Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Tuesday 27 December 2011

လူပျိုတွေ ဘာကြောင့်မစွံတာလဲ

မိန်းကလေး တစ်ယောက်ကိုစပြီးတော့ စိတ်ဝင်စားပြီဆိုပါတော့ ခေတ်တွေဘယ်လောက်တိုးတက်ပါစေ သူတို့နှလုံးသားကတော့ သူတို့လိုချင်တဲ့စံမရှိရင်မြန်မြန်ဆန်ဆန်ပြန်ချစ်မှာမဟုတ်ပါဘူး။ဆရာကြီးမဟုတ်ပါ မြင်သမျှ တွေ့ဖူးသမျှ ကြားဖူးသမျှကိုမျှဝေပါမည်။
ယောက်ျားလေးအတော်များများဟာ မိမိကိုယ်ကို အထင်ကြီးတတ်ကြပါတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိပြီဆိုတာနဲ့ ဒီအယူအဆကို စပြီးစွန့်လွတ်မှဖြစ်မှာပါ။မိန်းကလေးတွေက သူတို့ကို အထင်သေးတာမကြိုက်လို့ပါ။အဲ့ဒီမိန်းကလေးကို သံယောဇဉ်ရှိသလို သူတို့နဲ့ ပတ်သက်တဲ့မိသားစုတွေ ကိုလည်းဂရုစိုက်ပေးပါ။သူ့ကိုဘဲ ယူမှာ သူ့ကိုဘဲ ဂရုစိုက်လို့မရပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ သူတို့က မိသားစုကို ခင်တွယ်တတ်လို့ပါ။သူမရဲ့ အသုံးအဆောင် နှက်ခြိုက်တတ်တဲ့ အစားအစာများကို လေ့လာပါ။အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင်ကြိုးစားပါ။ဘာဖြစ်လို့လဲဆိုတော့
သူတို့က မိန်းကလေးဖြစ်တဲ့အတွက် အလှအပ ကြိုက်တတ်လို့ပါ။စကားပြောတဲ့အခါ ချိုသာသောစကားတွေနဲ့ ရယ်မောတတ်အောင်ပြောပါ။သူတို့က ကြမ်းတမ်းတဲ့ မပြုအမူတွေကို ကြောက်ပြီးငြိုငြင်တတ်လို့ပါ။တခုခုဆိုရင် ဦးစားပေးပါ။lady first ကို အမြဲသတိရပါ။ယောက်ျားလေးတွေက မာနကြီးပါတယ်။ချော့မြူရတာလည်း ၀ါသနာမပါပေမဲ့ သူတို့က ကိုယ့်ထက်ပိုတယ်ဆိုတာ သတိရသင့်ပါတယ်။အလုပ်ကို ကြိုးစားလုပ်ပါ။အလုပ်ကြိုးစားပြီးတက်ကြွနေတဲ့ ပုံစံကို သူတို့သဘောကျတတ်ပါတယ်။အလုပ်အရမ်းကြိုးစားပြီး သူတို့ကို အချိန်မပေးရင်လည်း ကြိုးစားသမျှ အလကားမဖြစ်ပါစေနှင့်။သူမရဲ့ သူငယ်ချင်းတွေဆီက ဆန္ဒမဲရဖို့လည်း မမေ့ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော့ သူတို့က သူငယ်ချင်းတွေနဲ့တိုင်ပင်တတ်လို့ပါ။ဝတ်တာစားတာ က သပ်သပ်ရပ်ရပ် ရှိပါစေ။ညစ်ပေနေရင် သဘောမကျပါဘူး။ပင်ကိုယ်က မိန်းမသားဆိုတော့ သန့်ရှင်းမှု ကိုအလေးထားတတ်ကြလို့ပါ။ရည်းစားစကားပြောတော့မယ်ဆိုရင် မလောပါနဲ့။
သူမရဲ့ မျက်ဝန်းတွေကို ဘာသာပြန်တတ်အောင် ကြိုးစားပါ။ကိုယ်တိုင်က ဘာမှ ပေးဆပ်မှု မရှိဘဲနဲ့ အချိန်တိုအတွင်းမှာ ရဖို့လောဘကြီးရင်တော့ မောရတတ်ပါတယ်။အဓိကလိုချင်တာက သူမဆီက ကြင်နာတဲ့ ချစ်ခြင်းဆိုရင် သူမဆီက ပထမဆုံးအချစ်ကိုဘဲ ရအောင်ကြိုးစားအားထုတ်ရမှာပါ။အချစ်ကို ရပြီဆိုမှတော့.......................။ကိုယ်ကချစ်နေရုံနဲ့ မကျေနပ်ပါနဲ့ ဆွေးပြီးကြေကွဲနေရတဲ့ အရသာကို ခံစားချင်ရင်တော့ တမျိုးပေါ့။စိတ်ကောက်ရင်ချော့ပါ။မချော့တတ်ရင်တော့ ဒီဘ၀တင်မဟုတ်ဘူး နောင်ဘ၀တောင်စွံဖို့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အကြောင်းမရှိအကြောင်းရှာပြီးကောက်တတ်လို့ပါ။ဒေါသကြီးတတ်ရင် မြိုသိပ်တတ်ပါစေ။ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေက ကြောက်တတ်လို့ပါ။ကြင်နာယုယတတ်အောင်ကြိုးစားပါ။သူတို့က အပြုစု အယုယတွေကို မြတ်နိုးတတ်လို့ပါ။အရေးကြီးဆုံးက ချစ်တယ်လို့ ပြောဖို့ထက် ငါ့ကို အရမ်းချစ်တာဘဲ ဆိုတာမျိုးတွေးအောင် ဖြည့်ဆည်းပေးပါ။သ၀န်မတိုအောင်
နေပေးပါ။သူတို့က သ၀န်တိုတတ်လို့ပါ။အားပေးတတ်အောင် ကြိုးစားပါ။သူတို့က အမြဲလိုလို အားငယ်တတ်လို့ပါ။အလျှောက်ကောင်းဖို့ စကားလုံးတွေလေ့
လာထားပါ။လူဆိုတာ မမျော်လင့်ဘဲ အပြစ်ဖြစ်လာတတ်ပါတယ်။ဒီလို အပြစ်ဖြစ်လာရင် ကျေနပ်အောင် လျှောက်ပေတော့။အလျှောက်ကောင်းမှ အထောင်းသက်သာမှာလေ.............။လူပျိုတွေ စွံပြီး ပြုံးပျော်နိုင်ပါစေ။

မှတ်ချက်။ ။စာဖတ်သူ ရင်ထဲမှာ ပြုံးနေရင် ကျေနပ်ပါတယ်။ကြိုးစားပါဦးမည်။လေးစားစွာဖြင့်......................။


Posted by kolynn (ကမ္ဘာသစ်

ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ သုတ၊ ရသစုံ)

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်