စွန်ကလေး
အချစ်တွေနဲ့ မုန်းလိုက်မင်္ဂလာရက်မြတ်(ရှိုးလေး)
မမျှော်လင့်သောချစ်ခြင်းတခု
မပြုစားနဲ့ 
love or need to friend (ရှိုးလေး)ချစ်မိနေပြီး(အဂ္ဂမိုး)
အော်စကားဆု(ဒီမိုဂျစ်တူး)
ဘယ်တော့မှမမေ့ပြန်ခဲ့(စိုးကြီး)
သူငယ်ချင်းလို့ ပဲ(သားကြီး)မဟာ(ဇော်ဝင်းထွဋ်)
ဘ၀မီးခိုးတန်းများပြန်လာမဲ့ရက်
မသိသေတဲ့မနက်ဖြန်
တော်ပြီနောက်(နောနော်)
M2O FlashSongNetAb
Saturday, 31 December 2011
သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့်ခံရလို့ ရဲစခန်းတိုင်
သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့်ခံရလို့ ရဲစခန်းတိုင်
သင်္ကန်းကျွန်း မြို့နယ်နေ အသက် ၂၀ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် Online Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး တစ်ဦးနှင့် ချစ်သူ ဖြစ်သွားကြပြီး အမျိုးသားလေး၏ ချိန်းဆို ကမ်းလှမ်းမှုအရ ၂၁.၈.၂၀၁၀ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည် ၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည် ဟူ၏။နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေးသောက်လက်စမှ မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့်နေရာ ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါသွားခဲ့သည် ဟူ၏။
အမူးပြေစဉ် သတိရလာသော အခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင် ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်က တစ်ဖက်၊ အားချင်း မမျှသည်က တစ်ကြောင်း တို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော် သွားခဲ့သည် ဟူ၏။
နောက်တစ်နေ့ နံနက် ၇ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာသည် အမျိုးသားလေး၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏ အိမ်သို့ ပြန်လာပြီး မိဘများကို ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁၀ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁၀ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း မှုခင်းသတင်း ဂျာနယ်အရ သိရသည်။
Friday, 30 December 2011
ကမ္ဘာ့အကောင်းဆုံးဘာသာ
၂၀၀၉ ခု၊ ဇူလိုင်လ(၁၅) ရက်နေ့တွင် ဂျီနီဗာမြို့တွင် အခြေစိုက်သော နိုင်ငံတကာဘာသာပေါင်းစုံ မဟာမိတ်ဖြစ်ပေါ်တိုးတက်ရေး
အသင်းကြီး ( ICARUS )က နိုင်ငံတကာမှ ဘာသာရေးဦးဆောင်မှုပြုသူများအား ဖိတ်ကြားရ်ျ မိမိတို့ ကိုးကွယ်ရာဘာသာအကြောင်းဆွေး
နွေးစေခံသည်။ ထို့နောက် ဆွေးနွေးခဲ့သည့်ကိုးကွယ်ရာဘာသာအသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲဆန္ဒပေးရ်ျ ရွေးချယ်ခဲ့ကြ
သည်။
ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ထို(ICARUS)အသင်းကြီးတွင်
ဗုဒ္ဓဘာသာအသင်းဝင် အရေအတွက်မှာ မဖြစ်စလောက်အနည်းငယ်သာပါဝင်ပါသည်။ သို့သော် စားပွဲဝိုင်းဆွေးနွေးပြီးနောက် ကမ္ဘာ့အမွန်
မြတ်ဆုံး ကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ကြရာတွင် မယုံကြည်နိုင်လောက်ဘွယ်ကောင်းလောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင်
အမွန်မြတ်ဆုံးဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရသည်။အံ့သြဖွယ်ကောင်းသည်မှာ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိ
မိတို့ကိုးကွယ်ရာ ဘာသာကိုမဲဆန္ဒမပေးပဲ ဗုဒ္ဒဘာသာကိုမဲဆန္ဒပေးခြင်းဖြစ်ပါသည်။ က်ျသို့ မဲဆန္ဒ ပြုရခြင်းနှင့် ပက်သက်ရ်ျ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ထို(ICARUS) အဖွဲ့ကြီး၏ သုတေသနဋ္ဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဂျိုနာဟသ် (Jonna Hult) က ဗုဒ္ဓဘာသာဟာ အမွန်မြတ်ဆုံးကိုး
ကွယ်ရာဘာသာဖြစ်လာတာ အံ့သြစရာ ကိစ္စမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခြားခြားသော ဘာသာတွေမှာဘာသာရေးစစ်ပွဲတွေဖြစ်ခဲ့ပေမယ့် ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘာသာရေးစစ်ပွဲဆိုတာ ဘယ်စာပေးကျမ်းဂန်မှာမှ အရိပ်အမြွတ်
တောင်မတွေ့ခဲ့ရလို့ပါဘဲ။ အခြားခြားသောဘာသာတွေမှာ ကိုးကွယ်ရာ ဘုရားသခင်က အမှားတစ်ခုလုပ်ခဲ့ရင် တိုက်ခိုက်ဖို့ လက်နက်
ကိုအသင့်ပြင်ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေးအတွက် စစ်ရေးမပြင်ပါဘူး။ အခြားခြားသော ဘာသာဝင်တွေမှာ မတွေ့
ရတဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ဗုဒ္ဓဘာသာဝင်တွေ လိုက်နာလေ့ကျင့်နေလို့ပါဘဲ ဟု ထုတ်ဖော်ပြောခဲ့သည်။
ကက်သိုလိပ်ဘာသာ ဘုန်းတော်ကြီးဖြစ်သော ဘဲလ်ဖတ် (Belfast) မှ ဖာသာတက်အိုရှောင်နက်ဆီ (Father Ted O Shaughnessy) က"ကျုပ်က ကက်သိုလိပ်ဘုရားကျောင်းကို ချစ်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က လူသားအချင်းချင်း သတ်ဖြတ်ရတဲ့အခါ ဒါဟာဘုရားသခင်ရဲ့ အလိုတော်ကျ ဖြစ်တယ်လို့ ပြောရပြီး ကျမ်းစာထဲမှာပါတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို
တော့ မဆုံးနိုင်အောင် ဟောပြောပို့ချနေရတယ်။ဒီအချက်ကကျုပ်စိတ်ထဲမှာ ဘ၀င်မကျဘူး။ ဒါကြောင့် ကျုပ်ရဲ့ဆန္ဒမဲကို ဗုဒ္ဓဘာသာကို
ပေးလိုက်ရတယ်" ဟု ဖွင့်ဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံမှ မူဆလင် ဘာသာရေးခေါင်းဆောင်တလ်ဗင်ပါဆက် (Tal BIN Wassad)ကလည်း သူ၏ စကားပြန်မှတဆင့်
ပြောရာတွင် "ကျွန်တော်က မူဆလင်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ။ ဒါပေမယ့် မူဆလင်ဘာသာမှာ ပုဂိုလ်ရေးထက် ဘာသာရေးပေါ်
