အီရေးဇား ( Eraser )
“ အမှားတစ်ကြောင်း ၊ပျက်စေကြောင်းဆို
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လံုးပါးပါးခု၊ ငါမမွဳဘူးေ
ပလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။ ”
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လံုးပါးပါးခု၊ ငါမမွဳဘူးေ
ပလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။ ”
မြင်ကွင်းမှတစ်ဆင့် နှလုံးသားဆီသို့ ထိမှန်လာသော ပခုက္ကူမောင်သုတ၏
“ခဲဖျက်တစ်ခု၏ နိယာမ” ကဗျာလေးအား အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ခဲဖျက်တစ်ခု၏
နိယာမဆိုသည့်အတိုင်း ခဲဖျက်နှင့်ပတ်သက်သည့် အမှန်တရားတစ်ခု ကို
ဖော်ကျူးထားသည်။ အမှားတစ်ခုကို ပြင်ပေးချင်သော စေတနာ၊ အမှားကိုသိပြီး
အမှန်ပြင်ရင်းမှ မိမိဘ၀နစ်မွမ်းချင်နစ်မွမ်း ပါစေ ကူညီဖေးမချင်သော အနစ်နာ
စသည့် နိယာမများသည်ကား ခဲဖျက်၏ အမှန်တရားတစ်ခုပင်ဖြစ်သည်။
ခဲဖျက်နှင့်ပတ်သက်ပြီး ကျွန်မတွင် ထူးခြားသော စိတ်ခံစားမှုများ၊
ဖြစ်ရပ်များစွာရှိလေသည်။ ငယ်စဉ် ပထမတန်းကျောင်းသူ ဘ၀ကတည်းက
အီး-အာ-အေ-အက်စ်-အီး-အာ (အီရေးဆား) ခဲဖျက်ဟု အင်္ဂလိပ်စာ မီးနင်းကို
ငပိသံတစ်တစ်ခွခွနှင့် ကျက်ခဲ့ ရသည်ကို မက်မက်မောမောရှိခဲ့ဖူးသည်။ ပထမတန်း
အရွယ်အနေဖြင့် ၄င်းအီရေဆားဆိုသော စာလုံးပေါင်းသည် ခက်ကောင်း
ခက်မည်မှန်သော်လည်း ကျွန်မအဖို့ တော့ ထိုမီးနင်းလေးကို ကျက်မှတ်တိုင်း
စိတ်ထဲမှ အမျိုးအမည်မသိသော ခံစား ချက်လေး ခံစားရစမြဲပင်။
တစ်ခြားစာလုံးပေါင်းများကို မကြာခဏ မေ့တတ်သော်လည်း ၄င်းအီရေးဆားဆိုသော
ခဲဖျက် ကလေး၏ စာလုံးပေါင်းကိုတော့ ဘယ်သောအခါမှ ကျွန်မ မမေ့တတ်ချေ။
ကွက်လပ်ဖြည့်သည့်အခါတိုင်းလည်း အမြဲလိုလို မှန်အောင်ဖြည့်တတ်သည်။
တစ်ဆက်တည်း ၄င်းအီရေးဆားနှင့်တွဲဖက် အာတီကယ်စာလုံးမှာ အေ-အန် (အန်)
ဆိုသည်ကို လည်း တွဲမှတ်ထားတတ်သေးသည်။ ထိုမှတစ်ဆင့် အတန်းတစ်ဆင့်ပြီးတစ်ဆင့်
တက်လာသောအခါတွင်လည်း ၄င်း အီရေး ဆားသည် ဗာဝယ်လ်(သရ)နှင့် စသည်ကိုပါ
သိမှတ်လာရသည်။ ၄င်းအပြင် ထိုအီရေးဆားလေးသည် ကျွန်မ ကျောင်းသူ ဘဝ
သက်တမ်းတစ်လျောက်လုံးတွင် အကောင်းဆုံးသူငယ်ချင်းအဖြစ် ကျွန်မဘေးမှ
ရပ်တည်လာခဲ့လေသည်။ မူလ တန်းကျောင်းသူမှ အလယ်တန်းကျောင်းသူဘ၀သို
