Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Wednesday 25 April 2012

ညီမလေးဈေးကောင်းရပါစေ




Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .

ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

Sorry ပါ ညီမလေးတို့ရေ ...


မူရင်းလင့် - http://www.facebook.com/note.php?note_id=101507398691

မှတ်ချက်.....မလေးရှာနိုင်ငံနေ ညီလေး တစ်ယောက်မှ ကျွန်တော် mailထဲသို့  ပေးပို့ ခဲ့ သော ကဗျာလေး ဖြစ်ပါတယ်...
ကျွန်တော်ကြီုက်လွန်လို့ ပြန်လည်မျှဝေပေးတာပါ.....

Tuesday 24 April 2012

စကာင်္ပူရောက်မြန်မာများ အတွက် သတင်းကောင်း

ကျွန်တော်တို့ နိုင်ငံမှ အကြောင်းအမျိုးကြောင့် နိုင်ငံခြားကိုရောက်ပြီး မိမိစုဆောင်းထားသောငွေကြေးများကို မိခင်မြန်မာပြည်သို့ ပိုဆောင်ရာတွင် ၀န်ဆောင်မှုပေးနေသော မြန်မာဆိုင်များတွင်  သွားရောက်ပြီး ၀န်ဆောင်ခပေးကာ ပိုခိုင်းကြရပါတယ်။မတော်လောဘသားများကြောင့် မိမိတို့  ပို့ ဆောင်ပေးသော ငွေကြေးများ ဆုံးရှုံးမှုတွေကို  ကြုံတွေခဲ့ ရပါတယ်။အခုတော့  စင်္ကပူရောက်မြန်မာတွေ ဧပြီ၂၃ရက်နေ့တွင် သမဝါယမCB ဘဏ်ကို စင်္ကာပူနိုင်ငံရှိ Allbest Exchange Co.Ltdနှင့် ငွေလွှဲဝန်ဆောင်မှု ပူးတွဲ လုပ်ဆောင်ခွင့် ပေးလိုက်သောကြောင့်စင်္ကာပူနိုင်ငံရှိ Allbest Exchange Co.Ltdမှမြန်မာနိုင်ငံရှိ သမဝါယမCB ဘဏ်ကိုငွေလွှဲနိုင်ပါသည်။ မြန်မာပြည်ရှိ လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုး ရေး (AGD) ဘဏ်ကလည်း ခွင့်ပြုချက်ရရန် လျှောက်ထားခဲ့ကြောင်းလဲ သိရှိခဲ့ ရပါတယ်။



စင်ကာပူနိုင်ငံအနေဖြင့် တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုများကို စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) အဖွဲ့က ဆုံဖြတ်မှာဖြစ်ပါတယ်။ထို့အဖွဲ့သည်  ယမန်နေ့သတ်မှတ်နှုန်း ထားအရ မြန်မာနိုင်ငံသား တဦးလျှင် စင်္ကာပူ ဒေါ်လာ ၅၀၀၀ အထိ အများဆုံး မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီး ဝန် ဆောင်ခ အဖြစ် မည်သည့်ငွေ ပမာဏ မဆို ၁၂ ဒေါ်လာ ကျသင့်မည်ဟု သိရသည်။ သို့သော် အဆိုပါ နှုန်းထားသည်၊ တလလျှင် (သို့မဟုတ်) တနှစ်လျှင် စင်ကာပူဒေါ်လာ (၅၀၀၀) သာ လွှဲခွင့် ရှိမလား ဆိုသည်ကိုမူ မသိရှိရသေးပေ။

နယ်မြေမတည်ငြိမ်မှုကြောင့် အင်းတော်ကြီး သို့ ဘုရားဖူး လျော့နည်း

နယ်မြေ မတည်ငြိမ်မှုကြောင့် အင်းတော်ကြီး ဘုရားပွဲသို့ ဘုရားဖူး ဝင်ရောက်မှု လျော့နည်း





မြန်မာ စစ်တပ်နှင့် KIA တပ်များ၏ ပဋိပက္ခကြောင့် ကချင်ပြည်နယ်ရှိ အင်းတော်ကြီး ရွှေမဉ္ဇူ ဘုရားပွဲသို့ ရောက်သော ခရီးသွား ဧည့်သည်များ ထက်ဝက်ခန့် လျော့သွားကြောင်း အင်းတော်ကြီး ဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

" KIA တပ်နဲ့ မြန်မာစစ်တပ် လမ်းကြောင်းတွေ ရှုပ်နေတယ်။ အဲတော့ ဒီနှစ်ဘုရားပွဲကို ဘယ်သူမှ မလာကြဘူး။ ရွာနီးစပ်တွေ ဒေသ ခံတွေလောက်ပဲ လာကြတယ်" ဟု ၄င်းက ဆက်လက်ပြောသည်။
နှစ်စဉ် နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော အင်းတော်ကြီး ဘုရားပွဲသို့ ဘုရားဖူးဦးရေ သုံးသိန်း ကျော် ပုံမှန် ဝင်ရောက်လျက်ရှိပြီး နယ်မြေ မတည်ငြိမ်မှုကြောင့် ယခုနှစ်တွင် ဘုရားဖူးဦးရေ တစ်သိန်းကျော်သာ လာရောက်သည်ဟု သိရှိရသည်။
ယင်းသို့ ဘုရားဖူးဧည့်သည် များဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဘုရားအလှူငွေ လက်ခံ ရရှိမှုလျော့ နည်းသွားပြီး ဘုရား၏ပြုပြင်ရေး၊ ပတ်လမ်းချဲ့ရေးအတွက် ပူပန်ရ ကြောင်း ဒေသခံများက ပြောသည်။ "မနှစ်က ဘုရားအလှူငွေ သိန်းပေါင်း ၁၃၀ဝကျော်ရတယ်။ ဒီနှစ်သိန်း ၆၂၀ ကျော်ပဲရတယ်"ဟု ဘုရားဂေါပကအဖွဲ့ဝင်က ပြော သည်။
ဘုရားပွဲရက် အတွင်းဆိုင် ခန်းပေါင်း တစ်ထောင်ကျော် ပါဝင် ရောင်းချခဲ့သော်လည်း ည ၈ နာရီ၌ ဆိုင်ပိတ်ရသည့် အတွက် ရောင်း အားမကောင်းကြောင်း၊ ရောင်းချသူ များမှာ မြန်မာပြည် အထက်ပိုင်းမှ လူများဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းမှ လာရောက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။ အင်းတော်ကြီး ရွှေမဉ္ဇူဘုရား ပွဲကို နှစ်စဉ် တပေါင်း လဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိကျင်းပ လာခဲ့ရာ (၁၄၃) ကြိမ်မြောက်ရှိ ပြီဖြစ်သည်။
မြတ်သူအောင်
Venus News Journal

