Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 30 June 2012

အင်္ဂလန်လူဝင်စားနှင့် ရွှေတိဂုံဖြစ်ရပ်မှန်

အင်္ဂလန်သားလူဝင်စားနှင့် ရွှေတိဂုံစေတီ ဖြစ်ရပ်မှန်
posted by ပန်းကမ္ဘာ

သေခါနီးရောက်နေသည့် သတ္တ၀ါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြု စဉ် က ကြုံတွေ့ခဲ့ရသောအာရုံကိုဖြစ်စေ၊ ဖြစ်ရမည့်နောင်ဘ၀ကအခြေအနေကိုဖြစ်စေထင်မြင်စွဲလမ်းလျက်ရှိနေ၏။ ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့ မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ၀မ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့ သို့လည်း ကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း ထူးထူးခြားခြား ဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။
တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက ခေါ်သွားသည် ဘယ်လိုနေရာရောက် သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။ ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေး တစ်ခု ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။ ယခုကြံသိနေသော ရှေးရှေး စိတ် များ ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန် ကြောင့် နောက်နောက်စိတ်များ မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်ဌာန၌ စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။
( ၁၉၇၇ - ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ဘ၀ပြဿနာ စာ - ၂၆ )

သေတဲ့အခါ စိတ်စွဲထင်ရာဘ၀သစ်ဖြစ်ပေါ်ရကြောင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ရှင်းလင်းဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မသေခင် နေစဉ်ကတည်းက စွဲစိတ်တွေကို သတိနဲ့ဖြတ် ချနိုင်တဲ့ အကျင့်ကောင်းကလေးတွေ ကျင့်တက်ကြစေဖို့ ၀ိပဿနာ ဆရာတော်ကြီးများက အမြဲတမ်းလမ်းညွှန် သတိပေးနေပါတယ် . အနေတတ်ရမယ်၊ အထူး သဖြင့် အသေတတ်ရမယ် လို့ သြ၀ါဒပေးနေတာ ဟာ သေခါနီး မှာဖြစ်ပေါ်လာတဲ့ စွဲစိတ်တွေရဲ့ အန္တရာယ်ကို ကြိုတင်ကာ ကွယ်စေချင်လို့ ဖြစ်ပါတယ်။
အလောင်းတော်ကြီး များသော် မှ နုစဉ်ဘ၀များမှာ အာရုံမှားပြီး တိရစ္ဆာန်ဘ၀များသို့ လား ရောက်ရသေးတယ် မဟုတ် ပါလား။ ကျောင်းဆောက်ပြီး လှူတဲ့ ကျောင်းဒကာကြီး ကျောင်းကိုစွဲပြီး သေသွားတဲ့အခါ ကျောင်းစောင့်ပြိတ္တာဖြစ်ရရှာပုံ၊ ဘုရားဒကာကြီးလည်း ဘုရားစေတီကို စွဲပြီး သေသွားတဲ့အခါ ဘုရားစောင့်ပြိတ္တာ ဖြစ်ရရှာပုံတွေကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း သာဓကဆောင် ဟောကြားခဲ့ဖူး ပါတယ်။
လွန်ခဲ့သောနှစ်ပေါင်းတစ်ရာနီးပါး မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်က အမှတ်ထင်ထင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဟာလည်း ကုသိုလ်ရှင်ကြီးတစ်ဦးရဲ့ စွဲစိတ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသုက္ခတွေကိုထူးထူးခြားခြား ဖေါ်ပြနေသလိုရှိပါတော့ တယ်။ အဲဒီတုန်းက ကုသိုလ် ရှင်ကြီး တစ်ဦးဟာ ရွှေတိဂုံစေတီကြီးရဲ့ စနေထောင့် အနောက်တောင်ယွန်းယွန်းမှာ တန်ဆောင်းကြီး တစ်ဆောင် ဆောက်လုပ် လှူဒါန်း ခဲ့ပါ တယ် ။ တန်ဆောင်းကြီးအတွင်းမှာလည်း အများပြည်သူတို့ ကြည်ညိုဖို့ ရုပ်ပွားတော်ကြီးတစ်ဆူ ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။ ကုသိုလ်ရှင်ကြီးဟာ မိမိရဲ့ကုသိုလ်ကောင်းမှုတွေကို အားကိုးပြီးတော့ ကုသိုလ်ရမယ့် အလုပ်တွေကိုသာ ကြိုးစားလုပ် ဆောင်နေခဲ့ပါတယ်။ ဒါကြောင့် သူသေရင် နတ်ပြည်တော့ မလွဲဘူးလို့ အားလုံးက ထောပနာပြုကြလေ့ ရှိသတဲ့။
ဒီလိုနဲ့ တစ်နေ့မှာ ကုသိုလ်ရှင်ကြီး ရှိရာ ရွှေတိဂုံ ဘုရား ရင်ပြင်တော်ဆီ ကာလအတန်ကြာကွဲကွာနေတဲ့ မိတ်ဆွေတွေရောက် လာကြပါတယ် ။ ရောက်မဆိုက်ဆိုသလို မိတ်ဆွေတွေက -
“ဘုရားဒကာ တန်ဆောင်းဒကာကြီးရဲ့သတင်းတွေကတော့ဗျာ၊ ဘိလပ်အထိအောင် မွှေးပါပေတယ်” လို့ ချီးကျူးကြ ပါ တယ်။ `ဩော်.. သူတို့က ဘိလပ်ပြန် တွေကိုး။ သူတို့ အင်္ဂလန်သွားနေတာလည်း ကုသိုလ်ရှင်ကြီး အခုမှ သတိရတယ်။ ဘိလပ်ပြန် မိတ်ဆွေများက.. “ ကုသိုလ်ကောင်းမှုတွေ ဒီလောက်လုပ်နေတာ သေရင် နတ်ပြည်တော့ မလွဲဘူးလို့ ပြောနေ ကြပါလား မိတ်ဆွေကြီးရဲ့.. ဒါနဲ့ နတ်ပြည် ခြောက်ထပ်ဆိုတာ ဘယ်မှာရှိပါလိမ့် မိတ်ဆွေကြီး..” လို့ လှိုက်လှဲဝမ်းသာ မေးကြပါတယ်။ ကုသိုလ်ရှင်ကြီးက မိုးမော့ကြည့်ပြီး “ နတ်ပြည်ဆိုတာ မိုးပေါ်မှာပေါ့ဗျာ” လို့ ပြုံးပြုံးရွှင်ရွှင် ဖြေလိုက်တယ်။ ဘိလပ်ပြန်မိတ်ဆွေကြီးတစ်ယောက်က- “ မိုးပေါ်မှာ နတ်ပြည်ဆိုတာ မသေချာပါဘူးဗျာ .. ဒီမှာကျောင်းဒကာကြီး၊ ဟောဒီ မြေပြင်ပေါ်မှာတင် နတ်ပြည်ဆိုတာ ရှိနေတယ်ဗျ” လို့ ခနိုးခနဲ့ပြောလိုက်ပါတယ်။
ကုသိုလ်ရှင်ကြီး ယောင်နန ဖြစ်သွားစဉ်မှာပဲ အခြားသော ဘိလပ်ပြန်မိတ်ဆွေကြီးနှစ်ဦးက “ ဟုတ်တယ်ဗျ၊ ကျုပ်တို့ရောက် ခဲ့တဲ့ ဘိလပ်ဆိုတဲ့ အင်္ဂလန်ကျွန်းဟာ တကယ့်နတ်ပြည်ပဲ၊ မြေပြင်ပေါ်က နတ်ပြည်ပဲ။ ဘိလပ်သူ ဘိလပ်သားတွေဆို တာလည်း နတ်သမီး နတ်သားတွေ ကျလို့ဗျာ..ဘိလပ်မှာ ဆင်းရဲတယ်ဆိုတာ ဘာမှန်းမသိအောင် အချိန်ပြည့် ဇိမ်ခံ နေကြတယ်၊ ဘုံနန်းဆောင်ကြီးတွေ ယာဉ် ရထားတွေ ပန်းဥယျာဉ်ကြီးတွေဆိုတာလည်း နတ်ပြည်မှာတောင် ရှိမယ် မထင်ပါဘူးဗျာ” စသဖြင့် ဘိလပ်ချီးမွမ်းခန်း ကို အဆန်းတကြယ်ပြော လိုက်ကြတာ ကုသိုလ်ရှင်ကြီးပါးစပ်အဟောင်းသား နဲ့ငေးမောနားထောင်ယူရတယ်။ ဘိလပ်ပြန်မိတ်ဆွေတွေ ပြန်သွားသည့်တိုင် သူ့နားထဲမှာ “ဘိလပ်ဆိုတာ နတ်ပြည်” ဆိုတဲ့ စကားသံကြွားသံတွေ ပဲ့တင်ကျန်နေရစ်ပါတယ်။
ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးဟာ ရွှေတိဂုံကုန်းတော်ကနေ ဘိလပ်တစ်ခေါက်လောက် သွားရကောင်းလေမလား.. စဉ်းစားခန်းဝင်မိတဲ့ အထိပဲ တဲ့ ။ သြော်..ငါ့အသက်လည်းကြီးပါပြီ၊ ကိုယ့်အလုပ် ကိုယ်လုပ်တာကောင်းပါတယ်ဆိုပြီး ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ ဒါနသီလ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေပါသတဲ့။ အရွယ်ရောက်စ သားလူပျိုပေါက်ကို ဘုရားခေါ်လာခဲ့ပြီး လက်ကတုံးတောင်းဝှေးလုပ်ရသေးတယ်။ သားကိုခိုင်းစရာရှိတာခိုင်း၊ သင်စရာရှိတာသင်နဲ့ အလေ့ကောင်း၊ အကျင့်ကောင်း၊ အမွေကောင်း ဆက်ခံလုပ်ကိုင်စေပါတယ်။
ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးရဲ့ဘ၀ဆည်းဆာချိန် ရောက်လာတဲ့အခါ သူ့အာရုံမှာ ဘိလပ်၊ အင်္ဂလန်ဆိုတဲ့ ပုံရိပ်တွေသာ ကပ်ငြိ လို့ ပုံပေါ် လာပါတယ်။ အဲဒီမှာပဲ ရုတ်တရက် သေဆုံးလေရာ ( နတ်ပြည်သို့ရောက်ထိုက်ပါလျက် ) အစွဲအငြိနဲ့ အာရုံမှားဝင် ဖျက်လို့ ဘိလပ်မှာ ၀င်စား၊ အင်္ဂလိပ်အမျိုးသား လူမျိုးခြားအဖြစ် တဖန်မွေးဖွား ပြီး လူပြန်ဖြစ်ခဲ့ပါတော့တယ်။ အင်္ဂလိပ်ဘ၀ သူ့နာမည် ‘ဟွန်းစနိုး’ ဟု ခေါ်တွင် သတဲ့။ မြန်မာပြည်သား ကုသိုလ်ရှင်ကြီးဘ၀က ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ချမ်းချမ်းသာသာ နေရပါတယ်။
မြန်မာပြည်သားဘ၀က စောင့်ထိန်းခဲ့တဲ့ သီလကုသိုလ်၊ ပြုကျင့်ခဲ့တဲ့ဘာဝနာကုသိုလ်တို့ရဲ့ ကျေးဇူးကြောင့် လူငယ်စာသင် သားဘ၀မှာ ပညာထူးချွန်သူ ဖြစ်လာခဲ့ပါတယ်။ သူ အထူးစိတ်ဝင်စားတာက ဘာသာရေးနဲ့အတွေးအခေါ်ပညာရပ်တွေ ဖြစ်လာပါတယ်။
ယခုအခါ သူကိုယ်တိုင်ဟာ ဘာသာခြားလူမျိုးခြား ဖြစ်လာရပေမယ့် ဗုဒ္ဓဘာသာအကြောင့်တစေ့တစောင်းမျှ ဖတ်မှတ်လေ့ လာရုံမျှနဲ့ သူ့စိတ်ဟာ အကြီးအကျယ် လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့သူဟာ ဗုဒ္ဓ၀ါဒ သုတေသနသမားကြီး ဖြစ်မှန်း မသိဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစူးစမ်းတာတွေ လုပ်လာရပါတယ်။ အဲဒီမှာ မြန်မာပြည်က အင်္ဂလန်ကို ပညာတော်သင်လာရောက်သူများနဲ့ ဆုံဆည်းမိရာက သူ့ဘ၀ရဲ့ အလှည့်အပြောင်းကြီး တစ်ခု ဘွားခနဲပေါ်ပေါက် လာရ ပါတော့ တယ်။
မြန်မာမိတ်ဆွေတစ်ဦးက အလွန်ကြည်ညိုဖွယ် ကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော် ဓာတ်ပုံတစ်ပုံရယ် ရွှေတောင်ကြီးပေါက်နေ သကဲ့သို့ အံ့ဖွယ်သပ္ပါယ်လှတဲ့မြတ်ဘုရားရွှေတိဂုံပုံတော်တစ်ပုံလက်ဆောင်ပေးပါတယ်။အင်္ဂလိပ်ပညာတတ်ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော် ကြည့်ပြီး ရင်တွေ တဒိတ်ဒိတ်ခုန်၊ အသားတွေတဆတ်ဆတ်တုန်လာပါတယ်။ ရွှေတိဂုံဘုရားပုံတော်ကို မမှိတ်မသုံ စိုက်ကြည့်နေစဉ်မှာပဲ ခမ်းနားတဲ့ တန်ဆောင်းကြီး တစ်ခုကို သူမြင်လိုက်ရပါတယ်။ ( တကယ်တော့ သူကြည့် သည့် ရွှေတိဂုံပုံတော်ဓာတ်ပုံတွင် တန်ဆောင်းကို ထည့်သွင်း ရိုက်ကူး ထားခြင်းမဟုတ်သည့် အတွက် တန်ဆောင်း မပါဝင်ပါ )။ ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော်ကို မျက်စိခွာလို့မရ၊ ကြည့်နေရင်းမှာပဲ တန်ဆောင်း ကြီးတစ်ခု ဖျပ်ကနဲ ဖျပ်က နဲ ပေါ်လာပါတယ်။ ပြီးတော့ တန်ဆောင်းအတွင်း အတင့်အတယ် စမ္ပါယ်နေတဲ့ မြန်မာလူမျိုး ဘ၀က သူလှူခဲ့တဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးကိုလည်း ဖူးတွေ့လိုက်ရပြန်ပါတယ်။
မြန်မာပညာတော်သင်မိတ်ဆွေကိုအလွန်အမင်းကျေးဇူးတင်ခြင်းဖြင့် နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ သူဟာ ရွှေတိဂုံဘုရား ပုံတော်ကို ထုတ်ကြည့်၊ ခွာကြည့် ကပ်ကြည့်ပြီး တစိမ့်စိမ့်ငေးကြည့် ကြည်ညိုလို့သာ နေတော့တယ်။ နောက်ဆုံးတော့ သူဟာ ရွှေတိဂုံဘုရားကြီးကို ကိုယ်တိုင်သွားရောက်ဖူးမြော်ချင် ကြောင်း၊ သူ့မိဘတွေဆီမှာ ခွင့်တောင်း ရာမှာတော့ ဗုဒ္ဓဘာသာ သုတေသနလို့ အကြောင်းပြ ခွင့်တောင်းရရှာတယ်။ မိဘတွေကလည်း ပညာရေးကိစ္စဖြစ်လို့ ကြည် ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတယ်။ ဒါနဲ့သူဟာ ၀ါသနာတူရာ အဖော်တစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရားကြီးရှိရာ မြန်မာပြည် သို့ ရေကြောင်းခရီးအားဖြင့် သင်္ဘောစီးထွက်ခွာလာခဲ့ပါ တော့တယ်။ သင်္ဘောပေါ်မှာ ဆုံဆည်းမိတဲ့ မြန်မာမိတ်ဆွေ များကိုလည်း ဗုဒ္ဓဘာသာအကြောင်း ရွှေတိဂုံဘုရားကြီးအကြောင်း မေးမြန်းစုံစမ်းလို့သာ အချိန်ကုန်ဆုံးရင်း လိုက်ပါလာ ခဲ့ပါတယ်။
“ကမ္ဘာမှာ မရှိဘူး” “ အင်္ဂလန်မှလြည်း မရှိဘူး” … သူဟာ ရွှေတိဂုံဘုရားပုံတော်ထုတ်ကြည့်ပြီး အဲဒီလို အာမေဍိတ် အသံနဲ့ ပြော လိုက်တယ်ဆိုရင် မြန်မာမိတ်ဆွေ တွေက သဘောကျနေသလောက် အတူပါလာတဲ့ သူ့မိတ်ဆွေ အင်္ဂလိပ်ကြီးက တော့ ပုခုံးတွန့်လိုက်မိပါရော တဲ့ ။
ဒီလိုနဲ့ သူတို့သင်္ဘော မြန်မာ့ပင်လယ်ပြင် ဆိပ်ကမ်းနားသို့ ကပ်မိတယ်ဆိုရင်ပဲ -
“ဟိုမှာ.. ဘုရား..ဘုရား… ရွှေတိဂုံ…ရွှေတိဂုံ..” မြန်မာမိတ်ဆွေတွေက ညွှန်ပြကြတယ်။ သူ သင်္ဘောပေါ်က လှမ်းကြည့် လိုက်တော့ ရွှေတောင်ကြီးပေါက်နေသည့် ပမာ ရွှေရောင်ဝင်းဝါနေတဲ့ စေတီတော်မြတ်ကြီးကို လှမ်းမြင်လိုက်တာနဲ့ ရင်တလှိုက်လှိုက်ခုန်ပြီး မြန်မာ မိတ်ဆွေတွေလိုပဲ သူ့ရင်ညွှန့်မှာ လက်အုပ်ကလေးချီလျက်သား..။ သူ့ ပါးပြင်ပေါ်မှာတော့ ဘယ်ကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည် စီးကြောင်း..၊ ဘ၀ဟောင်းက ပုံရိပ်တွေ တဖျပ်ဖျပ်ရိုက်ခတ်၊ ရုတ်တရတ် ဟိုမှာဘက်က ဘ၀နဲ့ သည်ဘ၀ ဆက်စပ်သွားသလို ရင်၌လိုက်ဖို ရှိုက်ငိုခြင်းမရှိပဲ မျက်ရည်တွေက သွင်သွင်စီးကျ..။ အနီးအပါးက မြန်မာမိတ်ဆွေတွေနဲ့ သူ့အဖော် အင်္ဂလိပ်မိတ်ဆွေကတော့ နားမလည်နိုင်သော အံ့သြခြင်းများဖြင့် သူ့ကိုကြည့်လို့..။
သင်္ဘောကမ်းကပ်တာနဲ့ သူဟာ ရွှေတိဂုံဘုရားကြီးဆီ တန်းသွားလိုက်ချင်ပေမယ့် ပါလာတဲ့ အဖေါ်၊ကို ငဲ့ညှာရ၊ ပစ္စည်း ပစ္စယတွေလည်း သယ်ရပြုရ သေးတာကြောင့် ထိုတစ်ညကို အကြာကြီးလို့ သည်းခံလိုက်ရတယ်။ နောက်တစ်နေ့ နံနက် မိုးသောက်ချိန် မှာတော့ သူဟာ အဖေါ်နှစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ် ရောက်နေခဲ့ပါပြီ။ အဖေါ်နှစ် ယောက်မှာ တစ်ယောက်က သူ့ သူငယ်ချင်း အင်္ဂလိပ်၊ နောက်တစ်ယောက်က မြန်မာစကားပြန်ပါ။ မြန်မာစကားတွေကို နားလည်သလိုလိုလည်း သူခံစားလိုက်ရပြန်ပါတယ်။ ဒီလောက်စောစောစီးစီး ၀ီရိယကြီးလိုက်ပါတဲ့ မြန်မာတွေ..
ဘုရားရင်ပြင်အနှံ့ ကုသိုလ်အလုပ်တွေ ဖြန့်ကျက်နိုင်လွန်းတဲ့ မြန်မာတွေကိုကြည့်ပြီး သူ့အမူအယာဟာ ထူးထူးခြားခြား ရွှင်လန်းလာပါတယ်။ ရွှေတိဂုံဘုရားကြီးကို အားမရနိုင်သော ဖူးမြော်ခြင်းနဲ့ ဖူးမြော်ပြီး… “ ကမ ၻာမွာ မရိွဘူး ..ကမ ၻာ မွာ မရိွဘူး” လို့ သူ့နှုတ်က မြည်တမ်းနေပါတော့တယ်။ ဒီလိုနဲ့ စနေထောင့်ကို ရောက်လာတဲ့အခါ သူ့အကြည့်တွေ၊ သူ့ခြေ လှမ်းတွေ တစ်နေရာတည်းမှာ ရပ်တန့်သွားတယ်။ ခမ်းနားဆန်းပြားတဲ့ တန်ဆောင်းကြီးတစ်ခုဆီရောက်တဲ့အခါပေါ့။ တန်ဆောင်းအတွင်းမှာတော့ ဟိုဖက် ရင်ပြင်ပေါ်မှာလောက် လူမများလှ၊ ပုတီးစိပ်သူ သုံးယောက်၊ တရားထိုင်နေသူ လေးယောက် ခန့်သာရှိနေပါတယ်။ သူ တန်ဆောင်းအတွင်း ၀င်မိချိန်မှာတော့ ငါးပေလောက်မြင့်တဲ့ ကြေးဆင်းတု ဘုရားရုပ်ပွားတော်ကြီးကို ဖူးတွေ့လိုက်ရတယ်။
ဘုရားရုပ်ပွားတော်ကြီးက ရောင်ခြည်တော်တွေ ပြိုးပြက်လျှံထွက်နေသလို သူမြင်တွေ့ခံစားလိုက်ရတယ်။ ရုပ်ပွား တော်ကြီးရှေ့မှာတော့ ရဟန်းတစ်ပါးနဲ့ လူဒကာတစ်ယောက်၊ ဘုရားကိုယ်တော်မြတ်ကြီးကို ပန်းဆီမီးရေချမ်းတွေနဲ့ ကြည်ညိုပူဇော်နေတာ တွေ့လိုက်ရပြန်တယ်။ ရုပ်ပွားတော်ကြီးရှေ့ တရွေ့ရွေ့နီးကပ်လာစဉ်မှာပဲ သူ့ရင်တွေ တလှပ်လှပ် ဖိုလှိုက်လာတယ်။ သူဟာ အသက်ရှူဖို့တောင် မေ့နေတဲ့အလား ဘုရားရုပ်ပွားတော်ကြီးကို ငေးကြည့် ကြည်ညိုနေမိတယ်။ သူ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး ရုတ်တရက်… “ ဘုရား..ဘုရား” လို့ အော်လိုက်မိပါတယ်။
