Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Thursday 12 April 2012

မြစ်ဆုံစီမံကီန်းရပ်ဆိုင်းပြီးလား သတင်းဓာတ်ပုံ

အမြင့်ပေ ၂၈၀၀ ခန့်ရှိ အီခိုင်ဘွမ်တောင်ပေါ်မှ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဧရိယာကို ၂၀၁၂ မတ်လအတွင်းက မြင်တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ထားသော်လည်း စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ CPI နှင့် အေးရှား ဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံ စီမံကိန်းဧရိယာအတွင်း လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း Eleven Media Group မှ ရရှိထားသော အထောက်အထားများအရ သိရှိရသည်။

1

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသနှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အကြား၌ တည်ရှိကာ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်သည် လုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

1


မြစ်ဆုံစီမံကိန်းသည် စီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု(EIA) ပြုလုပ်ထားသည်ဆိုသော်လည်း မပြည့်စုံမှု၊ ကချင်ပြည်နယ် ဒေသတွင်းတွင်သာမက ဧရာဝတီမြစ်စီးဆင်းရာ ဒေသတစ်လျှောက် လူမှုရေး၊ စီးပွားရေး သက်ရောက်နိုင်ခြေရှိမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်းပျက်စီးနိုင်မှုတို့ အတွက်ကြောင့် မီဒီယာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဒေသခံများအပါအ၀င် နိုင်ငံတစ်ဝန်း ကန့်ကွက်မှုများ ရှိခဲ့သည့် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

1

စီမံကိန်း ရပ်ဆိုင်းထားပြီဟု ဆိုသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်းခွင်တွင် CPI မှ ၀န်ထမ်းများရှိ နေဆဲဖြစ်ကြောင်း၊ လုပ်ငန်းလည်ပတ်သည့် အနေအထားများနှင့် ပတ်သက်၍ ကန့်သတ်နယ်မြေဖြစ်သောကြောင့် အသေအချာ လေ့လာခြင်း မပြုလုပ်နိုင် သော်လည်း လှုပ်ရှားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

1


''တရုတ်နိုင်ငံက ၀န်ထမ်းတွေ မပြန်သေးဘူး။ ဒီလပိုင်းတွေမှာ သူတို့ ပိုပြီးတော့ ၀င်လာတယ်။ ရွာထဲတွေကိုလည်း တရုတ်နံပါတ်တွေနဲ့ ကားတွေ မကြာခဏ ဖြတ်ပြီး သွားလာနေကြတယ်''ဟု မြစ်ဆုံအနီးတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောကြားသည်။

1

CPI ကုမ္ပဏီမှ အထွေထွေဝန်ထမ်းနှင့် ကျွမ်းကျင်လုပ်သားများ လုပ်ငန်းခွင်တွင် ရှိနေခြင်း၊ CPI ကုမ္ပဏီမှ မော်တော်ယာဉ်များနှင့် တရုတ်နံပါတ်ပါ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု၊ စီမံကိန်း နယ်မြေအတွင်းရှိ ၀န်ထမ်းအိမ်ရာများ၊ လုပ်ငန်းခွင်နေရာအချို့နှင့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ နေထိုင်သည့် အဆောက်အအုံများ၌ ညပိုင်းမှ နံနက်ပိုင်းအထိ မီးများ ထိန်ထိန်လင်းလျက် ရှိနေကြောင်း သိရှိရသည်။

1


''ဒီအပတ်ထဲမှာ စီမံကိန်းဘက်သွားတဲ့ ဖြတ်သန်းသွားလာနေတဲ့ ကားအစီး ၃၀ လောက်ရှိတယ်။ စီမံကိန်းထဲအထိ ရောက်ခဲ့တဲ့ သူတစ်ယောက်ဆီက သိရတာကတော့ အဲဒီမှာ တရုတ်နိုင်ငံက ၀န်ထမ်းတွေ ရှိနေတယ်။ စက်ကြီး၊ စက်ငယ်၊ လူ အလုံအလောက်ရှိတယ်။ ဆောက် လုပ်ရေး လုပ်နေတာ မဟုတ်ပေမယ့် အဆင်သင့် ဖြစ်နေတဲ့ပုံစံပါ''ဟု မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က ပြောကြားသည်။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံစီမံကိန်းသည် ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားခဲ့ပြီး စက်တပ်ဆင်အား မဂ္ဂါဝပ် ၆၀၀၀ ရှိမည်ဖြစ်ကာ ပြီးစီးပါက တစ်နှစ်လျှင် ၂၉၄၀၀ ကီလိုဝပ်နာရီ လည်ပတ်နိုင်မည်ဖြစ်သည်ဟု China Daily က ၂၀၁၂ ခုနှစ် မတ်လအတွင်း ထုတ်ပြန်ဖော်ပြခဲ့သည်။ Chinese People's Political Consultative Conference National Committee မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Zhang က စီမံကိန်းသည် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ကူညီနိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု ဆိုထားသည်။ စီမံကိန်းအားဖြင့် ဒေသခံ ပြည်သူများသည် ပိုမိုကောင်းမွန်သော ဘ၀ကို ရရှိမည်ဟုလည်း Zhang က China Daily သို့ ပြောကြားထားသည်။