မနောအလှနှင့် ရွှေပါရမီတို့ ပူးပေါင်း၍ ဒုက္ခသည်တို့အား ထောက်ပံ့ လှူဒါန်း

မနောအလှ တေးဂီတအဖွဲ့နှင့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍် ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်နှင့် ကချင်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် စခန်းများသို့ ကျပ်သိန်း ၆၇ဝ ကျော် ထောက်ပံ့လှူဒါန်းခဲ့သည်။
ဧပြီ ၃ ရက်နေ့မှ ၈ ရက်နေ့ အထိ ခြောက်ရက်ကြာ သွားရောက်ခဲ့သော ယင်း ခရီးစဉ်တွင် မနောအလှ တေးဂီတအဖွဲ့မှ ငွေကျပ် ၂၇၅ သိန်း၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ကျပ်သိန်း ၁၄ဝ အပါအဝင် အခြားအသုံး အဆောင် ပစ္စည်းများပါ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယမ်ယမ်ခေါက် ဆွဲခြောက် လုပ်ငန်းရှင်မှ ခေါက်ဆွဲခြောက် ဖာတစ်ရာနှင့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ပါမောက္ခဒေါက်တာ ဒေါ်ခင်မေအုံး ဦးဆောင်သော အထွေ ကျန်းမာရေး ကုသမှု၊ ပါမောက္ခ ဒေါက်တာ ဦးခင်မောင်တင် ဦးဆောင်သော နားနှာခေါင်းအဖွဲ့ ဒေါက်တာကျော်လှိုင် ဦးဆောင်သော အရေပြား ကုသမှုအဖွဲ့၊ ဒေါက်တာဦးညီညီ ဦးဆောင်သော သွားဆရာဝန် အဖွဲ့ နှင့် မူဆယ်မြို့မှ ဆရာဝန်နှင့် လုပ်အားပေး သူနာပြု အဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးရှိ နမ်းဖက်ကာရွာ ဒုက္ခသည် စခန်း၊ နမ့်ခမ်းမြို့အနီးရှိ ဒုက္ခ သည် စခန်း သုံးခု၊ ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးရှိ ဒုက္ခ သည် ၄ဝဝဝ ကျော်တို့ စခန်းများရှိ နာမကျန်းသူများအား ဆေးဝါး ကုသမှု ပေးခဲ့ကြသည်။
ယင်းခရီးစဉ်သို့ မနောအလှ တေးဂီတအဖွဲ့မှ အယ်လ်ခွန်းရီ၊ ကေဂျာနူး၊ အယ်လ်လွန်းဝါ၊ ဒေါင်းလွဏ်း၊ ရေဗက္ကဝင်း၊ အမ်ဆိုင်းလာ စသူတို့ပါလိုက် ပါပြီး ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးရှိန်ဝင်း အတွင်းရေးမှူး ဦးဇော်ဝင်းအောင်နှင့် ဆရာဝန်များ လိုက်ပါခဲ့သည်။
မနောအလှ တေးဂီတအဖွဲ့သည် ယခုကဲ့သို့စစ်ပြေး ဒုက္ခသည်များအား လှူဒါန်းမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ သွားရောက် လှူဒါန်းခဲ့သည်။
၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် ကချင်ပြည်နယ် အတွင်း စတင်ဖြစ်ပွား ခဲ့သော စစ်ကြောင့် ဒေသခံများမှာ ၄င်းတို့နေထိုင်ရာ ကျေးရွာများအား စွန့်ခွာခဲ့ရပြီး ကချင်နှင့် ရှမ်းနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ် များသို့လည်း လွန်ခဲ့သော ၆ လခန့် က စတင်၍ တိမ်းရှောင်ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။
Popular News

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လုံးဝရပ်ဆိုင်းထားကြောင်း

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လုံးဝရပ်ဆိုင်းထားကြောင်း အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက  ယနေ့ သတင်းထောက် များသို့ ပြောကြား လိုက်သည်။
“မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာပို့ပြီး ရပ်ဆိုင်းထားဖို့ကြေညာခဲ့ပါတယ်။ အစိုးရအကြီးအကဲ သမ္မတကြီးနဲ့ လွှတ်တော်မှာ ဆုံးဖြတ်ထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာမရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝရပ်ဆိုင်းထားပါတယ်”ဟု ယနေ့ညနေ (ဧပြီ၆ရက်)တွင် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် ကေအင်န်ယူတို့အကြား ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေး ပွဲအပြီး ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားသော်လည်း စီမံကိန်း စတင်သည်ခဲ့ သည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် စီမံကိန်းရှိ ရွှေ့ပြောင်းရခက်ခဲသော ပစ္စည်းများကို စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့တစ်ဖွဲ့သာ ထားရှိထားကြောင်းလည်း ဦးဇော်မင်းက ရှင်းလင်းပြောကြားသွားခဲ့သည်။
The Voice Journal

