသာဖြစ်ပါတယ်။ ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဗုဒ္ဓဘာသာကို မဖျက်ဆီးနိုင်ဘူးလို့ ပိဋကတ်စာပေမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။ အရှင်သောမ(ခေါ်) ဆရာမောင်မောင်လည်း ဒါတွေကို သိလို့ ဗုဒ္ဓဘာသာဝင်တွေကို မှိုင်းတိုက်ကာ ဗုဒ္ဓသာသနာပျက်စီးအောင် သာသနာတွင်းသို့ဝင်ရောက်ပြီး ဖျက်ဆီးနေတာဖြစ်ပါတယ်။
မြန်မာတွေ အမြဲတမ်း အလိမ်ခံနေရဦးမယ် အားလုံးအတွက် သတိထားစရာ
by Saffron Revoulation Monks on Friday, 2 March 2012 at 19:42 ·
အရှင်သောမ၏ နောက်ကြောင်းသမိုင်းများ
ဆရာမောင်မောင်၊ ထားဝယ်အမှတ်(၅)၊ (အရှင်သောမ)
အထက်ရေဖြူမြို့သူနဲ့ အိမ်ထောင်ကျပြီး သမီးနှစ်ယောက်ရခဲ့သည်။ တစ်ယောက်က နပ်စ်မ၊ တစ်ယောက်ကကျောင်းဆရာမ၊ မိန်းမကို ပစ်သွားခဲ့သည်။ မိန်းမဟာ တစ်ဖက်နိုင်ငံမှာ သမီးနှစ်ယောက်အတွက် အလုပ်လုပ်ခဲ့သည်။
ဆရာမောင်မောင်(ခေါ်) အရှင်သောမနှင့် အရာခံဗိုလ် ခင်မောင်ဝင်းတို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ်ဦးစလုံး မူစလင်များဖြစ်ကြသည်။ အရှင်သောမက ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်ပါသည်။ လူကုန်ကူးမှုကို သူငယ်ချင်းနှစ်ဦး ပေါင်းလုပ်ကြသည်။ အရာခံဗိုလ်ခင်မောင်ဝင်းသည် ဖမ်းမိပြီး ထောင်ကျသွားသည်။ အဲဒီအချိန်မှာ ဆရာမောင်မောင်(ခေါ်) အရှင်သောမသည် ရဟန်းပြုပြီး ဇာတ်မြှုတ်နေခဲ့သည်။
မြင်းခါးတောင်၊ သရက်ချောင်းမြို့နယ်မှာ ရဟန်းဖြစ်ပါသည်။
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ၊ တောကျောင်းမှာနေခဲ့သည်။ အဆင်မပြေခဲ့ပါ။
အဲဒီကမှတဆင့် ထားဝယ်မြို့၊ ဘုံမော်ရပ်၊ ဓမ္မစကြာပဋိပတ္တိရိပ်သာကျောင်းမှာ မိုးကုတ်တရားများ ပြသနေခဲ့သည်။ နေလဂျာနယ်မှာ အဲဒီရိပ်သာရဲ့ နာယကဆရာတော်ဆိုပြီး ဖော်ပြခဲ့သည်။ အဲဒီကျောင်းမှာ ပြဿနာ တက်ခဲ့ပါသည်။
