Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Wednesday 5 October 2011

မငိုပါနဲ့ ဧရာဝတီ (အိမ့်ချမ်းမြေ့)http://www.ainchannmyay.com/?p=1190

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။
အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။
သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။
ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River),  Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။
dry9.jpg
{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ..  အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။
ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။
ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ…  ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။
dry.jpg
{ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့  ရှန်ဆီနယ်မြေထဲက လန်မြစ် }
သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။
2.jpeg
  {ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊  စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း  ဘယ်ငါးမှ မရှိလို့  ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး}
4.jpg
{တရုတ်ပြည်  Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့  Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November 26.- The water level of the largest freshwater lake in China has fallen to dangerous limits due to severe droughts since this summer.}

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။
၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။
ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။
3.jpeg
{ခြောက်သွေ့နေပြီဖြစ်တဲ့  Hubei ပြည်နယ်ထဲက
Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May 20, 2011)  The Yangtze River, China’s longest, has been plagued by a severe drought, with the lowest level of rainfall this year since 1961, an official with the river’s flood control and drought relief headquarters said Monday, Xinhua News Agency reported. Picture taken May 20, 2011. REUTERS/Stringer (CHINA - Tags: ENVIRONMENT ANIMALS)}
5.jpg
{ တရုပ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ် }
6.jpg
{တရုပ်ပြည်အလယ်ပိုင်း  Hubei ပြည်နယ်ရဲ့  Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် (May 19, 2011)  Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။  [Photo/Xinhua]}
7.jpg
{Henan ပြည်နယ်မှ ခမ်းခြောက်လာနေသော အ၀ါရောင်မြစ်ကမ်းပါး တစ်နေရာ [File Photo: China News Service]}
သူတို့ ယန်စီကို အားပါးတရ ချေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။
သူတို့ တွေ့သွားတယ်။
တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။
8.jpg
{ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ}
သူတို့ဟာ..  ဧရာဝတီ ကို ခြေတော်တင်ဖို့   ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ  မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..
အဲဒီတိုင်းပြည်ကလေးဟာ …
အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်……
အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။
အဲဒီတိုင်းပြည်ကလေးဟာ….
အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်…
ဂုတ်ကို သွေးစုတ်ခံနေရတာတောင်…  သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း..
“တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။
သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…
တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်..  အစိမ်းလိုက် သောက်..
အောင်သေအောင်သား စားကြတော့မယ်။
ဒါကို…. လည်စင်းခံပေးရင်း
ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……
ဘယ်လို နားလည်ရမှာလဲ….
လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။
အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..
လူသားတွေပဲ  နစ်နာဆုံးရှုံးကြရတတ်ပါတယ်။
သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ …  ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..
ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။
(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။
တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))

စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။

(အိမ့်ချမ်းမြေ့)
http://www.ainchannmyay.com/?p=1190
မြစ်ကော
မြစ်မကောအောင်လို့
သစ်တောတို့စိမ်းရပေမည်။
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့ မှုန်မှုန်ရီ။
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။
တစ်တောလုံး ပြောင်
တစ်တောင်လုံး လဲ
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘောရယ်က
မြစ်ကောတဲ့နေ့။

                                                                                   မောင်စိန်ဝင်း(ပုတီးကုန်း)


