Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Sunday 10 June 2012

ဘူး သီးတောင် မောင်တော နောတ်ဆုံးရသတင်းများ (၂)

ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၀၀ မိနစ်
မောင်တောမြို့တောင်ဘက် တစ်မိုင် အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘဂါင်္လီ ရိုဟင်ဂျာများက ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ၀ိုင်းထားကြောင်း မောင်တောဒေသခံ တစ်ဦးက ပြောပါသည်။ ထို့အတွက်ကြောင့် မောင်တောမြို့မှ လုံထိန်းတပ်ဖွဲ့ဝင်များ မောင်နီရွာသို့ သွားရောက်လျက်ရှိနေသည်ဟု သိရပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၀၉ မိနစ်
မောင်တောမြို့၌ လုံထိန်းတပ်ဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသားများ သွားလာ နေသည်ကို ဘဂါင်္လီများက နေအိမ်အတွင်းမှ နေ၍ ခဲဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူ အရေအတွက်မှာ အတိအကျ မသိရှိရသေးသော်လည်း ထောင်ဂဏန်းရှိနေပြီဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် ဘူးသီးတောင်ရှိ အမှတ်(၁) အလယ်တန်း ကျောင်း ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၁၀၀၀ ကျော်ရောက်ရှိနေကြောင်းလည်း သိရပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၂ မိနစ်
စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များမှာ တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။

မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂလီများက မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘဂါင်္လီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေး အင်အားနည်းသော ရပ်ကွက်များကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များရောက်ရှိလာပါက နောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီ ၃၄ မိနစ်
မောင်တောမြို့သို့ စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း ရောက်ရှိလာကြောင်း သိရပါသည်။ အဆိုပါ ရဟတ်ယာဉ်နှစ်စင်းမှာ လူနာတင်ဆောင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မောင်တော ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် မောင်တောမြို့တောင်ဘက် တစ်မိုင် အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘဂါင်္လီ ရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင်ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများက လာရောက်ပြီး ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၀၄ မိနစ်
မောင်တောရှိ UNDP, UNHCR, UNICEF, UNFPA, WFP, CARE, AZG, ACF အစရှိသော UN နှင့် NGO ရုံးများ လုပ်ငန်းများရပ်နားပြီး ၀န်ထမ်းများသို့ ပြည်တွင်းရှိ သက်ဆိုင်ရာ နေရပ် အသီးသီးသို့ ပြန်ခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ လုံခြုံရေးအခြေအနေအရ ဇွန်လ ၈ ရက်နေ့ကတည်းက လုပ်ငန်းများ ယာယီရပ်နားခဲ့ပြီး ရန်ကုန်သို့ ပြန်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၂၂ မိနစ်
စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက် ကပ်လျက်တွင် ရှိနေသော ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး သွားခဲ့ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၃၀ မိနစ်
မောင်တောမြို့ရှိ လေးမိုင်ကယ်ဆယ်ရေးစခန်းသို့ ရခိုင်တိုင်းရင်းသားများ ထပ်မံရောက်ရှိလာပြီး လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရပါသည်။ မောင်တောမြို့ကယ်ဆယ်ရေးစခန်းများသို့ လှူဒါန်းလိုသူများ အနေဖြင့် ဆရာတော် ဦးမဏိသာရ (အလိုတော်ပြည့်ကျောင်းတိုက်) ဖုန်း-၀၉ ၄၉၂ ၇၀၉၃၉၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဖုန်း- ၀၉ ၄၉၆ ၅၈၄၃၇၊ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဖုန်း- ၀၄၃ ၅၅၀၀၄ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါသည်။ ထို့အပြင် မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတွင် ကယ်ဆယ်ရေး ဦးစီးကော်မတီကို ဖွဲ့စည်းထားကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၃၈ မိနစ်
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားရာ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ်းလျက်ရှိနေကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁၂ နာရီ ၅၀ မိနစ်
မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။

မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း (၃၈နှစ်) နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်) တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။

ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည်ဟု သိရပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၀၅ မိနစ်
မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားမှုများကို ယခုအချိန်အထိ သိရှိရခြင်း မရှိသေးပါ။
ဇွန်လ ၁၀ ရက် ၁ နာရီ ၈ မိနစ်
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားသဖြင့် အဆိုပါရပ်ကွက် မီးလောင်မှုကို ငြိမ်းသတ် နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များပါ မကဘဲ ရခိုင်တိုင်း ရင်းသားများက ပါဝင်ပြီး ၀ိုင်းဝန်း ငြိမ်းသတ်ပေးနေကြောင်း သိရပါသည်။ ထို့အပြင် ရွှေပြားရပ်ကွက် အတွင်း မီးလောင်ရာအနီးတွင် ရခိုင်တိုင်းရင်းသား နေအိမ်များ ရှိနေသဖြင့် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များသို မီးကူးစက်မှု မရှိနိုင်စေရန် လုပ်ဆောင်နေကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၁၉ မိနစ်
ရခိုင် တိုင်ရင်းသားများ၏ ဆုတောင်းပွဲကို ယနေ့၌ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိ အချိန်တွင် ရခိုင် တိုင်းရင်းသား ၄၀၀ ခန့်မှာ ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ပြီး ဆုတောင်းမှုများ ပြုလုပ်နေကြောင်း သိရပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၃၀ မိနစ်
"စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် တည်ငြိမ်မှုမရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ တိုင်းရင်းသားရွာတွေကို လစ်ရင်လစ်သလို ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက အရှေ့ဆက်တိုးလာတယ်" ဟု စစ်တွေဒေသခံတစ်ဦးက နေ့လည် ၁နာရီခွဲအချိန်တွင် စစ်တွေမြို့၏ လက်ရှိအခြေအနေကို ပြောကြားခဲ့ပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၃၅ မိနစ်
မောင်တောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိနေသော အလယ်သံကျော် နစခစခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများ ၀ိုင်းပြီး ခဲဖြင့် ပစ်ခတ်နေသဖြင့် လုံထိန်းများက သေနတ်ပစ်ဖောက် သတိပေးနေကြောင်း အလံသံကျော် ဒေသခံတစ်ဦးက ပြောပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၄၆ မိနစ်
မောင်တောမြို့သို့ ကာကွယ်ရေးဝန်ကြီးနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သို့ ယနေ့တွင် ထပ်မံရောက်ရှိလာပြီး အဆိုပါအဖွဲ့နှင့်အတူ အစိုးရ သတင်းမီဒီယာများလိုက်ပါခဲ့ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။
ဇွန်လ ၁၀ ရက် ၁ နာရီ ၅၀ မိနစ်
စစ်တွေမြို့အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ကို မကြာမီ ထုတ်ပြန်ဖွယ်ရှိနေကြောင်း ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးက အတည်ပြု ပြောကြားပါသည်။
ဇွန်လ ၁၀ ရက် ၂ နာရီ ၃ မိနစ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် ရခိုင်တိုင်းရင်းသားများ၊ သံဃာတော်များ၊ ဗမာအပါအ၀င် အခြားတိုင်းရင်းသား လူမျိုးများ စုစုပေါင်း လူအင်အား ၁၀၀၀ ကျော်ခန့်သည် ဇွန်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း ပျောက်ဆုံးနေသော ရခိုင်တိုင်းရင်းသားများကို ရှာဖွေပြီး အသေအပျောက်စာရင်း အတိအကျ ထုတ်ပြန်ပေးရန်၊ ဆေးဝါးစာနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံး ကူညီပေးရန်၊ အစိုးရအနေဖြင့် ရခိုင်လူမျိုးတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို စိတ်ချရသည်အထိ ကာကွယ်စောင့်ရှောက်ပေးရန်တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် နိုင်ငံပိုင်မီဒီယာများနှင့် ရုပ်သံမီဒီယာများအနေဖြင့် မောင်တောမြို့နယ်တွင် ဖြစ်ပွားသော ပဋိပက္ခများ၏ အဓိကတရားခံမှာ ဘင်္ဂါလီရိုဟင်ဂျာ ဘာသာရေး အစွန်းရောက်များ၏ လက်ချက်ဖြစ်သည်ကို အတိအကျ ဖော်ပြပေးရန်နှင့် အဆိုပါ အကြမ်းဖက် ဘင်္ဂါလီရိုဟင်ဂျာများကို အမြန်ဆုံး ရှာဖွေ၍ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်လည်း ထည့်သွင်းတောင်း ဆိုခဲ့ကြသည်။

ယခုဖြစ်စဉ်သည် တိုင်းရင်းသား အရေးကိစ္စဖြစ်ပြီး တိုင်းရင်းသားတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန်လည်း နှိုးဆော်ခဲ့ကြသည်။

မွန်လွဲ ၁ နာရီ ၂၀ မိနစ် အချိန်တွင် အဆိုပါလူထုမှာ အနောက်ဖက် အာရုံခံတန်ဆောင်းရှေ့ ကြာသပတေးဂြိုဟ်တိုင်တွင် စုဝေး ဆုတောင်းမှုများ ပြုလုပ်လျက်ရှိသည်။
ဇွန်လ ၁၀ ရက် ၂ နာရီ ၂၀ မိနစ်
ဘင်္ဂါလီ ရိုဟင်ဂျာ သုံးဦးမှာ အမျိုးသမီး ဟန်ဆောင်ပြီး ဘူးသီးတောင် မြို့အတွင်းသို့ မောင်တောမြို့ ထွက်ပေါက်မှတစ်ဆင့် ၀င်ရောက်လာသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထားကြောင်း သိရပါသည်။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်