အချုပ်ခန်း ဖောက်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ် နှစ်ဦးသေ ဆယ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရဲစခန်းရှိ အမျိုးသားအချုပ်ခန်းမှ တရားခံများက ဧပြီ ၂ရက်နေ့ နံနက် ၂နာရီ ၁၅မိနစ်ခန့်တွင် အချုပ်ဖောက်ရန် ကြိုးစား မှုကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အချုပ်သား နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ရဲစခန်း အချုပ်ခန်းအမှတ် (၃) ခန်းတွင် သစ်သားဖြတ်သံ ကြားရသဖြင့် တာဝန်ကျကင်းမှ ကြည့်ရှု့ စစ်ဆေးရာ အချုပ်တံခါးသစ်တန်းသားများကို ဖျက်ဆီးကာ ဘူးဝ တံခါး (အချုပ်ခန်း အပြင်တံခါး) သို့ ရောက်ရှိနေပြီဖြစ်၍ ၀ိုင်းဝန်းတာဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် သေနတ် ၅ချက် အပေါ်ထောင်ဖောက်ကာ ချောက်လှန်ရာတွင် အချုပ်သားများက စောင်၊ အ၀တ်အစားတို့ကို မီးရှို့သည်အတွက် သေနတ် ၅ချက် ပစ်ခတ်သောလည်း ငြိမ်သက်မှုမရှိသောကြောင့် ၇ချက် ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းက ပြောဆိုထားကြောင်း မိုးညှင်းမြို့ခံများက The Voice Weekly သို့ ပြောကြားသည်။
မိုးညှင်းမြို့နယ် ရဲစခန်းတွင် ကျားအချုပ်ခန်း ၄ခန်း နှင့် မ အချုပ်ခန်း ၁ခန်းရှိပြီး အမျိုးသားတရားခံ ၁၁၅ ဦး၊ အမျိုးသမီး တရားခံ ၃၀ ဦး ရှိပြီး ပစ်ခတ်ထိန်းသိမ်းခဲ့သည့်ဆိုသော အချုပ်ခန်းအမှတ် ၃ တွင် အချုပ်သား ၇၀ ဦး ရှိသည်။ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒဏ်ရာ ရရှိသူ အချုပ်သား တစ်ဦး၏ မိသားစုဝင်ကို ဆက်သွယ်မေးမြန်ရာ “အချုပ်ခန်းကို ဖြတ်ကြတာတော့ ဟုတ်ပါတယ်။ ဘူးဝကို မရောက်သေး ပါဘူး။ သေနတ်ထောင် ပစ်တယ်။ပြီးတော့ ၀ပ်ဆိုပြီး ကျည်ဆန်ကို ကပ်လိုက်ဆွဲ(ပစ်)သွားတာလို့ ပြောတယ်” ဒဏ်ရာရသူအချုပ်သား၏ ပြောဆိုချက်ကို ကိုးကား ကာ ပြောဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက အချုပ်ခန်းတွင်းသို့ သေနတ်ဖြင့် ပစ်ခတ် ထိန်းသိမ်းမှုကြောင့် မူးယစ်ဆေးဝါမှုဖြင့် ဖမ်းဆီးထားသော အချုပ်သား အောင်မြင့်သန်း (၃၇နှစ်) နှင့် လက်နက်မှုအချုပ်သား မောင်ဇော် (၃၅ )နှစ်တို့မှာ သေဆုံးခဲ့ပြီး ၁၀ဦးမှာ မိုးညှင်းမြို့ ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ်ကုသနေကြောင် ၀န်း ထမ်းအရာရှိတစ်ဦးက ပြောကြားသည်။
မိုးညှင်းမြို့ဒေသခံတစ်ဦးကမူ “ သေတဲ့တစ်ယောက်ကတော့ နဖူးမှာ မှန်ပြီး နောက်စေ့ပွင့်(ပေါက်)ထွက်သွားတယ်။ နောက်တစ်ယောက်က လည်ပင်မှာ မှန်တယ်။ခု ဆေးရုံမှာ နောက်တစ်ယောက်လည်း အခြေနေမကောင်းဘူး”ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မြင့်နိုင်မှ ဦးစီးကာ စုံစမ်းစစ်နေသည်။
The Voice Journal

လွပ်လပ်မြင့် မားတေးသံများ အမှတ်(၁)




သီချင်းများကို အောက်တွင်ဒေါင်ယူနိုင်ပါတယ်

၀၁ နဂါးနီ − စိုးစန္ဒာထွန်း

၀၂ အောင်ဆန်းစိတ်ဓါတ် − ရင်ဂို ၊ ကိုထွဋ် ၊ အောင်ခန့် ၊ အောင်မျိုးဟိန်း

၀၃ အကျင့်ဆိုး − ဖိုးသောကြာ ၊ ရေဗက္ကာဝင်း

၀၄ အမျိုးသမီးတွေရှေ့ထွက် − ချောစုခင် ၊ ကဗျာဘွဲ့မှူး ၊ မီးမီးခဲ ၊ သံသာဝင်း ၊ ရှင်ဖုန်း ၊ ခင်ဘုဏ်း ၊ ငယ်ငယ် ၊ စန္ဒီမြင့်လွင် ၊ နိနီခင်ဇော်

၀၅ အနာဂါတ်ဆီသို့ − Best Friends

၀၆ ကျွန်တော်မြန်မာ − လင်းလင်း

၀၇ လက်ဆောင် − အဲလက်စ် ၊ ညီပု ၊ ကျော်သီဟ ၊ သျှီ ၊ တင်ဇာမော် ၊ ထိုက်ထိုက်

၀၈ မြန်မာမြန်မာမြန်မာ − ဆောင်းဦးလှိုင် ၊ ခရီးသွားငါးယောက် ၊ နီနီခင်ဇော်

၀၉ တံခါးတွေဖွင့် − Acid

၁၀ စန်းထချိန် − ဂျက်မြသောင်း ၊ ညီပု ၊ ကျော်သီဟ ၊ ကျော်ဇင်မင်း ၊ ဆုန်သင်းပါရ် ၊ ခင်ဘုဏ်း ၊ ရတနာမိုင် ၊ အိုင်းရင်းဇင်မာမြင့် ၊ ခင်မြတ်မွန်

၁၁ ဖော်မဲ့ကလေးအတွက်သီချင်း − ဇော်မင်း ၊ ဖြိုးပြည့်စုံ ၊ နန္ဒာမင်း(Melody World)

၁၂ သင့်နိုင်ငံအတွက် − ဟဲလေး ၊ ရှင်ဖုန်း

၁၃ မြန်မာပြည်စိမ်းလန်းပါစေ − ဂျီလတ်

၁၄ ကြွတ်ကြွတ်အိတ်အတွေး − ကျားပေါက်

၁၅ ခွန်အားဖြည့်မိငယ် − မေခလာ ၊ ခင်မြတ်မွန် ၊ သျှီ

၁၆ ချစ်သောကမ္ဘာမြေ − ဟန်ထွန်း ၊ Rဇာနည် ၊ Lလွန်းဝါ ၊ သအို ၊ မောင်မောင်အေး ၊ Acid

သီချင်းလေးများနားဆင်ရန်



မှတ်ချက်....သီချင်းများ နာထောင်နိုင်ရန်တင်ပေးရာတွင် သီချင်ခေါင်စဉ်များ သည် မြန်မာလို ရေးထားရာ မပေါ်သည့် အတွတ် သူငယ်ချင်းများနာထောင်လိုသောသီချင်း ကို အပေါ်က ဒေါင်းလုပ် အမှတ်စဉ်အတိုင်း နာဆင်ရန်နေရာ လေးထောင့် အဖြူတုံးလေးများရှေ့ တွင် ရှိသော အမှတ်စဉ်များကို ကြည်ါ်ပြီးရွေး ပြီး နာထောင်ပေးကြပါရန်တောင်ဆိုပါတယ်...ကျွန်တော်အကြိုက်ဆုံး သီချင်းကတော့  အမှတ်စဉ် ၃...6...8..10..13...ကျန်တဲ့ သီချင်းလေးတွေလဲကြိုတ်ပါတယ်.....

သူငယ်ချင်း

လူတယောက်ရဲ့ အပြုအမူအနေအထိုင် တစိတ်တပိုင်းကို သူ့ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ 
သတ်ဆိုင်နေတယ်လို့  ကျွန်တော် ပြောရင် မှားမလား???စဉ်းစားကြည့်လိုက်ရင် ကိုယ့်ဘာသာ
တယောက်တည်းဆို မလုပ်နိုင်တဲ့/လုပ်ဖို့အလားအလာနည်းတဲ့ ကိစ္စတချို့ကို သူငယ်ချင်းတွေနဲ့အတူဆို
လုပ်မိသွားတတ်တယ်။ ဥပမာ- Club သွားဖို့ အဖော်ညှိတာမျိုး၊ ဘီယာအရက်သောက်ရင်တောင် လူများရင်
ပိုသောက်ဖြစ်တယ်ဟုတ်........
ကွန်တော်တို့ အဲအကြောင်းလေးကို ဆွေးနွေး ကြည့် ရအောင်။လူကြီး မိဘတွေပြောတာ ကြားဖူးတယ်..
အပေါင်း အသင်းမှာရင်ပျက်စီးတယ်တဲ့ ။သူငယ်ချင်းဆို တာကြည့် ပေါင်း သူကြောင့် မင်းကောင်းဖို့ 
များသလို ။ဆိုးဖို့ လဲ ဖြစ်လာနိုင်တယ်တဲ့ လေ.။လူကြီး သူမတွေပြောတာမှာတယ်လို့ ကျွန်တော်မဆိုလိုဘူး။
သူငယ်ချင်းတယောက်ကဆေးသမား ဖြစ်နေလို့  သူနဲ့ လိုက်ပေါင်းရင် မင်း ပါဆေးသမားဖြစ်လိမ့် မယ်။
အရက်သမား ဖြစ်နေလို့ မင်းလိုက်ပေါင်းရင်အ၇က်သမား ဖြစ်လိမ့် မယ်။"တံငါနားနီးတံငါမုဆိုးနားနီးမုဆိုးတဲ့ 
"စကာပုံတောင်ရှိပါသေးတယ်၊။မင်းသူနဲ့ မပေါင်နဲ့ ပျတ်ဆီး လိမ့် မယ်လူကြီး သူမတွေ ၊
ပတ်ဝန်ကျင်တွေကပြောလာမယ်။အဲလိုပြောလာရင် သူတို့ စကားက လုံးဝမှန်တယ်လို့ ကျွန်တော် မယုံကြည်ဘူး။
၅၀ ရာခိုင်နှုန်းလောက်ပဲ မှန်ပါတယ် ။ကျန်တဲ့ ၅၀ က မိမိရဲ အသိစိတ်လေးနဲ့ ဆိုင်တယ်၊မိမိအပေါင်းအသင်းမှားလို့ 
မပျတ်စီးရအောင် အသိစိတ်ဓာတ်က အရမ်းအရေးကြီးတဲ့နေရာမှာ ပါလာပြီ။ အသိနဲ့ စိတ်ဓာတ်ကို
ခွဲခြား ကြည့် တတ်ရမယ်။
(၁)ကိုယ်လုပ်နေတာတွေ မှန်မမှန် ပြန်ဆန်းစစ်မယ်ဆိုတဲ့ အသိတခုရှိရမယ်။
(၂)မှားနေတယ်ဆိုရင် ဒါမှားနေတယ်ဆိုတာ သိပြီလား??
(၃)တွေ့တဲ့အမှားကိုပြင်ဖို့ရော စိတ်ဓာတ်ခိုင်မာရဲ့လား??
မိလုပ်နေတဲ့ အလုပ်တခု ဟာ မှားနေလား မှန်နေလား ပြန် ကြ့ည့် ရမယ်။မိမိလုပ်ရပ်က မှာနေတယ်
ဒီလူနဲ့ ဒီလို လုပ်တာ။မိမိအမှားကိုမမြင်ဘူး မသိဘူးဆို အဲ့နေရာမှာတင် ပြီးနေပြီ။မိမိအမှားကို လဲသိတယ်
ပြင်မှာလည်း မဟုတ်ဘူးဆိုရင် ကိုယ်နေထိုင်နေတဲ့ပုံစံက အဓိပ္ပာယ်ရှိရဲ့လား?
ငါအပျော်အပါးတွေ အရမ်းများနေလား? ဒီသူငယ်ချင်းတွေက ငါ့ကိုဖျက်ဆီးနေတာလား?
သူတို့နဲ့ မလိုအပ်ဘဲ အချိန်တွေ ဖြုန်းနေမိလား?အဖြေရပြီဆို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့
ပြင်ဆင်ပါ။အဲလို ပြင်ဆင်တဲ့ နေရာမှာ သူတိုလေးတွေဲ့ ကောင်းတဲ့ စရိုက်လေးတွေ  မကောင်းတဲ
့စရိုက်လေးတွေ သိထားရမယ်...တချို့  သူငယ်ချင်းတွေကတော့ ရှိတယ် မိမိကအကြောင်းအမျိုးမျိုး
ကြောင့် အရက်သမား၊ဆေးသမား ၊လူဆိုး လူမိုက်ဖြစ်နေပေမဲ့  သူငယ်ချင်းကို သူတို့ လို
မဖြစ်စေချင်။သူငယ်ချင်းအပေါ်အရမ်းကောင်းတဲ့ သူတွေလဲ   ရှိပါတယ်။လူ အများက ဒီလူလေးက
စကားပြောတာလဲကောင်းတယ်၊မိဘအသိုင်းအ၀ိုင်းကလဲ ကြည့် အုံး ဆွေကြီးမျိုကြီးတွေ၊ဘွဲ့ တွေကလည်း
ယူထားလိုက်တာ။တကယ်တမ်း ပေါင်းကြည့် တဲ့ အခါ  စိတ်ဓာက်က အောက်ဆုံးရောက်နေတဲ့  သူမျိုးတွေလဲ
ရှိပါတယ်။
တချို့လူတွေက သူငယ်ချင်းအပေါ် အရမ်းယုံတယ်။ သူဒါလုပ်ဆို လုပ်တယ်။ သူဒါမလုပ်နဲ့ဆို မလုပ်ဘူး။
နောက်ပိုင်းမှာ သူငယ်ချင်းကို ယုံကြည်နေတဲ့ သူတွေက ဘာတွေဖြစ်လာလဲ ဆိုတော့ မိမိကိုယ်ပိုင်
စဉ်စားတွေးခေါ်မှုတွေ မလုပ်တော့ ဘူး။သူယုံကြည်တဲ့ သူငယ်ချင်း ကို ပဲ တွေးခေါ် စဉ်စားခိုင်းတော့ တယ်။
သူမရှိတော့ ရင်လဲ သူဘ၀ကြီး ၇ပ်တဉ်လို့ မရတော့ ဘူးလို့  ထင်လာတယ်။အဲအခါကျရင်တော့ သူယုံကြည်တဲ့ 
သူငယ်ချင်းတွေက သူတို့အပေါ် အရမ်းလွှမ်းမိုးလာတတ်တယ်။ မဆိုင်တဲ့ကိစ္စတွေမှာ ၀င်စွတ်ဖက်
လာတတ်တယ်။အဲလိုမျိုး မလုပ်ပဲနဲ့  မိမိယုံကြည်ရတဲ့ သူငယ်ချင်းကို  မိမိလုပ်စရာရှိတာ
တိုင်ပင်မယ်၊၊ဆွေးနွေးမယ်၊မိမိဘာလုပ်ရမယ် ဘာလုပ်သင့် လဲ ဆိုတာတွေကို သူတို့ အမြင်လေးတွေ၊
အကြံလေးတွေ ယူပြီး မိမိကိုယ်ပိုင်ဆုံဖြတ်ချက်လေးနဲ့  ချမှက်ရင် အကောင်းဆုံးလို့ ကျွန်တော်
ထင်ပါတယ်.......သူငယ်ချင်းတယောက်ကလဲ တစ်ယောက်ကို ဒီလိုလုပ်ရင် ဒီလိုဖြစ်နိုင်တယ်။
မင်းဒီလို လုပ်လိုက်လို့  အကျိုးဆက်အနေနဲ့ ဒါတွေရမယ်.. အဲ့လိုမျိုးပဲ အကြံပေးသင့်တယ်။
ဒါကိုပဲ လုပ်.. ဆိုတဲ့ ပုံစံမျိုး မဖြစ်သင့်ဘူး။ ဆုံးဖြတ်ချက်တခုဟာ ကိုယ်ချတာပဲ ဖြစ်သင့်တယ်။
သူငယ်ချင်းက ဒါလုပ်ဆိုလို့ လုပ်တာမျိုး မဖြစ်စေချင်ဘူး။
သူငယ်ချင်းဆိုတာ ပေါင်းတတ်ဖို့ပဲ လိုတာပါ။ ကိုယ့်ရဲ့မူလစိတ်နဲ့ အပြုအမူအကျင့်စရိုက်ကို
တသမတ်တည်းထားနိုင်တဲ့ စိတ်ဓာတ်ခပ်မာမာရှိဖို့လိုတယ်။ အပေါင်းအသင်းကြောင့် ပျက်စီးတယ်ဆိုတာ
စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေအတွက်တော့ မှန်မယ်ထင်တယ်။ ကိုယ့်စိတ်က ခိုင်တယ် ပြတ်သားတယ်ဆိုရင်
ဘယ်လိုသူငယ်ချင်းမျိုးပေါင်းပေါင်း ကြိုက်တဲ့လူနဲ့ ပေါင်းလို့ရတယ်။ ကိုယ့်စိတ်ကို သူတို့မလွှမ်းမိုးနိုင်ဘူးလေ။
                                                