ဘယ်ကဘယ်လို ပေါ်ထွက်လာတဲ့အသံကြီးပါလိမ့်..၊ သူ့ကိုယ်သူတောင် မယုံနိုင်တော့ပါဘူး…။ ဒီအင်္ဂလိပ်လူမျိုးစစ်စစ်ကြီး ပါးစပ်က မြန်မာလို “ဘုရား…ဘုရား”.. လို့ ပီပီသသကြီး အော်လိုက်မိတာ ပုတီးစိပ်နေသူ တစ်ယောက်ပင် မျက်လုံးဖွင့် ကြည့်၊ အို.. အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ၊ သူ ဒူးတုပ်ထိုင်ချလိုက်ပြီး ဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှိခိုးနေမိပါပြီ..။
“ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .. ဓမ္မံ သရဏံ ဂစ္ဆာမိ .. သံဃံ သရဏံ ဂစ္ဆာမိ..” ဘုရားရှေ့မှာ ပန်းဆီမီးပူဇော်နေတဲ့ ရဟန်းတော် ဆီက သရဏဂုံဆောက်တည်သံ ပေါ်ထွက်လာတယ်..။ သူ လိုက်ဆိုနေမိတယ်..၊ ပြီးတော့ နမောတဿ..၊ တကယ့်ကို ပီပီသသကြီး သူလိုက်ဆို ရှိခိုးနေမိတယ်.။ အတူပါလာတဲ့ အင်္ဂလိပ်မိတ်ဆွေ ခြေမကိုင်မိ လက်မကိုင်မိ သူ့ကိုကြောင်ကြည့် နေတယ်။ အားလုံးက သူ့ကို တအံ့တဩ ကြည့်နေကြပါတယ်။ သူဟာ ဘုရားရှိခိုးနေရာက မျက်နှာမော့လာကာ ဘုရား ရုပ်ပွားတော်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး အင်္ဂလိပ်ဘာသာနဲ့ တစ်စုံတစ်ရာ အော်ဟစ်ပြောဆိုလိုက်တယ်။
မြန်မာစကားပြန်မိတ်ဆွေက ..
“ အိုး..ဂေါ့ဒ်.. ဒီရုပ်ပွာတော်ကြီးဟာ သူလှူခဲ့တဲ့ဘုရားဆိုပါလား” လို့ အော်ကြီးဟစ်ကျယ် တအံ့တဩ ဘာသာပြန် ပေးလိုက်တယ်။ အင်္ဂလိပ်မိတ်ဆွေ အဖေါ်က “သူ ရူးသွားပြီ” လို့ ယူကြုံးမရ ပြောတယ်။ ဟွန်းစနိုးက.. “ နိုး..နိုး.. သူ မရူးဘူး” ဒီဘုရားကို သူ မြန်မာ လူမျိုး ဘ၀က လှူခဲ့တာဖြစ်ကြောင်း တပ်အပ်သေချာ အခိုင်အမာ ပြောဆိုတယ်။ သူတို့ ငြင်းခုံသံတွေကြောင့် ပုတီးစိပ်သူ၊ တရားထိုင်သူ တစ်ချို့ ထသွားကြတယ်။ သူတို့ကို သေသေချာချာ အကဲခတ်နေသူ တွေကတော့ ဘုရားရှေ့မှာ ရပ်နေတဲ့ ရဟန်းတော်နဲ့ သူ့ဒကာပါပဲ။
သူကိုယ်တိုင်လည်း ရဟန်းတော်နဲ့ လူဒကာကို ငေးစိုက်ကြည့်နေရင်းက လူဒကာကို လက်ညှိုးထိုးပြီး “ You are my son.. You are my son..” လို့ ကြေကွဲဆို့နစ်စွာ အော်ပြောလိုက်ပြန်တယ်။ လူဒကာ ကလည်း သူ့ကို ရီရီဝေေ၀ ငေးကြည့်ရင်း မှင်တက်နေလေတယ်။ သူဟာ.. “ မင်းဟာ ငါ့သား” ဆိုတဲ့စကားနဲ့ အင်္ဂလိပ်လို အော်ပြောပြီး အားမလိုအားမရဖြစ်လျက် လူဒကာရဲ့လက်ကိုဆွဲ၊ ကိုယ်ကိုပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။ ပြီးတော့ အင်္ဂလိပ်လို ဆက်ပြော နေပါတယ်။ မြန်မာစကားပြန်ကတော့ ကြိုးစားပြီး ဘာသာပြန်ပေးနေပါတယ်။
“ပြီးခဲ့တဲ့ဘ၀က သူဟာ မြန်မာလူမျိုး ဘုရားတရားအလွန်ကြည်ညိုတဲ့ ကုသိုလ်ရှင်ကြီးတစ်ဦးဖြစ်ခဲ့တယ်၊ ဘုရားကြည်ညို လွန်းလို့ သည်ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ အနေများခဲ့တယ်၊ သူဟာ ဘုရားဝေယျာဝစ္စတွေကိုလည်း လုပ်တယ်၊ လှူလည်း လှူတယ်၊ သူ့အလှူတွေ အများကြီးထဲက ဟောဒီ တန်ဆောင်းကြီးနဲ့ ဟောဒီ ရုပ်ပွားဆင်းတု ဘုရားကြီးဟာ အထင်ကရ ဖြစ်ပါတယ် ..” တဲ့… ဘာသာပြန်လို့ မဆုံးသေးခင်မှာပဲ အဖေါ်ပါလာတဲ့ သူ့အင်္ဂလိပ်မိတ်ဆွေက…
“မယုံဘူး..မယုံဘူး.. မဟုတ်ဘူး…အရင်ဘ၀တွေ နောက်ဘ၀တွေဆိုတာ မရှိဘူး.. ဘာမှ အဓိပ္ပါယ်မရှိဘူး..” လို့ အပြင်းအထန် ငြင်းဆို ပြီး… “သူ ရူးသွားပြီး.. ဆရာဝန်နဲ့ ဆေးစစ်ရမယ်.. အင်္ဂလန်ကို ပြန်ခေါ်သွားရမယ်..” လို့ လေသံမာမာနဲ့ ပြောပါတော့တယ်။
မြန်မာစကားပြန် မိတ်ဆွေက… “ သည်းခံပါ လူကြီးမင်း ခင်ဗျာ.. ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ကျင်လည်ရတဲ့ သံသရာဆိုတာရှိပါတယ်၊ ပြီးတော့ လူ့ဘ၀ကနေ သေလွန်ပြီး တဖန် လူပြန်ဖြစ်တဲ့ လူဝင်စားဆိုတာလည်း ရှိပါတယ်၊ အတိတ်ဘ၀တွေကို ပြန်မှတ်မိတဲ့ ဇာတိဿရဥာဏ် ဆိုတာရှိပါတယ်။ မိတ်ဆွေရဲ့ သူငယ်ချင်း မစ္စတာ ဟွန်းစနိုး ဟာ ပြီးခဲ့တဲ့ ဘ၀ဟောင်းက အကြောင်းအရာတွေ ကို ပြန်မှတ်မိသွားပြီး ဒီလိုဖြစ်သွားတာဖြစ်တယ်လို့ ကျွန်တော်ယူဆ မိတယ်..” လို့ ကြားဝင် ရှင်းပြလိုက်ပါတယ်။ ဒီမှာပဲ အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းက “ ဟုတ်တယ်..ဟုတ်တယ်” နဲ့ ကသုတ်ကယက် ၀န်ခံပြောဆိုပြီး သူ့ကိုငေးကြည့်နေတဲ့ လူဒကာကို အတင်း လက်ဆွဲ ပွေ့ဖက် ပြီး ဟီးခနဲ ငိုချ လိုက်ပြန်တယ်။
“ဒါ..ငါ့သား..သူဟာ ငါ့သား” လို့ အော်ပြောလိုက်တာနဲ့ အားလုံးထိတ်လန့် တုန်လှုပ်ကုန်တယ်.။ အင်မတန် ဣနြေ္ဒကောင်း လှတဲ့ ရဟန်းတော်လည်း ဟာခနဲ ဖြစ်သွားတယ်။
“အဓိပ္ပါယ်မရှိဘူး.. မင်းက လူပျိုပဲ..မင်းရူးနေပြီ” လို့အဖေါ်မိတ်ဆွေအင်္ဂလိပ်ကငေါက်ငေါက်ငမ်းငမ်းပြောဆိုလိုက်ပြန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေး သွားပါတယ်။ မစ္စတာဟွန်းစနိုးက ..
“ဒါ ငါ့သား၊ ပြီးခဲ့တဲ့ဘ၀ ငါရဲ့မြန်မာလူမျိုးဘ၀က ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသား၊ ကြည့်စမ်း ..သူ လူကြီးဖြစ်နေပြီ” လို့ ရှင်းပြရင်း၊ မြန်မာဒကာ ( သူ့သား ဆိုသူ) ဘက်လှည့်ကြည့်ကာ “မင်းအမေရှိသေးလား.. သေပြီထင်ပါတယ်” လို့ မေးလိုက်ပြန်တယ်။ မြန်မာဒကာ ခမျာ ရုတ်တရက်ပြန်မဖြေနိုင်ဘူး ..ဟွန်းစနိုးကိုကြည့်ပြီး မချိတင်ကဲ မျက်ရည်တွေ ၀ဲနေတယ်။ အဖေါ်အင်္ဂလိပ်ကတော့ “အဓိပ္ပါယ်မရှိဘူး..လုံးဝအဓိပ္ပါယ်မရှိဘူး.. မယုံဘူး” လို့ပဲ အပ်ကြောင်းထပ်အောင် အော်ဟစ်ရင်းနဲ့ပြောတယ်.. “သူငယ်ချင်း.. ဒီအရူး အမှုကြီး အဆုံးသတ်ပါတော့..၊ ငါတို့ပြန်ကြပါစို့” လို့ လေသံမှန်နဲ့ပြောရင်းနဲ့ ဟွန်းစနိုးကို ဆွဲခေါ်တယ်၊ ဟွန်းစနိုးက ရုတ်တရက် ရုန်းလိုက်ပြီး.. “ငါတောင်းပန်ပါတယ်..၊ ငါရှင်းပြပါရစေ..၊ မင်း မယုံရင် ငါလက်တွေ့ပြမယ်၊ သက်သေခိုင်လုံရင် ငါပြောတာတွေ မင်း လက်ခံရလိမ့်မယ်” လို့ ကတိတောင်းတယ်.။ သူငယ်ချင်း အင်္ဂလိပ်က သူ့ရဲ့စိန်ခေါ်မှုကို သဘောတူလိုက်ပြီး “ကောင်းပြီ.. မင်း ဘယ်လိုသက်သေပြမှာလဲ” လို့ မေးတယ်။
မစ္စတာဟွန်းဟာ ဘုရားရုပ်ပွာတော်ကြီးကို ရှိခိုးဦးချတယ်.။ ပြီးတော့ ရဟန်းတော်ကို တစ်လှည့်ရှိခိုးတယ်။ ရဟန်းတော်နဲ့ အတူတွေ့ရ တဲ့ လူဒကာ ( ဘ၀ဟောင်းက သားဖြစ်သူ ) ကို မျက်ရည်စမ်းစမ်းနဲ့ကြည့်ရင်း.. “ ကျေးဇူးပြုပြီး အင်္ကျီချွတ် လိုက်ပါ.. မင်းရဲ့ ညာဘက် လက်မောင်းထိပ်မှာ ဒေါင်းပုံနဲ့ နေတံဆိပ်၊ မင်းရဲ့ဘယ်ဘက် လက်မောင်းထိပ်မှာ ယုန်ပုံနဲ့ လတံဆိပ်တွေ ဆေးမင်ကြောင်ရေးထိုးထားတာ ရှိတယ်..၊ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းအောင် စွမ်းဆောင်စေချင်တဲ့ သားကောင်း ရတနာဖြစ်စေချင်လို့ အရင်ဘ၀က ငါကိုယ်တိုင် ရေးထိုးခိုင်းခဲ့တယ်..၊ ပြီးတော့ မင်းရဲ့ ရင်ညွှန့်မှာ မှဲ့အနီကလေး သုံးလုံးတြိဂံပုံ ပါရှိတယ်..” လို့ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်ပါတယ်။
