Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 17 December 2011

ကမ္ဘာကြီး ရပ်တန့်ပြီး ၄၅ရက်ကြာ အမှောင်ကျမည် ဟူသော သတင်းဖြန့် စာရွက်များ ပျံ့နှံ့နေမှု အပေါ် ပညာရှင် အချို့၏ အမြင် ပြောကြား

ကမ္ဘာကြီး ရပ်တန့်ပြီး ၄၅ရက်ကြာ အမှောင်ကျမည် ဟူသော သတင်းဖြန့် စာရွက်များ ပျံ့နှံ့နေမှု အပေါ် ပညာရှင် အချို့၏ အမြင် ပြောကြား

မြန်မာနိုင်ငံရှိ ဒေသအချို့တွင် လူအများကို အထိတ်တလန့် ဖြစ်စေနိုင်သည့် သြဂုတ်လ ၁၅ ရက်မှ စ၍ ၄၅ရက် တိုင်တိုင် ကမ္ဘာကြီး လည်ပတ်မှု ရပ်တန့်သွားပြီး အမှောင် အတိကျနေမည် ဟူသော နိမိတ်ပါ စာရွက်များ ပျံ့နှံ့လျက် ရှိနေပြီး ယင်းမှာ လူထု ထိတ်လန့် စေရန် သတင်းဖြန့်မှု တစ်မျိုးသာ ဖြစ်နိုင်ပြီး မိုးလေဝသ ဇလဗေဒ ဆိုင်ရာနှင့် အခြားသော စကြဝဠာဂြိုဟ်တု ဆိုင်ရာ ပညာရပ်များတွင် အဆိုပါ ဖြစ်စဉ်မျိုး မရှိကြောင်း ပညာရှင်များက ပြောကြားကြသည်။ အဆိုပါ စာရွက်မှာ ကချင်ပြည်နယ် နှင့် မြန်မာပြည်အထက်ပိုင်းမှ ပျံ့နှံ့လာသည် ဟု သိရပြီး ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အချို့နေရာများတွင် တွေ့ရှိ နေရကြောင်း၊ ဗဟုသုတ ဓာတ်ခံအား နည်းသူ လူထုအဖို့ စိုးရိမ်စိတ်များ ဖြစ်ပွား နေရကြောင်း သိရသည်။
''ကျွန်တော်တော့ ဒီလို ပညာရပ်မျိုးကို တော်တော် စိတ်ဝင်စားသွားပြီ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာကြီးပေါ်မှာ အပ်ကျတာက အစ သိနေနိုင်တဲ့ NASA လိုမျိုး အဖွဲ့အစည်းတွေ အများကြီး ရှိနေတာတောင် သူတို့တွေက ဒါမျိုးတွေ ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ဟောကိန်း မထုတ်ခဲ့ဖူးဘူး၊ ကမ္ဘာကြီး ရပ်တန့် သွားရအောင် ဘယ် အကြောင်းအရာက ရပ်တန့်စေမှာလဲ၊ ပြီးတော့ မှောင် အတိကျရအောင် နေက ဘယ်ပျောက်သွား လို့လဲ၊ ဒါတွေဟာ လုပ်ကြံသတင်း ဖြန့်မှု တစ်ခု ထင်ပါတယ်။ ၂ဝ၁၂ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ခုမှာ မာယာ လူမျိုးတွေရဲ့ ကမ္ဘာပျက်ကိန်းတွေကို ရိုက်ပြ ထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ သိပ္ပံပညာရှင်တွေက ဒါကို လုံးဝ အတည်ပြုမထား ပါဘူး။ စိတ်ကူးယဉ် ဆန်ဆန် လုပ်ထားတာကို ရိုက်ပြထားရုံ သက်သက်ပါ။ မိုးလေဝသဆိုင်ရာ ကောင်းကင်ပြင် ကိစ္စတွေမှာလည်း ဒါမျိုး မှတ်တမ်းတွေ မရှိခဲ့ ဖူးဘူး၊ ဒါတွေဟာ နိုင်ငံရေးဆိုင်ရာ ဝါဒဖြန့်မှု၊ တစ်နည်းအားဖြင့် လူထု မတည်ငြိမ်မှု ဖြစ်အောင် လုပ်ချင်တဲ့ လျှို့ဝှက်သဘော ဖြစ်မှာပါ။ ဒီလို အခြေအမြစ် မရှိတဲ့ သတင်း ပျံ့နှံ့မှုတွေက လုံးဝ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ မီဒီယာတွေကလည်း ပြောပြပေးပါ ''ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
