Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Thursday 5 January 2012

အများသုံး ဖိနပ်တစ်ရံ



အများသုံး  ဖိနပ်တစ်ရံ


အချစ်က ... ကျောင်းမပြေးခိုင်းဘူး၊

အချစ်က ... မငိုခိုင်းဘူး၊

အချစ်က ...မရက်စက်ခိုင်းဘူး၊

အချစ်က ... ( မိဘကို ) မလိမ်ခိုင်းဘူး၊

အချစ်က ... အရက်မသောက်ခိုင်းဘူး ။

တကယ်တော့  အချစ်ဆိုတာ ...

( အပြစ်မဲ့  ) ဖိနပ်တစ်ရံပါ ။

လူတွေ ...

စီးချင်သလို  စီးပြီး၊

သွားချင်ရာသွားခဲ့ ၊လုပ်ချင်ရာတွေ  လုပ်ခဲ့ ကြလို့ 

`` အချစ် ´´ က

( ခဏခဏ )နာမည်ပျက်ပျက်သွားတာ ။

ဖိနပ်က သယ်ဆောင်သူ မဟုတ်ဘူး

ခြေထောက်တွေကသာ၊  ဦးဆောင်သွားကြတာ ၊

တကယ်ဆို

အဲ့ ဒီဖိနပ်လေးကို တရိုတသေ သိမ်းထားပြီး ...

လမ်းကောင်းကောင်းတွေ့ မှ

လမ်းကောင်းကောင်းလျှောက်တတ်မှ၊

တစ်ယောက်တစ်ရံစီ  ထုတ်စီးလိုက်ရရင် ...

ဖိနပ်အသစ်လေးနဲ့ 

ဘယ်လောက်လှလိုက်မလဲ ။

အဲဒါဆို ...

အချစ်လည်း  နာမည်မပျက်တော့ဘူး ... ။


မောင်လှမျိုး  ကဗျာလေးပါ

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်