Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 7 April 2012

မွေးမိခင်နှင့် ချစ်သူ

အမေကငါ့ကိုမွေးဖွားတယ်

လူပုံအလယ်မှာ မျက်နှာမငယ်အောင် ကျွေးထားတယ်

မေတ္တာ ဂရုဏာ အရင်းတည်

ပေးဆပ်ပြီးတော့ စောင့်ရှောက်တယ်

လောကတိုက်ပွဲ

ကျရှုံးတဲ့အခါ အားပေးတယ်

အောင်မြင်တဲ့အခါ ငါနဲ့ထပ်တူ

ဝမ်းမြောက်တယ်

လူတွေနဲ့ပေါင်းသင်းဆက်ဆံ

လောကဒဏ်ရဲ့ မနက်ဖြန်အတွက်

ယဉ်ကျေးလိမ္မာ သားရတနာဖြစ်အောင်

ဆုံးမလို့ သွန်သင်

ဥာဏ်အမျှော်အမြင်နဲ့

ဘ၀တစ်လျှောက်လမ်းမပျောက်အောင်

ပဲ့ပြင်ထိန်းသိမ်း လမ်းပြပေးခဲ့တာ

ငါ့ရဲ့မွေးသမိခင် ကျေးဇူးရှင်..............................


အချိန်တန်အရွယ်ရောက်ရင်

ရင်ခုန်သံမြန်ဆန်လာတာသဘာဝပဲမို့

ငါလည်းနင့်ကိုရူးရူးမူးမူးချစ်ခဲ့ဖူးတယ်

ငါချစ်တဲ့မိန်ကလေး

နင်ကြောင့်ငါဟာ လူဆိုးလူမိုက်ဖြစ်ဖို့

အစဉ်တစ်စိုက် ကြိုးစားနေမိပြီ

နင်နဲ့ငါပဋိပက္ခတွေနဲ့ရန်တွေဖြစ်တိုင်း

ငါ့စိတ်တွေကအလိုလို

ရှုးရှုးဒိုင်းဒိုင်းနဲ့ အရူးမီးဝိုင်းသလို ဖြစ်ခဲ့ရတယ်

နင့်ကိုငါက အရမ်းချစ်တော့ သ၀န်တွေလည်းတိုခဲ့မိပေါ့

နင့်ဘေးမှာငါမဟုတ်တဲ့တစ်ခြားကောင်နဲ့

ဖော်ဖော်ရွေရွေ ပြုံးရွှင်နေရင်

ဒေါသတွေလည်းထွက်ခဲ့ဖူးတယ်

နင့်ကြောင့်ငါ စိတ်ညစ်တဲ့အခါ

သေရည်သေရက် သောက်သုံးဖူးတယ်

လူတွေနဲ့လည်း အဆင်မပြေ

အမြင်တွေကလည်း မတူညီလေတော့

လောကကြီးနဲ့ငါ တစ်စိမ်းတစ်ရံ ဖြစ်ခဲ့ပြီပေါ့

မိန်းကလေးဒါတွေအားလုံးဟာမင်းကြောင့်လို့ မစွပ်စွဲရက်ပေမဲ့

မင်းနဲ့ပတ်သတ်ပြီး အချစ်ရဲ့ရလဒ်တွေပါပဲ

အမေက အနှစ်နှစ်ဆယ်လုံးလုံးသွန်သင်ဆုံးမ

နည်းလမ်းတွေပြ ဘ၀ရပ်တည်ရေး ပညာ တွေလည်းသင်ပေးခဲ့တယ်

မိန်းကလေးမင်းကတော့ မိနစ် နှစ်ဆယ်အတွင်း

ငါ့ကိုလူဆိုးလူမိုက်ဖြစ်အောင် တွန်းပို့နိုင်တယ်

မိခင်မေတ္တာနဲ့ ချစ်သူချစ်တာ မနှိုင်းကောင်းတာ

ဒါကြောင့် ထင်ပါရဲ့...........................။။။။။

နန်းဝင်းလှိုင်

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်