အဲဒီနောက် ဘိတ်မြို့နယ်၊ ကလွင်ကျေးရွာမှာ ကျောင်းတည်ထောင်ကာ သံဃာ (၂၁၀)ပင့်ပြီး ငွေအတုများ လှူဒါန်းခဲ့ပါသည်။သံဃာများကို ငွေအစစ်နဲ့လဲလှယ် ပေးမယ်ဆိုပြီး လှူဒါန်းခဲ့သည်။ တစ်ပါးကို သိန်းကျော်စီလှူခဲ့သည်။ နောက်ပိုင်း ငွေအစစ် နှစ်သောင်းစီသာ လှူဒါန်းခဲ့သည်။ ပြဿနာများ တက်ခဲ့ပါသည်။ ငွေအတုလုပ်သောဆိုင်မှာ ထားဝယ်မြို့၊ ရှိန်းကွန်ပျူတာဆိုင်ဖြစ်ပါသည်။ အဲဒီဆိုင်မှာ ငွေအတု(၇၂)သိန်း ထုတ်ခဲ့သည်။ မှန်လုံ(၁၆)စီးနဲ့ လူတွေကို ဖိတ်ပြီးခေါ်သွားခဲ့ပါသည်။ ထားဝယ်မှာ ဖုန်း(၈)လုံးဝယ်ထားပြီး အားလုံးကို အကြောင်းစုံသိအောင် စုံစမ်းထား သည်။
တနင်္သာရီတိုင်း ၀န်ကြီးချုပ်ခင်ဇော်က ဦးသောမကိစ္စကို ပြတ်အောင်လုပ်ပါ၊ မလုပ်ရင် မင်းတို့ကို ခေါင်းဖြတ်မယ်လို့ အောက်လူတွေကို ပြောခဲ့သည်၊ ငွေအတုလုပ်တာ အပြစ်မရှိဘူးလို့ ချေပပြောဆိုခဲ့ပြန်သည်၊ နောက်ပိုင်းမှာ ၀န်ကြီးချုပ် ခင်ဇော်ဟာ ရာထူးမှ ပြုတ်သွားခဲ့သဖြင့် ဦးသောမကိစ္စ အဆက်ပြတ်သွားပြန်သည်။ အဲဒီအချိန်အတွင်းမှာ သူ့အမနဲ့ သူ့ညီတို့ သေဆုံးခဲ့သည်။ မြို့သူမြို့သားများနှင့် ရွာသူရွာသားများကို ဗုဒ္ဓဂယာသို့ ငွေပိုယူကာ ဘုရားဖူးပို့ပြီး သိမ်းသွင်းခဲ့သည်။ ဘိတ်မြို့နယ်အတွင်းက ရွာတွေမှာ (၁၀)တန်းအတွက် စပေါ့ရမယ်ဆိုကာ ငွေများလိမ်ခဲ့ပြီး ရန်ကုန်သို့ ထွက်ပြေးသွားခဲ့သည်။
ယခုအခါ အိန္ဒိယနိုင်ငံမှာ ဘုရားဖူးအဖွဲ့များအတွက် ကုမ္ပဏီတစ်ခုတည် ထောင်ထားသည်။ အိန္ဒိယမှာ ပညာသင်ကြားနေသော သံဃာတော်များကိုလည်း သိမ်းသွင်းထားခဲ့ပါသည်။ စစ်တပ်ကလာသော မူစလင်အစစ် အရှင်သောမသည် စကားပြောအလွန်ကောင်းပြီး တစ်ဖက်လူကို သိမ်းသွင်းစည်းရုံးမှုအမျိုးမျိုး လုပ်ခဲ့ပါသည်။ ယခုအခါ အမှုမပေါ်အောင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အများအပြားကို ပိုက်ဆံလာဘ်ထိုး ထားသည်။ တစ်ချို့ဆရာတော်များ
ဆီကို လာဘ်ထိုးဖို့ စောင့်ဆိုင်းနေသည်။
သတင်းအကြောင်းစုံကို ထားဝယ်မြို့၊ ဘိတ်မြို့တွေမှာ စုံစမ်းနိုင်ပါသည်။ ယခုအခါ ဘိတ်မြို့တစ်မြို့လုံးက လက်မခံတဲ့အတွက် ရန်ကုန်သို့ ရောက်ရှိနေတာ ကြာခဲ့ပါပြီ။ အဖက်ဖက်က ၀ိုင်းဝန်းပြီး သေချာအောင်စုံစမ်းစစ်ဆေးကာ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
**********************************************************************************************
ဒါကတော့ ဒီ http://satzin20.blogspot.com/2012/02/blog-post.html ဆိုက်ဒ်မှာတင်ထားတဲ့ ချက်မေးလ်လေးတစ်ခုပါ။
မင်္ဂလာပါ
Sunday, February 19, 2012
မြန်မာပြည်က အရှင်သောမ အကြောင်းကို အွန်လိုင်းပေါ်တင်လိုက်ပါဦးလို့  ဘော်ဒါတယောက်ပို့ လာတာ တင်ပေးလိုက်ပါတယ်
ABC:မြန်မာပြည်က အရှင်သောမ အကြောင်းကို အွန်လိုင်းပေါ်တင်လိုက်ပါဦး
တော်တော်ဆိုးတယ်
အရှင်သောမ ဆိုတာသိလား
တရားဟောတဲ့ထားဝယ်ဆရာတော်လေ
အခု မဟနတွေကို ငွေလာဘ်ထိုးနေတယ်
သူက မူစလင်ကနေ၀တ်လာတာ
အခု သထုံကိုရောက်လို့ အကြောင်းစုံသိရတယ်
အရင်က စစ်တပ်မှာ ထောက်လှမ်းရေး
ထောက်လှမ်းရေးလုပ်ပြီး လူကုန်ကူးတာ
လူကုန်ကူးလို့ ဖမ်းခါနီးမှာ ဘုန်းကြီးဝတ်လိုက်တာ
အခုလည်း အိန္ဒိယမှာ ကုမ္ပဏီထောင်ထားတယ်
ဦးသာသန: ဘယ်လိုဖြစ်လို့လဲ
သိတယ်ဘုရား
ABC: အခု မဟနတွေကို လာဘ်ထိုးနေတယ်
သူ့အမှုအတွက်
ဦးသာသန: အသေးစိတ်ကို ပိုပြီးသိချင်တယ်
ဘာလို့လဲ ဆိုတော့ သူက ကိုယ်တို့နဲ့ အဆက်အသွယ်ရှိတယ်
ကိုယ်လည်း သိပ်သဘောမကျဘူး
ABC: ထားဝယ်ဓမ္မစကြာရိပ်သာကျောင်းမှာနေခဲ့တာ
ဦးသာသန: အသေးစိတ်ကို သေချာပို့ပေးပါ
ABC: အဲဒီမှာ နေလစာစောင်မှာ သူက အဲဒီကကျောင်းထိုင်ပါဆိုပြီး လိမ်ပြီးရေးခဲ့လို့ ပြဿနာတွေ တက်ကြတယ်
အဲဒီကနေ ဘိတ်ကို ပြေးတယ်
ဘိတ်မှာ ကျောင်းရှိတယ်
အခု ဘိတ်မှာ မနေရဲလို့ ရန်ကုန်ကို ပြေးတယ်
ရန်ကုန်တောင်မှ ကမ္ဘာအေးမှာ ၀ါဆိုတာ
မဟနတွေ ညံ့ဖျင်းတာ
ဦးသာသန: ဒါဆို တပည့်တော် စုံစမ်းမယ်
ABC: ထာဝယ်မှာ သံဃာတွေကို ပင့်ပြီး ပိုက်ဆံ 100000 စီကို အတုလုပ်ပြီးလှူတယ်
နောက်မှ အစစ်နဲ့လည်းပေးမယ်လို့ပြောတယ်
ဦးသာသန: အခု အိန္ဒိယ သံဃာတွေကိုလည်း သူက စည်းရုံးနေတာ
ABC: အဲဒါမဟုတ်ဘူး
ဦးသာသန: တပည့်တော် စိတ်ဝင်စားသွားပြီ
တိုက်ခိုက်တော့မယ်
ABC: အခု တပည့်တော် သထုံ ဇင်းကျိုက်မှာ ရောက်နေလို့ သူနေခဲ့တဲ့ ကျောင်းက မနေ့ညက ဖုန်းဆက်လို့ အကုန်သိရတယ်
ဦးသာသန: ငါ့ရှင်နဲ့ကိုယ်နဲ့ လက်တွဲမယ်
ငါ့ရှင်က မြန်မာနိုင်ငံက သတင်းတွေကိုပို့
