Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Friday 30 December 2011

ကမ္ဘာ့အကောင်းဆုံးဘာသာ

၂၀၀၉ ခု၊ ဇူလိုင်လ(၁၅) ရက်နေ့တွင်  ဂျီနီဗာမြို့တွင် အခြေစိုက်သော  နိုင်ငံတကာဘာသာပေါင်းစုံ မဟာမိတ်ဖြစ်ပေါ်တိုးတက်ရေး
အသင်းကြီး ( ICARUS )က နိုင်ငံတကာမှ ဘာသာရေးဦးဆောင်မှုပြုသူများအား ဖိတ်ကြားရ်ျ မိမိတို့ ကိုးကွယ်ရာဘာသာအကြောင်းဆွေး
နွေးစေခံသည်။ ထို့နောက် ဆွေးနွေးခဲ့သည့်ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို  မဲဆန္ဒပေးရ်ျ ရွေးချယ်ခဲ့ကြ
သည်။
           ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ထို(ICARUS)အသင်းကြီးတွင်
ဗုဒ္ဓဘာသာအသင်းဝင် အရေအတွက်မှာ မဖြစ်စလောက်အနည်းငယ်သာပါဝင်ပါသည်။ သို့သော် စားပွဲဝိုင်းဆွေးနွေးပြီးနောက်  ကမ္ဘာ့အမွန်
မြတ်ဆုံး ကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ကြရာတွင် မယုံကြည်နိုင်လောက်ဘွယ်ကောင်းလောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင်
အမွန်မြတ်ဆုံးဘာသာအဖြစ်  မဲဆန္ဒပေးခြင်းခံရသည်။အံ့သြဖွယ်ကောင်းသည်မှာ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိ
မိတို့ကိုးကွယ်ရာ ဘာသာကိုမဲဆန္ဒမပေးပဲ ဗုဒ္ဒဘာသာကိုမဲဆန္ဒပေးခြင်းဖြစ်ပါသည်။ က်ျသို့ မဲဆန္ဒ ပြုရခြင်းနှင့် ပက်သက်ရ်ျ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှုမှာ  စိတ်ဝင်စားဖွယ်ကောင်းလှသည်။
         ထို(ICARUS) အဖွဲ့ကြီး၏  သုတေသနဋ္ဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဂျိုနာဟသ် (Jonna Hult) က ဗုဒ္ဓဘာသာဟာ အမွန်မြတ်ဆုံးကိုး
ကွယ်ရာဘာသာဖြစ်လာတာ အံ့သြစရာ ကိစ္စမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့  အခြားခြားသော ဘာသာတွေမှာဘာသာရေးစစ်ပွဲတွေဖြစ်ခဲ့ပေမယ့် ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘာသာရေးစစ်ပွဲဆိုတာ  ဘယ်စာပေးကျမ်းဂန်မှာမှ အရိပ်အမြွတ်
တောင်မတွေ့ခဲ့ရလို့ပါဘဲ။  အခြားခြားသောဘာသာတွေမှာ ကိုးကွယ်ရာ ဘုရားသခင်က အမှားတစ်ခုလုပ်ခဲ့ရင် တိုက်ခိုက်ဖို့ လက်နက်
ကိုအသင့်ပြင်ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ  ဘာသာရေးအတွက် စစ်ရေးမပြင်ပါဘူး။ အခြားခြားသော ဘာသာဝင်တွေမှာ မတွေ့
ရတဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလေ့ကျင့်နေလို့ပါဘဲ  ဟု  ထုတ်ဖော်ပြောခဲ့သည်။
           ကက်သိုလိပ်ဘာသာ  ဘုန်းတော်ကြီးဖြစ်သော  ဘဲလ်ဖတ် (Belfast) မှ ဖာသာတက်အိုရှောင်နက်ဆီ (Father Ted O Shaughnessy) က"ကျုပ်က ကက်သိုလိပ်ဘုရားကျောင်းကို ချစ်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က လူသားအချင်းချင်း သတ်ဖြတ်ရတဲ့အခါ  ဒါဟာဘုရားသခင်ရဲ့ အလိုတော်ကျ ဖြစ်တယ်လို့  ပြောရပြီး  ကျမ်းစာထဲမှာပါတဲ့  ချစ်ခြင်းမေတ္တာတရားတွေကို