မစ္စတာဟွန်းစနိုး ခိုင်းစေတဲ့အတိုင်း မြန်မာဒကာဟာ အင်္ကျီချွတ်လိုက်တယ်ဆိုရင်ပဲ သူပြောတဲ့ အမှတ်အသားတွေ တစ်ခုမလွဲ ပေါ်လာတာကို အားလုံးတွေ့လိုက် ကြရပါတော့တယ်။ သံသယနဲ့ ဘာသာရေးအစွဲကြီးလှတဲ့ မိတ်ဆွေအင်္ဂလိပ် တစ်ယောက် “ အိုး မိုင်ဂေါ့ဒ်.. အိုး..မိုင်ဂေါ့ဒ်” နဲ့… အဖန်ဖန်ရေရွတ်ရင်းနဲ့ ..ဟွန်းစနိုးလက်မောင်းကို ကိုင်လှုပ်ကာ “ဘယ်လိုထူးဆန်းမှုတွေလဲ.. မင်း ဘယ်လိုသိ တာလဲ..မင်းဘယ်လိုလုပ် ပြောင်းသွားတာလဲ” လို့ ဒလစပ်မေးခွန်းတွေ ထုတ်တော့တယ်။ ရဟန်းတော်အပါအ၀င် အားလုံးဟာ ပါးစပ် အဟောင်းသား ၊ မျက်လုံးအ၀ိုင်းသားနဲ့ ဟွန်းစနိုးကိုပဲ စိုက်ကြည့်နေကြတယ်။ ဘ၀ဟောင်းက သားဖြစ်တယ်လို့ အပြောခံရတဲ့ မြန်မာဒကာမှာတော့ ဘ၀ဟောင်းက သူ့အဖေ ဖြစ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာဟွန်းစနိုးကို ကြည့်ပြီး မျက်ရည်များ စီးကျစပြုနေပါပြီ။ ဟွန်းစနိုးက ဆက်ပြီးပြောပါတယ်။
“အရေးကြီးတဲ့ သက်သေတစ်ခုကျန်သေးတယ်.ဟောဒီဘုရားရုပ်ပွားတော်ကြီးရဲ့ပလ္လင်အောက်ခြေမှာ ကျုပ်ကိုယ်တိုင် ဌာပနာခဲ့တဲ့ ပစ္စည်းလေးနှစ်ခုရှိပါတယ်။ အဲဒီပစ္စည်းနှစ်ခုကတော့ အလေးချိန် တစ်ဆယ်ကျပ်သားစီရှိတဲ့ ရွှေဒင်္ဂါးနဲ့ ငွေဒင်္ဂါးနှစ်ပြားပါ ။ ရွှေဒင်္ဂါးပေါ် မှာ ဒေါင်းရုပ်နေတံဆိပ် နဲ့ ငွေဒင်္ဂါးပေါ်မှာ ယုန်ရုပ်လတံဆိပ်တို့ ခတ်နှိပ် ထားပါတယ်၊ ငါတို့မိသားစု ( ကုသိုလ်ရှင်မိသားစု) ရဲ့နာမည်တွေကို ဒင်္ဂါးပြားရဲ့ဟိုဖက်မျက်နှာမှာ ရေးထားပါတယ်၊ ဒီသက်သေပြချက်အပေါ်မှာ မင်း အကြွင်းမရှိ ယုံကြည်မယ်လို ထင်ပါတယ်” ဟု သူ့မိတ်ဆွေ အင်္ဂလိပ်ကို ဦးတည်ပြောရင်း ရှင်းပြနေပါတယ်။
တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ရဟန်းတော်က… “ ဒီကိစ္စကတော့ ဂေါပကအဖွဲ့ကို အကျိုးအကြောင်းပြောပြပြီး ပလ္လင်ကို ဖွင့်ကြည့် ရမယ်၊ ဒီကိစ္စ ဦးဇင်းပဲ တာဝန်ယူ ပါတယ်၊ ကဲ ဒီမှာ ခဏနေရစ်ကြ.”လို့ အမိန့်ရှိပြီး တန်ဆောင်းထဲက ထွက်သွားပါတယ်။ ဟွန်းစနိုးရဲ့ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်ကတော့ အခုမှ အသက်ဝင်လာသည့် အလား ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပါတော့တယ်။ သူ့ သူငယ်ချင်း ဟွန်းစနိုး၊ မြန်မာဒကာ၊ ဘုရားရုပ်ပွားတော်ကြီး၊ တန်ဆောင်းကြီးနဲ့ ရွှေတိဂုံဘုရားကြီး စတဲ့ မျက်စိတဲ့တွေ့သမျှ မြင်ကွင်းတွေကို အငမ်းမရ ရိုက်ယူ မှတ်တမ်းတင်ပါတော့တယ်။ ဒီတစ်ခါ သူ့နှုတ်ဖျားမှာ “ အံ့ဖွယ်ပဲ..တကယ့် အံ့ဖွယ်ပါပဲ” ဆိုတဲ့စကားတွေပဲ ရေရွတ်နေပါတော့တယ်။
ဟွန်းစနိုးက.. “ငါ အင်္ဂလန် မပြန်တော့ဘူး.. ငါ မြန်မာပြည်မှာပဲ နေတော့မယ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ၊ ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်း” လို့ ဆွေးဆွေး မြေ့မြေ့ ပြောလိုက်တယ်။ သူ့ သူငယ်ချင်းက.. “ ငါ နားလည်ပါပြီ.. ဒါပေမယ့် စဉ်းစားပါဦး” လို့ တောင်းပန် ပါတယ် ။
အဲဒီအချိန်မှာပဲ ရဟန်းတော်ဟာ အခြားးသော ရဟန်းတော် သုံးပါး၊ ဂေါပကလူဒကာများနဲ့အတူ ပြန်ရောက်လာတယ်။ ဟွန်းစနိုးညွှန်ပြတဲ့ ပလ္လင်အောက်ခြေဘက် ကို တူရွင်းနဲ့တူးပြီး ဖွင့်ကြည့်ကြတဲ့အခါ လက်ရာသေသပ်တဲ့ သံသေတ္တာလေး တစ်လုံး ပေါ်ထွက်လာပါတယ်၊ သေတ္တာထဲမှာတော့ လက်တစ်ဝါးနီးပါးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးဝိုင်းကြီး နှစ်ခုကို အရောင်ပြိုး ပြက် စွာ တွေ့ကြရပါတယ်။
ရွှေဒင်္ဂါးပြားပေါ်မှာ ဒေါင်းတံဆိပ်နဲ့ ငွေဒင်္ဂါးပြားပေါ်မှာ ယုန်တံဆိပ်ပါရှိပြီး ဒင်္ဂါးပြားရဲ့အခြား မျက်နှာမှာ ‘သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ကုသိုလ်ရှင် ဦးဘကောင်း - ဇနီးဒေါ်မြညွှန့်၊ သားမောင်ကောင်းညွှန့် မိသားစု ကောင်းမှု၊ တောင်းဆုနိဗ္ဗာန် ပြည့်စေသော်ဝ် ၊ ဤဘုရားဤတန်ဆောင်းပြိုပျက်လျှင် ဤရွှေဒင်္ဂါး ငွေဒင်္ဂါးများကိုရောင်း၍ ပြုပြင်နိုင်ကြပါစေ’ ဟု ရေးထိုးထားသော စာတန်းကို ဖတ်ကြရလေသည်။
ဟွန်းစနိုးကိုယ်တိုင် မိမိကောင်းမှုသက်သေကို ပြန်တွေ့ပြီဖြစ်၍ ဟန်မဆောင်နိုင်တော့ဘဲ သည်းထန်းစွာ ငိုလေတော့သည်။ ဘ၀ဟောင်း က သားဖြစ်ခဲ့သူ မြန်မာဒကာ ကိုကောင်းညွှန့်လည်း ငိုသည်။ ဘ၀ခြား လူမျိုးခြားဖြစ်နေကြသော သားအဖနှစ် ယောက်ဖက်၍ ငိုကြသည်။ အင်္ဂလိပ်မိတ်ဆွေက ဓာတ်ပုံရိုက်နေပါသော်လည်း သူကိုယ်တိုင် အံ့သြခြင်းတ၀က်ဖြင့် မျက်ရည်လည်လျက်ရှိနေ၏။
ရဟန်းတော်က.. “ဒကာကြီး ကိုကောင်းညွှန့်.. ဒီ ဒင်္ဂါးပြားတွေကို ဘယ်လိုလုပ်ချင်သလဲ၊ သူ့ကိုမေးပါ” လို့ မိန့်ပါတယ်။
“ရွှေတိဂုံဘုရားကြီးကို လှူပါတယ်၊ ဂေါပကအဖွဲ့ကို အပ်ပါတယ်” ဟု ဟွန်းစနိုးက ဖြေတယ်.။ ပြီးတော့ရဟန်းတော်ရဲ့သင်္ကန်းစကို ဆွဲပြီး တစုံတခုပြော လိုက်တယ်။ သူ အင်္ဂလိပ်လိုပြောတာကို မြန်မာစကားပြန်က.. “ သူ့ ကို ရဟန်းပြုပေးပါ၊ နောင်သံသရာမှာ ဘယ်လိုဘ၀မျိုးမှ မလိုချင်တော့ပါဘူး.. ဘ၀ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှာ ရဟန်း ဘ၀နဲ့ကျင့်ကြံပါတော့မယ်” လို့ ဆိုပါတယ်..။
သူ့သူငယ်ချင်းကိုလည်း..
“ငါ့ မိဘတွေကို အကြောင်းကြားပေးပါ၊ မြန်မာပြည်ကို အမြန်လိုက်လာဖို့ ပြောပေးပါ၊ ငါ ရဟန်းဝတ်တော့မယ်၊ တပ်မက်စရာ အာရုံအစွဲ အငြိတွေက လွတ်ရာမှာ ငါနေတော့မယ်၊ ငါကြိုးစားတော့မယ်” လို့ ပြောဆိုမှာကြားပါတယ်။ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်မှာတော့ အရာအားလုံး မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံလိုက်ရပြီးပြီမို့ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ပါ။
ဆက်ပြီး ဟွန်းစနိုးက “ငါ ဘုရားမှာ နေခဲ့တော့မယ် သူငယ်ချင်း၊ မင်း လျှောက်လည်နိုင်တယ်” လို့ ပြောလိုက်ပါတယ်။
အားလုံးထွက်သွားကြချိန်မှာတော့ သူ့အနားမှာ တစ်ယောက်သာ ကျန်ခဲ့တော့တယ်၊ ဘ၀ဟောင်းက သူ့သားဖြစ်ခဲ့ဖူးတဲ့ ကိုကောင်းညွှန့်ဆိုတဲ့ မြန်မာဒကာပါပဲ။
အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းစနိုးဟာ အရှင်အဂ္ဂဥာဏ ဆိုတဲ့ ဘွဲ့တော်နဲ့ ရဟန်းပြုတော်မူခဲ့ပြီး မဟာသတိပဋ္ဌာန် တရားတော်မြတ်ကြီးကို အသက်ထက်ဆုံး အားထုတ်သွားပါတယ်။
ရွှေတိဂုံမှာ ပြန်ဆုံတဲ့ပွဲ - မောင်သွေးချွန်
ကိုးကား - ၁၃၂၂ ခု၊ သီတင်းကျွတ်လထုတ်၊ ရေဦးမြို့ ချမ်းသာကြီးဆရာတော်ပြုစုသော ဗုဒ္ဓဂုဏပကာသနီကျမ်း

