Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Friday 18 January 2013

သုံးလုံးရောဂါ

ဒိုင်ပြေးလို့ 
မှိုင်ငေးနေသောသူ
ချိုင်းရလို့ 
လှိုင်းထနေသောသူ
တစ်လုံးတည်းလွဲလို့ ရှုံမဲမဲ နေသောသူ
အပူးအခွပျောက်လို့ 
အရူးဘ၀ေ၇ာက်သောသူ
ဘရိတ်မကိုတ်လို့ 
အိတ်စိုတ်ရသောသူ
တွတ်နည်းပြောင်းလို့ 
အက်(စ်)အီး(SE)ေ၇ာင်းရသူ
ထိပ်စီးမှာလို့ 
အိပ်ကြီးပြားသွားသူ
အလယ်ထိုင် အကဲစမ်းရင်း
နယ်အပိုင်ရဲ ဖမ်းခြင်းခံရသူ
ဗွေဖောက်တဲ့  နောက်ပိတ်ကြောင့် 
ရေသောက်ပြီး  မှောက်အိပ်ရသောသူ
နတ်ကိုးတဲ့  ဂဏန်းမက်မိလို့ 
ဗျတ်ထိုးအထမ်းတောင်မထွတ်နိုင်သောသူ
နွားေ၇ာင်းထိုးမိလို့ 
စပါးတစ်တောင်းဖိုး မရှိသောသူ
အကြွေးအလျော်ကြံလို့ 
ခွေးအခေါ်ခံရသောသူ
ဇိမ်ခံဥာဏ် တစ်ပေါက်ထိုးလွဲပြီး
အိမ်ဂရံသောက်ကျိုးနဲ(နည်း)သောသူ
ပုတီးကြီးတွဲလောင်းဖြင့် 
စီးရီးအဆွဲကောင်းနေသောသူ
အကွက်ဆရာတစ်ပါးကြောင့် 
အသက်ပါသွားရသူ
ဘောင်ချာအများမိလို့ 
ထောင်စာစားကြည့် ရသောသူ
တစ်လ နှစ်ကြိမ်လွဲမှားရင်း
ဘ၀ရေတိမ်စွဲသွားရသူ
မရိုးမသား အကွက်ပေါ်လို့ 
ထိုးသားအား သမက်တော်ရသူ
ယိုဒယားနိကပ်ချိုင်းတွေနဲ့ 
အဖိုးအဖွားကြည့် ကါက်ရိုင်းစေသူ
မုချချဲဒေသစွဲလာတယ်ဆို၇င်ဖြင့် 
ဒုက္ခ၀ဲထဲချာချာလည်ပြီးပင်
အမှန်ကြုံလို့  ထူးပုံရှင်းရရင်
ကံယုံလို့  ဆူးပုံနင်းကြသူများသာ
ပြာပုံက လူလဲထလို့ 
"ချူးရဲ"ဘ၀သမားများ
ကိုယ်အားကိုယ်မကိုးသရွေ့ 
ဗို့ အားပိုတိုးပေးလိမ့် မည် ။
မောင်မိုးပွင့် (ရေကြည် )

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်