  • The China River Diary
  • ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ယန်စီဆိုတဲ့မြစ်ကြီးဟာ ကမ္ဘာ့
  • အံ့ဖွယ်တစ်ပါးဖြစ်တဲ့အပြင်ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့မြစ်ကြီးတစ်စင်းလည်းဖြစ်ပါတယ်.
  •    အဲ့ဒီ့မြစ်ကြီးကို တိမ်ကောပျက်စီး၊ပတ်ဝန်းကျင်သဘာဝတရားကြီးအား မှောက်လှန်ဖျက်ဆီးခြင်းအားဖြင့်
  • လူတွေသာမကကျွဲ၊နွားတိရစ္ဆာန်တွေပါဒုက္ခ ရောက်စေခဲ့တယ်။အခုဆိုရင်ယန်စီမြစ်ကြီးဟာ ပျောက်ကွယ်သွား
  • တော.မယ့်ကမ္ဘာ.အထင်ရှားဆုံး သယံဇာတ(၁၀)ခုထဲမှာတစ်ခုပါနေပြီဖြစ်ပါတယ်။နောက်နှစ်အနည်းငယ်မှာ
  • ယန်စီဆိုတာတရုတ်လူမျိုးတွေရဲဒဏ္ဍာရီနဂါးကြီးတွေလို ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲရှင်သန်
  • လှုပ်ရှားနိုင်တော.မယ်ထင်ပါရဲ့။
  •  အဲ့ဒီ့မြစ်ကြီးတင်လားဆိုတော.မဟုတ်သေးပါဘူး။အခြားအခရာ မြစ်ကြီး(၇)စင်းဖြစ်တဲ့အ၀ါရောင်မြစ်
  • (YellowRiver)၊ပုလဲမြစ်(PearlRiver)၊(SonghuaRiver(HualRiver(HaiRiver(UaoRiver)တွေဟာလည်းဖျက်ဆီး
  • ခံခဲ့ရတယ်။ဖျက်ဆီးခံခဲ့ရတဲ့မြစ်တွေကြောင့်တိုင်းပြည်အနှံမှာမိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်လာတယ်။ရေတွေ
  • ကြီးတယ်။လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောနေခဲ့တယ်။
  •    ရေမလွှတ်တာကြာရင် မြစ်တွေကျဉ်းသွားပါတယ်။တိမ်သွားတတ်ပါတယ်။နေရောင်အောက်မှာအရှင်
  • လတ်လတ်အကြာကြီးနေဖုတ်ခံရတဲ့ကမ်းပါးတွေဟာမာခဲသွားတော.တယ်။အဲ့လိုမာခဲသွားတဲ့အတွက် ရေလွှတ်
  • တဲ့အခါမိုးရွာတဲ့အခါတွေမှာကမ်းပါးက ရေကိုမစုပ်နိုင်တော.ဘူး။ရေကိုမစုပ်နိုင်တဲ့အတွက် မြစ်ရေလျှံတယ်။
  • လူတွေဒုက္ခ ရောက်ကြတယ်။မြစ်ရေလျှံခြင်း၊မြစ်ရေခမ်းခြောက်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရလို့သူတို
  •့ တွေဟာလူတွေဒုက္ခရောက်တဲ့အချိန်မှာတော့အနည်းငယ်အမြင်မှန်ရသယောင် ဖြစ်လာတယ်ယန်စီမြစ်ကို
  • အသက်ပြန်သွင်းဖို့ကြိုးစားခဲ့တယ်။ဒါပေမယ့်......ဒါပေမယ့်....အချိန်မမှီတော့ဘူး။
  •  ယန်စီဟာကွန်မြူနစ်ပါတီရဲ့တရုတ်ပြည်ကိုစီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့မီတာ(၂၅၀၀)ကျော်ရှည်တဲ့
  •  ရေကာတာကြီးကြောင့်အရှင်လတ်လတ်သွေးကြောဖေါက် သွေးစုတ်ခံနေရသလိုဖြစ်ခဲ့ရတယ်။ယန်စီ
  •  ရေကာတာကြောင့်ခဏတာအကျိုးအမြတ်ရခဲ့ပေမယ့်နောက်ပိုင်းဒုက္ခလှလှတွေ့တဲ့အခါမှာဘီလျံပေါင်း
  • ၂၃ဘီလျံဆုံးရှုံးခဲ့ပါတယ်။လူပေါင်းလေးသန်းကျော်၊ကျွဲနွားကောင်ရေ နှစ်သန်းနီးပါးနဲ့လယ်မြေဧက
  • ကိုးသန်းကျော်ဒုက္ခအကြီးအကျယ်ရောက်ခဲ့ပါတယ်။ယန်စီရေကာတာကြီးရဲ့သက်တမ်းဟာအနှစ်တစ်ရာကနေ
  • သုံးရာလို့ခန့်မှန်းထားတယ်။ယန်စီရေကာတာသက်တမ်းကုန်ဆုံးသွားမယ့်နေ့မှာယန်စီ မြစ်ဟာလည်း
  • တစ်ပါတည်းအစတေးခံရမှာဖြစ်ပါတယ်ယန်စီမြစ်တစ်လျှောက်ကbiodiversityတစ်ခုလုံးလည်း ပျောက်ဆုံး
