Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Monday 23 January 2012

ကျောင်းသား/သူလေးတွေအတွက်... ကျွန်တော်တိုရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါရစေ (တိုင်ကြားစာ)

ကျောင်းသား/သူလေးတွေအတွက်... ကျွန်တော်တိုရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါရစေ (တိုင်ကြားစာ)
ကျောင်းသား/သူလေးတွေအတွက်... ကျွန်တော်တိုရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါရစေ။ကျွန်တော်တို့ ဆိုတာက အ.လ.က(၁)မင်္ဂလာဒုံကကျောင်းသား မိဘများပါပဲ။ကျွန်တော်တို့အနေနဲကပွင့်ပွင့်လင်းလင်းဆွေးနွေးလိုသော်လည်း နောက်ကွယ်မှာကျွန်တော်တို့ရဲ့ ကလေးများကိုနှိပ်စက်ကလူပြုမှာစိုးလို့ကျောင်းအုပ်
ဆရာကြီးကိုစာနဲ့တိုင်တန်းဖူးပါတယ်။ထူးမခြားနားပါပဲ။ အဖြစ်ကတော့ဒီလိုပါ အ.လ.က (၁) မင်္ဂလာဒုံမှာ ယခုတော့ခုနှစ်တန်း အတန်းပိုင်ဖြစ်တဲ့ ဒေါ်တင်တင်ဝင်း ဆိုသူအကြောင်းပါပဲ။

စာသင်ရင်အဆဲလေးနဲ့သင်လေ့ရှိတယ်။Report cardပေးရင် ယောကျာင်္လေးဆို မအေ -ိုး(နာမည်) လာယူ၊မိန်းကလေးဆိုရင် ဖေနဲ့တုတ်ပြီးမှခေါ်ပေးတယ်။ကြမ်းတမ်းစွာအုပ်ချုပ်တယ်။ခုနှစ်တန်းသချာင်္နဲ့ရှစ်တန်း သိပ္ပံသင်ပါတယ်။သချာင်္သင်ရင်ဟိုဖ***** နဲ့ဒီဖ*******ပေါင်းရင်ဘယ်လောက်ရလဲလို့သင်ပါတယ်။

2010ခုနှစ်ခြောက်တန်းနှစ်စမှာသူကအတန်းပိုင်ပါ။အတန်းထဲက မေသဇင်ဖူးအောင်ဆိုတဲ့ကလေး မလေး ကသချာင်္ဘာသာမှာ သင်္ကေတတွေကိုအင်္ဂလိပ်လိုပြောမိလို့ ဘို-ိုးမလို့အမည်ပေးလို့ ကျောင်းသား လေးတွေကနောက်ပြောင်ကြတယ်။ယနေကခေတ် အင်္ဂလိပ်စာကို ဦးစားပေးနေတဲ့ခေတ်မှာကလေးတွေကို အင်္ဂလိပ်အခေါ်အဝေါ်မသုံးခိုင်းပါဘူး။ဒါဟာလဲ ကလေးမလေးရဲကမိခင်ကိုယ်တိုင်ကျွန်တော်တို့ကိုပြောပြတာပါ ။2011နှစ်စပိုင်းမှာကျောင်းမှာအကင်ကြော်ရောင်းပါတယ်။ဝယ်မစားတဲ့သူတွေကို ဘာဖြစ်လို့ဝယ်မစားတာလဲ အတန်းထဲကျရင်စာမေးမယ်ဆိုပြီးမဖြေနိုင်အောင် မေးပြီးဆဲဆိုပါတယ်။ရိုက်တာတော့မရိုက်ပဲနဲ့ နာအောင်လို့ မအေ၊ဖအေနဲကပေးစားဆဲတာအကျင့်လိုဖြစ်နေပါပြီ။ကလေးတွေစာသွားပြလို့သူ့အနားကပ်ရင်သွားကြစမ်း နင်တို့ကိုယ်ကနံတယ်၊ဖေ-ိုးမ၊ဖ*****၊ဖာကောင်းစသည်ဖြင့်ဆက်ဆံပါတယ်။

2010 ခုနှစ်ရှစ်တန်းမှာသိပ္ပံ သင်တော့ ကလေးတွေကိုသင်ထောက်ကူပစ္စည်းနဲကဆိုင်ရာအကြောင်း အရာတွေကိုသင်တော့ ရေဝေးသွား ယောကျာင်္နဲ့ မိန်းမတွေရဲ့ဟာတွေကို အကွင်းလိုက်လှီးပြီးလေ့လာ ဒီထက်ပစ္စည်းစစ်တာမရှိတော့ဘူး လို့မဖွယ်မရာသင်ကြားပါတယ်။သူ့ရဲ့နောက်ကြောင်းရာဇ၀င်ကလည်း အ.မ.က(16)ကုန်းတလဘောင်မှာနေခဲ့တုံးက ကလေးတစ်ယောက်ကိုခုံဖိနပ်နဲ့ပါးရိုက်ခဲ့ဘူးတယ်။ နောက်နေကကျောင်းသားမိဘက ငှက်ကြီးတောင်ဓားနဲ့စောင့်နေ
လို့ယနေ့ထက်တိုင်ကျောင်းမသွားရဲတော့ပဲ ယခု အ.လ.က(1)ကိုပြောင်းလာတာပါတဲ့။