တော့  မဆုံးနိုင်အောင် ဟောပြောပို့ချနေရတယ်။ဒီအချက်ကကျုပ်စိတ်ထဲမှာ ဘ၀င်မကျဘူး။  ဒါကြောင့်  ကျုပ်ရဲ့ဆန္ဒမဲကို ဗုဒ္ဓဘာသာကို
ပေးလိုက်ရတယ်" ဟု ဖွင့်ဆိုခဲ့သည်။
            ပါကစ္စတန်နိုင်ငံမှ  မူဆလင် ဘာသာရေးခေါင်းဆောင်တလ်ဗင်ပါဆက် (Tal BIN Wassad)ကလည်း  သူ၏ စကားပြန်မှတဆင့်
ပြောရာတွင် "ကျွန်တော်က မူဆလင်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ။ ဒါပေမယ့် မူဆလင်ဘာသာမှာ ပုဂိုလ်ရေးထက် ဘာသာရေးပေါ်
မှာ အခြေခံပြီး သွေးမြေကျမှုတွေ ဖြစ်ခဲ့တယ်။ဗုဒ္ဓဘာသာမှာ ဒါတွေမရှိဘူး။" ဟုပြောပြီ ဆက်လက်ရ်ျ သူက " ကျွန်တော့်ရဲ့ အကောင်းဆုံး
မိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ" ဟုဆက်ပြောပါသည်။
            ဂျရူးဆလင်မြို့မှ ဂျူးဘာသာရေးခေါင်းဆောင် ရက်ဘီရှမြူရယ်ဝက်ဆာတိန်းက ' ဟုတ်ပါတယ်၊ ကျွန်တော်ဂျူးအယူဝါဒ ( Judaism) ချစ်ပါတယ်။ ဂျူးဝါဒဟာ ကမ္ဘာ့အကောင်းဆုံးဝါဒလို့ ထင်ပါတယ်။ ဒါပေမယ့် ရိုးသားစွာပြောရမယ်ဆိုရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာကိုးကွယ်ဆုတောင်းမှု လုပ်ပြီးတိုင်း ဗုဒ္ဓဘာသာ ၀ိပသာနာတရားကျင့်ကြံမှုလုပ်လာတာ ၁၉၉၃ ခု ကနေ
ယနေ့ထိပါဘဲ" ဟုထုတ်ဖော်ပြောပြပါသည်။
            " ကမ္ဘာ့အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာ"အဖြစ် က်ျသို့လျှင် ဗုဒ္ဓဘာသာကို မဲပေးဆုံးဖြတ်ခဲ့ကြပြီး ဆုချီးမြှင့်မည်ပြုရာ ဗုဒ္ဓဘာသာရဟန်းတော်ကြီးဖြစ်သော မြန်မာပြည်မှ ဘန္တေဂူရထဟန္တ (Bhante Ghurata Hanta) က " ခုလိုအသိအမှတ်ပြုခံတာကပဲ ကျေးဇူးကြီးလှပါပြီ။ အခုပေးအပ်တဲ့ဆုကို လူသားမျိုးနွယ်အားလုံးကိုပဲ ခွဲဝေပေးပါ။ ကျုပ်တို့ ဗုဒ္ဓဘာသာ
ဝင်အားလုံးရဲ့ ရင်ထဲမှာ ဗုဒ္ဓရဲ့ စွန့်ကြဲခြင်းတရားကိန်ဝပ်နေပါတယ်။ ဒီဆုကို လက်ခံချင်တဲ့ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်များ ရှိလို့ရှိငြား အနှံ့အပြား ရှာကြည့်ပါမယ်။ တွေ့ခဲ့ရင်တော့ ခင်ဗျားတို့ကို ပြန်ပြောပါ့မယ်" ဟုမိန့်ကြားတော်မူပါသည်။
            အထက်ပါကြောင်းအရာများသည် ရန်ကုန်မြို့ မဟာစည်ဗုဒ္ဓဘာသာ သာသနာနုဂ်ဂဟအသင်း ဥက္ကဋ္ဌထံမှရရှိသော ( ICARUS )
အသင်းကြီး၏ အီးမေးလ်များ ဖြစ်ပါသည်။
            စာရှုသူများ ဓမ္မပီတိဖြစ်စေရန် ထပ်ဆင့်ဖော်ပြအပ်ပါသည်။
            From    : "Ng" ( mettang@gmail.com )
            Sent     : Monday, july 20, 2009  10:10  PM
            Attach  : ATT00166, htm
            Subject:Buddhism won " The Best Religion IN The World Awar
mahaya33  မှတင်ပြခဲ့ သော ဘလော့ လေးဖြစ်ပါတယ်

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်