Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Sunday 5 February 2012

ချစ်သူရရန် နည်းလမ်း ( 8 ) ချက်

လူတိုင်းအချစ်နဲ့ မကင်းဘူးဆိုပေမဲ့  အချစ်နဲ့ ဝေးအောင်နေတဲ့ သူတွေလဲရှိပါတယ်
သူတို့ တွေကိုတော့ ထားလိုက်ပါ အချစ်နဲ့ နီးအောင်နေချင်တဲ့  သူငယ်ချင်းတွေအတွက်
နည်းလမ်းတော့ ရှိပါတယ်  နည်းလမ်းကတော့ 
(1) ကောင်မလေးတွေလိုက်တဲ့ နေရာမှာ ကိုယ်ဝတ်တဲ့ အ၀တ်အစားက ကိုယ်နဲ့ လိုက်ဘို့ လိုတယ်
   ပြီးတော့ အ၀တ်အစား သန့် သန့် လေးဖြစ်နေရင် သူတို့ သဘောကျတယ်
(2) ကြိုက်တဲ့ ကောင်မလေးတွေ့ ရင် အဲဒီကောင်မလေးကို 15ရက် 20ရက် 1လ လောက်ထိလိုက်ဗျာ
   လိုက်တဲ့ အခါမှာ သူကိုဘာစကားတစ်ခွန်းမှ မပြောမိအောင်နေနော် ဒါပေမဲ့  ကိုယ်ချစ်တာရိပ်မိအောင်
   တော့  လုပ်လိုက်ပါ
(3)အဲဒီလို 15ရက် 20ရက် 1လ လောက်လိုက်နေတာပြည့် ပြီဆိုရင်တော့  ကိုယ့်ကို 3 ရက် 4ရက်လောက်
   လိုက်နေတဲ့ ကောင်မလေးမမြင်အောင် ရှောင်နေလိုက်တော့ 
(4) ရှောင်နေတယ်ဆိုပေမဲ့ ကိုယ်ကသူကိုလိုက်ကြည့် နေရမယ်နော် သူမမြင်အောင်ပေါ့ ( ဥပမာ) ကားထဲကတို့ 
ဈေးဆိုင်ကတို့ ပေါ့ ဗျာ
(5)အဲဒီလိုကြည့် လိုက်ရင် သူ ကိုယ့် ကို စိတ်ဝင်စား မ၀င်စား သိရပြီပေါ့ ဗျာ သူ ကိုယ့် ကို စိတ်ဝင်းစားရင် ကိုယ့် နဲ့ 
တွေ့ တဲ့  နေရာ  ကိုယ်ရှိတတ်တဲ့ နေရာတွေကို အဲဒီကောင်မလေးက လိုက်ကြည့် နေမှာပါ မကြိုက်ဘူးဆိုရင်တော့ 
မကြည့် ဘူးပေါ့ ဗျာ
(6)စိတ်မင်စားဘူးဆိုရင်တော့  မပြန်ခင်မှာတော့  ရည်စာစကားလေတော့ ပြောသာပြောခဲ့  ဘယ်လိုမှအဆင်မပြေရင်တော့ 
ဒီကဗျာလေးနဲ့ လှည့် ပြန်ခဲ့ ပေါ့ ဗျာ ။ သာယာမူ့ ကင်းမဲ့ တဲ့  ငါ့ ဘ၀လေးကို စာနာမူ့ ကင်းမဲ့ စွာ ထားခဲ့ လိုက်ပါ မိန်ကလေး ။
(7) ကတော့ စိတ်ဝင်စားတယ်လို့ သိရင်  ချစ်တယ်လို့ ပြောလိုက်တော့ ဗျာ ရိုးရိုးမပြောချင်ရင် ကဗျာလေးထားခဲ့ မယ်
      နေ့ စဉ် လနှစ်  မေ့ ဘို့ ခက်တော့ 
      ရင်မှာအမြဲ    စိုးမိုးသူရယ်
      တိတ်တခိုးချစ်စတ်  တိုးတိတ်စွာပြောမယ်