Wednesday 27 June 2012

ရော်ရွက်များနဲ့ …


ဘာလိုလိုနဲ့ အသက်တွေ ကြီးလာကြ ပြီ လို့
မိတ်ဆွေတွေနဲ့ ပြောရင်းက ကျောင်းသားတစ်ယောက်က ထပြောတဲ့ ဘုရားဂေါပက ကြီးရဲ့အဖြစ်ပျက်ကြောင့် ရယ်ရသေးတယ်၊
ဒီလို ဂေါပက မျိုးဆိုရင်တော့ တော်တော် ဂွကျမှာပဲ တဲ့
တစ်ယောက်က ရေရွတ်တယ်………………..
ဟုတ်ပါ့………………..
……………………………………………………….
ဘုရားဂေါပက ကြီး တစ်ယောက် တဲ့၊
ဘုရားဆင်းတုတော်လေး ကို ရပ်ကွက်ထဲ အပူဇော်ခံဖို့ ပွေ့အယူမှာ
ပုဆိုးစ က လက်နဲ့ ငြိပါပြီး အောက်စလွတ်သလို ဖြစ်သွားသတဲ့၊
ဒါကို ဂေါပက ကြီးက မသိရှာဘူး၊
ရပ်ကွက်ထဲ ဘုရားဆင်းတုတော်လေး ပင့်ပြီ အပူဇော်ခံဖို့ အားလုံးရဲ့ ရှေ့ဆုံးက မော့မော့
မော့မော့နဲ့ အသွား၊
ကောင်မလေးတွေက သူ့ကို ကြည့်ပြီး တခိခိနဲ့ ရယ်ကြပါလေရော၊
ဒါကို ဂေါပက ကြီးက ဘာမှမသိဘဲ လှမ်းငေါက်လိုက်ပါတယ်၊
ဟဲ့………. ဟဲ့ ကလေးမလေး တွေ ဘာရယ်နေတာလဲ ၊
ကြည်ညိုကြလေ ကြည်ညိုကြ တဲ့
) တော်တော်နောက်တဲ့ ဂေါပက …………………….
…………………………………………………………………………..
(fawzia koofi) ဖေါ်ဇီယာ ကူဖီ ဆိုတဲ့ အာဖဂန်နစ္စတန် နိုင်ငံက ပါလီမန် အဖွဲ့ဝင် အမျိုးသမီးရဲ့
The favored daughter ဆိုတဲ့ စာအုပ်ထဲမှာ ရေးဖူးတယ်၊
သူ့အဖေက ဘဝမှာ သူ့ကို စကားတခွန်းပဲ
ပြောဘူးတယ်တဲ့ အဲ့ဒီစကားက……………
ထွက်သွား” ဆိုတာပါပဲ
နှစ်သစ်တွေ တစ်ခါ လဲတိုင်း လူတွေက ပျော်ဖို့ ရွှင်ဖို့လောက် စဉ်းစားနေကြတာပါ
တကယ်တော့ နှစ်သစ် ဆိုတာ ကိုယ့်ကို ပြောနေတဲ့စကား တခွန်းပါပဲ
ထွက်သွား တဲ့
လူတွေက သတိမထားမိလိုက်ကြဘူး၊
ဒါမှ မဟုတ် မကြားချင်ဟန် ဆောင်နေတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ၊
………………………………………………………………
အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတဲ့ လူငယ်တွေရဲ့ လူကြီးတွေကို ဆုံးမတဲ့ ဆုံးမ စကားနဲ့ ပါတ်သတ်ပြီး ပြောဖြစ်တော့ မိတ်ဆွေတစ်ယောက်က ထပြောတယ်၊
ဒါဟာ လူငယ်တွေက ရိုင်းတာလား
လူကြီးတွေကပဲ တကယ် မလိမ်မာတာလား
ဘာပဲ ပြောပြော သူကတော့ တိပိဋက ဆရာတော် ဒေါက်တာ အရှင်သုမင်္ဂလာလင်္ကာရ ရဲ့ စကားလေး တစ်ခွန်းကို သွားသတိရမိတယ်၊
လူကြီးတွေကို လေးစားပါ ရိုသေပါ၊
လူကြီးဆိုတာ………ကိုရင်တို့ ဦးဇင်း တို့ထက် ဘုန်းကံမြင့်လို့
အရင် လူ့လောကထဲကို ရောက်လာတာ၊”
ဒါနဲ့ ပါတ်သတ်ပြီး ဗုဒ္ဓအရှင်ရဲ့ ဘကြီးတော်ရဲ့ သား တူတော်မောင် ရဟန်းကြီး တိဿရဲ့ အဖြစ်ပျက်ကို ပြောပြီး ဒီလို မလိမ်မိုး မလိမ်မာ အသက်ကြီးလာတဲ့ လူတွေလဲ ရှိမှာပါ လို့တွေးပြီးပြုံးရသေးတယ်၊
တိပိ ဆရာတော်ဘုရားကြီးက
သူ့ရဲ့ သြဝါဒမှာ ဘာဆက်ပြောထားလဲ ဆိုတော့……………
လူကြီးတွေကလဲ ငါ လူကြီးလား၊ လူအိုလား ဆိုတာ ဆန်းစစ်ကြ တဲ့
ဆရာတော် ဆိုလိုရင်းက အတတ်ပညာ ဗဟုသုတ မရှိဘဲ လူငယ်တွေထက် အသက်ကြီးတာကတော့
လူကြီး မဟုတ်ပါဘူး လူအိုတဲ့
လူကြီးဆိုတာ လူငယ်တွေထက် ဗဟုသုတ နဲ့ ပညာအရာမှာ အမြဲခေါင်းတစ်လုံး သာနေရမယ်၊ အဲ့ဒီလို ဗဟုသုတ တွေနဲ့ ပြည့်စုံမှလဲ လူကြီးစစ်ဖြစ်မယ် ၊
မဟုတ်လို့ကတော့ လူအိုပဲ တဲ့၊
မသိမသာ မှုတ်ထုတ်လိုက်တဲ့ လေပူ တစ်ချက်က နွေဦးလေ တွေ ကြားထဲတိုးဝင် ပျောက်ကွယ်၊
ဘာပဲပြောပြော ခုချိန်မှာ သူသတိရမိတာက ဆော့ခရတ္တိ ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်းပင် ၊
ငါ ဘာမှ မသိသေးပါလား
……………………………………………………………………
ဗုဒ္ဓအရှင် ရဲ့ တူတော်မောင် တိဿ ရဲ့ ပိဋကတ်နေရာ တော်တော်များများဟာ ဝဖိုင့်ဖိုင့်
ထုံးထိုင်းထိုင်း လူတစ်ယောက်ရဲ့ ဟန်အမူအရာတွေက လွှမ်းမိုးထားတာ တွေ့ရပါတယ်၊
ပိဋကတ် ကျမ်းပြုဆရာတွေကလဲ အရှင်တိဿ ကြီး ဆိုရင် ရယ်စရာတော်တော် ကောင်းတဲ့ ဝတုတ်တုတ် ဟာသ ကြီးတပုဒ်လိုများ ထင်နေလား မသိ၊
ရေးလိုက်ကြပုံများ………….
မဟလ္လကကာလေ ပဗ္ဗဇိတွာ ဗုဒ္ဓါနံ ဥပ္ပန္နလာဘ သက္ကာရံ ပရိဘုဉ္ဇန္တော ထူလသရီရော”
အသက်ကြီးလာမှ ရဟန်းပြုပြီး သာသနာတော်ရဲ့ ဖြစ်ပေါ်လာတဲ့ လာဘ်လာဘ တွေကို သုံးဆောင်ခံစား၍ ဆူဖြိုးသော ခန္ဓာရှိသူ” တဲ့
မျက်လုံးထဲ မြင်ယောင်ကြည့်လိုက်တာနဲ့ ဝတုတ်တုတ် ရဟန်းကြီး တစ်ပါး တလှုပ်လှုပ် သွားနေတဲ့ ဟန်ကို သူက ပြုံးမိပါသေးတယ်၊
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး မင်းမျိုးမင်းနွယ်က ရဟန်းပြုလာသူ ဆိုတော့ ရာဇမာန်လေးကလဲ ရှိ မြတ်စွာဘုရားရဲ့ တူတော်မောင် ဆိုတဲ့ အရှိန်လေးကလဲ ရှိဆိုတော့ သူအမှားတခုလုပ်တိုင်း မြတ်စွာဘုရားကို ငိုယိုပြီး တပည့်တော်ကို ဘယ်ရဟန်းတွေကဖြင့် အနိုင်ကျင့်တယ် ဘုရား ဆိုပြီး တိုင်တတ်တဲ့ အကျင့်လေး ကလဲ ပိဋကတ် ဆရာတွေရဲ့ မှင်ဖျားကို ဟာသ ပိုဆန်စေသွားတာပါ၊
ဟုတ်မှာပါ စဉ်းစားကြည့်လေ ဒီခန္ဓာ ကိုယ်ကြီးနဲ့ အသဲနုပြီး မျက်ရည်က လွယ်သေး ဆိုတာကလား၊
နောက်တခု ကျန်သေးတယ် ဗျ၊
ဒီဝတုတ်တုတ် ထေရ်ရှင်က အလှလဲ ကြိုက်သေး ဆိုပဲ၊
သူ့ကြည့်လိုက်ရင် အမြဲ သင်္ကန်းအကောင်းစားကြီး တချွင်ချွင်နဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဧည့်တွေ့ဆောင်ကြီး ထဲမှာ အမြဲ လေညှင်းခံပြီး ဇိမ်ခံတတ်သေး ဆိုပဲ၊
…………………………………………………………………..
တခါတော့ ဗုဒ္ဓအရှင်ကို ဖူးမြော်ရန် ကြွလာကြတဲ့ ဧသည့်ရဟန်းတွေက ဧည့်ခန်းဆောင်ကြီးထဲ
မိန့်မိန့်ကြီးထိုင်တော်မူနေတဲ့ အရှင်တိဿ ကို တွေ့တော့………
အင်း……..ဝါတော် မြင့်တဲ့ မထေရ်ကြီး တပါးပဲ ဖြစ်မှာပ လို့တွေးပြီး
အရှင့်ရဲ့ ဘေးကို သွားပြီး ဝတ်ကြီး ဝတ်ငယ်မေးကြ
ခြေဆုပ် လက်နယ် ပြုပေးဖို့ အကြိတ် အနယ်မေးကြနဲ့၊
ထေရ်ရှင်ကလဲ အခွင့်အရေး ရသခိုက်မို့ မိန့်မိန့်ကြီးနဲ့ မှိန်းနေသတဲ့၊
ဒါနဲ့ စပ်မိစပ်ရာ ပြောကြရင်းက ခပ်စွာစွာ ကိုယ်တော်လေး တစ်ပါးက
နို့ နေစမ်းပါဦး အရှင်ရဲ့ အရှင်ရဲ့ သိက္ခာတော်က ဘယ်လောက်တောင် ရှိပြီလဲဗျ”
ဖျန်း ခနဲထလာတဲ့ ကြက်သီးသံက ကြောက်စရာကောင်းလောက်ပေမည်၊
မျက်နှာ တစ်ဖက်ကို ဝှက် သာသနာ့ ဝန်ထမ်းဆိုတာ မလိမ်ရလေဘူးလေ ဆိုတဲ့ လောက ပညတ္တိ ပဏ္ဏတ္တိ ပညတ္တိ ကရှိနေသေးလေတော့ မပြောလို့လဲမဖြစ် ဆိုတော့ အရှင်မြတ်ကြီး ခက်ခက်နဲ့ပဲ ငပိထဲ ဆားသိပ်ရတော့မှာပေါ့လေ ဆိုတဲ့ ဟန်နဲ့ ပျက်နေတဲ့ မျက်နှာကို ပြန်တင် ဟီး ခနဲ မို့မောက်နေတဲ့ ပါးနှစ်ဖက်ကို ကားခနဲ ဖြစ်သွားအောင် တစ်ချက် စိတ်မပါတပါ ရီပြကာ……..
တပည့်တော်က ဝါမရသေးဘူးဘုရား အသက်ကြီးမှ သာသနာ့ဘောင်ထဲ ဝင်လာတာပါ
ဧည့်ထေရ်ရှင်တွေ ဆတ်ခနဲ မော့ကြည့်ကုန်သည်၊
ခုနက မေးမိတဲ့ ထေရ်ရှင်လေးကလဲ ဆက်ခနဲ တွန့်သွားကာ လက်ညှိုးငေါက်ငေါက်ထိုးလျှက်……….
အရေ ဒုဗ္ဗီနိတ မဟလ္လက ဟယ်… အသက်ကြီးပြီး အသိတရား မရှိတဲ့ လူအိုကြီး ဒီလောက် ဝါတော် သိက္ခာ ကြီးတဲ့ မထေရ်ကြီးတွေ လာနေတာတောင် အရိုအသေ မပြု၊ ဝတ်ကြီး ဝတ်ငယ်တွေနဲ့ ပြောတော့လည်း ငြိမ်ပြီး မှိန်းနေတယ်၊ သင့်မှာ ဘာအသိတရားမှ မရှိပါလား”
ပြောခံရချင်းချင်း မထေရ်ရဲ့ ရာဇမာန်နဲ့ တူတော်မောင်ဆိုတဲ့ အသိက မာန ကို ထောင်းခနဲ ဖြစ်သွားစေကာ……
နေစမ်းပါဦး သင်းတို့က ဘယ်ကိုလာတာလဲ
ဗုဒ္ဓအရှင် ဆီကိုပေါ့
အံမယ်…….. သင်းတို့က ကျွန်ုပ်ကို ဘာထင်နေသလဲ သင်းတို့ကို အမြစ်ကနေ ဖြတ်ပြစ်မယ် ကြည့်နေ ” ဟုဆိုကာ
ဆောင့်ဆောင့်နဲ့ ဖနောင့်နဲ့ မြေကြီး ရန်ဖြစ်ကာ လက်တစ်ဖက်နဲ့ သင်္ကန်းတစ်စကို ကိုင်
မသိရင် ကလေးတစ်ယောက်ကို လူကြီးက အနိုင်ကျင့် ထိပ်ခေါက်လိုက်လို့ ငိုယိုနေတဲ့ ဟန်နဲ့
မြတ်စွာဘုရား ဆီသွားပါတယ်၊
မြတ်စွာဘုရားက တိဿအရှင်ကြီး ငိုယိုလာတာလဲ တွေ့တယ် ဆိုရော
တိဿကြီး ဘာလို့ငို နေတာလဲ
မြတ်စွာဘုရား တပည့်တော်ကို ဒီအာဂန္တု ရဟန်းတွေက ဆဲရေး တိုင်းထွာ ကြတယ်ဘုရား”
လို့ တိုင်တောပါတော့တယ်၊
အာဂန္တု ရဟန်းတွေကလဲ ဒီ ရဟန်းကြီး ငါတို့ကို ဘာတွေများ ကုန်းချော ဦးမလဲ မသိဘူး ” ဆိုပြီး နောက်ကနေ အသာလေး လိုက်လာကြပါတယ်၊
ဒါနဲ့ မြတ်စွာဘုရားက တိဿအရှင်ကို ကြည့်တော်မူပြီး
တိဿ ဒီရဟန်းတွေ လာတဲ့ အချိန်တုန်းက သင်က ဘယ်မှာ ရှိနေတာလဲ
ဧည့်ခန်းဆောင်ထဲမှာပါဘုရား”
ဒီရဟန်းတွေ လာတာကို သင်မြင်သလား
မြင်ပါတယ်ဘုရား”
သင်က ထပြီးတော့ ဧည့်သည်ရဟန်းတွေကို ခရီးဦးကြိုဆိုမှုပြုရဲ့လား”
မပြုပါဘူး ဘုရား”
သပိတ်သင်္ကန်းတွေကိုရော ယူပေးရဲ့လား”
မယူပေးမိပါဘူးဘုရား”
သောက်ရေ ခပ်ပေးခြင်း ဝတ်ကြီး ဝတ်ငယ်ပေးခြင်းကိုရော လျှောက်ထားရဲ့လား”
မလျှောက်ထား မိပါဘူးဘုရား”
အိပ်ရာ နေရာကိုခင်းပေးပြီး ခြေဆုပ်လက်နယ် ပြုပေးခြင်းကိုရော”
မပြုပေးပါဘူး ဘုရား”
တိဿကြီး ကိုယ့်ထက် အသက်သိက္ခာ ဝါတော်ကြီးတဲ့ ရဟန်းတွေကို အဲ့ဒီဝတ်တွေကို ဖြည့်ကျင့်ပေးရတယ်၊
ဝတ်မဖြည့်ကျင့်တဲ့ ရဟန်းဟာ ဧည့်ခန်းဆောင်ထဲမှာ ထိုင်နေဖို့ မသင့်ဘူး၊
သင့်ရဲ့ အပြစ်ပဲ အာဂန္တု ရဟန်းတို့ကို တောင်းပန်လိုက်ပါ၊
လို့ မြတ်စွာဘုရားက မိန့်တော်မူလိုက်ပါတယ်
အရှင်တိဿက
အရှင်ဘုရား တပည့်တော်ကို ဒီရဟန်းတွေကိုဆဲရေးတာ ဘုရား မတောင်းပန် နိုင်ပါဘူး ဘုရား၊ ”
တကယ်တော့ ကလေးဆိုးတယောက်ရဲ့ ဂျစ်ကန်ကန် အမူရာနဲ့ပါ
တိဿ အဲ့လို မလုပ်နဲ့၊ သင့်ရဲ့ အပြစ် သင်တောင်းပန်ရမယ်”
မတောင်းပန် နိုင်ပါဘူး ဘုရား
ဇွတ်ငြင်းပါတယ်၊
ဗုဒ္ဓအရှင်ပြောတာတောင် လက်မခံတဲ့ ဒီလို အသက်ကြီးကြီး ဆုံးမရခက်တဲ့ လူကြီးတယောက်ဆိုရင်တော့လဲ ခက်တာပေါ့ဗျာ၊
ဒါကြောင့်လဲ ရှေးလူကြီး သူမ တွေက အသက်ကြီးပြီး အချိန်မစီးဘူး” ဆိုတဲ့ စကားကို ထားခဲ့ကြတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့
မိတ္တဗလ ဋီကာကြီး ရေးခဲ့တဲ့ ဒေးကာနယ်ဂျီ ကတော့ သူ့ရဲ့ စာအုပ်ထဲမှာ
လူဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးဆုံးဗျ၊ လူဟာ ကိုယ့်လုပ်ရပ် မှားတယ်လို့ ဘယ်တော့မှ မထင်တတ်ကြဘူး တဲ့
Group ဓာတ်ပုံ တပုံ ရိုက်ပြီးပြီ ဆိုရင် လူဟာ ကိုယ့်ပုံကို အရင် ကြည့်တတ်တယ် တဲ့
လူဟာ ကိုယ့်ကိုယ် ဂရုစိုက်ဆုံး ဆိုပဲ
ဒီလို ဆိုတော့လဲ ဗုဒ္ဓအရှင်ပြောတဲ့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ အစွဲ လေးပေါ့ဗျာ၊
တယ်ကြောက်စရာ ကောင်းပါတယ်၊
ဒါကြောင့်လဲ ဗုဒ္ဓအရှင်က သူ့ရဲ့ ဒေသနာတော်ထဲမှာ
ရင်ဝ လှံစိုက်
ဦးခေါင်း မီးလောင်နေရင်တောင် သက္ကာယဒိဋ္ဌိ ကို အရင်ဖြုတ်ဖို့” သတိပေးတော်မူခဲ့တာဖြစ်မှာပါလေ၊
ဝူးခနဲ သက်ပြင်းရှည်ရှည် ဆွဲထုတ်လိုက်လို့ မပြီးခင်မှာ သူငယ်ချင်းတစ်ယောက်က သူ့အခန်းထဲက ထွက်လာပြီး သူ့ကို သတိပေးပြောလိုက်တဲ့ စကားကြောင့် ကြိတ်ပြုံးမိရသေးပါတယ်၊
ဟေ့ကောင် ဝါသဝ မင်းဖုန်းလာတယ် ဖုန်း” တဲ့
အော် ဒါက ငါ့ဖုန်းကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
အရှင်တိဿ ကြီးကိုတော့ ရဟန်းတွေက နှာခေါင်းရှုံ့ မျက်စောင်းထိုး
ဒီရဟန်းကြီးက တယ်လဲ ပြောရဆိုရ ခက်သကိုးဘုရား”
သူကတော့ သူ့ကိုသူ တွေတွေကြီး ပြန်ကြည့်မိနေဆဲ…………………………….