ကိုယ်က အိန္ဒိယ မှာ လှုပ်ရှားမယ်
ABC: အိန္ဒိယမှာ ကုမ္ပဏီထောင်ထားတယ်အခု ဗိုလ်မှုးတစ်ဦးနာမည်နဲ့
တပည့်တော် မက်ဆေ့နဲ့ပို့မယ်လေ
ဦးသာသန: ဘုရားဖူးတွေလည်း သူက ခပ်တည်တည်လုပ်နေတာ
ABC: မေးက တပည့်တော်ပိတ်မိထားလို့ အ၀င် အထွက်မရဘူးဖြစ်နေတယ်
ဦးသာသန: အိန္ဒိယ မှာ ကိုယ်က အခုရှိနေတယ်
ABC: ဘုရားဖူးတွေကို သူက စည်းရုံးနေတာ
ဦးသာသန: နောက်ရက် ပို့ထားပေးပါ
ABC: အဲဒါကို မေးဖြန့်ပြီး မက်ဆေ့တွေ ဖြန့်ပါနောင်ကြီး
ဦးသာသန: အခု သေချာသိရင် ကိုယ် လုပ်တော့မယ်
ABC: အခုလ 20 ရက်နေ့ မဟန အစည်းအဝေးရှိတယ်
အဲဒီမှာ သူက လာဘ်ထိုးနေပြီ
ဦးသာသန: မေးကနေ မက်ဆေ့ထက် ပိုပြီးပြန့်အောင် ဖြန့်ပေးမယ်
ABC: အခု တော်တော်များများကို လာဘ်ထိုးပြီးသွားပြီ
နောက်ထပ်ရောက်မယ့် မဟနတွေကို လာဘ်ထိုးဖို့စောင့်နေတာ
မူစလင်အစစ်ပါ သူက
ပိုက်ဆံ 100000 အတုတွေကို နောက်မှ ငွေ 20000 နဲ့ သွားပြန်လဲတယ်လေ
အဲဒီကစပြီး သူ့အမှုပေါ်တာ
ဦးသာသန: တပည့်တော်တို့လည်း သူ့ကို သိပ်မယုံဘူး
ထားဝယ်သူတွေနဲ့ လှုပ်ရှားနေတာ
တပည့်တော် စုံစမ်းအုံးမယ်
ABC: စုံစမ်းပါနောင်တော်
သူက တော်တော်ဆိုးတယ်
မူစလင်အစစ်ကနေ လုပ်နေတာ
အဓိက ဓမ္မစကြာရိပ်သာကျောင်းကို သိရင် ပိုကောင်းမယ် နောင်တော်
တပည့်တော် နောက်နေ့မှ ဖုန်းနံပါတ်ယူလာမယ်
ဦးသာသန: အိုကေ ဦးဝိဇယ
***မကြာခင်မှာ အကြောင်းစုံလင်စွာ သိရတော့မှာပါ။
Wednesday 2 May 2012
♥♥သူလူ နဲ့ ငါ့လူ♥♥
zinyaw17
♥♥သူလူနဲ့   ငါ့လူ♥♥
မှားနေတာကိုကျိုးကြောင်းပြညွန်  ပြောဆိုဆုံးမလိုက်ရင် ဆုံးမမှန်းသိတယ်
ချက်ချင်းပြင်တယ်
သိတာကိုချက်ချင်းပြင်ရင်  လူလိမ်မာခေါ်တယ်
သိနေရက်နဲ့ရှေ့ဆက်မိုက်ရင်  လူမိုက်ခေါ်တယ်
သိသိကြီးနဲ့      မသိဟန်ဆောင်သူကို သူရူးခေါ်တယ်
ဒါကြောင့်ရူးချင်ယောင် ဟန်ဆောင်သူတွေများတယ်
အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားပေါတယ်
အုပ်စုတွေကွဲ ဒုတ်ဆွဲ ဓါးဆွဲပေါတယ်
ဟန်ဆောင်လောကမှာ ရန်ထောင်တတ်သူပေါတယ်
သူခေါင်းစဉ်အောက်ကိုဝင်ရင် သူသဘော