စီမံကိန်းအား ရပ်ဆိုင်းရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် လေးစားမှုရှိသော်လည်း ညှိနှိုင်းဆွေးနွေးမှုများဖြင့် စီမံကိန်းကို ပြန်လည်စတင်ရန် တိုက်တွန်းကြောင်း Zhang က ပြောကြားခဲ့သည်။ ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံမှ နိုင်ငံရေး အကြံပေးအချို့က တိုက်တွန်းကြောင်း၊ တရားဝင်ဖြစ်သည့် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံ အကျိုးအမြတ်ရှိမည်ဖြစ်ကာ ဒေသခံပြည်သူ များလည်း ထို့အတူပင်ဖြစ်ကြောင်း China Daily က မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ရပ်ဆိုင်းခဲ့သော မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ရန် မျော်လင့်လျက် ရှိကြောင်း CPI ဥက္ကဋ္ဌ၏ ပြောကြားချက်ကိုလည်း ကချင်ပြည်နယ်ရှိ ဒေသခံများ အပါအ၀င် စီမံကိန်းရပ်ဆိုင်းစဉ်က ကြိုဆိုခဲ့သူများအားလုံး လိုလားမှုမရှိကြကြောင်း သိရသည်။

ဒေသခံ အများစုအနေဖြင့် လတ်တလောတွင် စီမံကိန်းလုပ်ငန်း ခွင်နှင့်ပတ်သက်၍ အသေးစိတ်သိရှိ ထားခြင်းမရှိသော်လည်း စီမံကိန်းပြု လုပ်နေစဉ်က ရေ၀ပ်ဧရိယာအတွင်း ပါဝင်နေမှုကြောင့် ရွာသစ်သို့ ပြောင်း ရွှေ့ပေးခဲ့ ရသည့် မြစ်ဆုံ၊ တန်ဖဲမှ ဒေသခံများသည် လက်ရှိတွင် အဆို ပါကျေးရွာများ၌ ပြန်လည်နေထိုင်ခွင့် မရရှိကြကြောင်းနှင့် မူလနေရပ်တွင် နေထိုင်နိုင်မှု မရှိခြင်း၊ မတ်လအတွင်း ရက်သတ်မှတ်ကာ ပြောင်းရွှေ့စေခဲ့ခြင်းက စီမံကိန်းရပ်ဆိုင်းသည်ဆိုခြင်း အပေါ်ဒေသခံများက စိုးရိမ်ပူပန်မှု များရှိလာကြောင်း သိရသည်။

1

''ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတကြီး အမိန့်နဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ရပ်တန့်တဲ့အမိန့် ထွက်လာတဲ့အခါမှာအတိုင်းမသိ ၀မ်းသာခဲ့ကြပါတယ်။ မူလကတည်းက မပြောင်းရွှေ့သေးတဲ့ ဒေသခံတွေက နေအိမ်တွေကနေ မ ပြောင်းရွှေ့ရတော့ဘူးဆိုပြီး ၀မ်းသာအားရ ဆက်နေခဲ့ကြတယ်။ သမ္မတကြီးကို အထူး ကျေးဇူးတင်ခဲ့ကြတယ်။ အသင်းတော်ကလည်း ကျေးဇူးတင်ဆု တောင်းပွဲတွေ လေး၊ ငါး ခါလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ မိမိတို့ ရွာဟောင်းတွေမှာ နေထိုင် လုပ်ကိုင် စားသောက်ခြင်း မပြုတော့ပါဘူးဆိုပြီး ၀န်ခံလက်မှတ် ရေးထိုးစေခဲ့ပါတယ်'' ဟု မြစ်ဆုံတန်ဖဲရွာမှ ဖာသာသောမတ်စ်က ပြောပါသည်။

