Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Wednesday 4 January 2012

ဖေဖော်ဝါရီ(၁၄)ကိုသိပြီး ဖေဖော်ဝါရီ(၁၃)ကို မေ့နေသူများအတွက်..............




ကျွန်တော် ၁၄.၂.၂၀၁၂ချစ်သူများနေ့) Valentine Day ဖြစ်ပေါ်လာပုံ လို့ခေါင်းစဉ်တွေတက် အချိန်ကုန်ခံပြီး စာအုပ်ထဲကဟာကို ပြန်ရိုက်ရေးသားပြီးတင်လိုက်တာ အကြောင်းမဲ့သက်သက် သိစေချင်လို့မဟုတ်ဘူးပေါ့ဗျာ
ပြောစရာစကားတွေက ရင်ထဲမှာစုလာလွန်းလို့ ဒီဘလောခ့်ရေးဖို့ ဟိုတစ်ခုကိုအခြေခံလိုက်တာ
ပဲ ကဲဗျာ စပြီ ကျွန်တော့် သူငယ်ချင်းတွေကပြောတယ် ဘယ်လိုလဲဆိုတော
့ ရှိုင်း နင်ဖေဖော်ဝါရီ(၁၄) ချစ်သူများနေ့ကျရင် တခြားသူတွေနဲ့ဒိတ်မလုပ်ထားနဲ့နော် နင်ချစ်သူနဲ့တော့ဒိတ်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ နင်ကရည်းစားထားတဲ့ကောင်မဟုတ်လို့တဲ့(နဲနဲတော့ထိသွားတာပေါ့ ရှိုင်းလဲယောက်ျားလေးပါ နှလုံးသားနဲ့ပဲလေ ကိုယ်ကြိုက်တဲ့လူမှမတွေ့သေးတာ တစ်နေ့တော့ထားမှာပေါ့)
ဒီလိုနဲ့မေးကြည့်တယ် နေပါဦးလို့ ငါကအဲ့နေ့မဒိတ်ရအောင် နင်တို့ကဘာလုပ်မလို့လဲပေါ့
အဲ့နေ့ကချစ်သူများနေ့လေတဲ့ ငါတို့သူငယ်ချင်းတွေလျောက်လည်ကြမယ် ငါတို့ကချစ်သူတွေရှိတယ် ငါတို့ဘဲဘဲတွေလဲပါမှာပေါ့ နင်ကမရှိတဲ့ကောင်ဆိုတော့ နင့်ကိုလဲရှာပေးရမယ်လေတဲ့(မလိုပါဘူး စိတ်မ၀င်စားလို့ လှည့်ကိုမကြည့်သေးတာ တစ်နေ့ကျဖြစ်လာမှာပေါ့ မိန်းကလေး ၁၂ယောက်မွေးတိုင်း ယောက်ျားလေး ၁ယောက်ပဲမွေးတာ သူတို့သိဖို့ကောင်းတယ် မိန်းကလေးဆိုတာမရှားပါဘူး)
ဒီလိုနဲ့ ငါတို့ကအကျီင်္ဆင်တူဝတ်မှာငါတို့ဘဲဘဲတွေနဲ့ အဲ့လိုပြောတော့ သူငယ်ချင်းထဲမှာတောင် ကောင်မလေးတစ်ယောက်ရှိတယ် (ဒါတွေမပြောတော့ပါဘူး) ဒါနဲ့သူက နင်နဲ့ငါနဲ့လည်း အင်္ကျီတူတူဝတ်မယ်လေတဲ့ ဒါနဲ့မေးလိုက်တယ်
နင်တို့ဘာအရူးထတာလဲဟာ ကဲပါနင်တို့ဒီလောက်လုပ်ချင်နေတဲ့ ဖေဖော်ဝါရီ(၁၄)မတိုင်ခင် ဘာနေ့လဲဆိုတာကော နင်တို့သိကြရဲ့လားလို့
မေးလိုက်တယ် ဘာပြောကောင်းမလဲကောင်မလေးတွေ ချက်ချင်းကိုပြန်ဖြေရှာပါတယ် ဖေဖော်ဝါရီ(၁၃)ပေါ့တဲ့ ဒါတော့သူပြောမှလား အဲ့ဒီ့နေ့က ဘာနေ့လဲဆိုတော့ အသံမထွက်လာကြတော့ဘူးလေ ဒါတောင်တစ်ယောက်ကလုပ်လိုက်သေးတယ် ဒီ၂၀၁၂ဆိုရင် ချစ်သူများနေ့က အင်္ဂါနေ့ဆိုတော့ အဲ့နေ့က စနေတဲ့ ဘယ်လောက်သတ်ချင်စရာကောင်းလဲ
အေးမင်းတို့ ခေါင်းထဲမှာ ဖေဖော်ဝါရီ(၁၄)တွက်ပဲရှိတာကိုး ဖေဖော်ဝါရီ(၁၃)မတိုင်ခင် ဖေဖော်ဝါရီ(၁၂)ကကောဘာနေ့လဲသိလားလို့မေးတော့ ဒါတော့သိပါတယ်ဟ ပြည်ထောင်စုနေ့ပါတဲ့ အော်သိသေးတာလဲရှိသေးတာကိုးးး ဒါနဲ့တစ်ယောက်က၀င်ပြောတယ် နေပါဦး ငါတို့ကိုမေးနေတဲ့ ဖေဖော်ဝါရီ(၁၃)ကဘာနေ့လဲ မင်းကောသိလို့လားတဲ့ ကဲသူငယ်ချင်းတို့ ထားလိုက်ပါတော့ မင်းတို့မေ့နေတာလဲဖြစ်ချင်ဖြစ်မှာပါ ငါပြောပြပါ့မယ်
ကျွန်တော်သူငယ်ချင်းတွေမှမဟုတ်ပါဘူး တခြားလူများစုလည်း ထိုနည်းတူပါပဲ ဖေဖော်ဝါရီ(၁၄)တွက်ပြင်ဆင်နေကြပေမယ့် ဖေဖော်ဝါရီ(၁၃)ရက်မှာဘာလုပ်သင့်လဲမေ့နေပါတယ် အဲထဲမှာကျွန်တော်ချစ်တဲ့ ဒီဆိုဒ်ကသူငယ်ချင်းတွေမပါစေချင်ဘူးဗျာ