မှာ အခြေခံပြီး သွေးမြေကျမှုတွေ ဖြစ်ခဲ့တယ်။ဗုဒ္ဓဘာသာမှာ ဒါတွေမရှိဘူး။" ဟုပြောပြီ ဆက်လက်ရ်ျ သူက " ကျွန်တော့်ရဲ့ အကောင်းဆုံး
မိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ" ဟုဆက်ပြောပါသည်။
ဂျရူးဆလင်မြို့မှ ဂျူးဘာသာရေးခေါင်းဆောင် ရက်ဘီရှမြူရယ်ဝက်ဆာတိန်းက ' ဟုတ်ပါတယ်၊ ကျွန်တော်ဂျူးအယူဝါဒ ( Judaism) ချစ်ပါတယ်။ ဂျူးဝါဒဟာ ကမ္ဘာ့အကောင်းဆုံးဝါဒလို့ ထင်ပါတယ်။ ဒါပေမယ့် ရိုးသားစွာပြောရမယ်ဆိုရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာကိုးကွယ်ဆုတောင်းမှု လုပ်ပြီးတိုင်း ဗုဒ္ဓဘာသာ ၀ိပသာနာတရားကျင့်ကြံမှုလုပ်လာတာ ၁၉၉၃ ခု ကနေ
ယနေ့ထိပါဘဲ" ဟုထုတ်ဖော်ပြောပြပါသည်။
" ကမ္ဘာ့အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာ"အဖြစ် က်ျသို့လျှင် ဗုဒ္ဓဘာသာကို မဲပေးဆုံးဖြတ်ခဲ့ကြပြီး ဆုချီးမြှင့်မည်ပြုရာ ဗုဒ္ဓဘာသာရဟန်းတော်ကြီးဖြစ်သော မြန်မာပြည်မှ ဘန္တေဂူရထဟန္တ (Bhante Ghurata Hanta) က " ခုလိုအသိအမှတ်ပြုခံတာကပဲ ကျေးဇူးကြီးလှပါပြီ။ အခုပေးအပ်တဲ့ဆုကို လူသားမျိုးနွယ်အားလုံးကိုပဲ ခွဲဝေပေးပါ။ ကျုပ်တို့ ဗုဒ္ဓဘာသာ
ဝင်အားလုံးရဲ့ ရင်ထဲမှာ ဗုဒ္ဓရဲ့ စွန့်ကြဲခြင်းတရားကိန်ဝပ်နေပါတယ်။ ဒီဆုကို လက်ခံချင်တဲ့ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်များ ရှိလို့ရှိငြား အနှံ့အပြား ရှာကြည့်ပါမယ်။ တွေ့ခဲ့ရင်တော့ ခင်ဗျားတို့ကို ပြန်ပြောပါ့မယ်" ဟုမိန့်ကြားတော်မူပါသည်။
အထက်ပါကြောင်းအရာများသည် ရန်ကုန်မြို့ မဟာစည်ဗုဒ္ဓဘာသာ သာသနာနုဂ်ဂဟအသင်း ဥက္ကဋ္ဌထံမှရရှိသော ( ICARUS )
အသင်းကြီး၏ အီးမေးလ်များ ဖြစ်ပါသည်။
စာရှုသူများ ဓမ္မပီတိဖြစ်စေရန် ထပ်ဆင့်ဖော်ပြအပ်ပါသည်။
From : "Ng" ( mettang@gmail.com )
Sent : Monday, july 20, 2009 10:10 PM
Attach : ATT00166, htm
Subject:Buddhism won " The Best Religion IN The World Awar
mahaya33 မှတင်ပြခဲ့ သော ဘလော့ လေးဖြစ်ပါတယ်

Thursday, 29 December 2011
အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း
အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း
၁။ မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။ ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။ အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျာ
၁။ မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။ ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။ အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျာ
း။
၎။ ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။ လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။ မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။ လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။ ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။ ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။
၁၉။ ""မ"" ဆိုရင် အကုန်လာထား ( S ) စစ် အတု မခွဲခြားတဲ့ ယောက်ျား။
၂၀။ ယောက်ျားစိတ်နဲ့ မကိုက်ညီ ( T ) တီတာတာ ပြောတဲ့ယောက်ျား။
၂၁။ လူမှုရေးလည်း အလေးမထား ရသမျှ ( U ) မယ်ဆိုတဲ့ ယောက်ျား။
၂၂။ အချိန်ရှိတိုင်း အလှပြင် ( V ) ဒီယိုမင်းသား အိုင်တင်ဖမ်းတဲ့ ယောက်ျား။
၂၃။ ညနေတိုင်းဇိမ်ယူ ( W ) ကစ်တဲ့ယောက်ျား။
၂၄။ သူ့သဘောကျ ထင်တိုင်းကဲ ည ( X ) ချိန်နဲတဲ့ ယောက်ျား။
၂၅။ ယင်းထလာရင်မွှေကာနှောက် မိန်းမသောက်တဲ့ ( Y ) ပုလင်းပါ ချန်မထားတဲ့ယောက်ျား။
၂၆။ အရက်မူးရင်အလွန်ဆိုး ( Z ) ကျိုးပြီး အိမ်ပြန်တဲ့ ယောက်ျား။
၂၇။ ကိုယ့်မိန်းမကို မသနား ( Z ) ကြောလေး ဆွဲပေးပါဆိုတဲ့ ယောက်ျား။
၂၈။ ချစ်သူဘ၀ကိုမသနား ( Y ) ယာလက်စံနစ် သုံးတဲ့ယောက်ျား။
၂၉။ ( X ) ယာဝင်တိုင်း စိတ်ညစ်ရ ဖလန်း ဖလန်းထနေတဲ့ ယောက်ျား။
၃၀။ ခါးစောင်းပြီး လက်ပြင်ကိုင်း ( W ) လို နှစ်ကော့တစ်ကုံးနဲ့ ယောက်ျား။
၃၁။ မိန်းမကိုအနားမှာထား ( V ) ဒီယိုဆို ဟိုကားမှ ရွေးကြည့်တဲ့ ယောက်ျား (သရဲကား)။
၃၂။ ပိုကာဖဲလိုသဘောထား ( U ) ပြီးရင် ပစ်တတ်တဲ့ ယောက်ျား။
၃၃။ တင်၊ ရင်၊ ခါး တစ်ဖြောင့်တည်းအလား ( T ) ကောင်ကိုယ်လုံးနဲ့ ယောက်ျား။
၃၄။ ဘက်ထရီလုပ်ငန်းလုပ်ကိုင်စား ( S ) စစ်ကြောင့် အသက်တိုမယ့်ယောက်ျား။
၃၅။ ကေတီဗွီ နေ့တိုင်းသွား ( R ) ပြဲသံနဲ့ ဟစ်တဲ့ ယောက်ျား။
၃၆။ ယောက္ခမအမျိုးတွေသတိထား (Q) ပင်ခုတ် ကြူငုတ်ပါမထားဘူးဆိုတဲ့ ယောက်ျား။
၃၇။ စကားလုံးက ခပ်ထွားထွား မြိုင်ရာဇာ တွတ် ( P ) လို အကြွားသန်တဲ့ ယောက်ျား။
၃၈။ ဘာသာရေးကိုအလေးမထား (O) ဇာတာ ဆိုးမယ့်ယောက်ျား။
၃၉။ တူမနဲ့တင်အတောမသတ် ( N ) တီကိုပါ ရန်ရှာမယ့် ယောက်ျား။
၄၀။ လူနေခြုံကြား၊ စိတ်နေဘုံဖျား တကယ်ကို (M) မကျတဲ့ ယောက်ျား။
၄၁။ အသံက ပြာတာတာ ( L ) ကိုင်ရာ သီချင်းတွေကို ဆိုတဲ့ယောက်ျား။
၄၂။ နေရာတကာမှာဗိုလ်လုပ် ( K ) သရာဇာရုပ်နဲ့ ယောက်ျား။
၄၃။ ခလေးမဟုတ် သူငယ်မဟုတ် ( J ) ကဒ်စုပ်တဲ့ ယောက်ျား။
၄၄။ အလုပ်ကဆိုက္ကားသမား မင်းသား ( I ) တင်ဖမ်းတဲ့ ယောက်ျား။
၄၅။ တစ်နေကုန် ပွေကာရှုပ် (H) တန်းပြန် မိုးချုပ်တဲ့ ယောက်ျား။
၄၆။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမရ... အင်မတန် (G) ကျတဲ့ယောက်ျား။
၄၇။ ရုပ်ပြ ခြူစား ( F ) ace Book သုံးတဲ့ ယောက်ျား။
၄၈။ လက်သည်းတွေ အရှည်ထား ( E ) mo လုပ်တဲ့ ယောက်ျား။