  • သွားတော.မှာ ဖြစ်ပါတယ်။
  •    ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်တွေထဲမှာရေကာတာအများဆုံးတိုင်းပြည် ဖြစ်လာလို့ပတ်ဝန်းကျင်
  • ရေးရာပညာရှင်များက ၀ိုင်းသတိပေးတာကို နားမထောင်ခဲ့ပါဘူး။ သူတို့တွေ ဆောက်ခဲ့တဲ့ရေကာတာ
  • ကြောင့်လူပေါင်းသုံးသောင်းသေဆုံးခဲ့ပြီးပြီ။မိုးမျှော်တိုက်ကြီးတွေဘေးကခမ်းခြောက်တိမ်ကောနေတဲ့မြစ်တွေ၊
  • ရေချိုးကန်တွေ၊မြေတွေကျွံလို့နစ်ဝင်သွားတဲ့မြို့ကြီးတွေ၊အက်စစ်ရေတွေ၊ပျောက်ဆုံးသွားတဲ့ရှားပါးတိရစ္ဆာန်
  • တွေဟာ တိုးတက်ခြင်းရဲ့ပြယုဂ်တွေတဲ့လား...။
  • ယန်စီမြစ်ရေခမ်းခြောက်ခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆
  • ကန်ကိုလည်း ဒိုမီနို effectလိုဆက်စပ်ပြီး ခမ်းခြောက်စေပါတယ်
  • ၂၀၀၈ ခုနှစ်မှာ လှုပ်သွားတဲ့ငလျင်ကြီးဟာ ဇီပင်ပူ(Zipingpu Dam)ကြောင့်ဖြစ်ရတယ်လို့ပြောနေတဲ့
  • သိပ္ပံပညာရှင်တွေရဲ့ စကားတွေကိုနားပိတ်ထားကြတယ်ဘရာဇီး ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင်
  • 140သမိုင်းတစ်လျှောက်လုံး75GWမှ85Gwရေပါဝါထုတ်တဲ့အချိန်မှာတရုတ်ပြည်ကတော့လာမယ့်ငါးနှစ်
  • အတွင်းမှာ140GWထပ်ထုတ်ပါဦးမယ်
  • ဒီလိုတိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေဘယ်လောက်ရှိလဲ....ဘယ်လောက်ဆက်ရှိလာမလဲဆိုတာ
  • ကိုမစဉ်းစားနိုင်ကြရလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့ ဖုံးနေခဲ့တယ်။
  • ယန်စီမြစ်ဟာ လောဘသမားများရဲ့ဝါးမြိုခြင်းကိုခံခဲ့ရပြီးပြီ။ယန်စီတင်မကတိုင်းပြည်ထဲကအခရာမြစ်ကြီး
  •  ခြောက်မြစ်ဟာလည်းယန်စီနဲ့ဘ၀တူ ဖြစ်ခဲ့ရပြီ။ပြည်ထဲကရှိရှိသမျှမြစ်တွေရဲ့အသွေးအသားတွေကိုဝါးမြိုလို့
  • ပြီးတော.သူတို့ရဲ့စီးပွားရေးယန္တရားတွေဆက်လက်လည်ပတ်ဖို့အတွက်Concreteunkကြီးတွေကိုလျှပ်စစ်ပေးဖို့
  •  မြစ်မကြီးတွေကို တွေ့လိုတွေ့ငြားပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်လိုက်တယ်...။
  • လောဘသမားတွေ တွေ့သွားပါတယ်။တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့
  • ဧရာဝတီကိုလောဘသမားတွေတွေ့သွားတယ်။အဲ့ဒီ့တိုင်းပြည်ကဟိုးတုန်းကပေါ့လျှမ်းလျှမ်းတောက်
  • ဆန်ရေစပါးတွေထွက်ခဲ့လို့ဘေးပတ်ဝန်းကျင်ကနိုင်ငံတွေတောင်အားကျမျှော်ကိုးခဲ့ရတဲ့တိုင်းပြည်။
  • အဲ့လိုဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေအလျှံပါယ်ထွက်အောင်ဓါတ်သတ္တိအမျိုးမျိုးကိုတစ်ပြည်လုံးနှံအောင်
  • သယ်ဆောင်ပေးနေတဲ့ဧရာဝတီဆိုတဲ့ သွေးကြောမကြီးကိုဖေါက်ထုတ်ပြီးအသုံးပြုဖို့မျက်စိကျခဲ့ကြပြီ..။
ALTERNATIVE RENEWABLE ENERGY
Officals estimate that China could reduce its energy use 100GW by 2020 through
demand side management and energy efficiency and that it has the potential
to generate 1,000GW 0f wind power
on land, and another 700 GW offshore.