့ရောက်သည့်အခါတွင်လည်း ထိုခဲဖျက်ကလေးသည် ကျွန်မနှင့် တစ်ဖ၀ါး မှ
မခွာကပ်ပါလာစမြဲပင်ဖြစ်သည်။ အမှန်တရားတစ်ခုသို့ ဦးတည်ရင်း အမှားတွေ
့သည့်အခါတိုင်း ထိုအီရေးဆားလေး သည် ကျွန်မအတွက် အကောင်းဆုံး
လမ်းပြပေးသူတစ်ဦးလည်းဖြစ်လေသည်။ မိမိလိုအပ်နေချိန်တွင် မိမိအား ဖေးမညှာတာ
လမ်းညွှန်သူတိုင်းကို လိုလားသော လူ့ စိတ်၏ သဘာဝအရလည်းကောင်း၊
ထိုအရာနှင့်ပတ်သက်လျှင် ထူးခြားသောစိတ်ခံစား ချက်ရှိသည်ကလည်းကောင်း
ခဲဖျက်ကလေးသည် ကျွန်မ တန်ဖိုးအထားဆုံးသော ကျောင်းသုံးပစည်း တစ်ခု ဖြစ်လာလေ
သည်။
ထိုသို့ နှစ်ခြိုက်စွဲလမ်းရာမှ ကျောင်းသုံးပစည်းရောင်းသည့်ဆိုင်ရောက်တိုင်း
ကျွန်မ အမြဲလိုလိုဝယ်ဖြစ်သည့် အရာမှာလည်း ခဲဖျက်ပင်ဖြစ်သည်။
ပုံစံမျိုးစုံ ကာလာစုံ ခဲဖျက်ကလေးများသည် ကျွန်မဆီတွင် အသစ်အတိုင်း
အများကြီးရှိလေသည်။ ကျွန်မ အကြောင်းကိုသိသော သူငယ်ချင်းများကပင်
ခဲဖျက်တွေပြန်ရောင်းစားမလို့ လားဟု ပြောယူရသည်အထိ ကျွန်မ၏မုန့်ဖိုး
တော်တော်များများသည် ခဲဖျက်ကလေးအတွက် ရင်းနှီးထားခဲ့မိလေသည်။
တစ်ခါကတည်း ကျွန်မချစ်သောခဲဖျက်နှင့်ပတ်သက်သည့် အမှတ်တရအဖြစ်အပျက်တစ်ခုက
ဖြစ်ပျက်လို့ လာခဲ့လေသည်။ စင်္ကာပူမှပြန်လာသော ကျွန်မဦးလေး
(ကျွန်မအမေ၏အစ်ကို)က မေမေ့ဆီမှသိလို့ ပဲလားတော့မသိ သူပြန်လာသောအခါ
တစ်ခြားသူတွေအတွက် အ၀တ်အစား၊နာရီအစရှိသဖြင့် လက်ဆောင်များပါသော်လည်း
ကျွန်မအတွက် ထူးထူးခြားခြား ခဲဖျက်ကလေးဝယ်လာလေသည်။ ခဲဖျက်လေးသည်
အနီ၊အ၀ါ၊အပြာစသည့် ကာလာသုံးမျိုးဖြင့်စပ် ထားသော လေယာဉ် ပျံပုံစံ ဖြစ်သည်။
ကျွန်မ ထိုခဲဖျက်လေးကို အင်မတန်ကြိုက်သည်။ ထို့ကြောင့် မဖျက်ရက် မသုံးရက်ဘဲ
အမှတ်တရ ဒီတိုင်းလေးပဲ ထားခဲ့မိသည်။ သို့ သော် အိမ်မှာတော့
မသိမ်းဆည်းခဲ့မိ။ ကလေးသဘာဝ သူငယ်ချင်းများကို ကြွားချင်သည် မို့ ကျောင်းသို
့ထည့်လာခဲ့မိသည်။ ထိုစဉ်ကတော့ နိုင်ငံခြားက ပစည်းဆိုရင် အကောင်းစားဟု
ဂုဏ်ယူဝံ့ကြွား ချင်သောစိတ် က အပြည့်မို့  သူငယ်ချင်းများကြားတွင် “ ဒါ
ငါ့ဦးလေး စင်္ကာပူက ၀ယ်လာတာ”ဟု ခပ်မော့မော့ကလေး ကြွားချင်စိတ်သာ
ကြီးစိုးနေလေသည်။ ထိုကြွားဝါချင်သောစိတ်ကြောင့်ပင် ကျွန်မဘ၀တွင် ဘယ်တော့မှ
မမေ့နိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ် ခဲ့လေသည်။ထိုနေ့ က ကျွန်မတို့ ကို