သူအကြိုက် သူကြိုးဆွဲရာ ရွှေ့ပေးရတာ ထုံးတန်းစဉ်လာကိုဖြစ်လို့ပေါ့
စည်းကမ်း   =//   စည်းဆိုတာ ကမ်းနေရင်
အယ့်စည်းကမ်းက ကမ်းနေရော
ကမ်းဆိုမှတော့
ကိုယ်ခင်မင်ရာကိုယ်အရင်ကမ်းမိတတ်တာလူသဘောလေ
ကန်းနေတာကိုး  ကမ်းမိနေတတ်တယ်
သတ်ပုံမှားတဲ့ခေတ်မှာ ကန်းချင်ရာကို အလိုက်သင့်ကမ်းတတ်တာ
ဓလေ့ထုံးတမ်း အစဉ်အလာကိုဖြစ်လို့ပေါ့
ကန်းချင်ရောင်ဆောင်ပြီး ကမ်းမိတာလား
ကမ်းချင်လို့ကမ်းလိုက်တာလားဆိုတာ
ကန်းသူမှပဲသိမှာပေါ့ ဘေးကကြည့်နေမြင်နေမိတာတော့
ကမ်းချင်သူကိုသာ ကန်းနေတာ
 မြင်သိသူက မြင်ရဲ့နဲ့သိနေပါရဲ့ မမြင်ချင်ဟန်ဆောင် လက်ဆင့်ကမ်းပြီး ကန်းနေရော
ဒါကြောင့်မြတ်စွာဘုရားမှ စုံလုံးကန်းတွေမဖြစ်စေနဲ့တဲ့
ခင်ရာမင်ရာနောက်လိုက်ပြီး စုံလုံးကန်းရင် အပ္ပါယ်သာသွားရမယ်တဲ့
သေသည့်သူများအားလုံးဟာ မိမိခင်ရာမင်ရာကို
စွဲလန်းငြိတွယ်သေကြတော့
ရောက်မိရောက်ရာရောက်ပြီး
ခုဘ၀လဲ သူမှသူ ဒီခွေးလေးမှငါ့ခွေး ဒီကလေးမှငါ့ကလေး ငြိတွယ်မိနေတာတဲ့
အယ့်တော့ငြိတွယ်ပြီး ဒီဘ၀လဲ စုံလုံးကန်းမဖြစ်ရအောင် သူမှသူ
ငါ့ကလေးမှငါ့ကလေး
ငါလူမှငါ့လူ
ဆိုတဲ့ဒိဌိသက္ကာရလေးဖြုတ်တတ်အောင်ကျိုးစားပြီး
တဏှာ နည်းနိုင်သမျှနည်းပါးအောင် နေထိုင်ကျင့်ကြံရမယ်တဲ့
သူလူ  ငါ့လူတို့   အတွက် 
 မ..မရေးတတ်သလိုလေးရေးထားတာပါ........................
သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့
အမှန်မြင် အမြင်မှန်ကြပါစေ
Tuesday 1 May 2012
သင်္ကြန်ပြီးတော့ မြန်မာမလေးတွေ ၀တ်ဆင်ပုံကို စင်္ကပူရောက် မြန်မာမလေး တစ်ယောက်က ဝေဖန်ခဲ့ ပြောဆိုပုံ
မှတ်တမ်းလေးပါ
Singapore Lamest Love Story
သူငယ်ချင်းတို့ အခုတင်ပေးထားတဲ့ video လေးကတော့  စင်္ကပူနိုင်ငံတွင်နေထိုင်သော
မြန်မာအမျိုးသမီးလေးက စင်္ကပူ အချစ်ဇာတ်လမ်းလေးကို ဟာသသီချင်းလေးနဲ့ ဖော်ပြသွားတာပါ...
သူရဲချစ်စရာအမှုအရာလေးနဲ့ ဖော်ပြပုံလေး ကို အားပေးကြည့် ကြပါနော် ....
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>
Total Pageviews
အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်