Sunday 24 June 2012

လောကဓံကိုကြံကြံ ခံသူ(ဖြစ်ရပ်မှန်)

သူငယ်ချင်းတို့ ကို ကျွန်တော် အခု ရေးပြမယ် အကြောင်း လေး ကတော့   သူငယ်ချင်း တစ်ယောက်ရဲ
ခံစား ချက်လေး ပါ   ...လောကဓံကို ရဲရဲ ခံပြီး   တိုက်ပွဲ ၀င်ခဲ့ တဲ့  သူတစ်ယောတ်ပေါ့  ....ကဲသူအကြောင်းလေး
မစခင် သူနဲ့ ဆုံတွေ့ ခဲ့ ပုံလေး ပြောပြမယ်နော် ..သူက ကျွန်တော် သူငယ်ချင်း တစ်ယောတ်ရဲ သူငယ်ချင်း ပါ ...
တနေ့  ကျွန်တော်နဲ့  ကျွန်တော် သူငယ်ချင်း ကော်ဖီသောက်ပြီး ကွန်ပြူတာ ဖွင့် ပြီး ကျွန်တော်လဲ ထုံ စံအတိုင်း
ဖူစာထဲ ၀င်နေတာပေါ့   ...အဲအချိန်မှာ သူက ဆိုင်ရောက်လာတယ် ...ကျွန်တော် သူငယ်ချင်း က သူနဲ့ သိနေတော့ 
သူကိုခေါ်ထိုင်တော့  ကျွန်တော်နား မှာ လာထိုင်တယ် ...ကျွန်တော် ဖူးစာထဲ ၀င်နေတော့  သူက ကြည့် ပြီး
အကိုက ဖူးစာက mraungmintun လား လို့ မေးတယ် ..ကျွန်တော်လဲ ဟုတ်ပါတယ်လို့ ပြောတယ် ...
သူက အဲမှာ အကိုတင်တဲ့ ဘလော့ တွေ ကျွန်တော် ဖတ်ရတယ်  ကြိုတ်တယ် အကို ဆိုတော့   ...ကျွန်တော်၇ဲ
စာပေလေးတွေ အားပေးသူဆိုတော့  စကားတွေ ပြောဖြစ်ကြတယ် ...အဲမှာသူက ကျွန်တော်ရေးတဲ့ 
အမေအကြောင်းစာလေးကို ကြိုတ်တယ်...သူတအား ခံစား ရတဲ့ အကြောင်း ပြောပြတယ် ...
ကျွန်တော်လဲ  ခံစား ချက်လေး ချပြတာပါလို့ ပြောတယ် ...
အဲမှာသူက ကျွန်တော်ကို မေး ခွန်း တခုမေးတယ် ...ပြည့် တန်ဆာ အမေလဲ အမေဆိုတာ  အကိုစိတ်ရင်း နဲ့ 
ခံယူလို့ ရေးတာလားတဲ့ ....ကျွန်တော်လဲ ဟုတ်မှန်ကြောင်း  အမေဆိုတာ ဘာနဲမှအစား ထိုး မရကြောင်း  ...
ဘာပဲဖြစ်ဖြစ် အမေဟာ အမေပဲလို ကျွန်တော်ပြောတော့  သူကျွန်တော်ကို ပြောတယ် ...လူတိုင်းရင်ထဲ မှာ
အဲဒါလေး ရှိစေချင်တယ် ...ကျွန်တော်လဲ ဘာဖြစ်လို လဲ လို့ မေးတော့  သူပြောပြတယ် ....
သူရဲ ဘ၀ အကြောင်း ကိုပေါ့ ...သူပြောပြတဲ့  သူအကြောင်လေး
နာထောင်ကြည့် ပါအုံးနော် .....
                                 .....................................................................
ကျွန်တော် နာမည်က  မောင်မောင်ပါ ..ကျွန်တော်က ရန်ကုန်သားပါ... ကျွန်တော်မွေး ထဲက အဖေဆိုတာ
မမြင်ခဲ့ ရပါဘူး ..ငယ်ငယ်လေး ထဲက အဖေဆိုတာတောင်းတခဲ့ ပါတယ် ..အမေကို မေး တော့ လဲ
အမေက သေပြီး ပဲ ပြောတယ် ...ကျွန်တော် သိတတ်စ အရွယ် ရောက်တော့   ကျွန်တော်ကို ကျွန်တော်တို့ 
ရပ်ကွပ်ထဲက လူတွေက ပြည့် တန်ဆာမသား လို ပြောကြတယ် အဖေတောင်း ဘယ်သူမှန်းမသိ
အဖေမပေါ်တဲ့ သား ဆိုပြီး ပြောသံတွေ ကျွန်တော် ငယ်ငယ် ထဲက ကြား ရတယ် ...
ကျွန်တော်နဲ့  အတူတူ ကစားနေတဲ့  ကလေးတွေကတောင် မိဘတွေက မကစား နဲ့ ပြည့် တန်ဆာမ သား နဲ့ 
အတူတူ ဆော့ ရင် နင်းတိုပါ အကျင့် ယုတ်ကုန်မယ် ...လာခဲ ဆိုပြီး   သူငယ်ချင်း မိဘတွေ ပြောတာ
ကျွန်တော်ကြား ရပါတယ် ...ငယ်သေးတော့  သူတို့ ပြောတာ သဘော မပေါတ်ဘဲ ဘာဖြစ်လို ငါကို
ခွဲခြား တာလဲ ဆိုပြီး   ငို ခဲ့ ရတာ အကြိမ်ကြိမ်ပါ ..
အမေကတော့  မိုး လင်း လို့  ကျွန်တော်စားဖို့ သောက်ဖို့  ချတ်ပြုတ်ပြီးတာနဲ့  ကျွန်တော်ကို ထား ပြီး
အပြင်ထွတ်တာညနေစောင်း လောက်မှ ပြန်လာတယ် ....ညနေအမေပြန်ရောက်ရင်ပဲ  ကျွန်တော် နဖူး လေး
နမ်းပြီး ဘာဖြစ်လို့ ငိုတာလဲ သား
သားသူတို့ ပြောလို့  စိတ်ထဲ ဘာမှမထား နဲ့  ..ငါသားနဲ့  ဘယ်သူမှမဆော့ လဲ အမေဆော့ မယ် ဆိုပြီး ကျွန်တော်နဲ့ 
ဆော့ တယ် ...ညကျမှ သာအမိနှစ်ယောက် ချက်ပြုတ်စား ပြီး  အမေက ပုံပြင်လေးတွေ ပြောပြီး အိပ်ကျတယ်လေ...
အဲအချိန်တုန်း က ကျွန်တော်အတွတ် နေ့ ငရဲ ညကျတော့  နတ်ပြည် ရောက်သလို ပေါ့ ...ကျွန်တော်အဲလို နဲ
ဖြတ်သန်းလာတာ ကျောင်းတတ်တဲ့ အရွယ်ရောက်တော့  ကျောင်းတတ်ရတာပေါ့  ...ကျောင်းတတ်ထဲ အထိတောင်
ကျွန်တော် သူငယ်ချင်းတွေကသူမိဘတွေ ပြောစကား နဲ့   ကျွန်တော် ကို ပြည့် တန်ဆာမသား   သူနဲ့ ပေါင်း နဲ
့ပေါင်းရင်  ရှတ်စရာကြီး ...
အဲလိုတွေ ပြောခံထိလို ငိုပြီး အိမ်ပြန်ရောက်လာတဲ့ အကြိမ်တွေ မနည်း ပါဘူး ...အိမ်ရောက်လို ရှိရင်အမေက
ကျွန်တော်ကို သား ဘာမှမဖြစ်နဲ့  သူကိုသူတို့  ဒီလို ပြောပေမဲ့  နောင်တချိန် သာက သူတို့ အပေါ်မှာနေရာယူရမယ် .
...ငယ်သေးတော့ အမေဘာပြောလဲ နာမလည်ဘူး  ဒါပေမဲ့ အမေရဲ အနမ်းလေးတွေကတော့  ကျွန်တော်အတွတ်
အား ပေါ့ ...ကျွန်တော်စိတ်ထဲမှာအမေဖြစ်ချင်သလို  စာကို ကြီုစားပြီး သင်ခဲ့ တယ် ...
ကျွန်တော်အလယ်တန်းလောတ်ရောက်ပြီး နာလည်းလာတော့  အမေကိုမေးတယ်
အမေက တကယ်ပဲ အဲ အလုပ်လုပ်လာလို့  ...အမေမငြင်းဘူး..အမှန်အတိုင်း ပြောတယ် ...အမေက ပြောတယ်
သား အမေရုန်း ထွတ်ပေမဲ့ မလွတ်ခဲ့ ဘူး ....အမေအဲ ဘ၀ရောက်ရတာကလဲ လောဘသားကောင်တွေကြောင့်  ...
မိမိအကျိုး ပဲကြည့် ပြီးသူများ ဘာဖြစ်ဖြစ် လုပ်တဲ့ သူတွေကြောင့် ...အမေရုန်း ထွတ်ခဲ့ ပေမယ် ပတ်ဝန်းကျင်က
အမေကို ကောင်ကောင်း မွန်မွနလုပ်စားတယ် မထင်ဘူး ...ပြည့် တန်ဆာက ပြည့် တန်ဆာပါပဲ ဆိုတော့  အမေလဲ
ရွဲပြီး လမ်းမှား ပေါ်ဆတ်လျှောတ်တုန်းပဲ ...
မိမိမှားတာ သိနေရက်နဲ့ လုပ်နေတာ လူမိုတ် အကြီးဆုံပဲ ...ဥပမာ ...အမေပေါ့ သား...အမေလိုမျိုး သားကို လမ်းမှား
မရောက်စေချင်ဘူး...အမေကြောင့် သားဆုံးရှုံးခဲ တဲ့ အရာတွေ သား ဘာသာပြန်ယူရမယ်  ...ဘယ်တော့ မှ
ဘေးပတ်ဝန်ကျင်ကြောင့် မယိုင်စေနဲ့  ...မိမိလျှောတ်စရာရှိတာလျှောတ် ...အမေသား ဟာ အမေလို ဘယ်တော့ မှ
မဖြစ်စေနဲ့  ...အမေက အခသားကို အမေ ခန္ဒာနဲ့ ရင်းပြီး အမွေတွေ ပေးနေတာ ...အမေပေးနိုင်တဲ့ အမွေကလဲ
ပညာပဲရှိတယ်သား  ...သားကြိုးစားပါ..
အမေကိုကြည့် ပြီး ကျွန်တော်မျတ်ရည်ကျခဲ့ ရတယ် .....အမေပြောသလို ကျွန်တော် ကြီုးစား ခဲ့ တယ် ...
ဘယ်သူဘာပြောပြော ခေါင်းထဲမထည့် တော့ ဘူး ...စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ်အမေပဲလို့  သတ်မှတ်လိုတ်တယ် ...
အဲအချိန်မှာ ကျွန်တော်နားမှာ  သူငယ်ချင်းကောင်း ၂ယောက် ကျွန်တော်ရခဲ့ တယ် ...
တစ်ယောက်က သော်တာ  နောတ်တစ်ယောက်ကစိုးလွင် သူတို့ ၂ယောတ်က
ကျွန်တော်ကိုတော်တော်လေး နာလည်ကြတယ် ...ကျွန်တော် စိတ်အား ငယ်တဲ့အချိန်   ကျွန်တော်ကို
ပတ်ဝန်ကျင်က ရိုတ်ခတ်တဲ့ အချိန်တိုင်း ကျွန်တော် ဘတ်က ရပ်တည်ခဲ့ တယ် ....ပြီးတော့ ကျွန်တော်ရဲ ကျေးဇူး