၄၉။ သူလုပ်တိုင်းအမြဲမှား (D) တစ်ခါတည်းပါလို့ ပြောတဲ့ယောက်ျား။
၅၀။ ( C ) DMA ဖုန်းကိုခါးမှာထား စော်တွေ့တိုင်း ချိတ်တဲ့ ယောက်ျား။
၅၁။ အသားက ၀ါတာတာ ( B ) ပိုးပါတဲ့ ယောက်ျား။
၅၂။ ရူပါက ခပ်မိုက်မိုက် (A) ဒင်ဥယျာဉ်မှူး ဂိုက်နဲ့ ယောက်ျား။

we are asean ထဲက ကူးယူထားပါတယ်
မင်္ဂလာတောင်ညွန့်မြို့နယ် မှာ ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား သေဆုံးဒဏ်ရာရသူများပြား
မင်္ဂလာတောင်ညွန့်မြို့နယ် မှာ ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား သေဆုံးဒဏ်ရာရသူများပြား
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ
ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု
ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ
အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ
နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး
သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို
အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ
မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )
ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ
နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော
စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ
ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင်
သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု
''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။
အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။
ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး
သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့
ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက
လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့
အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။
ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင်
လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင်
နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော
စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅
ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ
သိရှိရသည်။
(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ
မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ
မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှုရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။
၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ်
အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊
သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့
ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင် ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော၊
လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့် မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့
မီးသတ်ကား အစီး ၇၀ ခန့် လာရောက် ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ
အစိုးရပိုင်လား၊ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ မသိရသေးသလို ဘယ်က စလောင်တာလည်း ဆိုတာလည်း မသိရသေးပါဘူး။

ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏
အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ
ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ်
ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက
အတည်ပြုပြောကြားသည်။
ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင်
တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင်
ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း
၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။
သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား
မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက်
၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း
မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။

![]() |
ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ |

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၅
ရန်ကုန်တစ်မြို့လုံးနီးပါးကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏
အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ
ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ်
ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက
အတည်ပြုပြောကြားသည်။
ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင်
တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင်
ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း
၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။
သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား
မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက်
၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း
မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။
နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး
သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၆ ဦးအပါအ၀င်စုစုပေါင်း ၂၃ ရှိပြီဖြစ်သည်။
By: သစ်ထူးလွင်

Wednesday, 28 December 2011
ကိုယ့်ဘက်တော်သား သူ့လူများ
တစ်ခါတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက် ဘုန်းတော်ကြီးကျောင်းမှာ အတူတကွ ပညာသင်ကြားခဲ့ကြတယ်။ တစ် ယောက်ကတော့ ဘုန်းတော်ကြီးထံမှာ ဂန္ဓာရီအတတ်ပညာတွေ အဂ္ဂိရတ်ပညာရပ်တွေကို စိတ်ပါဝင်စားပြီး ကြိုးစားလေ့လာရင်း ကျင့်ကြံပွားများလိုက်တာ ၀ိဇ္ဇာဓိုရ်ဖြစ်သွားခဲ့တယ်။ တစ်ယောက်ကတော့ အဲဒီလို ဂန္ဓာရီအတတ်ပညာကို စိတ်မ၀င်စားပဲ ကျောင်း ကနေထွက်သွားပြီး ရွာထဲမှာပဲ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရင်းပဲ ဘ၀ကိုပျော်မွေ့နေတယ်။ သူ့မှာ အလုပ်အကိုင်ကလည်း မယ်မယ်ရရ မလုပ်ကိုင်တတ်တော့ တောထဲက သစ်ပင်တွေကို ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းနေရတယ်။
တစ်နေ့တော့ တောနက်ကြီးထဲမှာ ထင်းခုတ်နေတုန်း မထင်မှတ်ဘဲ အလှပေါ်အယဉ်ဆင့် အသွင်တင့်မည့် မိုးကျနတ်မယ်လေး လို အရမ်းလှပတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့မှာ အံ့သြခြင်း စိုးရိမ်ခြင်းတွေနဲ့ မှင်သက်မိပြီး ငေးကြည့် နေတုန်းမှာ ကောင်မလေးက သူ့ကို “အစ်ကို တစ်ယောကတည်းလား”တဲ့ ချိုလွင်သောစကားသံလေးနဲ့ စတင်နှုတ်ဆက်တော့သူ ကလည်း “တစ်ယောက်တည်းပေါ့ညီမရယ်၊ ညီမကကော ဒီလိုတောကြီး ထဲမှာ တစ်ယောက်ထဲလား အဖော်မပါဘူးလား”လို့ ပြန် မေးလိုက်တဲ့အခါကြတော့ “ညီမလေ အရင်တုန်းကတော့ ဒီတောကြီးထဲမှာ မိဘတွေနဲ့ အတူနေတာပါ၊ အခု မိဘတွေ ဆုံးပါးသွား တော့ ညီတစ်ယောက်ထဲဘဲ စိုးရိမ်ကြောက်လန့်မှုတွေ၊ အထီးကျန်အားငယ်မှုတွေနဲ့ နေခဲ့ရပါတယ်” လို့ ဆိုလိုက်တော့ သူ့စိတ်ထဲ တော်တော်ကို သနားသွားမိတယ် ဒီတော့သူကဆက်ပြောလိုက်တယ် “ဒါဆို ညီမအမျိုးတွေ ဘာတွေ ရွာထဲမှာ မရှိဘူးလား၊ ရွာ ထဲကို ပြောင်းလာခဲ့ပါ့လား”ဆိုတော့ အစ်ကိုရယ် ညီမဘယ်လောက်ပဲ အထီးကျန်ပြီး စိုးရိမ်ကြောက်လန့်နေရပါစေ ညီမ မိဘတွေ ခေါင်းချသွားခဲ့တဲ့ ဒီတောထဲက အိမ်ကြီးမှာပဲ နေပါရစေ၊ အစ်ကိုက ညီမကို သနားတယ် ကြင်နာတယ် ညီမအပေါ်မှာ စိုးရိမ်နေ တယ်ဆိုရင် အစ်ကိုက ညီမနဲ့အတူ နေပေးနိုင်မယ်ဆိုရင် အရမ်းကို ကောင်းမှာပဲ အစ်ကိုရယ်” ဆိုလိုက်တော့ ထင်းခုတ်သမား ဘသားချောကလည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ နတ်သမီးအလား ထင်မှားလောက်အောင် လှပတဲ့ ကောင်မ လေးကိုလည်း ရမယ်၊ အိမ်ကြီးအိမ်ကောင်းနဲ့လည်း နေရမယ်ဆိုတော့ ငြင်းလိုက်ရင် ငါ့လောက် မိုက်တဲ့သူရှိဦးမလားပေါ့ သူ့စိတ် ထဲမှာ တွေးနေတာ ဒါပေမဲ့ စကားလှအောင်တော့ ပြောလိုက်သေးတယ် “အစ်ကို့အနေနဲ့ကတော့ ဘာမှ ငြင်းစရာမရှိပါဘူး၊ ဒါပေ မဲ့ ညီမနဲ့အစ်ကိုနဲ့ အတူနေလို့ သင့်တော်ပါ့မလား ညီမရယ်”ဆိုတော့ ကောင်မလေးကလဲ “အစ်ကိုရယ် ဒီလောက်နက်တဲ့ တော ကြီးထဲ မှာဘယ်သူကလာပြီး အထင်အမြင်သေးလို့ရမှာလဲ အစ်ကိုနဲ့ညီမ အတူတူပေါင်းသင်းနေလိုက်တော့ရော ဘယ်သူကလာ ပြီး စောဒကတက်စရာလိုလို့လဲ” ဆိုလိုက်တော့မှ ထင်းခုတ်သမား ဘသားချောလဲ သဘောတွေ့ မနောခွေ့ပြီး သူတို့နှစ်ယောက် တောကြီးထဲက ခမ်းနားထယ်ဝါလှသော အိမ်ကြီးမှာ အတူတူပေါင်းသင်းလာလိုက်လိုက်တာ သုံးလကျော်ကြာလာခဲ့ပြီပေါ့။
သူ့သူငယ်ချင်း ၀ိဇ္ဇာဓိုရ်က ဂန္ဓရီခရီးလှည့်လည်ရင်း သူ့ရဲ့ငယ်သူငယ်ချင်း ထင်းခုတ်သမားကို သတိရလာတယ်။ ငါ့သူငယ်ချင်း ဘယ်ကိုရောက်နေလဲ ဘာတွေများ ဖြစ်နေလဲသွားကြည့်ဦးမှဆိုပြီး သူ့ရဲ့ဂန္ဓာရီအတတ်ပညာနဲ့ ရှာကြည့်လိုက်တော့ “ ဖြစ်မှဖြစ် ရလေ ငါ့သူငယ်ချင်းရယ်၊ နတ်ကညာအလှတစ်ပါးလို ဖန်ဆင်းထားတဲ့ ဘီလူးမကို လူထင်ပြီး ပေါင်းသင်းနေတာကိုး ဘီလူးမက သူ့အလိုဆန္ဒပြည့်ဝအောင် သူ့ကိုလှည့်ပတ်ဖြားယောင်းနေတာ။ သူ့အလိုဆန္ဒပြည့်တဲ့နေ့ သူ့ကို မလိုတော့တဲ့နေ့ သူ့ကို ဒေါသ ထွက်တဲ့နေ့ သူ့ကို အစာအဖြစ်နဲ့ သတ်စားတော့မှာပါ့လား”သိလိုက်ရတယ်။
တစ်နေ့တော့ တောနက်ကြီးထဲမှာ ထင်းခုတ်နေတုန်း မထင်မှတ်ဘဲ အလှပေါ်အယဉ်ဆင့် အသွင်တင့်မည့် မိုးကျနတ်မယ်လေး လို အရမ်းလှပတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့မှာ အံ့သြခြင်း စိုးရိမ်ခြင်းတွေနဲ့ မှင်သက်မိပြီး ငေးကြည့် နေတုန်းမှာ ကောင်မလေးက သူ့ကို “အစ်ကို တစ်ယောကတည်းလား”တဲ့ ချိုလွင်သောစကားသံလေးနဲ့ စတင်နှုတ်ဆက်တော့သူ ကလည်း “တစ်ယောက်တည်းပေါ့ညီမရယ်၊ ညီမကကော ဒီလိုတောကြီး ထဲမှာ တစ်ယောက်ထဲလား အဖော်မပါဘူးလား”လို့ ပြန် မေးလိုက်တဲ့အခါကြတော့ “ညီမလေ အရင်တုန်းကတော့ ဒီတောကြီးထဲမှာ မိဘတွေနဲ့ အတူနေတာပါ၊ အခု မိဘတွေ ဆုံးပါးသွား တော့ ညီတစ်ယောက်ထဲဘဲ စိုးရိမ်ကြောက်လန့်မှုတွေ၊ အထီးကျန်အားငယ်မှုတွေနဲ့ နေခဲ့ရပါတယ်” လို့ ဆိုလိုက်တော့ သူ့စိတ်ထဲ တော်တော်ကို သနားသွားမိတယ် ဒီတော့သူကဆက်ပြောလိုက်တယ် “ဒါဆို ညီမအမျိုးတွေ ဘာတွေ ရွာထဲမှာ မရှိဘူးလား၊ ရွာ ထဲကို ပြောင်းလာခဲ့ပါ့လား”ဆိုတော့ အစ်ကိုရယ် ညီမဘယ်လောက်ပဲ အထီးကျန်ပြီး စိုးရိမ်ကြောက်လန့်နေရပါစေ ညီမ မိဘတွေ ခေါင်းချသွားခဲ့တဲ့ ဒီတောထဲက အိမ်ကြီးမှာပဲ နေပါရစေ၊ အစ်ကိုက ညီမကို သနားတယ် ကြင်နာတယ် ညီမအပေါ်မှာ စိုးရိမ်နေ တယ်ဆိုရင် အစ်ကိုက ညီမနဲ့အတူ နေပေးနိုင်မယ်ဆိုရင် အရမ်းကို ကောင်းမှာပဲ အစ်ကိုရယ်” ဆိုလိုက်တော့ ထင်းခုတ်သမား ဘသားချောကလည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ နတ်သမီးအလား ထင်မှားလောက်အောင် လှပတဲ့ ကောင်မ လေးကိုလည်း ရမယ်၊ အိမ်ကြီးအိမ်ကောင်းနဲ့လည်း နေရမယ်ဆိုတော့ ငြင်းလိုက်ရင် ငါ့လောက် မိုက်တဲ့သူရှိဦးမလားပေါ့ သူ့စိတ် ထဲမှာ တွေးနေတာ ဒါပေမဲ့ စကားလှအောင်တော့ ပြောလိုက်သေးတယ် “အစ်ကို့အနေနဲ့ကတော့ ဘာမှ ငြင်းစရာမရှိပါဘူး၊ ဒါပေ မဲ့ ညီမနဲ့အစ်ကိုနဲ့ အတူနေလို့ သင့်တော်ပါ့မလား ညီမရယ်”ဆိုတော့ ကောင်မလေးကလဲ “အစ်ကိုရယ် ဒီလောက်နက်တဲ့ တော ကြီးထဲ မှာဘယ်သူကလာပြီး အထင်အမြင်သေးလို့ရမှာလဲ အစ်ကိုနဲ့ညီမ အတူတူပေါင်းသင်းနေလိုက်တော့ရော ဘယ်သူကလာ ပြီး စောဒကတက်စရာလိုလို့လဲ” ဆိုလိုက်တော့မှ ထင်းခုတ်သမား ဘသားချောလဲ သဘောတွေ့ မနောခွေ့ပြီး သူတို့နှစ်ယောက် တောကြီးထဲက ခမ်းနားထယ်ဝါလှသော အိမ်ကြီးမှာ အတူတူပေါင်းသင်းလာလိုက်လိုက်တာ သုံးလကျော်ကြာလာခဲ့ပြီပေါ့။
