Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Tuesday 24 April 2012

နယ်မြေမတည်ငြိမ်မှုကြောင့် အင်းတော်ကြီး သို့ ဘုရားဖူး လျော့နည်း

နယ်မြေ မတည်ငြိမ်မှုကြောင့် အင်းတော်ကြီး ဘုရားပွဲသို့ ဘုရားဖူး ဝင်ရောက်မှု လျော့နည်း





မြန်မာ စစ်တပ်နှင့် KIA တပ်များ၏ ပဋိပက္ခကြောင့် ကချင်ပြည်နယ်ရှိ အင်းတော်ကြီး ရွှေမဉ္ဇူ ဘုရားပွဲသို့ ရောက်သော ခရီးသွား ဧည့်သည်များ ထက်ဝက်ခန့် လျော့သွားကြောင်း အင်းတော်ကြီး ဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

" KIA တပ်နဲ့ မြန်မာစစ်တပ် လမ်းကြောင်းတွေ ရှုပ်နေတယ်။ အဲတော့ ဒီနှစ်ဘုရားပွဲကို ဘယ်သူမှ မလာကြဘူး။ ရွာနီးစပ်တွေ ဒေသ ခံတွေလောက်ပဲ လာကြတယ်" ဟု ၄င်းက ဆက်လက်ပြောသည်။
နှစ်စဉ် နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော အင်းတော်ကြီး ဘုရားပွဲသို့ ဘုရားဖူးဦးရေ သုံးသိန်း ကျော် ပုံမှန် ဝင်ရောက်လျက်ရှိပြီး နယ်မြေ မတည်ငြိမ်မှုကြောင့် ယခုနှစ်တွင် ဘုရားဖူးဦးရေ တစ်သိန်းကျော်သာ လာရောက်သည်ဟု သိရှိရသည်။
ယင်းသို့ ဘုရားဖူးဧည့်သည် များဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဘုရားအလှူငွေ လက်ခံ ရရှိမှုလျော့ နည်းသွားပြီး ဘုရား၏ပြုပြင်ရေး၊ ပတ်လမ်းချဲ့ရေးအတွက် ပူပန်ရ ကြောင်း ဒေသခံများက ပြောသည်။ "မနှစ်က ဘုရားအလှူငွေ သိန်းပေါင်း ၁၃၀ဝကျော်ရတယ်။ ဒီနှစ်သိန်း ၆၂၀ ကျော်ပဲရတယ်"ဟု ဘုရားဂေါပကအဖွဲ့ဝင်က ပြော သည်။
ဘုရားပွဲရက် အတွင်းဆိုင် ခန်းပေါင်း တစ်ထောင်ကျော် ပါဝင် ရောင်းချခဲ့သော်လည်း ည ၈ နာရီ၌ ဆိုင်ပိတ်ရသည့် အတွက် ရောင်း အားမကောင်းကြောင်း၊ ရောင်းချသူ များမှာ မြန်မာပြည် အထက်ပိုင်းမှ လူများဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းမှ လာရောက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။ အင်းတော်ကြီး ရွှေမဉ္ဇူဘုရား ပွဲကို နှစ်စဉ် တပေါင်း လဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိကျင်းပ လာခဲ့ရာ (၁၄၃) ကြိမ်မြောက်ရှိ ပြီဖြစ်သည်။
မြတ်သူအောင်
Venus News Journal

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်