သူငယ်ချင်းတို့  စိတ်ဓာက်ခိုင်ခိုင်မာမာနဲ့  သူငယ်ချင်းမရွေးပဲပေါင် နိုင်ပါစေလို့ 
     ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်
        mraungmintun

ဗုဒ္ဓဘာသာ ကိုယုံကြည် သတ်ဝင်သူတစ်ယောတ်အကြောင်း

 သူငယ်ချင်းတို့ ရေ    ကျွန်တော်ပြောပြတာကိုသိပြီးသားလူတွေလဲရှိမှာပါ......ကျွန်တော်ကဗုဒ္ဓဘာသာ
ကိုကိုးကွယ်ပေမဲ့   မသိတာတွေတော်တော်လေးများနေပါတယ်.....လေ့လာအားလဲ  နည်းခဲ့ ပါတယ် 




ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ)
(၁၉၃၈-၂၀၀၂)

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးဖိုးညွန့်၊ အမိဒေါ်လှကြီးတို့မှ ၁၉၃၈-ခု၊ ဇန်နဝါရီလ ၁၃-ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးဆန်းလွင်ပင် ဖြစ်သည်။ ၁၉၆၂-ခုနှစ်တွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ (ရွှေတံဆိပ်) ရသည်။ မဟာဝိဇ္ဇာတန်း တက်ပြီးနောက် မြစ်ကြီးနား ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ကထိကအဖြစ် အမှုထမ်း ဆောင်ခဲ့သည်။

အသက် ၁၈-နှစ် အရွယ်တွင် မိဘရိုးရာ အစ္စလာမ်ဘာသာမှ ခရစ်ယာန်ဘာသာသို့ ဝင်ရောက် လေ့လာပြီး မနှစ်သက်၍ လေးနှစ်ကြာတွင် ခရစ်ယာန်ဘာသာကို စွန့်လွှတ်လိုက်သည်။

အသက် ၂၂-နှစ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဘာသာအယူဝါဒများကို စွန့်ပယ်၍ ကမ္ဘာ့ အတွေးအခေါ်မျိုးစုံ၊ ဘာသာမျိုးစုံကို လေ့လာသည်။

