Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Monday 12 December 2011

ဒီဇင်ဘာ အိပ်မက်

မာန ကိုမြားလိုချွန်ပြီး
အငြိုးကြီး တဲ့ လေးအတတ်နဲ့
နင်ကိုယ်တိုင်ပစ်ခွင်းမှတော့
ငါက ဘာကြောင့်ရှောင်တိမ်းရမှာလဲ..တဲ့
(မောင်လှမျိုး ကတော့အဲလိုပြောတယ်)
မှန်တယ်...
အငြိုးကြီးသူချင်းအတူတူ
သုဘဒ္ဒါ ကမှလူစားလွှတ်လိုက်ပါသေးရဲ့ 
ချစ်သူ့ လှောင်ပြုံးတွေ အောက်မှာ...ခုတော့
ရင်ခွင်တစ်ခုလုံး မွမွ ကိုကြေလို့ ...
မှော်ဝင်နေတဲ့ခံစားချက်ကို
အချစ်လို့ ခေါ်သလား...
"ရိုးသားစွာချစ်နေသူသည်အပြစ်ရှိပါ၏ " လို့ 
ဘယ်ကျမ်းဂန်မှာပဲ ပါပါ
နှုတ်သီးအနာခံပြီး
ဥခွံထဲကဖောက်ထွက်ဖို့ ကြိုးစားတဲ့
ငှက်ငယ်တစ်ကောင်လို
ငါကတော့...ချစ်ကြည့်ချင်သေးတယ်
ဘာပဲဖြစ်ဖြစ်ပေါ့......

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်