Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Monday 6 August 2012

ရင်ကို ထိစေသာ စာလေးပါ

ဆရာမက ကျောင်းသားတွေကို ဂိမ်းကစား ပွဲလေး တခု ကစား ဖို့  ဆုံးဖြတ်လိုတ်တယ်.....
ကျောင်းသား တိုင်း ကို  အာလူးလေးတွေ ယူခဲ့ ဖို့ ပြောတယ် ....အာလူးယူခဲ့ တဲ့ နေရာမှာလဲ အာလူး
တလုံး ယူရင် အာလူးတလုံးမှာ မိမိ မုန်းတဲ့ သူငယ်ချင်း နာမည်လေး ရေးထားရမယ် ....
အာလူး ဘယ်နှစ်လုံး ယူလာမလဲ ဆိုတာ က မိမိမုန်းနေတဲ့ သူဘယ်၂ယောက်ရှိလဲ ဆိုတာ မူတည်တယ်ပေါ့  ....
မိမိယူလာတဲ့ အိတ်ထဲက အာလူးကို ကြည့် တာနဲ့  သူမုန်းတဲ့ သူ ဘယ်နှစ်ယောက်ရှိလဲ သိနိုင်တာပေါ့ ....
အဲလို နဲ့ ဂိမ်ဆော့ တဲ့ နေရောက်တော့  ကျောင်းသားတွေက  မိမိမုန်းတဲ့ လူနာမည်တွေ ရေးထားတဲ့ 
အာလူးတွေ  အိပ်ကလေးတွေထဲ  ထည့် ပြီး ယူ လာတယ်ပေါ့  ....တချို့ ကျောင်းသားသ တလုံး ပါတယ်
တချို့ ကျောင်း သား က ၂လုံး ပါတယ်  တချို့ ကျောင်းသား က ၅လုံး အထိပါတယ်ပေါ့  ........
ဆရာမက ကျောင်း သားတွေကို ပြောတယ် ........   
"တပည့်တို့  ယခု ပါလာတဲ့ အာလူးတွေ ထည့် ထား တဲ့ အိပ်ကလေးတွေကို တပတ်တိတိ
တပည့်တို့ ဘယ်သွားသွားယူသွားရမယ်   နောတ်ဆုံး အိမ်သာသွားတာတောင် ယူသွားရမယ်" လို့ ပြောတယ် ....
ရက်တွေ တရက်ပြီး တရက် ကုန်လာခဲ့ တယ် ......
ကျောင်းသားတွေ အချိန်ကြာလာတော့ ပုပ်အပ်လာတဲ့  အာလူးတွေကြောင့်  မနှစ်မြို့ စရာ အနံတွေကို
စတင် ခံစား လာရတယ်....အာလူး အများကြီးနဲ့ မုန်တဲ့ သူအများကြီးရှိတဲ့ သူက တော့ လေးလဲလေး
အနံလဲ နံပေါ့ ဗျာ .......တပတ်ပြည့် တော့ မှပဲ ဂိမ်းကစား ပြီးလို့  ကျောင်း သားတွေ သက်သာရာရတယ် ....
ကျောင်းသားတွေက ဆရာမ ဘာ လို့ ဒီလို ဂိမ်းကို မှရွေးပြီး ကစားလဲ နားမလည်ကြဘူး  ...မိမိတို့ ကို
အနံအသက်မကောင်းတဲ့ ဟာတွေ သွားလေရာယူခိုင်းတော့  သူတို့ ကြုံ တာ ကို မချင်မရြဲဖစ်ပြီး
ဆရာမ ကို စော ဒကတတ်ကြတာပေါ့ ....................
ဆရာမက ကျောင်း သားတွေကို စုဝေးပြီး အခုပြီးဆုံး သွား တဲ့  ကစားပွဲ၇ဲ နောက်ကွယ်က
လျှိုဝှက်ချက်လေးကို ပြောပြပါတော့ တယ်...
"တပည့်တို့ ရေအာလူးတွေ အပေါ်မှာ ကိုယ်မုန်း တဲ့ သူနာမည်ရေးထွင်းခိုင်းခြင်းဟာ တပည့် တို့ 
နှလုံး သားထဲမှာတပည့် တို့ မုန်းနေတဲ့  လူတွေရဲ နာမည်တွေ အကြောင်းအရာတွေ ထည့် သွင်းထားတာနဲ့ 
တူတယ်.....အာလူးတွေကို တပည့် တို့ သွားလေရာ အိပ်ကလေးနဲ့ ထည့် ပြီး သယ်သွား သလို
တပည့် တို့ မုန်းနေတဲ့  လူတွေကို လဲ  တပည့် တို့ ကနှလုံးသာနဲ့  သယ်ဆောင်သွား ရတယ်....
အချိန်ကြာလာတော့ အာလူးတွေက ဆိုးရွားသော အပုပ်နံတွေ ထွတ်လာ သလို
တပည့် တွေ လဲ ကိုယ်သူတပါးအပေါ် ထားရှိတဲ့ အမုန်းတွေကြောင့်  အပုပ်နံတွေ ထွတ်ပြီး နလုံးသားက မဖြူတော့ ဘူး....
တပတ်အတွင်းမှာတောင် တပည့် တို့  အာလူးရဲ ဆိုးရွားတဲ့ အပုပ်နံတွေ ခံခဲ့ ကြရယ် ဟုတ် .....
ဒါဆို နှလုံးသားမှာရှိတဲ့  အမုန်းတွေကို ဘာကြောင့် တသက်လုံး သယ်သွား မှာလဲ ....
တပတ်ပြည့် လို့ ပုပ်စော်နံနေတဲ့ အားလူးတွေပစ်လိုတ်ရတဲ့ အခါ ရရှိလာတဲ့  ပေါ့ပါးလန်းဆန်းမှုမျိုး ကို
တပည့် တို့ ပြန်တွေးကြည့် ပါ .....ဘယ်လောက်တောင်လွပ်လပ်ပေါ့ ပါးလဲ ...ကိုယ်သူတပါး အပေါ်ထားရှိတဲ့ 
အမုန်းတွေကြောင့်  ကိုယ်နလုံးသားကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီး ပုတ်စော်မှုမနံပါစေနဲ့ ...."
ကိုယ်သူတပါးအပေါ်ထားရှိသောအမုန်းတွေကြောင့်  ကိုယ့်ကိုယ်ဝန်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့ ...
အာလူး အပုတ်တွေ လွှင့် ပစ်သလို သင်လဲ အမုန်းတွေ စွန့် ပစ်လိုတ်ပါ ....သင်သာမစွန့် ပစ်မိရင်
သင်ဘယ်သွားသွားအဲဒီအမုန်းတွေကို သင့် နလုံး သားက ယူဆောင်သွား ပါမယ် ...အချိန်ကြာလာတဲ့ အခါ
အာလူးတွေပုပ်သလို သင့် နှလုံးသားမှာလဲ အမုန်းတွေကြောင့်  မာကြောခတ်ထန်မှုတွေနဲ့ 
ပူလောင်မှုတွေသာ ကြုံတွေပါရမယ် ....ဒီနေက စပြီးသင်ရဲအမုန်းတွေထည့် ထားတဲ့  နှလုံးသားကို
စွန့် ပစ်လိုတ်ပါ ....
မှတ်ချတ် ...ကျနော်ဖတ်မိသော စာလေး တခုကို မှတ်မိသလောက် ပြန်ရေးထားတာပါ ...
ကျနော်လဲ ပြုပြင်နေဆဲ ကြိုး စားနေဆဲပါ

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်