အသက် ၃၂-နှစ်တွင် ဗုဒ္ဓကိုယ်ကျင့်တရား ပညာကျမ်း ပြုစုရန် ပါမောက္ခ၏ တာဝန်ပေးချက်အရ ကမ္ဘာအေး ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာကို စတင်လေ့လာသော အခါမှစ၍ မိမိရှာဖွေနေသော သစ္စာဝါဒကို တွေ့ပြီဟု ဝမ်းသာပြီး ပိဋကတ်သုံးပုံ(မြန်မာပြန်)ကို ကုန်အောင် လေ့လာသည်။

၁၉၇၂-ခုနှစ်တွင် တက္ကသိုလ်က ထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်သည်။ ဒါရိုက်တာအဖြစ် ‘မျက်နှာငယ်ရမှာက မောင့်ချစ်ဦး’၊ ‘လောကကို အလှဆင်မယ်’၊ ‘မနော်ဟရီအလှ’ ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ညွှန်းအနေဖြင့် ‘ငါ့ညီ ငါ့မြေ ငါ့အမေ’၊ ‘လကွယ်မိုးနှောင်း’ နှင့် ‘မသည်းနုရဲ့ သံသရာ’ ဇာတ်ကားများကို ရေးသားခဲ့သည်။ ‘ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင် အတတ်ပညာကျမ်း’ကို ဆန်းလွင် အမည်ဖြင့် ပြုစုခဲ့သည်။ ‘ဖဲသမား’ (Gambler) အမည်ဖြင့် ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္ထုမှာ ၁၉၆၈-ခုနှစ် အမျိုးသားစာပေဆု၊ ဘာသာပြန်စာပေ စတုတ္ထဆု ရရှိခဲ့သည်။

လုံးချင်းစာအုပ်အနေဖြင့် သျှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်နှင့် ရွှေဥဒေါင်းသို့ ပြန်ကြားချက်၊ ဖီလိုဆိုဖီ ကကြီး၊ ခကွေး၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ တရုတ် တွေးခေါ် ရှင်ကြီးများ၊ ရုရှား တွေးခေါ်ရှင်ကြီးများ၊ တရားတွေ့ဖို့ ချမ်းမြေ့ဖို့၊ အတွေးအမြင် ဆောင်းပါးများ၊ ကျူရိုးရှင်၊ ထိပ်ဆုံးက စပိုင်၊ ရွှေတောင်တတ် ဒဿန၊ ရတနာသုံးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့်ဒဿန၊ သေခြင်း ဒဿန၊ ဂိုးလ်စတိန်း ကိုယ်တွေ့ ဝိပဿနာ(ဥိးဟန်ဌေးနှင့် ပူးတွဲရေးသည်) မိုကုတ်ဝိပဿနာရှုနည်း၊ ထေရဝါဒ အခြေခံ အယူအဆများကို အဆင့်မြင့် နားလည်ခြင်း၊ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးတရား၊ ဓမ္မဒဿနစာစု စသည်များအား ရေးသားခဲ့သည်။ တက္ကသိုလ် အောင်မှူး အမည်ဖြင့်လည်း စိတ်ညှို့အိပ်မွေချနည်းနှင့် အသုံးချနည်း အပြည့်အစုံ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ အင်တာနေရှင် မဂ္ဂဇင်းနှင့် ဓမ္မရုပ်စုံမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ် အဖြစ်တာဝန် ထမ်ဆောင်ခဲ့သည်။

အသက် ၅၈-နှစ်တွင် ပဲခူးတိုင်း၊ ဒိုးသောင်ကျေးရွာ၊ ရွှေမင်းဝင်ရပ်ကွက်၊ ဓမ္မစာရိကျောင်းတွင် ရဟန်းအဖြစ်ခံယူပြီး ရွှေမင်းဝင် နိုင်ငံတကာ ဝိပဿနာ အလုပ်စခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၆၊ ၁၁၊ ၂၀၀၂ (အင်္ဂါနေ့) ည ၁၀-နာရီ ၁၀-မိနှစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

‘ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက’ စာအုပ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။

ဥာဏ်လင်းအောင်(သူငယ်ချင်း)


Monday 23 April 2012

2158 NBC_SNL_Rude_Buddha
အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား 04 March 2012 က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။
ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်ရောက်ရှင်  သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့သည်။
2158 NBC_SNL_Rude_Buddha1
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေကြား ခဲ့သည်။
ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပျစွာ ဆိုသွားခဲ့သည်။
အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။
ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။
ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
(မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်အားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်းအပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။) 
ရွှေလုံး အယ်ဒီတာ  မှပြန်လည်မျှဝေပါတယ်

Saturday 21 April 2012

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်
သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ်ဝန်းကျင်ရှိ
အမျိုးသမီးတစ်ဦး ကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆို
တဲ့သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြ
တယ်လို့ ဆိုပါတယ်။

 အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊
ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်
သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ 
ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။ 

လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ 
လူနာကို ခွဲစိတ်မှုမပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေ
ကျပ်သုံးသောင်းမပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက
 ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ 
ကိုပြောပြခဲ့ပါတယ်။      

ဘားမားဗီဂျေ 
ဓါတ်ပုံ (KiKi)
ဗွီဒီယိုဖိုင်လေးပါ။နီးစပ်သူတစ်ဦးကပြောပြထားတာပါ။ဒီဆိုဒ်မှာကြည်.ရှု.နိုင်ပါတယ်။
                          http://www.thithtoolwin.com/2012/04/blog-post_2786.html
                                                       ဘားမားဗီဂျေ