ရှင်လို့ ပြောလို့ ရတယ်...ကျွန်တော်တို့ မြို့ ခံ ကျူရှင်ဆရာလေး တစ်ယောက်ပါ ....သူက ကျွန်တော်ကို အသိတွေ
တိုးစေမယ် စာ အုပ်တွေပေးဖတ်တယ်  ..
ပီမိုး နင်း စာ အုပ်တွေ ပေးဖတ်တာ များ ပါတယ် ...ရသ ရှိတဲ့  စာ အုပ်တွေကြောင့်   ကျွန်တော် အားအင်တွေပိုပြီး
တိုး လာတယ် ..ပြီးတော့  ဆရာက ကျွန်တော်ကို  ၈တန်းကျောင်းသား ဘ၀ထဲက  စာသင်ပေခဲ့ တယ် ပိုတ်ဆံမယူပဲ ...
သူသင်တာက ၁၀တန်းတခုတည်း...
ကျွန်တော်ကိုမှရွေးပြီး   ၈တန်းကျောင်းသား ဘ၀ထဲက စာသင်ပေးတဲ့ ဆရာက ပတ်ဝန်ကျင်ရဲ ရိုတ်ခတ်မှုတွေ
မလွတ်ခဲ့ ပါဘူး ...ကျွန်တော်အမေနဲ့  ဆရာ နဲ့ တိတ်တိတ်ပုန်းဖြစ်နေတယ် အဲကြောင့်  ဆရာက ကျွန်တော်ကို
စာသင်ပေးတယ်ပေါ့  ...ဆရာက အဲလိုစကားတွေ ကြားတာတောင်  ကျွန်တော် သူဆီး စားသွားမသင်တဲ့ နေ
အိမ်ထိလာခေါ်တယ် ...ကျွန်တော်လဲ  ဆရာကို တနေ့ မေးမိတယ် ...ဆရာ ခုလို မဟုတ်ပဲ အပြောခံရတာ
ဘာမှမဖြစ်ဘူး လာလို့  ဆရာ ကကျွ့န်တော်ကို ပြုံးကြည့် ပြီး...လူဆိုတာ သူထင်ကြေး သူပေးတာပဲ ..
သူလွပ်လပ်ခွင့် လေ  မဟုတ်ပါဘူး လို့ လိုတ်ရှင်း ပြနေရမှာလား မောင်မောင်   ပြောလေ ရှုပ်လေးပဲ ...
အရေးကြီးတာ မိမိလိပ်ပြာ မိမိသန့် ဘို့  အရေးကြီးတယ် ...
ဆရာလိပ်ပြာဆရာသန့် တယ် ...ပြီးတော့  လောကမှာ လိုအပ်နေတဲ့ သူကို  လိုအပ်နေတာ ပေးတာက
အကောင်းဆုံးပဲလေ..မင်းက ပညာကို တအား လို ချင်တဲ့ သူ  အဲလို လူကို ဆရာက ပညာပါရမီ ဖြည့် တယ် ...
ဆရာမှားလား ..ဆရာက မင်းကို ပါရမီးဖြည့် သလို မင်ကလဲ ယူရမယ် ..
.ဘာအကြောင်းမှမစဉ်းစာနဲ့  ..မိမိလျှောက်မဲ့ လမ်းကို မိမိလျှောက်...ဆရာရဲ့  ဆုံးမစကားတွေ
ကျွန်တော်နားထဲက ဘယ်တော့ မှမထွက်ပါဘူး ...ကျွန်တော် ၁၀တန်း ကျောင်းတတ်ခါစမှာပဲ  ကျွန်တော်အမေမှာ
AIDS ဆိုတဲ့ ရောဂါဆိုးကြီး ၀င်လာပါတယ် ...အမေရောဂါ ဖြစ်တော့  ကျွန်တော် ဘ၀က လူပြောစရာ ပိုဖြစ်လာတယ် ...
ကျွန်တော်နားမှာ အားဆေးတွေ တိုတ်ကျွေးခဲ့ တာကတော့  ကျွန်တော် သူငယ်ချင်း ၂ယောတ်ရယ်  ဆရာရယ်ပါ ....
ကျွန်တော်အမေ နေမကောင်းတော့  ကျွန်တော် ကျောင်းတတ်လို့ မရတော့ ဘူး ...အိမ်ရဲ စာဝတ်နေရေး
အတွတ် ကျွန်တော်ရုန်းကန်ရတယ် ....မြို့ နယ်အနှံ သွားပြီး ထမ်းပိုးလေး နဲ့  အသူတ်ရောင်း ခဲ့ တယ် ..
ကျွန်တော် သူငယ်ချင်း ၂ယောက်နဲ့  ဆရာကောင်မှုကြောင်း ကျောင်းမတတ်ပဲ ၁၀တန်းကို
အပြင်ဖြေခွင့်  ကျောင်း အုပ်ကြီးက လတ်ခံခဲ့ တယ် ...ကျွန်တော် ဈေးရောင်လို့ 
အိမ်ရောက်တာနဲ့  စာဖို့ သောက်ဖို့ လုပ်  အမေကို ပြုစု  ညရောတ်တော့ မှ ဆရာဆီသွား ပြီး စာသင်ရတယ် ....
ကျွန်တော်အမေကို  နေလယ် ဘတ်ကျတော့  AIDS ရောဂါသည်  ကြည့် ရှုတဲ့  လူမှုရေး အဖွဲ့ တခုက
နေတိုင်းလိုလို လာပြီးအားပေးတယ်   အမေရဲ့ အလုပ်လေးတွေ ၀ိုင်း လုပ်ပေးတယ်လေ.....
ကျွန်တော်အတွတ်လို အပ်တဲ့  စာအုပ်တွေကိုတော့  ကျွန်တော်သူငယ်ချင်း ၂ယောက်က ဖြည့် ဆည်းပေးတယ် ..
.ကျွန်တော် ၁၀တန်ဖြေပြီး  အောင်စာရင်း ထွတ်တဲ့ နေ့ မှာပဲ အမေဆုံးတယ် ..
ကျွန်တော် သူငယ်ချင်း၂ယောက်က ကျွန်တော်ဆီလာပြီး  ကျွန်တော် ၁၀တန်းကို 3 ဘာသာ ဂုဏ်ထူးနဲ
့အောင်တာကိုအားရ၀မ်းသာ လာပြော  အိမ်မှာက အမေ အသူဘကြီးနဲ့ တိုးတာပဲ ..
.ကျွန်တော်ပျော်ရမလား   ငိုရမလား ...ရပ်ကွပ်ကလဲ အမေဒီရောဂါနဲ့ ဆုံးတယ်ဆိုပြီး
ချက်ချင်း သဂြိုလ်ခိုင်းတယ်   ...သူငယ်ချင်းအကူးအညီ ဆရာအကူးအညီ လူမှုရေး
အဖွဲ အစည်း တခု ရဲ့ အကူအညီကြောင့် ကျွန်တော်အမေရဲဈာပန ပြီးဆုံး သွားပေမယ်  အမေနောတ်ဆုံး ခရီး မှာ
လိုက်ပို့ သူတော်တော်လေး နည်း ခဲ့ ပါတယ် ...ကျွန်တော် ပျော်ရွှင်မှုတွေက အမေဆုံးထဲက ပျောတ်ဆုံး ခဲ့ ပါတယ် ...
ကျွန်တော်က စက်ရုပ်လို ပဲ လည်ပတ်ခဲ့ တယ် ...ကျွန်တော်အချစ်ဆုံး သူငယ်ချင်း ၂ယောက်ကလဲ သူမိဘတွေက
နိုင်ငံခြားကို ကျောင်းတတ်ဖို့ လွှတ်လိုတ်တယ်လေ.....ကျွန်တော်လဲ  ကျောင်းဆတ်မတတ်ဖြစ်ပဲ ကျွန်တော်အဖော်
ဖြစ်တဲ့ ဆိုင်းထမ်းလေးနဲ့ ပဲ  ၀မ်းရေး အတွတ်ရုန်းကန်နေလိုတ်တယ် ...တနှစ်လောက်ကြာတော့ ကျွန်တော်ဆီ
ဆရာရောက်လာပြီး ကျွန်တော် သူငယ်ချင်း ၂ယောက် ကျွန်တော်ကို ခေါ်ကြောင်း ...သူတို့ နဲ့ နေပြီး ကျောင်းတတ်ဖို့ 
သူတို့ စီစဉ်ထားကြောင်း   လာပြောပါတယ် ..
ကျွန်တော်လဲ ဘယ်မှမသွားချင်တော့ ဘူး..ကျွန်တော်အမေခေါင်း ချခဲ့ တဲ့   ဒီနေရာမှာပဲ နေမယ်ပေါ့  ...
ဆရာကိုပြောတော့  ဆရာက မင်းအမေဖြစ်ချင်တာ ဒီလိုလား ...ပညာတတ်လား  မင်းက ခုချိန်မှာ အခွင့် 
အရေးရတယ် ...ရတုန်းမှာ မင်အမေဖြစ်ချင်သလို ကြီုးစာပါလို ပြောတော့  ကျွန်တော်ပြန်တွေးပြီး
ဆရာပြောတာ ဟုတ်တယ်လုပ်ရမယ်လို နလုံး မှူ ပြီး ဘုရင်နောင်ဖောင်ဖျတ်ရတော့ တယ် ...အမေရဲ
့နောတ်ဆုံးလတ်ကျန်အိမ်လေးပါရောင်းပြီး ကျွန်တော် သူငယ်ချင်းတွေ ဆီကို ထွက်ခဲ့ တယ် ...
ဒီရောက်တော့  သူငယ်ချင်းတွေ အဆင် သင့် လုပ်ထားပေလို့ ကျွန်တော်အတွက်
အကုန်အဆင်ပြေခဲ့ တယ် ..အခု ကျွန်တော် အမေဖြစ်ချင်သလို ကျွန်တော်ဘွဲတခု  ပြည်ပမှာ  ရပြီးပြီး..
.ပြည့် တန်ဆာ မရဲသားက အလုပ်ထဲမှာ  မိမိလူမျိုးတောင်မဟုတ်ပါဘူး နိုင်ငံခြားသားတွေ ဒီနိုင်ငံသားတွေရဲ့ 
အပေါ်မှာ ကျွန်တော်အလုပ်လုပ်နေရတာပါ ....
     ကျွန်တော်အကြောင်းကို ဘယ်သူမှ ဒီမှာ မသိဘူး အကို ....ကျွန်တော် သူငယ်ချင်းတွေက လွဲရင်ပေါ့  ..
.အကိုမယုံရင် အကိုဘေးနားက ကျွန်တော် သူငယ်ချင်း အရင်းကြီးပါ မေးကြည့် ဆိုတော့   ကျွန်တော်လဲ
ကျွန်တော်သူငယ်ချင်းကိုကြည့် တော့ သူက ပြုံးပြီး ခေါင်းညီမ့် ပြတယ် ...
မှတ်ချတ် .....ကျွန်တော် ဒီဘလော့ လေးကို  ပိုင်ရှင်ခွင့် ပြုချတ်နဲ့ ရေးသား ခဲ့ တာပါ ...အမည်များ ပြောင်လဲ
ဖော်ပြထားပါတယ် ...ကျွန်တော်ရေးသား တင်ပြသော ဘလော့ လေးဖတ်ပြီး သူငယ်ချင်းတို့ အသိလေး
တခုရခဲ့ မယ်ဆို ကျွန်တော်ကော ကျွန်တော်ကို မျတ်ရည်လေးနဲ့  ဘ၀ခင်းပြသော ကိုမောင်မောင်ပါ
ဝမ်းသာမှာပါ ...ပြောပြသော သူသည် ဖူးစာတွင်မန်ဘာအဖြစ် ရှိနေပါတယ်
                                                                                    သူငယ်ချင်း အားလုံး ပျောင်ရွှင်ပါစေ
                                                                                            mraungmintun
http://mraungmintun-kokomg.blogspot.com/