ပထ၀ီဆရာမက မြန်မာပြည်မြေပုံဆွဲခိုင်းလေသည်။
အတန်းတွင်းစစ်ဆေးခြင်းတစ်မျိုးမို့  အချိန် ကန့် သတ်ထားသည်။
သေသေသပ်သပ်နှင့် လှလှပပဆွဲနိုင်သူကို ဆုပေးမည်မို့  ကျွန်မတို့ 
စာနှင့်ပတ်သက်သည့် စွာတေး လန်အုပ်စု သူ့ ထက်ငါအပြိုင်ဆွဲနေကြလေသည်။
ကျွန်မလည်း အကြိမ်ကြိမ်လေ့ကျင့်ထားပြီးသားမို့  အလွယ်တကူ ဆွဲနေမိ သည်။
ထိုသို့ ဆွဲနေတုန်း ကျွန်မဘေးမှ သူငယ်ချင်းလက်နှင့်
တွန်းတိုက်မိသွားသောကြောင့် ကျွန်မခဲခြစ်ရာသည် ယိုင် သွားလေသည်။
တစ်နည်းဆိုရသော် ကျွန်မ ပုံမှာ မှားသွားလေသည်။ ထို့ ကြောင့်
ခဲဖျက်နှင့်ဖျက်ရန် ကျွန်မဘေးမှ သူငယ် ချင်း၏ ခဲဖျက်ကို ကောက်ယူလိုက်မိသည်။
သို့ ရာတွင် ထိုခဲဖျက်သည် ကျွန်မလက်ထဲသို့ ပါမလာခဲ့ချေ။ အကြောင်းမှာ
ကျွန်မလှမ်းယူလိုက်သော ခဲဖျက်သည်
ကျွန်မသူငယ်ချင်းလက်ထဲတွင်ရောက်ရှိနေသောကြောင့်ဖြစ်သည်။
ကျွန်မလည်း ကျွန်မသူငယ်ချင်းကို နားမလည်နိုင်သည့်မျက်ဝန်းများဖြင့်
လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ကျွန်မ သူငယ်ချင်း က “နင့်မှာလည်း
နင့်ဦးလေးပေးလိုက်တဲ့ခဲဖျက်ရှိနေတာပဲ ငါ့ခဲဖျက်ဘာလို့ လာဖျက်တာလဲ
မပေးနိုင်ပါဘူး”ဟုဆိုလာသည်။ အတန်းထဲတွင် စာပြိုင်ဖက်ချင်းမို့ ထိုသို
့ပြောလာသည်မှာ ဆန်းတော့မဆန်းပါချေ။ ခက်တာက ကျွန်မလည်း ထိုနေ့မှ
တစ်ခြားသုံးနေကျခဲဖျက်က ပါမလာခဲ့ချေ။ အိမ်မှာကျန်ခဲ့တာလား
ပျောက်တာပဲလားတော့မသိ။ ယခုအရေးကြီးတဲ့အချိန်ကျမှ ကျွန်မတော်တော်လေးအခက်တွေ
့နေသည်။ ဒီလိုဆိုရင် ကျွန်မဦးလေးပေးထားတဲ့ ခဲဖျက်လေးကို ထုတ်သုံးလိုက်ရ
မလား။ ဟင့်အင်း ကျွန်မခဲဖျက်လေး ကုန်သွားမှာစိုးတယ်။
ကျွန်မသူငယ်ချင်းတွေကြားမှာ နိုင်ငံခြားကခဲဖျက်ကိုင်သုံးနိုင်တယ် ဆိုပြီး
ဂုဏ်မယူရဘဲနေမှာပေါ့။ အတွေးများနဲ့  ကျွန်မသူငယ်ချင်းကို ပြန်ပြောမည်အလုပ်
သူမဆက်ပြောလာသည်က
“ ဘာလဲ နင်နှမျောနေတာလား။ လုပ်မနေနဲ့  အဲဒါလည်း ခဲဖျက်ပဲ ၊
နိုင်ငံခြားကလာလာ ဘယ်ကလာလာ ခဲဖျက်က ခဲဖျက်ပဲ ၊ သူ့ သဘာဝကိုက အမှားလုပ်ရင်
ဖျက်ရမှာပဲ၊ ခဲဖျက်ဖြစ်ပြီး အမှားမဖျက်ရင် ဘယ်လိုလုပ်
ခဲဖျက်တန်ဖိုးရှိတော့မှာလဲ” ။
ကျွန်မလည်း ဘယ်လိုမှ လုပ်မရတော့တာမို့  (သူမဆီက ခဲဖျက်ငှားလို့  ဘယ်လိုမှ
မဖြစ်နိုင်တော့ဘူးဆိုတာ သိတာမို့  ကျွန်မ ခဲဖျက်လေးကို နှမျောမျောနှင့်