မြန်မာလူမျိုးတွေ မမေ့အပ်သော

ကျွန်တော်တို့ တွေ ဟာ ရေကြည်ရာမြက်နုရာရှာရင်းနဲ့   မိမိမွေးရပ်မြေကိုစွန့် ပြီး မြို့ ကြီးပြကြီးတွေမှာ
အလုပ်လုပ်တာ ၊ပညာသင်တာတွေကို လုပ်ကိုင်လာပါတယ်၊။မြို့ ကြီး ပြကြီးရောတ်တော့ 
အလုပ်အတွတ်စက်ရုံတွေပေါများတာ တွေ့ ရတယ်။လူပေါင်စုံနဲ့ ထိတွေဆက်ဆံမှုတွေ လုပ်လာရတဲ့ အခါ
အသိပညာတွေတိုးလာတယ်။မျတ်စိပွင့် ၊ နားတွေပွင့် လာတယ်။ပြီးတော့ မြို့ ကြီးတွေမှာ တိုးတတ်နေတာ
တွေက  စီးပွားရေး၊လူမှုရေးတွေမှာ၊အံမခန်းပါပဲ၊။အဲတော့  မိမိတိုင်ပြည်မှာမိမိဟာ စီးပွားရေး၊ပညာရေး
၊တွေဟာနောက်ကျနေပြီး အဲတော့ အမှီလိုက်နိုင်အောင် နိုင်ငံခြားဆိုတာ မျက်စိကျစရာ ဖြစ်လာတယ်၊။စီပွားရေး
နောတ်ကျနေတယ်ဆိုတဲ့ သူက စီပွားရေးလုပ်ဖို့  ငွေရှာမယ်၊ပညာရေးမှာနောက်ကျတဲ့ သူက ပညာသင်မယ်၊
ကိုယ့်တိုင်ပြည်ထက် ပိုမို ပိုက်ဆံရှာလို့ လွယ်မယ်၊ပညာရေးတွေက ပိုကောင်းတယ်ဆိုပြီး နိုင်ငံခြားကို
သူထက်ငါအပြိုင် ထွက်ခွာကြတော့ တာပါပဲ......
                အဲလို ပြည်ပကို မြန်မာတွေထွက်ခွာကြတာ ဘယ်လောက်များလဲဆို နိုင်ငံတကာမှာ
မြန်မာဆိုတာ ရှိနေပါပြီး။အဲလိုလူတွေပြောင်းရွှေကြတော့ အမိမြန်မာပြည်အတွက် ပညာရှင်တွေ၊လုပ်အား
တွေတော်တော်လေး ထိခိုက်တာကို အခုလက်ရှိတက်နေတဲ့ အစိုးရကသိလို့ ပြည်ပရောက်မြန်မာတွေကို
ပြည်လည်ခေါ်ယူနေတာတွေကို ကြာသိရပါတယ်၊။
            ပြည်ပမှာရောက်နေကြတဲ့  မြန်မာတွေကလဲ အဆင်ပြေတာတွေ ရှိသလို၊အဆင်မပြေမှုတွေလဲ
ရှိကြပါတယ်။အရင်တုန်းက နိုင်ငံခြားဆိုတဲ့  နေရာက အရမ်းဝေးကွာတဲ့ နေရာဆိုပေမယ့်  အခုကတော့ 
အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလို့ ရနေပါပြီး။နိုင်ငံခြားမှာ အနေကြာတဲ့ သူတွေ၊အခြေကျနေတဲ့ သူတွေ၊
ခဏတာနေတဲ့ သူတွေ အမျိုးမျိုးတွေ့ ကြရတာပါပဲ။အဲမှာ ကျွန်တော်ပြောချင်တာတခုရှိတယ်။
တိုင်းတပါးမှာအခြေကျပြီး နေတဲ့ သူတွေ၊အနေကြာလာတဲ့ သူတွေ ဟာ ထိုနိုင်ငံရဲ့  ဓလေ့ ၊ယဉ်ကျေးမှု၊
ဘာသာစကား၊လွှမ်းမိုးလာမှာအမှန်ပါပဲ။ရောမရောက်ရင် ရောမလို ကျင့် ရမယ်ဆိုတာမှန်ပါတယ် ၊။ဒါပေမဲ့
့ရောမသာတွေရဲ့ အကျင့်စရိုတ်၊ဓလေ့၊ယဉ်ကျေးမှုတွေတော့  မပါလာစေချင်ဘူး။တချို့ ပြည်ပမှာ အခြေကျနေတဲ့ 
မိသာစုကမွေးတဲ့ သားသမီးတွေဟာ၊မြန်မာစာမရေတက်၊မဖတ်တတ်တာတွေ့ တွေ့ ရပါတယ်၊။
                 မြန်မာစစ်စစ်ကမွေးပြီး မြန်မာစကားနဲ့ ၊မြန်မာစာတောင် မတက်တော့  ကျွန်တော်တို့ 
့မြန်မာလူမျိုးတွေအတွက်တော်တော်လေးဝမ်းနည်းဖို့ ကောင်းပါတယ်။လူမျိုးတိုင်းလူမျိုးတိုင်းမှာ မိမိဘာသာ၊
ယဉ်ကျေးမှု၊ဓလေ့ ထုံစံဆိုတာ၇ှိကြပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုး အများစုဟာ ဘာသာတရားကိုလက်ကိုင်ထားပြီး၊
ယဉ်ကျေးမှုထွန်းကားရာနေရာလဲ ဖြစ်ပါတယ်၊။အရင်တုန်းက ကြည့် လိုက်မြင်လိုက်တာနဲ့  မြန်မာလူမျိုးဆိုတာ
သိနိုင်လောက်တဲ့  ယဉ်ကျေးမှု၊ပြောဆိုဆတ်ဆံမှု၊ရိုသေကိုင်ရှိုင်မှုတွေကြောင့်  သိရပေမဲ့  အခုကတော့
့ပြည်တွင်ကော ပြည်ပမှာပါ မြန်မာလူမျိုးလို့ ပြောပြရင်မယုံနိုင်လောက်အောင် ဖြစ်နေရပါတယ်၊၊
          ဟိုအရင်တခါတုန်က မြန်မာနိုင်ငံ၊မြန်မာလူမျိုးဆိုတာ ဂုဏ်ရှိစွာ မိမိယဉ်ကျေးမှု၊မိမိဓလေ့ တွေ့ နဲ့ 
နိုင်ငံတကာမှာ ဂုဏ်ရှိစွာရပ်တဉ်နိုင်ခဲ့ ပါတယ်။အခြေအနေအရ သူတပါးလက်အောက်ကျရောက်ခဲ့ ရပါတယ်။
ဒါပေမဲ့ လဲ သူကျွန်မခံလိုသောစိတ်။မျိုးချစ်စိတ်ရှိသောလူတွေရကြိုးပမ်းမှုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ
တော်ကြီးဟာ လွတ်လပ်ရေး ရရှိခဲ့ ပါတယ်၊။လွတ်လပ်ရေးရပြီးထဲက မိမိဘာသာ ၊ယဉ်ကျေးမှု၊ဓလေ့ 
စရိုက်တွေကို ရှေ့လူကြီးတေါက ထိန်းသိမ်းခဲ့ ပြီး ကျွန်တော်တို့ ခေတ်ကျမှ၊ မပပျောက်စေချင်ပါဘူး၊။
တိုင်တပါးကို အခြေအနေအမျိုးမျီုးကြောင့်  ရောက်ရှိနေတဲ့  မြန်မာတွေကလဲ မြန်မာလူမျိုးဆိုတာမမေ့ 
သင့်သလို၊ပြည်တွင်းမှာရှိတဲ့  မြန်မာတွေကလဲ မိမိ၇ိုးရာ၊ယဉ်ကျေးမှု၊ဘာသာစကား၊ဓလေ့ စရိုက်၊တွေကို
မမေ့ဖို့ ကျွန်တော်အကြုံပြုချင်ပါတယ်............
မှတ်ချက်.......ကျွန်တော်ရေးခဲ့ သော စာတွင် မြန်မာလူမျိုးလို့ သုံနှုန်းထားရာတွင်၊ဗမာလူမျိုး
တစ်ခုတဉ်းမဟုတ်ပါ၊မြန်မာပြည်တွင်နေထိုင်သော တိုင်းရင်သား အားလုံးကို ကိုယ်စားပြုပြီးခေါ်ဆိုခြင်းဖြစ်ပါသည်။
                                                              သူငယ်ချင်းအားလုံးပျော်ပါစေ
                                                                    mraungmintun