ကျွန်တော့်ကို ငယ်ငယ်တုန်းကအမေဆုံးမခဲ့ဘူးပါတယ်။

"အိမ်နီးချင်းကလေးတွေ အရိုက်ခံနေရတာမြင်ရင်
ကိုယ့်အိမ်က ကလေးတွေ လိမ္မာရမယ်တဲ့"

ကျွန်တော်တို့အိမ်က အသိဥာဏ် မကြွယ်ဝသေးတဲ့ကလေးတွေ
ပတ်ဝန်းကျင်ရေးရာ အသိဥာဏ်မကြွယ်တဲ့လူကြီးတွေ
အမြန်လိမ္မာ နိုင်ကြပါစေ...။

ဇမ္ဗူသီရိ ပရဟိတလူငယ်များ စီစဉ်သော မဟာ ဂန္ဓာရုံကျောင်းတိုက်တွင်ပြုလုပ်သည့်
"Save The Arrawaddy" စာပေဟောပြောပွဲတွင် ဆွေးနွေးဟောပြောခဲ့သော ဆရာ
ဦးထွန်းလွင်(မိုး/ဇလ)ပညာရှင်၏ ဟောပြောချက်များမှ ဖြစ်ပါသည်။

ယန်စီမြစ် တစ်နေရာ
မြစ်ဝါမြစ် တစ်နေရာ


ဒီလိုရေကာတာတွေကြောင့်
ဒီလိုတွေဖြစ်နေတာပါ
သူငယ်ချင်းတို့ရေ အချိန်သိပ်မရှိတော.ဘူးဗျာ..။တတ်နိုင်သလောက်လေးတွေ ကြိုးစားကြပါဦး။
ဧရာဝတီအတွက် ကိုယ်တတ်နိုင်သလောက် လက်ဆင့်ကမ်းကြပါဦးဗျာ..။
ဒီကိစ္စကို သိတဲ့လူတွေထက် မသိတဲ့လူတွေက ပိုပြီးများနေကြတယ်..။ကျွန်တော်တို့ အကုန်သိအောင်တော.
ကြိုးစားပေးကြရအောင်ဗျာ..။အကောင်းဆုံးတွေပဲ ဖြစ်ပါစေလို့ ဆုတောင်းရင်း.....။





ဧရာဝတီကို ကာကွယ်ကြစို့ ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားပါတယ် ဖတ်ပြီးရင် အောက်က အဖွဲ့ထဲ ၀င်ပေးကြပါ။

http://www.fusarshinlay.com/group/arrawadylovers.

.

တရုတ်နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ယန်စီမြစ်နဲ့မြစ်ဝါမြစ်တို့မှာ ဖြစ်ပေါ်ခံစားနေရတဲ့ အနေအထားတွေကိုထောက်ပြီး တရုတ်က ကုမ္ပဏီအနေနဲ့လည်း ကိုယ်ချင်းစာသင့်ပါတယ်။ ပြည်တွင်းကကုမ္ပဏီ အနေနဲ့လည်းကိုယ်ချင်းစာပါကိုယ်ကျိုးပဲမကြည့်ကြပါနဲ့ဧရာဝတီမြစ်ဟာ 
တကယ်တော့ သဘာဝ သယံဇာတများစွာကို ဖန်တီးပေးနေတဲ့ မိခင်မြစ်ကြီးပါ။
ဆရာ ဦးထွန်းလွင်(မိုး/ဇလ)ပြောသလိုပေါ့...။
ဆရာ. အမေက ဆုံမဖူးပါတယ်တဲ့
"အိမ်ဘေးနားက ကလေးတွေ အရိုက်ခံနေရတာမြင်ရင်
ကိုယ့်အိမ်က ကလေးတွေ လိမ်မာရပါလိမ့်မယ်"တဲ့
အရမ်းကောင်းတဲ့စာသားလေးနဲ့ အယူ အဆလေးပါ။
ဧရာဝတီ မြစ်ဆုံမှာ ရေကာတာ တည်ဆောက်မယ့် မြစ်ဆုံ စီမံကိန်းကို
လုံးဝ ကန့်ကွက်ပါတယ်...။
ဧရာဝတီကိုချစ်ကြသူအားလုံးကလည်းကန့်ကွက်မယ်လို့
ထင်ပါတယ် လိုအပ်ပါတယ်။
ဧရာဝတီကိုကာကွယ်ကြပါစို့
ဦးထွန်းလွင်(မိုး/ဇလ)ပညာရှင်၏ ဟောပြောချက်များမှ ဖြစ်ပါသည်။
ယန်စီမြစ် တစ်နေရာ
မြစ်ဝါမြစ် တစ်နေရာ

ဒီလိုရေကာတာတွေကြောင့်

ဒီလိုတွေဖြစ်နေတာပါ..

မူရင်းရေးသားသူအိမ်ချမ်းမြေ့
http://www.ainchannmyay.com/?p=1190


No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်