Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Thursday 5 January 2012

နှစ်ဆယ့် တစ်ရာစု ရည်းစားစကား

နှစ်ဆယ့် တစ်ရာစု  ရည်းစားစကား

မျက်နှာချိုသွေး ... သွေးပြီ ၊

ချစ်ရေးဆိုရမှာ

ရှက်လိုက်တာ ....။

ဂီတာမတီးချင်ဘူး

သီချင်းမဆိုချင်ဘူး ၊

စာမပေးချင်းဘူး

ကဗျာမရွတ်ချင်ဘူး ၊

အုတ်ခုံကို ... ဂစ်တာနဲ့ ရိုက်ခွဲ .....

အဲဒါ

ကိုယ့် အသည်းပါပဲ .... ။

အိုက်တင်....ပေး

ဖက်ရှင်.....ပြ

အ၀တ်အစား  လှလှတွေဝတ်ပြီး

ပြဇတ်  မကချင်ဘူး ..... ။

ဟောင်နွမ်းနေတဲ့ 

အင်္ကျီကြယ်စေ့ တွေကို

လက်နှစ်ဖတ်နဲ့  ( ဖြန်းခနဲ ) ... ဆွဲဖွင့် 

အဲဒါ ...

ကိုယ့်ရဲ့ ပန်ကြား  ခွင့် ပေါ့  ..... ။

အသည်းမကွဲချင်ဘူး

မျက်ရည်မကျချင်ဘူး ၊

ကွန်ပြူတာ  စကိခလုပ်တွေပေါ်မှာ ...

တို့ နှစ်ယောက်

ပျော်ရွှင်စွာ  တွေ့ ဆုံကြရအောင် ....။       ။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်