Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Tuesday 24 April 2012

မနောအလှနှင့် ရွှေပါရမီတို့ ပူးပေါင်း၍ ဒုက္ခသည်တို့အား ထောက်ပံ့ လှူဒါန်း

မနောအလှ တေးဂီတအဖွဲ့နှင့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍် ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်နှင့် ကချင်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည် စခန်းများသို့ ကျပ်သိန်း ၆၇ဝ ကျော် ထောက်ပံ့လှူဒါန်းခဲ့သည်။
ဧပြီ ၃ ရက်နေ့မှ ၈ ရက်နေ့ အထိ ခြောက်ရက်ကြာ သွားရောက်ခဲ့သော ယင်း ခရီးစဉ်တွင် မနောအလှ တေးဂီတအဖွဲ့မှ ငွေကျပ် ၂၇၅ သိန်း၊ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ကျပ်သိန်း ၁၄ဝ အပါအဝင် အခြားအသုံး အဆောင် ပစ္စည်းများပါ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယမ်ယမ်ခေါက် ဆွဲခြောက် လုပ်ငန်းရှင်မှ ခေါက်ဆွဲခြောက် ဖာတစ်ရာနှင့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ပါမောက္ခဒေါက်တာ ဒေါ်ခင်မေအုံး ဦးဆောင်သော အထွေ ကျန်းမာရေး ကုသမှု၊ ပါမောက္ခ ဒေါက်တာ ဦးခင်မောင်တင် ဦးဆောင်သော နားနှာခေါင်းအဖွဲ့ ဒေါက်တာကျော်လှိုင် ဦးဆောင်သော အရေပြား ကုသမှုအဖွဲ့၊ ဒေါက်တာဦးညီညီ ဦးဆောင်သော သွားဆရာဝန် အဖွဲ့ နှင့် မူဆယ်မြို့မှ ဆရာဝန်နှင့် လုပ်အားပေး သူနာပြု အဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးရှိ နမ်းဖက်ကာရွာ ဒုက္ခသည် စခန်း၊ နမ့်ခမ်းမြို့အနီးရှိ ဒုက္ခ သည် စခန်း သုံးခု၊ ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးရှိ ဒုက္ခ သည် ၄ဝဝဝ ကျော်တို့ စခန်းများရှိ နာမကျန်းသူများအား ဆေးဝါး ကုသမှု ပေးခဲ့ကြသည်။
ယင်းခရီးစဉ်သို့ မနောအလှ တေးဂီတအဖွဲ့မှ အယ်လ်ခွန်းရီ၊ ကေဂျာနူး၊ အယ်လ်လွန်းဝါ၊ ဒေါင်းလွဏ်း၊ ရေဗက္ကဝင်း၊ အမ်ဆိုင်းလာ စသူတို့ပါလိုက် ပါပြီး ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးရှိန်ဝင်း အတွင်းရေးမှူး ဦးဇော်ဝင်းအောင်နှင့် ဆရာဝန်များ လိုက်ပါခဲ့သည်။
မနောအလှ တေးဂီတအဖွဲ့သည် ယခုကဲ့သို့စစ်ပြေး ဒုက္ခသည်များအား လှူဒါန်းမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ သွားရောက် လှူဒါန်းခဲ့သည်။
၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် ကချင်ပြည်နယ် အတွင်း စတင်ဖြစ်ပွား ခဲ့သော စစ်ကြောင့် ဒေသခံများမှာ ၄င်းတို့နေထိုင်ရာ ကျေးရွာများအား စွန့်ခွာခဲ့ရပြီး ကချင်နှင့် ရှမ်းနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ် များသို့လည်း လွန်ခဲ့သော ၆ လခန့် က စတင်၍ တိမ်းရှောင်ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။
Popular News

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်