      စိုးစိတ်တွေ       ဝေမလာပါနဲ
      မင်းမျက်ဝန်းအကြည့်  ဒီရင်ကိုထိတိုင်း
      နေခြည်ဖြာနွေးနွေး ပန်းပွင့် သည့် အလား
      ရင်မှာပွင့် လန်း ဘယ်တော့မှမနွမ်းတဲ့ 
      မင်းအတွက်
      အသည်းပန်းလေးတစ်ပွင့်  ရင်နင့် အောင်ချစ်မိ
      မင်းသိရင်ပီတိဖြစ်ဘို့  တိုးတိုးလေးပဲပြောမယ်
       မင်း ကို ငါ ချစ်တယ် ။
အဲဒီလိုပြောလိုက်ဗျာ အဆင်ပြေမှာပါ
(8) ကတော့ မိန်ကလေးတွေက မယုံဘူးသက်သေပြလိုပြောတတ်ကြတယ်
    အဲဒီလိုဆိုရင် ဒီလိုပြောဗျာ  ကဗျာလေးပါ ။
   စကားလုံးတွေနဲ့ ပဲ   ပြောခဲ့ မိတာမယုံဘူးဆိုရင်
   အချစ် မင်းရဲ့ ဆန်းပြားတဲ့   အနမ်းဓားသွားနဲ့ 
   ငါ့ ရဲ့ နှလုံးသားတည့် တည့် ကို ခွဲကြည့် လိုက်ပါ
    ခမ်းမသွားတဲ့  သက်သေတွေ မင်းတွေ့ ရမှာပါ ။
  အဲဒီလိုဆိုရင် သူတို့ တွေသဘောကျနိုင်မှာပါ သူငယ်ချင်းတို့ 
  ကျွန်တော်ရေးတာ တော်တော်လေး လိုအပ်ပါသေးတယ် ဒါပေမဲ့ လဲ
   စာဖတ်မိတဲ့ ဘောဒါတွေရဲ့  ဦးနှောက်နဲ့  ပေါင်းစပ်လိုက်ရင်တော့ 
  ကောင်းမြတ်တဲ့  ရလာဘ်တွေ ထွက်ပေါ်လာမှာပါ  မိန်ကလေးတွေ
  ဆိုတာ ကျောက်တောင်တစ်ခုမဟုတ်ပါဘူး သူတို့ ကို သူငယ်ချင်းတို့ 
  ရအောင်ပြောနိုင်ပါတယ် ယောကျာင်္းဆိုတာ ရုပ်ချောစရာမလိုပါဘူး
  ကိုယ့် ချစ်သူကို တာဝန်ဝတ္တရားကျေးနိုင်ဘို့ ပဲလိုတာပါ  ရုပ်ကတော့ 
   ကျွန်တော်လောက်ဆိုရပါပြီ နောက်တာပါ  ။ လိုအပ်တာတွေကိုတော့ 
   သူငယ်ချင်းတွေပဲ ဖြည့် ခဲ့ ကြပါ ကျွန်တော်လဲ သိရတာပေါ့ 
  အခုလာမယ့်  february 14 Valentine Day မှာ ချစ်သူမရှိသူတွေအတွက်
  ရည်ရွယ်ပြီး ရေးလိုက်တာပါ အားလုံးအဆင်ပြေပါစေနော်
 ((  အမှားပါရင် သည်းခံပါ  စော်ကား နှောက်ယှက်လိုခြင်းမရှိပါ ))

မှတ်ချတ်....ဖူးရှာရှင်လေး တွင်    ဘလော့ ကာ ဒုတယဆုရရှိခဲသော ဘလော့ လေးကို ပြန်လည် မျှဝေပေးတာပါ
http://www.fusarshinlay.com/profiles/blogs/8-2

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်