သူ့သူငယ်ချင်း ၀ိဇ္ဇာဓိုရ်က ဂန္ဓရီခရီးလှည့်လည်ရင်း သူ့ရဲ့ငယ်သူငယ်ချင်း ထင်းခုတ်သမားကို သတိရလာတယ်။ ငါ့သူငယ်ချင်း ဘယ်ကိုရောက်နေလဲ ဘာတွေများ ဖြစ်နေလဲသွားကြည့်ဦးမှဆိုပြီး သူ့ရဲ့ဂန္ဓာရီအတတ်ပညာနဲ့ ရှာကြည့်လိုက်တော့ “ ဖြစ်မှဖြစ် ရလေ ငါ့သူငယ်ချင်းရယ်၊ နတ်ကညာအလှတစ်ပါးလို ဖန်ဆင်းထားတဲ့ ဘီလူးမကို လူထင်ပြီး ပေါင်းသင်းနေတာကိုး ဘီလူးမက သူ့အလိုဆန္ဒပြည့်ဝအောင် သူ့ကိုလှည့်ပတ်ဖြားယောင်းနေတာ။ သူ့အလိုဆန္ဒပြည့်တဲ့နေ့ သူ့ကို မလိုတော့တဲ့နေ့ သူ့ကို ဒေါသ ထွက်တဲ့နေ့ သူ့ကို အစာအဖြစ်နဲ့ သတ်စားတော့မှာပါ့လား”သိလိုက်
“သူငယ်ချင်း ရေ မင်းနဲ့ပေါင်းသင်းနေတဲ့ မင်းဇနီးချောလေးက လူသားမဟုတ်ဘူးကွ လူသားစားတဲ့ ဘီလူးမ”လို့ပြောတော့ သူက မယုံဘူးလေ။ “ဟုတ်လို့လားကွာ ဒီလောက်လှတဲ့ ငါ့ဇနီးချောလေးက လူသားစားတဲ့ ဘီလူးမဖြစ်နိုင်ပါ့မလား၊ တကယ်လို့ ဖြစ်နေ ရင်ကော ငါ့ကိုအရမ်းချစ်တဲ့ငါ့ဇနီးချောေ “ဒီလိုလုပ် သူငယ်ချင်း မင်းရွာထဲကို ပြန်ပြေးရင်လဲ မင်းဘယ်လိုမှ မလွတ်နိုင်တော့ဘူး၊ ဒီတောနက်ကြီးထဲနေ ရွာကိုအမြန်ဆုံး ရောက်နိုင်တဲ့ နည်းလမ်းကိုလဲ မင်းမသိတော့ဘူး။ ဒီတော့ မင်းသူ့ကို သတ်ပြီးမှ ပြေးလို့ရမယ်။ သတ်ပြီး ချက်ခြင်းမပြေးရင်လည်း သူ့ရဲ့ အပေါင်းအဖေါ်တွေက မင်းကိုပြန်သတ်လိမ့်မယ်။ ဒါ့ကြောင့် မင်းအိပ်ယာဝင်တာနဲ့ မင်းတို့အိပ်ယာဘေးမှာ မီးခြစ်၊ဖယောင်း တိုင်၊ လက်နက်အသင့် ၀ှက်ထားရမယ်။ သူ့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာပဲ မင်းသူ့ကိုသတ်လို့ရမယ်။ ရွာပြန်လမ်းကို ငါ ကူညီလမ်းပြပေးမယ်”လို့ အကြံပေးလိုက်တယ်။ ဒါနဲ့ပဲ ထင်းခုတ်သမားက ညအိပ်ယာဝင် မီးခြစ် ဖယောင်းတိုင် လက်နက်တွေကို အသင့်ပြင်ပြီး သတိထားအိပ်တယ်။သူ့ဇနီးချော လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှ အိပ်ယာကထ၊ မီးခြစ်ဆံကို ခြစ်ပြီး ဖယောင်းတိုင်ကို ညှိလိုက်ချိန် အမလေးတပြီး ဆံပင် မွှေးတွေတောင် ထောင်လာတယ် လက်ထဲက ဖယောင်းတိုင်တောင် လွတ်ကျတော့မလိုဖြစ်သွားတယ် ကြောက်စရာကောင်း လိုတ်တာ ဘီလူးမမျက်နှာကြီးက အိပ်နေတုန်းမှ သူ့ပင်ကို မျက်နှာအတိုင်း မြင်နေရတာပါ့လားလို့ သိလိုက်ရတယ်။ သူ့ကိုသူ ပြန် စဉ်းစားလိုက်တယ် ငါ အကြီးအကျယ်အလိမ်ခံလိုက်ရတာပါ့လာ ဒါက ပုံပြင်ဒဏ္ဍာရီပါကွာလို့ပဲဆိုဆို စိတ်ကူးယဉ်ပါလို့ပဲပြောပြောပါ ငါတို့ ဒီအထဲမှာ ဘာတွေရလိုက်သလဲဆိုတာကို အဓိကထား စဉ်းစားကြည့်ရအောင်။ ငါတို့ရလိုက်တာက ဒီဇာတ်လမ်းလိုပဲ ငါတို့ဘ၀မှာ တွေ့ကြုံလာခဲ့တဲ့ ငါတို့ ချစ်လှပါတယ်ဆိုတဲ့ချစ်သူတွေ၊ ငါတို့ ခင်မင်ကြင်နာလှပါတယ်ဆိုတဲ့ ငါတို့ အပေါင်းအသင်းသူငယ်ချင်းတွေဟာ ငါတို့ထင်သလို ငါတို့လူတွေမှ ဟုတ်ရဲ့လား? သူ့လူ ကိုယ့်ဘက်သား ဆိုသလို ကိုယ့်ချစ်သူ ၊ကိုယ့်သူငယ်ချင်းတွေဟာ တကယ်တော့ သူများချစ်သူ သူများသူငယ်ချင်းတွေများ ဖြစ်နေရော့သလား စဉ်းစားဖို့ပါပဲ။ တစ်ဖက်ကပြန်တွေးကြည့်တော့လဲ လူတိုင်းကို ဒီလိုပေတံနဲ့သာ လိုက်တိုင်းနေရင်လည်း ကမ္ဘာ့ အပြင်ဘက်ကိုပဲ ထွက်နေရတော့မလိုဖြစ်မနေဘူးလား? ငါတို့တွေ ဟုတ်တိုင်းမှန်စွာ တွေးတောသင့်တာကတော့ ငါ့ချစ်သူဖြစ်ဖြစ် မဖြစ်ဖြစ် ဒါငါ့အလုပ်မဟုတ်ဘူး။ အဓိကကတော့ ငါဘက်က ငါ့ချစ်သူကို ငါ့ချစ်သူလို ချစ်ခင်မြတ်နိုးဘို့ သစ္စာရှိဖို့ပဲ။ သူ့ဘက်က ပြောင်းလဲဖောက်ပြန်ပြီး သူများချစ်သူဖြစ်တော့လဲ သူ့ကံနဲ့သူလို့ စိတ်ထားလေး ပြင်လိုက်ရင် နည်းနည်းတော့ စိတ်သက်သာရာ ရသွားမှာပါ။ သိပ်ကိုချစ်ခင်စွဲလန်းလွန်းရင်ေ ငါတစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ ငါ့သူငယ်ချင်းတွေကကော ငါ့သူငယ်ချင်း အစစ်ကောဟုတ်ရဲ့လား? ငါ့အပေါ် မလိုမုန်း ထားပြုနေကြတဲ့ လူတွေရဲ့ သူငယ်ချင်းများဖြစ်နေမလားလို့ တွေးကြည့်ပြန်ရင်လဲ တစ်ယောက်ကို တစ်ယောက် မယုံသင်္ကာဖြစ် စရာတွေပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ပြန်သုံးသပ်ရမှာက ငါက သူတော်ကောင်းတစ်ယောက်ပဲ၊ သူတော်ကောင်းဆိုတာက သူတော် တော် မတော်တော် ကိုယ်ကတော့ ကောင်းကိုကောင်းနေရမယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် သူတော်ကောင်းအစစ် မဖြစ်နိုင်ဘူးလို့တွေးပြီး သူတို့ဘက်က တော်လာအောင် ကိုယ့်ဘက် အမြဲကောင်းအောင်ကြိုးစားနေဖို့ ဒီထက်တစ်ဆင့်တက်ပြီး နက်နက်နဲနဲလေး တွေးကြည့်လိုက်ကြရအောင်။ ငါ့တို့ကိုယ်တိုင် တစ်သက်လုံး ကျွေးမွေးပြုစုစောင့် ရှောက်လာခဲ့ပြီး ငါတို့ပိုင်တယ်ထင်တဲ့ ငါတို့ခန္ဓာကိုယ်ကြီးကကော ငါတို့ကိုယ်ဟုတ်ရဲ့လား? ဆိုတာကို သေသေချာချာ တွေး ကြည့်သင့်ပါတယ်။ ဇာတ်လမ်းလေးထဲက ဘီလူးမက သူ့ကို ဘီလူးမမှန်းမသိအောင် သူတို့တန်ခိုးစွမ်းအားနဲ့ နတ်သမီးလေလို ဖန်ဆင်းပြထားသလို ငါတို့ကိုလည်း အဆင်းမျိုးစုံ ရူပါရုံတွေ အသံမျိုးစုံ သဒ္ဒါရုံတွေ အနံ့မျိုးစုံ ဂန္ဓာရုံတွေ အရသာမျိုးစုံ ရသာရုံ တွေ အတွေ့ထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံတွေက အသိမှန်အမြင်မှန်တွေ မှုန်ဝါးသွားအောင်၊ ပျောက်ကွယ်သွားအောင် ဖမ်းစားနေကြတယ် လေ။ အဲဒီ အာရုံငါးပါး ကာမဂုဏ်တရားတွေက ငါတို့ကို တပ်မက်အောင် စွဲလန်းအောင် မရအရယူချင်အောင် မြှူဆွယ်နေကြ တယ်လေ။ ငါတို့တစ်တွေဟာ တစ်နေ့ တစ်နေ့ အာရုံငါးပါး ကာမဂုဏ်တရားတို့နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ ငါတို့ဟာ တဏှာ ရဲ့ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြတာကိုရော စဉ်းစားမိကြရဲ့လား။ တဏှာရဲ့ကျေးကျွန် ခန္ဓာရဲ့ကျေးကျွန် ဘ၀သံသရာအဆက်ဆက် လည်ခဲ့ကြတာတွေ၊ ကိုယ့်ခန္ဓာကိုယ်ကြီးရဲ့ လိုလားတောင့်တ ချက်တွေကို ဖြည့်ဆည်းဖို့၊ သားကျွေးမှု မယားကျွေးမှုအတွက် ဖြည့်ဆည်းပေးဖို့ ငရဲမကြောက် အပါယ်မကြောက် မကောင်းမှု ဒုစရိုက်တွေလုပ်ခဲ့ကြလို့ အပါယ်လေးပါး အောက်သံသရာမှာ နှစ်ပေါင်းများစွာ မချိမဆန့်ခံစားခဲ့ကြရတာတွေကို တွေးကြည်မယ် ဆိုရင် ဘီလူးမယောက်ျားအဖြစ်သနစ်ထက် ပိုဆိုးပါတယ်။ အတ္တ သမံ ပေမံ နတ္ထိ - မိမိကိုယ်ကို အချစ်ဆုံးပါ ဆိုပြီး ငါတို့အရမ်းချစ်လှပါတယ်ငါတို့ ခန္ဓာကိုယ်ကြီးကကော ငါတို့အကြိုက် ငါတို့အလိုကို တကယ်လိုက်မှာလား။ လယ်တီဆရာတော်ကြီးကတော့ “ သေမင်းအစာ ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍ အရူးပြင်ပြင် ၊ နင့်ကိုယ်ထင်၏ တဲ့။ ငါတို့ကိုယ် ငါတို့ပိုင်ပါတယ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးက သေမင်းအစာတဲ့။ သေမင်းအစာဖြစ်ရုံ တင်ဘယ်ကမလဲ။ ငါတို့က ကျန်းကျန်းမာမာ လှလှပပ သွက်သွက်လက်လက် နေချင်တိုင်းနေ စားချင်တိုင်းစား ကာမဂုဏ်ခံစား ချင်တိုင်းခံစား နေချင်တယ်လေ။ ခန္ဓာကိုယ်ကြီးက ဒါကို ငါတို့အကြိုက် တစ်သက်လုံး လက်ခံနိုင်မလား။ ငါတို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေချင်တာပေါ့။ ဒါပေမဲ့ လူတိုင်းလူတိုင်း အနည်းဆုံး ရောဂါတစ်မျိုးမျိုးတော့ ရှိနေကြတာချည်းပါပဲ။ အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ ငါတို့စိတ်ကြိုက် အပျော်ကျူးချင်တိုင်းကျူးကြမယ်ေ မချိမဆန့်ခံစားချက်တွေ အိုနာသေ ဆင်းရဲတွေနဲ့ လုံးထွေးရစ်ပတ်ပြီး သံသရာကြီးထဲလည်ပတ်နေအောင် ဘယ်သူက လုပ်ကြံဖန် ဆင်းတာလဲ? ငါတို့ကိုယ်တိုင်ပဲ လုပ်ကြံဖန်ဆင်းတာပဲလေ။ ငါတို့ဆိုတာထက် ငါတို့ခန္ဓာအတ္တဘောကြီးကို အဖန်ဖန်တည် ဆောက်ပေးနေတဲ့ သမုဒယသစ္စာ လောဘတဏှာက ငါတို့ကို သံသရာဝဋ်ဆင်းရဲမှာ ဘ၀သစ်တွေတစ်ခုပြီးတစ်ခု မွေးဖွားလာ အောင် ဖန်ဆင်းပေးနေတယ်။ လောဘတဏှာတွေဖြစ်မှန်းမသိအောင်၊ ဒေါသအာဃာတွေဖြစ်မှန်းမသိအောင် အသိမှန် အမြင် မှန်မရအောင် မောဟက အကာအကွယ်ပေးထားတယ်။ “လောကီဘုံဝယ်၊ သာယာဘွယ်ဟု၊ တာတွယ်နေငြား၊ ဝေနေများတို့၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ၊ ဦးစွာပြ၏။ ဒုက္ခသောင်းပြောင်း၊ ဆင်းရဲကြောင်းကား၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာဘူး၊ မဟာ ဗြဟ္မာ့၊ ထာဝရတို့၊ ဘုရားတစ်သင်း၊ မဖန်ဆင်းဘူး၊ ထန်ပြင်းသော့သွမ်း၊ တဏှာစွမ်းကြောင့်၊ ဗရမ်းဗတာ၊ ဖြစ်ကြရာဟော၊ သမုဒ ယော တည်း”လို့ ဆရာတော်ကြီးတွေက ဆုံးမခဲ့ကြတယ်။ နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန် သိဉာဏ်စူးစိုက် ဖြစ်ခိုက်ရုပ်နာမ် အမြင်မှန် ရှင်သန်နိုင်ကြပါစေသော် |
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၂)
ထင်ကြလေမလား မသိ၊တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။
အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ဈေးသွား ဈေးဝယ်ပြန်ရင်လဲ
ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ
အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။
ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ
အခြားနှစ်ယောက်ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ
၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်းလုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊
ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုးအောင်စိတ်ညစ်လာပြီ၊
အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့
အလုပ်ထွက်တော့မယ်လို့ စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊
ဘုရားကြီးကို တစ်ပါတည်းပင့်နိုင်မှ ငါထွက်တော့မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊
ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာ အဖန်ဖန်ရွတ်ပွားနေတော့တယ် တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး
ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာဂုဏ်တော်သာ ရွတ်နေဆဲပင်။

တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာ
မှထွက်လာပြီးအဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။အဖိုးကြီးကို မေတ္တာပို့ တယ်၊
အဖိုးကြီး မပြန်မချင်း စူးစူးစိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့ကအချည်းအနှီးမဖြစ်ပါပေ
။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း
တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့
သူပိုင်လက်နှက်များဖြင့်ဒလပ်စပ် ပစ်ခတ်နေပေပြီ။
နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊
ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့