အခုလည်း အတန်းထဲမှာကလေးတွေကိုငါအရင်တုံးက ဒီလိုဒိလိုကြောင့်ပညာရေးမှုးကိုသိန်းချီပေးပြီး ဒီကျောင်းကိုရောက်လာတာ နောက်တစ်ခါနင်တို့အလှည်ကဘဲ။ဒီတစ်ခါဆိုရင် အောင်ဆန်းသူရိယလှသောင်း ကျောင်းကိုပြောင်းမယ်လို့ကြိမ်းဝါးပါသတဲ့။2010ခုနှစ် ရှစ်တန်းကျောင်းသူ မအေးလပြည့်ဝန်း ကိုကျောင်းချိန် မှာလဲသူ့ရဲ့ဝေယျာဝစ္စတွေကိုတစ်ချိန်လုံးခိုင်းကာအိမ်မှာလဲ ညအိပ်ညနေကြမ်းတိုက်၊အ၀တ်လျော် စသည်ဖြင့် ခိုင်းပါတယ်။ ကလေးကိုလဲ ဒီလိုလာမလုပ်ရင် နင်စာမေးပွဲဖြေတဲ့စာရွက်တွေကိုစုတ်ဖြဲပစ်မယ် လို့ခြိမ်းခြောက် ပါတယ်။ကျောင်းမှာလဲ အတိုးပေးစားတဲ့အလုပ်ကိုလုပ်သေးတယ်။မကင်းနိုင်တဲ့ဆရာမတွေကိုလည်း နိုင်နင်း၊အရှက်ခွဲပြီး ဗိုလ်လုပ်နေပါတယ်။

အဲဒီလိုဖြစ်နေလိုကဘယ်သူမှဘာမှမပြောရဲကြဘူးလားဆိုရင် ဟုတ်ကဲ့ ဘယ်သူမှဘာမှမပြောရဲကြ ပါဘူး ဆရာကြီးနဲ့ဆရာမတွေကလည်းဝိနည်းရှောင်ပါတယ်။ကျွန်တော်တို့မှာတစ်ခြားကျောင်း ပြောင်းထား ချင်ပေမဲ့စရိတ်စကနဲ့ကျောင်းဝေး၊အိမ်ဝေးနဲ့ကလေးတွေအတွက်လည်းအန္တ၇ာယ်ရှိနိုင်လို့သည်းခံနေရတာပါ။ မိဘအများစုကစာရေးလက်မှတ်ထိုးတိုင်ချင်ပေမဲ့ အဲဒီဆရာမက ပညာရေးမှုးတိုက စစ်ဆေးရေးတိုကလာရင် ရှေ့ဆုံးက ပြာပြာသလဲကြိုဆိုဧည့်ခံကျွေးမွေးလို့အထက်ဖားအောက်ဖိလုပ်တတ်လိုကထူးမခြားနားဖြစ်မှာပါပဲ။ ဆရာမတွေကလည်းသူနဲ့ယှည်ပြီးမတုရဲတာကလည်းသူကထမီချွတ်ရမှာလဲဝန်မလေးတဲ့သူဖြစ်လို့ပါ။

တစ်ခါကကျောင်းဆင်းချိန် ဆရာမအငယ်တစ်ယောက်ကို နင်ကျောင်းရှေ့မှာသေးပေါက်၇ဲလားငါပေါက် ရဲတယ်ဆိုပြီးထမီလှန်ပေါက်ပါသတဲ့။ဒါကိုဈေးထဲမှာဈေးရောင်းတဲ့ ကျွန်တော်တို့အိမ်ဘေးက
အမျိုးသမိးတွေက လာပြီးပြောပြတာပါ။ယနေ့ခေတ်ပညာရေးစနစ်ပြောင်းလဲတဲ့ကာလမှာ
ကျွန်တော်တို့ရဲ့ကလေးတွေမှာကျောင်း သွားပြီးကြောက်ကြောက်လန့်လန့်နဲ့စာသင်ကြားရမဲ့
အချိန်မဟုတ်တော့ဘူးလို့ထင်ပါတယ်။ဒိလိုရိုင်းစိုင်းပြီး စိတ်ယုတ်မာရှိတဲ့ဆရာမမျိုး normalမဟုတ်တဲ့ဆရာမမျိုးဟာ
ပညာရေးလောကထဲမှာမရှိသင့်ပါဘူး။

သူ့ရန်ကိုကြောက်လို့ ကျောင်းပြောင်းသွားတဲ့သူတွေမနဲပါဘူး။မနှစ်ကကျွန်တော်တို့တွေ စုပေါင်း ပြီးကျော်မလုပ်ချင်လို့ဆရာကြီးတပည့်ဖြစ်ခဲဖူးသူကိုကိုယ်စားတိုင်ခိုင်းပေမဲ့အရေးယူခြင်းမရှိပျောက်ပျက်သွား ခဲ့ပါတယ်ဒါကြောင့်တွံတေးသိန်းတန်သီချင်းလိုမြေပြင်ကိုပြောရမလား၊ကောင်းကင်ကိုပြောရမလား၊တိမ်လွှာကို ပဲပြောရမလားလေကွယ်ဆိုတာလိုဖြစ်နေပါပြီ။

 အ.လ.က(၁)မင်္ဂလာဒုံကကျောင်းသား မိဘများ

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်