Pages
အိမ်မက်ချစ်သူမှကြိုဆိုပါတယ်
ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်
Saturday 17 December 2011
ေ၇ာင့်ရဲစိတ်
ေ၇ာင့်ရဲစိတ်
ဒီမယ် အမိရေ....
ဘယ်သူ့ ကိုများ....
မင်းစိတ်ကစားနေတာလဲ.....အမိ။
၇ှိတာလေးနဲ့ ....စား
ရတာလေးကို....ယူ
လောဘအပိုစိတ် အလိုမလိုက်လို့ 
ကိုယ့် မြေနဲ့  ကိုယ်ရေ
ကိုယ့်အခြေအနေနဲ့  ကိုယ်ဘဝ
ကိုယ့်သဘာဝ မဟုတ်တဲ့
အခု မင်းနေတဲ့နေရာ
အချိန်နဲ့  အခါကိုကြည့်
မျက်စိကို....ဖွင့်
နားတွေကို...စွင့်လို
သတိတစ်ချက်တော့
ရှိစေအပ်ရဲ့ .....အမိ။
မင်းရဲ့ အနီးအနား
ကျင်လည်လို့  ကျက်စား
ဘာသာမတူ လူမျိုးခြားတွေက
သွားရည်...တမြမြ
အစွယ် တသသနဲ့ 
ခွေးတစ်ကောင်လို
ကြည့်နေတာသိရဲ့ လား...အမိ။
အရှက်ကို.....ယူ
အသက်ကို....ချူ
အငတ်မပြေတဲ့ သူတို့ စိတ်
မျက်စိစုံလုံးမှိတ်လို့ 
တစ်ပွဲ တစ်လှမ်း
အကဲစမ်းကြည့်ကာ
ဘ၀ကို ငွေနဲ့ အလဲအထပ်
မလုပ်ချင်စမ်းပါနဲ့ ....အမိ။
အစားမတော်......တစ်လုပ်
အသွားမတော်.....တစ်လှမ်း
စကားဆိုရိုးရှိတာမို့ 
အသိလေးနဲ့ ...သတိ
ယှဉ်တွဲလို့ ကြည့်ရင်း
ကျော်ဖြတ်မယ့် ခရီးကြမ်း
ရောင့်ရဲမှု အစွမ်းနဲ့ 
ကျေနပ်လိုက်စမ်းပါ...အမိ။
လျှာပေါ်မြက်ပေါက်ခဲ့ရင်တာင်
ကိုယ်ကျင့်တရားတွေ မဖောက်ပြားအောင်
ငါစောင့်တဲ့တရားက ငါကိုစောင့်ထိမ်းမယ်
ငါလျှောက်နေတဲ့လမ်းက ကြမ်းလည်း
ငါစောင့်နေတဲ တရားကိုတော့ 
ဘယ်တော့မှ အတိမ်းအစောင်းမခံနဲ့ ....အမိ။
             မှတ်ချက်.....(အရှက်ကို အသက်နဲ့  လဲထားတာ......အသက်ရှိသရွေ့  အရှက် မရှိတော့ ဘူး)
လို့ မြန်မာမိန်းကလေး တွေအပြောမခံရအောင် နေပေးကြပါနော်
No comments:
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>
Total Pageviews
အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်