Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 17 December 2011

မှာတမ်း

မှာတမ်း

ဒီမြေပေါ်ခြေချကတည်းက
ချွေးဆိုတာ  အဖော်အဖြစ်ပါလာခဲ့တာပါ......
(ကံ)ကို  မလွန်ဆန်နိုင်တဲ့အတွက်...
အသက်စတေး ခဲ့၇တာလည်း
ဒီမြေပေါ်မှာ...
မြန်မာတွေ  ဘယ်လောက်များခဲ့ပြီးလဲ ?၊

တို့ တတွေ.....လာခြင်းကောင်းရင်
ပြန်ခြင်းလည်း ကောင်းရမှာပါ
တို့ မိဘ...တို့ မိသားစုအတွတ်
အခတ်အခဲကို  ကြံကြံခံကြပါ  ။

နာကျင်မှုတွေနဲ လဲကျနေရင်တောင်
အစွမ်းကုန် ကျုံးရုန်းထကြပါ
ရောင်နီဦးဆိုတာ လတ်တကမ်းအလိုမှာ
မုန်တိုင်းပြီးရင်   လေပြေပဲမို့ 
တိုတ်စားခံရတဲ့  ကမ်းနားသစ်ပင်  အဖြစ်မခံပါနဲ....

ကောင်းသတင်းဆိုတာ
ကောင်းခြင်းတွေကပဲ  သယ်ဆောင်လာမှာမို့ လို
ကျွန်တော်လေ................
အွန်လိုင်း ရဲတစ်နေရာက 
စေတနာ   ဗရဗွနဲ့ မှာလိုက်ပါရစေ
မြန်မာမလေးတို့ ရေ
မင်းတို့ ပါးက   သနပ်ခါးပါးကွတ်
ဘယ်သူဖျက်လို့ မှ....
မပျက်ပါစေနဲ့ နော်............

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်