မြစ်ဆုံ၊ တန်ဖဲမှ ဒေသခံများ အား ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားကာ နေအိမ်များမှ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ကာ ထို့နောက် မတ်လ ၂၇ ရက်နေ့၊ မတ်လ ၃၁ ရက်နေ့များ နောက်ဆုံးထား သတ်မှတ်ကာ ရွာသစ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သည်။


မြစ်ကြီးနားဆိုတာ တရုတ်နယ်စပ်နဲ့ အရမ်းမနီးပါဘူး။ ဒါပေမယ့် တရုတ်နံပါတ်နဲ့ ကားတွေ ၀င်ထွက်သွားလာနေတာ မသင့်လျော်ပါဘူး။ ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံထဲမှာ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ ၀င်ထွက်သွားလာနေတာ မဖြစ်သင့်ပါဘူး . . .

''ခြောက်လပြည့်သွားပေမယ့် မြစ်ဆုံက ရပ်တယ်လို့သာ ဆိုတယ်။ မရပ်တရပ် ဖြစ်နေတယ်။ ဆက်ပြီး ရပ်ဖို့အတွက် ကျွန်တော်တို့က တွန်းအားပေးရမှာပဲ''ဟု FREDA မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းသွားပြီးနောက် နေရပ်တွင် ပြန်လည်နေထိုင်ရန်၊ လုပ်ကိုင်စားသောက်ရန် ဒေသခံများက တောင်းဆိုထားကြသော်လည်း လက်ရှိတွင်မူ ထူးခြားမှု မရှိသေးကြောင်းနှင့် စီမံကိန်း ပြန်လည် စတင်လာမည်ကိုလည်း ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေ ကြောင်း သိရှိရသည်။

''စီမံကိန်း ရပ်ထားပြီဆိုရင် လုံခြုံရေး အစောင့်ကလွဲလို့ CPI ကတရုတ်နိုင်ငံသား ပညာရှင်တွေ၊ ၀န်ထမ်းတွေ၊ အေးရှားဝေါလ်က ၀န်ထမ်းတွေအပါအ၀င် စီမံကိန်းနဲ့ ဆိုင်တဲ့သူတွေ အကုန်လုံး ဒီနေရာမှာ ရှိမနေသင့်တော့ ပါဘူး။ စက်ယန္တရားတွေနဲ့ အခုထိ ရှိနေကြသေးတယ်ဆိုရင် ဒါဟာ ရိုးသားမှု မရှိဘူး။ မြစ်ကြီးနားဆိုတာ တရုတ်နယ်စပ်နဲ့ အရမ်းမနီးပါဘူး။ ဒါပေမယ့် တရုတ်နံပါတ်နဲ့ ကားတွေ ၀င်ထွက်သွားလာနေတာ မသင့်လျော်ပါဘူး။ ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံထဲမှာ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ ၀င်ထွက်သွားလာနေတာ မဖြစ်သင့်ပါဘူး။ စီမံကိန်းရပ်ဆိုင်းကြောင်း တရားဝင် ပြောထားတာ ခြောက်လရှိပါပြီ။ ဒီဒေသနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်ပါတယ်။ တိတိကျကျ သိချင်ပါတယ်။ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားမယ်ဆိုတာကို သမ္မတက လွှတ်တော်ကတစ်ဆင့် ထုတ်ပြန်ထားတာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာအရှိဆုံး သမ္မတရဲ့ ဆုံးဖြတ်ချက်ကို မည်သည့် အဖွဲ့အစည်းကဖြစ်စေ၊ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်တွေကဖြစ်စေ၊ CPI ကဖြစ်စေ၊ Asia World က ဖြစ်စေ ဒီအမိန့်ကို ကျော်လွန်လုပ်ဆောင်တာဟာ လုံးဝမဖြစ်သင့်ပါဘူး။ မြစ်ဆုံ စီမံကိန်းနဲ့ဆိုင်တဲ့ CPI က တရုတ်နိုင်ငံသားတွေနဲ့ အေးရှားဝေါလ် ကုမ္ပဏီအနေနဲ့ ဒီဒေသ ဒီဧရိယာကနေ အမြန်ဆုံးထွက်သွားပါ''ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

သတင်းအယ်ဒီတာအဖွဲ့ ဓါတ်ပုံ အပြည့်စုံကြည့်ရန်


မှုရင်းလင့်

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်