အဆိုပါ စာရွက်တွင် ဘေးအမျိုးမျိုး ကြုံရမည် ဖြစ်ကြောင်း၊ စစ်မက်များ ဖြစ်ပွားပြီး မုန်တိုင်း ကျခြင်းများ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် လူအပေါင်း ဘေးဒုက္ခ ကျမည် ဖြစ်ကြောင်း၊ ယင်းတို့မှ လွတ်မြောက်ရန် ဘာသာတရား ပိုမို ကိုင်းရှိုင်းပြီး ဘာသာရေး လုပ်ငန်းများ ပြုလုပ်ရန် ပါရှိပြီး ယတြာများ ပါဝင်ကြောင်း သိရသည်။ ''ဒီစာရွက်တွေက ပဲခူးတိုင်းဒေသကြီး တစ်တိုင်းလုံး လိုလိုမှာ ပြန့်နေတယ်။ မိတ္တူ စာရွက်လေးကို ဖတ်လိုက်ရတာ။ ရက်စွဲ အတိအကျနဲ့ ပါတာ ဆိုတော့ ကြောက်သွားတယ်။ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ကျွဲကော့ဘက်တွေမှာ တော်တော် ပြန့်နေပြီ။ လူတွေကလည်း ကြောက်ကြ တာပေါ့''ဟု ရေတာရှည် မြို့မှ မြို့ခံ တစ်ဦးက ပြောကြားသည်။
ယင်းနှင့် ပတ်သက်၍ နိုင်ငံတကာရေးရာ နက္ခတ် သိပ္ပံ သင်တန်းကျောင်း(နက္ခတ်သိပ္ပံအဖွဲ့)၏ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ''ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာကြီးက ရပ်တန့်သွားမယ်။ ၄၅ရက်ကြာ မှောင် အတိကျမယ် ဆိုတဲ့ ဖြစ်စဉ်က သိပ္ပံပညာ ရှုထောင့်အရ မပေါ်ပေါက်နိုင်ဘူး။ နောင်လည်း ရှိလာမှာ မဟုတ်ဘူး။ ကမ္ဘာမှာ ရှိတာက နေ့ ခြောက်လ၊ ည ခြောက်လ ဖြစ်တဲ့ ဝင်ရိုးစွန်း ဒေသတွေပဲ ရှိတယ်။ နေနဲ့ ကမ္ဘာ ကြားမှာ နေထက် အဆမတန် ကြီးမားတဲ့ ဂြိုဟ်ဖြတ်ရင်တော့ အမှောင်ကျတဲ့ ဖြစ်စဉ် ပေါ်ပေါက်နိုင် ပါတယ်။ ဒါပေမဲ့ နေနဲ့ ကမ္ဘာ ကြားမှာ ရှိတဲ့ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်က ကမ္ဘာထက် ငယ်တဲ့ အတွက် လုံးဝ ဖြစ်နိုင်ခြေ မရှိပါဘူး''ဟု ၁ဝ-၈-၂ဝ၁၁ရက် က ပြောကြားသည်။
စက်တင်ဘာ ၃ဝရက် တွင် သောကြာဂြိုဟ်နှင့် စနေဂြိုဟ် ပူးယှဉ်သော ဖြစ်စဉ် ရှိပြီး ဖြစ်စဉ်၌ အဆိုပါ ဂြိုဟ်နှစ်ခုသည် နေ၏ အနောက်ဘက်တွင် ကျရောက်မည် ဖြစ်သော်လည်း ကမ္ဘာနှင့် အလွန် ဝေးကွာသောကြောင့် ဘေးဥပဒ် တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။''စစ်မက် ဖြစ်ပွား လောက်တဲ့ ဂြိုဟ်ရပ်တည်မှုမျိုး တစ်ခုမှ မတွေ့ရသလို မုန်တိုင်းနဲ့ ဘေးအန္တရာယ် ဖြစ်စေမယ့် မိုးသည်းထန်စွာ ရွာသွန်းမှုမျိုး မတွေ့ရပါဘူး ''ဟု ယင်းက ဆိုသည်။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်