Tuesday 19 June 2012

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြည်ပရောက် မှတ်တမ်းပုံများ စုစည်းမှု

ဥရောပ သြစတေးလျ အမေရိကား မှာ ရှိနေတဲ့ မြန်မာလူမျိုးတွေသာမက နော်ဝေး နိုင်ငံသားတွေနဲ့ လူပင်လယ်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကို လာရောက်နားထောင်ခဲ့ပါတယ်။
By DVB entertainment's photo.











         

 
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်လ် ဆုချီးမြှင့်သည့် အခမ်းအနားတွင် မိန့် ခွန်းပြောပြီ (ဓါတ်ပုံ)
နော်ဝေနိုင်ငံ အော်စလိုမြိုနော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ပွဲတွင် မိန့်ခွန်းပြောကြားလျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်။ ပြောကြားလျှက်ရှိသော မိန့်ခွန်းကို http://www.nobelprize.org/ တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲမိန့်ခွန်းပြောကြားလျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်။
နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ပွဲသို့တက်ရောက်လျှက်ရှိသော ဒေါ်အောင်ဆန်းစု ကြည်၏သားငယ် ကိုထိန်လင်း(ခ) ကင်မ် (အလယ်) ။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသောငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲအ ခမ်းအနား။ အခမ်းအနားသို့ နော်ဝေဘုရင်နှင့်အတူ တော်ဝင်မိသားစုဝင်များလည်း တက်ရောက်လျှက်ရှိကြသည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲအခမ်းအနားတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။




ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားတွင် လန်ဒန်မြို့ မြန်မာသံရုံး ၀န်ထမ်းတစ်ဦးလည်းဖြစ်သေူ စောင်းမောင်နေ၀ါက မေတ္တာရွှေစောင်းသီချင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတီးခတ်ဖျော်ဖြေစဉ်။ ကိုးကား-BBC


By, 7Day News Journal (Facebook)
၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်

အိုင်ယာလန် သမ္မတ Michael D. Higginsမှ မြန်မာ ပြည်သူလူထု ခေါင်းဆောင်အား သမ္မတရုံးမှာ တွေ့ဆုံစဉ်
ဒီကနေ့ အိုင်ယာလန်နိုင်ငံသို့ U2 အဖွဲ့ခေါင်းဆောင် Bono နဲ့အတူ ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အိုင်ယာလန် ဒုဝန်ကြီးချုပ် Eamon Gilmore မှ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်နေစဉ်
Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Awardဆုအား လက်ခံရယူပြီး အိုင်ယာလန်နိုင်ငံ Dublinမြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာ ပရိသတ်အား အမှာစကား ပြောကြားနေစဉ်
၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်
နော်ဝေနိုင်ငံ၊ အော်စလိုမြို့က မြန်မာ့နိုင်ငံရေး 
အကြောင်း ဆွေးနွေးတဲ့ အော်စလိုဖိုရမ်ကို
 တက်ရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ 
ယူတူး တေးဂီတအဖွဲ့ ခေါင်းဆောင် ဘိုနို
နှင်းဆီပန်းအနီ၊ လုံချည်အနီနဲ့ လန်းဆန်းပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

အဆိုတော် ဘိုနို၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အား အောစလိုဖိုရမ် စင်မြင့်ထက်ဝယ် ဇွန်(၁၈)ရက်နေ့က တွေ့ရစဉ်(ဓာတ်ပုံ-AFP)
ဇွန်(၁၈)ရက်နေ့က အောစလိုဖိုရမ်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere က ကြိုဆိုနှုတ်ဆက်နေစဉ်(ဓာတ်ပုံ-AFP)
သတင်း-ဓါတ်ပုံ  -Facebook
 
 
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်