လွန်ခဲ့တဲ့နှစ်ပေါင်း(၉၅)နှစ် ၁၉၁၅ ခုနှစ်ဖေဖော်ဝါရီလ (၁၃)ရက်နေ.မှာ ကျွန်တော်တို.ရဲ့ သူရဲကောင်း ဒါမှမဟုတ် ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို.မှာမွေးခဲ့တာပါ။ အဲဒါကြောင့်မို.လို. ကျနော်တို. မြန်မာနိုင်ငံသားတွေအတွက် ဖေဖောဝါရီ(၁၄)ရက်နေ.ထက် (၁၃)ရက်နေ.က ပိုပြီး အထွတ်အမြတ်ထားရမယ့်နေ.တနေ.ဖြစ်ပါတယ်။ရှင်းရှင်းပြောရရင်
ဖေဖော်ဝါရီ(၁၃)ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပဲ
။နောက်တစ်ခုရှိသေးတယ် အဲ့နေ့ကကမ္ဘာအသိအမှတ်ပြုနေ့တစ်နေ့ပဲ
ဖေဖေါ်ဝါရီ (၁၃)ရက်နေ.ကို ကုလသမဂ္ဂအဖွဲ.ကြီးက ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ၁၉၇၉ခုနှစ်မှာ အဲဒီနေ.ကို “ကမ္ဘာ့ ကလေးသူငယ်များနေ့.” အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ထို.အတူပဲ
ဖေဖေါ်ဝါရီလ -၁၂ ရက်နေ.ဟာလည်း ပြည်ထောင်စုနေ.ဖြစ်ပါတယ်
၁၉၄၇ခုနှစ် အဲဒီနေ.မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည်နယ်မြောက်ပိုင်းပင်လုံမြို.မှာ ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့တာပေါ့။ အဲ့ဒီ့တော့ကျွန်တော်ပြောချင်တာ ဖေဖော်ဝါရီ(၁၄)တွက်ဒီလောက်ကုန်ကျခံနေပြီးတော့မှ ဖေဖော်ဝါရီ(၁၃)ဗိုလ်ချုပ်မွေးနေ့မှာ တစ်နည်းအားဖြစ် ကလေးများနေ့မှာ ကလေးတွေပျော်သွားအောင် ကလေးတွေလည်း ပျော်လူကြီးတွေလည်းကုသိုလ်ရအောင် ဗိုလ်ချုပ်တွက်ရည်စူးပြီးတစ်ခုခုလေးများလုပ်ပေးလိုက်ကြရအောင်လား ဥပမာ ကလေးတွေနဲ့ဘုရားသွား ကလေးတွေလည်းပျော် လူကြီးတွေလည်းကုသိုလ်ရတာပေါ့ ကျွန်တော့်သူငယ်ချင်းတွေဆိုတာ အပြင်ကတကယ့်သူငယ်ချင်းတွေမဟုတ်ပါဘူး အထင်လွဲမှာဆိုးလို့ပါ တခြားသူငယ်ချင်းအုပ်စုပါ အရမ်းမရင်းနှီးသေးလို့ ကိုယ်သူငယ်ချင်းတွေလို့ပဲခေါင်းစဉ်တပ်လိုက်ပါတယ်(နာ့ကိုခွင့်လွတ်ပါ ဘော်ဘော်တို့ :P) ကိုယ်တွေ့တကယ်ကြုံလိုက်ရတဲ့ လတ်လတ်ဆက်ဆက် အဖြစ်အပျက်တစ်ပုဒ်မို့လို့ပါ
ဖေဖော်ဝါရီ(၁၄)ကိုသတိရပြီး ဖေဖော်ဝါရီ(၁၃)ဗိုလ်ချုပ်မွေးနေ့ကို မေ့နေလိုက်ကြတဲ့မြန်မာလူမျိုးတွေအစားရင်နာလွန်းလို့ ဒီပိုစ့်ကိုရေးလိုက်ရတာပါဗျာ
အားလုံးလည်းကိုယ့်နိုင်ငံကိုယ့်လူမျိုးတွက် အသက်ကိုစတေးပြီး လွတ်လပ်ရေးရအောင်ကြိုးပမ်းပေးသွားတဲ့ လွတ်လပ်ရေးရဲ့တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဒီပိုစ့်လေးရေးပြီး ဂုဏ်ပြုစုတောင်းရေးသားလိုက်ပါတယ်ဗျာ။အားလုံးကိုနာနာနဲ့တစ်ခွန်းပြောချင်တယ်ဗျာ နဲနဲပါရင်တော့ခွင့်လွတ်
ဖအေအရင်းနေ့ကျတော့မသိကြဘူး ပထွေးနေ့ကြတော့မှတ်မိကြတယ်
ဆိုတာကြီးကို အဖြစ်မခံချင်ကြပါနဲ့ဗျာ ။ လေးစားစွာဖြင့်ဂုဏ်ပြုရေးသားလိုက်ပါတယ်။

 http://www.mm-flashsongs.com တွင်

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်