Tuesday 17 April 2012

ဟာသပုံလေးတွေ


မှန်တာပ မြန်မာပြည်ရောက်မှ UPS ခံသုံးရတာ ..အထှာလွန်ရော
အင်း..စောစောသိထားလို့  လာတောင်းသူ၇ှိရင် စဉ်းစားရတော့မယ်
မ၀င်ရင် တက်ထိုးတယ်ကွာ.....တက်ထိုးလို့ မရရင် လက်နဲ့ ကောက်ထဲ့ကွာ.....တိန်
ဒို့ အရေ..ဒို့ အရေး......
ဘုပြောတာလည်းမတိဝူး..ဟုတ်တော့ဟုတ်တယ်..
အမှန်ပဲ Relationship ဆိုလို့ ကတော့ သိပ်မအက်ကြဘူးပဲ........ခိခိ
ပြောတတ်တော့ဝူးးးး
မိန်းမမယူတော့ဘူး........အေးဆေး
မတူပါဘူးဆို နင်ကလည်း နင့်ဟာနင်ငါ့ဟာငါနော...လာကြည်နဲ့ ....ကွကို ကြည့်ပါဟ
အိမ်ပြန်သင့်ပြီ
နောက်ဆုံးပေါ်မိတ်အင်မြန်မာတဲ့....အခုအစိုးရလက်ထက်မှာထွက်တာ
အပျိုကြီးတွေက ပြောင်းပြန်စပ်လိုက်
အကုန်၇ှားတယ်...အခုတော့ ရင်တ၀က်ဖင်တစ်ဝက်တွေပေါနေတယ်ဝေး
ဦးရာလူစနစ်ဖြစ့် သောင်းကျန်းနေပါသည်..ကဲသာကဲ........တိန်
နာက ၁၀၀% ထဲမှာပါတယ်ကွ
သူတို့ အိမ်တွေ ပိုလျှံတာကိုပြောတာဟ.........................
စစ်စစ် သောက်ချင်ရင် ဒီနည်းပဲ ၇ှိတယ်ဟေ့..အော်ရီချင်တယ် နွားနို့ 
အာလူး ဘူးသီး..အာလူး..ဘူးသီး..ရထားဖြစ်လား.အင်တာနက်မှာ ဖော်ကုန်ပြီ..အေး အခု ငါလဲဖော်ထားတယ်..လန်ကွတ်တီပဲကျန်တော့တယ်ဝေး

မှန်လိုက်လေ...ပက်ပက်စက်စကထောက်ခံပါတယ်
တောက်..ကားဘီးက မိတ်အင်မြန်မာကြီးပဲ..ဖြစ်မှာပေါ့
ဖေ့ဘွတ်သုံးမှ ဖလမ်းဖလမ်းထလို့ ရမှာပါဆရာမ..ဆရာမတင် ပြတာ ကောင်းပါတယ်..ခိခိ ရင်ပါပြ
မင်းတို့ အောက်ကို မကြည့်ဘူး...အလန်းတွေ အခန်းတွေထဲမှာ တန်းစီနေတာ...
ခေတ်ကတော့ တွားပြီ..မင်းသမီးတွေက ဖော်ပြနေတာ.....အောက်ပါတို့ ကိုဖော်ပြပါ..၁၀မှတ်
တို့ ရွာမှာတော့ အဲ့လိုပဲ
အဟင့်
မီဟုတ်ပဲလဲ့....ခေးတို့ က အဲ့လိုဟုတ်ဝူး..ကွကို ချစ်တာ သိတယ်
ဘောလုံးအဆင့်ရောက်အောင် အတော် လုပ်ရမှာ..ကဲကြိုးစားထားမယ်..ဘောလုံးရအောင်
လိုင်းကျနေလျှင်လည်း သင်တို့ ဘာမှလုပ်ရမည်မဟုတ်ပါ ..ပုံ မြန်မာ့ဆက်သွယ်ရေး
မြန်မာဖြစ် မီးသီး..အထုအော်ဒါ လက်ခံသည်
မြန်မာပြည်လွတ်လပ်ရေးရအောင် ဘူလုပ်တာလဲ...? သီဟတင်စိုးပါ ဆရာမ
အိမ်ရောက်မှလုပ်ပါ ကိုကိုရယ်..ခိခိ..နာတယ်.....အိမ်ရောက်မှလို့ 
မဖမ်းတော့ဘူး ရေးချင်ရာရေး ဆိုလျှင်လည်း ပျော်ရသည်
ကိုယ်ပိုင်စလောင်းနဲ့ တော့ လိုင်းကောင်းတယ်ဗျ



ဟိုကောင်က ၀ိုင်ဖိုင်လား..ဘီလူးတု လား ဟ..အလွတ်ထိုင်နေတာ.....


အားလုံကို ဖေ့ဘွတ်မှ ကူးယူမျှဝေပါသည်..

.
.
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်