Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 17 December 2011

ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ရန် (၃)

(၁)ဗုဒ္ဓဘာသာတစ်ယောက်ယုံကြည်လက်ခံရမည့်အချက်များ
လူတစ်ဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည်ရမည့်အချက်များကို ယုံကြည်ပါမှ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်နိုင်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်လိုသူ
များအတွက် ယုံကြည်ရမည့်အချက်များမှ လိုရင်းအချက်မျှကို ရွေးထုတ်ဖော်ပြပါမည်။
(က) ရတနာသုံးပါးကို ယုံကြည်ခြင်း
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာသုံးပါး၊ ကံနှင့် ကံ၏အကျိုးတရား၊ မျက်မှောက်လောက နှင့် တမလွန်လောက စသည်တို့ကိုယုံကြည်ကြရပေမည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ရတနာသုံးပါးကို ယုံကြည်ရန် အရေးကြီး
လှ၏။ “ ဘုရားအစစ်ကော ဟုတ်ရဲ့လား၊ တရားကကော မှန်ရဲ့လား” စသည်ဖြင့်သံသယ
မပွားသင့်ပေ။ ရတနာသုံးပါးတွင် ဂုဏ်တော်များ အသီးသီးရှိ၏။ ယင်းဂုဏ်တော်တို့ကို ဆင်ခြင် သိမြင်၍ ရတနာသုံးပါးကို သံသယကင်းစွာ ယုံကြည်ရမည်ဖြစ်သည်။**(ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများကို နောက်အပတ်များတွင် ဆက်လက်ဖော်ပြပေးပါမည်။)**
(ခ)အခြားယုံကြည်ရမည့်အချက်များ
ထို့ပြင် ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံ နှင့် ယင်းကံ
တို့၏ကောင်းကျိုး၊ ဆိုးကျိုးများကို လည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့်တမလွန်လောက ကို
လည်းကောင်း ယုံကြည်ရဦးမည်ဖြစ်သည်။ ယင်းတို့ကိုမယုံကြည်ဘဲ “ ဤဘ၀နှင့် ဤဘဝ
ပြုပြုသမျှ ကုသိုလ်၊ အကုသိုလ်များသည် သေလျှင်ပြတ်၏၊ နောက်ဘ၀အတွက် အကျိုး
ဆက်မရှိ” ဟုလက်ခံယုံကြည်မှုကို “ကင်းပြတ်ဝါဒ”(ဥစ္ဆေနဒဋ္ဌိ) ဟုခေါ်ပါသည်။ အယူမှား
(မိစ္ဆာဒိဋ္ဌိ)တစ်မျိုးပင်ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကုသိုလ်ကံ၊
အကုသိုလ်ကံ နှင့် ယင်းကံ တို့၏အကျိုးဆက်၊ ဤလောကနှင့် တမလွန်လောကကို
ယုံကြည်ရမည်ဟုဆိုခြင်း ဖြစ်ပါသည်။
(ဂ) သမ္မာဒိဋ္ဌိ (အမြင်မှန်) ဆယ်ချက်
ထို့ပြင် ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် အမြင်မှန်ဆယ်ချက်(ဒသ၀တ္ထုကသမ္မာ
ဒိဋ္ဌိ) ကိုလည်း လက်ခံယုံကြည်ရပေဦးမည်။အမြင်မှန်(၁၀)ချက်မှာ-----
(၁)အလှူဒါနပြုလျှင်ကောင်းကျိုးပြုသည်ဟုခံစားရခြင်း
(၂) ပူဇော်မှု၏အကျိုးရှိကြောင်း ယုံကြည်ခြင်း
(၃) လက်ဆောင် ပေးကမ်း ပူဇော်မှု၏ အကျိုးရှိကြောင်းယုံကြည်ခြင်း
(၄) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး၊ဆိုးကျိုး၊ အကျိုးရင်းအကျိုးဆက်ရှိ
ကြောင်း ယုံကြည်ခြင်း။
(၅) မိခင်အပေါ်ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့်ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း
ယုံကြည်ခြင်း။
(၆)ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့်ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း
ယုံကြည်ခြင်း။
(၇) လူတို့မမြင်နိုင်သည့် ငရဲ၊ ပြိတ္တာ၊ နတ်၊ သိကြား၊ ဗြဟ္မာဟူသောသတ္တ၀ါတို့ရှိကြောင်း
ယုံကြည်ခြင်း။
(၈) ဤမျက်မှောက်လောက ရှိကြောင်းယုံကြည်ခြင်း။
(၉) သေပြီးနောက်ဘ၀ တမလွန်ရှိကြောင်း ယုံကြည်ခြင်း။
(၁၀) ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံကြသော သမဏ၊ဗြဟ္မဏတို့ရှိကြကြောင်း၊ ယင်းတို့က ဤလောက၊ တမလွန်လောကကို ကိုယ်တိုင် သိမြင်၍ လူအများကို ပြန်လည် ဟောပြောကြကြောင်း ယုံကြည်ခြင်း။ တို့ဖြစ်ပေသည်။
ဒီတစ်ပတ်တော့ဒီလောက်ပဲနော် စာဖတ်ပရိတ်သတ်ကြီး။ ရေးတာများသွားရင် ဖတ်ရတာပျင်းမှာစိုးလို့ပါ။တော်ကြာ ပျင်းပြီး ကျတော်ရေးတဲ့စာတွေ မဖတ်တော့မှာ
စိုးလို့ :D ။
ကဲ နောက်တစ်ပတ်မှာလဲ ဗုဒ္ဓဘာသာတစ်ယောက်ရှောင်ရမဲ့အချက်တွေ
ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့တစ်နေ့တာလုပ်ငန်းတွေကိုဖော်ပြပေးဦးမယ်နော်။
ဖတ်ရှုသူများကိုကျေးဇူးကမ္ဘာ ပါနော်။ မှတ်ချက်လေးတော့ရေးပေးပါနော်
ကောင်းကောင်း မကောင်းကောင်းပေါ့။
L* Minn Ho

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်