
ရွှေရတနာဆိုင် ပြိုလဲပြီးနောက် အခြား မြန်မာ ဆိုင်များတွင်လည်း လွှဲငွေများနှင့် ပတ်သက်ပြီးအကြပ် အတည်းများ၊ ကောလဟာလများ ဖြစ်ပေါ်လျက် ရှိသည်။ အဆိုပါ အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာဆိုင်ရှင် အများက စုဝေးပြီး ဖြစ်စေ၊ မြန်မာ သံရုံးက ဖြစ်စေ တရားဝင် ထုတ်ပြန ကြေငြာခြင်း မရှိသေးဟု ဆိုပါသည်။
ပြည်ပရောက် မြန်မာများသည်၊ ဤကဲ့သို့ ငွေလိမ်မှုမျိုး နှစ်စဉ် ဒေါ်လာ သန်းနှင့်ချီပြီး၊ အလိမ်ခံ နေကြရသည်ဟု ငွေလွှဲပွဲစား များက ပြောပါသည်။ မြန်မာ အစိုးရ အဆက်ဆက် သည်လည်း ငွေလဲနှုန်း တဒေါ်လာကို (၆)ကျပ် သာသာဖြင့် သတ်မှတ် ထားသဖြင့် တရားဝင် ငွေလွှဲသူများ နဲပါးသလို ပြည်ပရောက် မြန်မာများထံမှ ၀င်ငွေခွန် ဖြတ်တောက်မှု ကြီးလေးသဖြင့်လည်း ပြည်ပရောက် မြန်မာများကတရားဝင် ငွေလွှဲမှု မရှိခဲ့ပေ။
ယခုမူ ပြည်ပရောက် မြန်မာများ၏ ၀င်ငွေခွန် ဖြတ်တောက်မှုကို ကင်းလွတ်ခွင့် ပေးခဲ့ပြီး ငွေလဲနှုန်းကိုလည်း တဒေါ်လာ ကျပ် (၈၀၀) အထိ ပြောင်းလဲ ထားပါသည်။ ထို့အပြင် တရားဝင် ငွေလွှဲနိုင်သော ပုဂ္ဂလိဘဏ် များ ကိုလည်း အစိုးရက သတ်မှတ် ပေးပြီး ဖြစ်သည်ဟု ကြားသိရပါသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ဆန်းကလည်း ရွှေရတနာ မြန်မာငွေလွှဲဆိုင်ကလည်း ငွေလွှဲသူ မြန်မာမိသားစုများထံက ငွေများ လိမ်လည်ခိုးယူထွက်ပြေးသည့် အရေးအခင်းမျိုး ဖြစ်ခဲ့ဘူးပါသည်။ ထိုအရေးအခင်း တွင်လည်း ဒေါ်လာသန်းနဲ့ ချီပြီး ဆုံးရှုံးခဲ့သည်ဟုဆိုပါသည်။
No comments:
Post a Comment