ပန်းစည်းကို မွေးနေ့ကုသိုလ်အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါတယ်၊
ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။
ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့ 
ရန်မျိုးအောင် ထင်နေမိတယ်.. ။
ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များ
အလုပ်ဖြုတ်တော့မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊
သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ်ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။
ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲထင်မြင်နိုင်တယ်။
ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ
က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။
ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ
တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့
သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့်
ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို
ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။
(အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အ၀င်တွင်)
သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်” လို့  ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ်
စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး “ရန်- မင်းလိုချင်တဲ့
ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွား
ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေးအား လက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”
လို့လှိုက်လှိုက်လှဲလှဲ ဆိုမိတယ်။
သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင်ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”
လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ
ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”
ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။
ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည်
သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက်
အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို
ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။
ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့်
ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။
ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေးကသာ
အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ ရန်မျိုးအောင်ရဲ့
စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က
ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်
“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ ရန်မျိုးအောင် အားရပါးရရယ်လိုက်
တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင်
ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”
(အဇူဇာကျောင်းသို့ ဘုရားပင့်လာပုံ)
အရွယ်နဲ့ မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့်ကိုမိုးဝင်း အံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်
ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့
တိုင်ပင်ထားတယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေးပေးပါ့မယ်။”
“ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။
ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာ လေးထောင်ကိုထုတ်ပေးတဲ့အခါမှာတော့
“အဆင်ပြေချင်တော့လဲချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအားခြောက်ထောင်ပေးချေလိုက်တယ်။
“မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊
ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။မင်းပေး တာက
အစွန်းထွက်လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့
အတွက် ခင်ဗျားတို့မှာလည်း ကောင်းကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း
ကျွန်တော် ဆုတောင်းပါတယ်။”
အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊
လုပ်ခ တစ်ဝက်ပေးမည်၊တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ
ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက်ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်..
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ်ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။
(ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ)
ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ
မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကိုပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး
ကတိပေးတယ်။ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေလိမ့်မယ်..။
ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို
နောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်းကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း
ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။
ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင်တစ်နှစ်လုံးအတွက်
လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ
$ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ
$ 11,520 ရှိပြီ၊လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့်
$ 3,000 ကိုလည်းထပ်ဆောင်းရပြန်သေး.. ။
လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့
လုပ်ကိုင်ခွင့်မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင်
အမေရိကန်နိုင်ငံ ရောက်နေတာ(၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။
အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း
နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည်
မမှန်းသာခဲ့…။ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ
ပြန်ခွင့်ရခဲ့တယ်။အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ
ရခဲ့လို့ ဂုဏ်တော်အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။
(အဇူဇာကျောင်း ဆရာတော်များနှင့်
ဂေါပကလူကြိုးများ ဘုရားကြိုဆိုအပြီးတွင် အမှတ်တရ)
မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးကပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်
လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့်
နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက်
ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။
နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။
ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို
ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနဲ့ရေသပ္ပါယ်တယ်။“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ် ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော်ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့
ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ရောက်လာတာပါဘုရား” တဲ့။
သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် . တစ်ချိန်ကသူဟာဆေးစွဲခဲ့ဖူးသူ..။
ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊
ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေကလဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကို
အလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း
မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင်
ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း ကောင်းသူမို့
ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက်
သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊
နောင်ဘယ်တော့မှမဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး
စာရေးသူပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး
ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။
ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော်
အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ကြေးညိုရောင်သန်းပြီး
ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ်
သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်းအပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး
ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ
မြတ်ကို ခံစားတော်မူလေပြီ။

(ငွေများထုပ်ချေး အစစကူညီပေးခဲ့တဲ့ ကိုမိုးဝင်း+မဘေဘီ
တို့ကို ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ ကန်တော့)
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာသဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ
ဝီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်းတရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ
ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။ တစ်ချို့
နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါသေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစား
မြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ
စံနေတော်မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ
အသုံးပြုနေတာမျိုးတွေပပျောက်အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
www.ashinayethaka.com (မြတ်ပဋ္ဌာန်း)
Subscribe to:
Posts (Atom)
My Blog List
flash song သီချင်းလေးတွေပါ
- ဇူးရှာရှင်လေးမှ/flashsongs သီချင်းများကို သွားရောတ်နာဆင်နိုင်ပါတယ်
- mm-flashsongs. မှသီချင်းများကိုသွားရောတ်နာထောင်နိုင်ပါသည်
- ပြော(အောင်လ)
- နင်ပျော်မယ်ဆို(ဆိုတေး)
- အဝေးရောတ်ချစ်သူ(ဆိုတေး)
- အပြစ်နဲ့ အမုန်း(အောင်လ)
- အွန်လိုင်းချစ်သူ
- အလွမ်းသင့် ပန်းချီ
- ညီမလေး
- နေပါစေ (ချမ်းချမ်း)
- စလုံးကချစ်သူ
- စာမျတ်နှာ(၁၅)
- မျတ်နှာ
- အင်းယားသို့ (ဆင်ပေါတ်)
- ကိုကိုက
- တနေ့နေ့ချစ်လာလိမ်မည်
- မုန်းဖို့ လွယ်တယ်မေ့ဖို့ ခတ်တယ်(သြရသ)
- မင်းတစ်ယောတ်သာ
- ဒီကောင်မလေးအတွတ် (ဆိုးတေး)
- အချစ်အတွတ်ကံမကောင်းခဲ့ သူ(lဆိုင်ဆီး)
- ညီမလေးအတွတ်
- နားလည်ပါ (ဟန်ထူးလွင်)
- မကြာခင်ကြင်နာမယ်
- သနပ်ခါးချစ်သူ
- ဆု(ပလေးဘိုင်သန်းနိုင်)
- အမှန်သိခွင့် (ဒိုးလုံး)
- အရမ်းပဲချစ်နေပြီး
- ကောင်မလေးကကောင်ကလေးကို
- မဝေးတဲ့ သီချင်း(Nကိုင်ရာ)
- မွန်သီချင်း
- မီးအိမ်ရှင်
- ချစ်ကံဆိုး
- ပြန်မဆုံဖြစ်ကြရင်
Total Pageviews
138,281