Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Wednesday 28 December 2011

.ကဗျာဆန်နေမြဲပါ.

မင်းရဲ့ ဝန်းလက်ရွှန်းစိုနေတဲ့ မျက်ဝန်းလေး တစုံက ကိုယ့် အတွက်ကဗျာဆန်တယ်...
မင်းရဲ့ ဘယ်ဘက်ပါးပြင်ပေါ်က ၀က်ခြံဖုလေး တဖုက ကိုယ့် အတွက် ကဗျာဆန်တယ်...
မင်းတရှိုက်မက်မက် နမ်းခဲ့ ဖူးတဲ့ မင်းရဲ့ အနမ်းလေး တွေက ကိုယ့် အတွက်ကဗျာဆန်တယ်...
စကားပြောလိုက်တိုင်း ကလေးတယောက်လို အပြစ်ကင်းစင်တဲ့ မင်းရဲ့ အပြူံးလေး တစ်ပွင့် က ကိုယ့် အတွက်ကဗျာဆန်တယ်..
ဟောဒီရင်ခွင်ထဲမှာ နွေးထွေးစာခိုလုံဖုးတဲ့ မင်းရဲ့ ကိုယ်သင်းရနံ့ လေးက ကိုယ့် အတွက်ကဗျာဆန်တယ်..
ကိုယ့် ရဲ့ လက်တစုံကိုမင်းအားကိုးတကြီးဖမ်
းဆုပ်ထားခဲ့ မင်းရဲ့ လက်ဖ၀ါးနုနုလေး တစုံက ကိုယ့် အတွက်ကဗျာဆန်တယ်..
မင်းနဲ့ အတူတူ နှစ်ယောက်စားခဲ့ ဖူးခဲ့ တဲ့ ပလာတာသုပ်လေးတွေက ကိုယ့် အတွက် ကဗျာဆန်တယ်...
မင်းလက်ဆောင်ပေးခဲ့ ဖူးတဲ့ မင်းရဲ့ ဆံနွယ်လေး တမျှင် က ကိုယ့် အတွက် ကဗျာဆန်တယ်..
မင်း သိပ်ချစ်တယ်လို့ အဖြေပေးခဲ့ ဖူးတဲ့ coffee ဆိုင်လေး ရဲ့  ညနေခင်းလေးတခုက ကိုယ့် အတွက်အခုထိ ကဗျာဆန်တယ်..
မင်းနဲ့ ကျူရှင်တူတူ သွားခဲ့  ဖူးတဲ့  မန်းလေးမြို့ ရဲ့  ညနေခင်းလေး တွေက ကိုယ့် အတွက် ကဗျာဆန်တယ်....
မင်းနဲ့ အတူတူ တက္ကသိုလ်စာမေးပွဲ ဖြေခဲ့ ရတဲ့ ခုံလေး က ကိုယ့် အတွက် အခုထိ ကဗျာဆန်တယ်...
မင်းနဲ့ အတူတူ ညနေခင်း မန်းလေးကျုံးရှေ့ မှာ စကားတွေပြောခဲ့ တာတွေ....ဆိုင်ကယ်တူတူကျုံးတပတ်စီးခဲ့ တာတွေ အခုထိ ကိုယ့် ရင် မှာ ကဗျာဆန်တယ်....
မင်းတို့ အဖွဲ့ နဲ့ မုံရွာကို excursion ထွက်ခဲ့ တာတွေ ကိုယ့်ရင်ထဲ မှာ အခုထိ ကဗျာဆန်တယ်..
ကို့် အတွက် ပြင်ဦးလွင်က နေ မင်းလက်ဆောင်ဝယ်လာခဲ့ တဲ့ ဆွယ်တာအင်္ကင်္ျီ လေးက ကိုယ့်အတွက် အခုထိ ကဗျာဆန်တယ်..
အရာအားလုံးက အခုထိ ..ကဗျာဆန်နေဆဲ...ကဗျာဆန်နေမြဲပါ.............

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်