ထုတ်သုံးလိုက်ရလေသည်။ အရာအယွင်းပျက်မှာစိုးသည်မို့  ခပ်ဖွဖွလေး
ဖျက်ခဲ့မိသည်။ ထိုနေ့  က ဆရာမပေးသောဆုကို ကျွန်မရခဲ့သည်။ သို့သော်
စိတ်ဝယ်သိပ်တော့ မပျော်မိချေ။အကြောင်းမှာ ကျွန်မ ခဲဖျက်လေးကို မသုံးချင်ဘဲ
ထုတ်သုံးလိုက်ရသောကြောင်ပင်။
ဒီလိုနှင့် အတန်းတွေ တစ်တန်းပြီးတစ်တန်းတက်လာရင်း ခဲဖျက်ကလေးကို
မသုံးတော့သည့်အချိန်ထိ ကျွန်မ ဘောပင်အိတ် ထဲတွင် နေရာယူခိုင်းရင်း
ကျွန်မသည်လည်းပဲ လူပီသသောစိတ်ထားလေး အနည်းငယ်ပိုင်ဆိုင်လို့ လာခဲ့လေသည်။
ကျွန်မ ငယ်စဉ်က ကျွန်မသူငယ်ချင်းပြောသော စကားများသည် ယခုအချိန်တွင်
အင်မတန်မှ တန်ဖိုးရှိနေလေပြီ။ ထိုစကား အတိုင်း ကျင့်ကြံနေထိုင်နိုင်ရင်
ကျွန်မ အားထုတ်နေမိပြီဖြစ်သည်။
အကယ်၍ ကျွန်မတို့ လူသားများကို ခဲဖျက်တစ်ခုနှင့်
နှိုင်ယှဉ်မည်ဆိုပါစို့။ခဲဖျက်သည် မိမိအကျိုးအတွက် ခဲဖျက်ဟူသော ဝေါ
ဟာရကိုပိုင်ဆိုင်ထားခြင်းမဟုတ်။ သူတစ်ပါး၏ အမှားများကို အမှန်ပြင်ပေးရင်း
မိမိဘ၀ နစ်မွမ်းနေပါစေ ဂုဏ်ယူစွာနေ ထိုင်ရင်း အချိန်များကို
ကုန်လွန်နေသည်မှာ ခဲဖျက်ပင်ဖြစ်သည်။ ဒီလိုဆိုလျှင် ခဲဖျက်တစ်ခုပမာပြုထားသော
ကျွန်မတို့ လူသားများသည်လည်း မိမိတို့ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ
အလှဆင်ရင်း…၊လျှောက်လှမ်းနေသော လမ်းခုလတ် တွင် တွေ့လာရသော အမှားဟူသမျှကို
တတ်နိုင်သမျှ တတ်စွမ်းသမျှ အမှန်ပြင်ပေးရင်း မိမိ၏ အချိန်၊ မိမိ၏ဘ၀ကို
ရင်းနီးပေး ဆပ်ထားသင့်သည်မဟုတ်ပါလော။ အမှားတစ်ခုကို ပြင်ပေးဖို
့အသုံးပြုပါမှ ခဲဖျက်တစ်ခုက နိယာမ ပီပြင်မည်ဖြစ်သကဲ့သို့ မိမိနေထိုင်ရာ
ဝန်းကျင်ကို တတ်စွမ်းသမျှ အလင်းပေးပါမှ လူသားဟူသော ဝေါဟာရ
ပီပြင်မည်ဖြစ်ပေမည်။
အတိတ်ဆီသို့ ကွန်းခိုနေသော အတွေးများက လက်ရှိအချိန်သို့ ကပ်မိသည်နှင့် မျက်စိရှေ့ မှ ကဗျာလေးကို နောက် တစ်ခေါက် ထပ်ဖတ်မိသည်။
“ ခဲဖျက်တစ်ခု၏ နိယာမ ”
အမှားတစ်ကြောင်း ၊ပျက်စေကြောင်းဆို
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လံုးပါးပါးခု၊ ငါမမွဳဘူးေ
ပလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လံုးပါးပါးခု၊ ငါမမွဳဘူးေ
ပလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။
(ပခုက္ကူမောင်သုတ)
ချစ်ခင်လေးစားလျက်
ဆုဂျေ
ဆုဂျေ