မြတ်စွာဘုရား လက်ထက်တော်က ပသေနဒီကောသလ မင်းကြီးဟာ ဆန်တစ်စိတ်
(လေးပြည်) ချက်ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း
ဆန်တစ်စိတ်ချက်နဲ့ ညီမျှအောင် စီစဉ်ပေးရ ပါတယ်တဲ့။ တစ်နေ့မှာတော့
ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရား ဆီထွက်ခဲ့ပါတယ်။ မြတ်စွာဘုရား
ဆီရောက် တော့ဦးချပြီး ထိုင်နေ လိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ
ထမင်းဆိပ်တက်ပြီး အိပ်ငိုက် နေပါတော့တယ် ဒီတော့ မြတ်စွာဘုရားက
“မင်းကြီး.... ထမင်းစားပြီး အပန်းလေးမဖြေခဲ့ ဘူးလား”လို့ မေးတော် မူပါတယ်။
ပသေနဒီ ကောသလ မင်းကြီးကလည်း “မှန်ပါဘုရား အပန်းမဖြေခဲ့ ပါဘူးဘုရား၊
တပည့်တော်မှာ ထမင်းစားပြီးတိုင်း ဒီလိုဒုက္ခ ကြုံရပါတယ် ဘုရား”လို့
ပြန်လျှောက်တော့ မြတ်စွာ ဘုရား ကလည်း “ဟုတ်တယ် မင်းကြီး အစားကြီးရင်
ဒီလိုပဲ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။ အစားကြူးတဲ့ သူဟာ အနိစ္စ ဒုက္ခ အနတ္တ
တရားတွေကို နှလုံးမသွင်းနိုင်ဘူး၊ နှလုံးမသွင်းနိုင်ရင် အိုလို့မဆုံး
နာလို့ မဆုံး သေလို့မဆုံး ဖြစ်ရတယ်” လို့ဟောပြ ပါတယ်။ မြတ်စွာဘုရားက
ဆက်ပြီး အစာစား တဲ့အခါ အတိုင်းအရှည်ကို သိဖို့ ဂါထာလေး တစ်ပုဒ်ဟောပြ
ပေးပါတယ်။
မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊
သဏိကံ ဇီရတိ အာယုပါလယံ။
( သတိလည်းရှိ အတိုင်းအရှည်လည်း သိတဲ့သူဟာ ဝေဒနာကင်းခြင်း၊ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်း၊ အသက်ရှည်ခြင်း အကျိုးသုံးပါး ကိုရပါတယ်။) ဒါပေမယ့်ပသေနဒီ ကောသလမင်းကြီးဟာ အိပ်ချင်စိတ် များနေတဲ့အတွက် မမှတ်နိုင်ပါဘူး။ တူဖြစ်သူ သုဒဿနကိုပဲ ဂါထာကိုရအောင် ကျက်ခဲ့ဖို့မှာခဲ့ပါ တယ်။ တူဖြစ်သူ သုဒဿနက မြတ်စွာဘုရားကို “ဘယ်လိုလုပ်ရမလဲ” လို့ မေးပါတယ်။ မြတ်စွာဘုရားက “မင်းကြီးထမင်း သုံးဆောင်လို့ နောက်ဆုံးထမင်းလုတ် စားခါနီးမှာ ဒီဂါထာကိုရွတ်ပေးပါ”လို့မှာကြားပြီး “မင်းကြီးက ဂါထာကိုကြား လို့ နောက်ဆုံး ထမင်းလုတ်ကို ဆက်မစား တော့ဘူးဆိုရင် တစ်လုတ် စာလျှော့ချက်ပါ” လို့ မိန့်မှာလိုက်ပါတယ်။ တူဖြစ်သူလည်း မတ်စွာဘုရားမှာတဲ့ အတိုင်းမင်းကြီးပွဲတော် တည်တဲ့အခါ အနားမှာထိုင်ပြီး နောက်ဆုံးအ လုတစားခါနီးမှာ ဂါထာလေးကို ရွတ်ရွတ်ပေးပါ တယ်။ ဒီတော့မင်းကြီး ကလည်းစားမယ် ဟန်ပြင်ထားတဲ့ နောက်ဆုံးထမင်းလုတ်ကို မစားတော့ပါဘူး။ ဒီလိုနဲ့ ထမင်းတစ်လုတ် တစ်လုတ်လျှော့လာလိုက်တာ ခန္ဓာကိုယ်ဝဖိုင့် နေရာကနေ ပိန်ပိန်လာပါတော့တယ်။ ခန္ဓာကိုယ် ပိန်ကျသွားတော့ မင်းကြီးလည်း တော်တော်စိတ် ချမ်းသာသွားပါတယ်။ အားရဝမ်းသာနဲ့ မြတ်စွာ ဘုရားဆီသွားပြီး “မြတ်စွာဘုရား တပည့်တော်ခန္ဓာကိုယ် ပေါ့ပေါ့ပါးပါးနဲ့ ချမ်းချမ်း သာသာ ဖြစ်သွားပါပြီဘုရား၊ တောကစားထွက်ပြီး သမင်တွေကိုတောင် လိုက်ဖမ်းနိုင် ပါပြီဘုရား”လို့ လျှောက်ပြလိုက်ပါတယ်။
(ဓမ္မပဒ၊ ပသေနဒီကောသလမင်းဝတ္ထု)
မြတ်စွာဘုရား ဟောပြတဲ့ ဂါထာလေးကို မြန်မာလိုပြန်ပြောရင်-
သတိလည်းရှိမယ်၊ စားမယ့်အစားကို အတိုင်းအရှည်လည်းသိမယ်၊ ဒီအင်္ဂါနှစ်ချက် နဲ့ပြည့်စုံတဲ့သူဟာ---
၁။ ဝေဒနာကင်းခြင်းအကျိုး၊
၂။ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်းအကျိုး၊
၃။အသက်ရှည်ခြင်းအကျိုး သုံးမျိုးကိုရနိုင်ပါတယ်တဲ့။
ဒီဂါထာလေးရဲ့အဓိပ္ပါယ်ကို မှတ်သားရလွယ်အောင် သဒ္ဓမ္မရံသီဆရာတော် ဘုရားကြီးက ဆောင်ပုဒ်ကလေး စီပေးထားပါတယ်။ တိုင်းရှည်သိကာ၊ သုံးဆောင်တာ၊ သုံးဖြာ အကျိုးရသတည်း။ ဝေဒနာကင်း၊ ရွယ်တင်ခြင်း၊ မယွင်းသက်ရှည်သည်။
သတိလည်းရှိဖို့လိုသလို စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီး စားဖို့လည်းလိုပါတယ်။ သတိကတော့ ဝိပဿနာအားထုတ်တဲ့ နေရာမှတင် မဟုတ်ပါဘူး။ နေရာတိုင်းမှာ သတိကတော့ လိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိရှိနေရင် အမှားနည်း သလို သတိရှိနေတဲ့သူဟာ ကိုယ်စားမယ့် စားအစာကို အတိုင်းအရှည် သိပြီးလည်း ဖြစ်နေတတ်ပါတယ်။ အတိုင်းအရှည်ကို သိတာက သူများသိပေးတာထက် ကိုယ့်ဟာကို သိတာပဲအကောင်းဆုံးပါ။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်ပဲအသိဆုံးမို့ပါ။ စားချင် တိုင်းစွတ်စားနေရင် ဝဝနေတော့မှာပါ၊ အဓိကကတော့ သတိရှိနေဖို့ပါပဲ။ အကျိုးတွေကတော့ လူတိုင်းလိုချင်နေတဲ့ အကျိုးတွေချည်းပါပဲ။ ဝေဒနာကင်းရင် ဘာပဲလုပ်လုပ် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရပါတယ်။ အရွယ်တင်တာကလည်း အထူးပြောနေစရာ မလိုပါဘူး။ အရွယ်တင်ချင်လွန်းလို့ တချို့ဆို ဆေးရုံတွေ သွားပြီးတောင် ပြုပြင်နေကြသေးတာပါ။ အသက်ရှည်တာကလည်း လူတိုင်း လိုချင်ကြတာပါပဲ။ စာရေးသူကတော့ ပိန်နေလို့ ဝအောင်,ပေါင်တိုးအောင် ကြိုးစား နေရတာ ဆိုတော့ ဝခြင်းရဲ့ဒုက္ခကို ကိုယ်တိုင်မခံစားရပါဘူး။ ဒါပေမယ့် ကိုယ့်မျက်စိရှေ့မှာ ဝသူတွေရဲ့ဒုက္ခကို အမြဲတွေ့နေရတာပါ။ တချို့ဆို တစ်ယောက် ယောက်ကတွဲပေး မှထိုင်နိုင်တာ၊ တစ်ယောက်ယောက်က ထူပေးမှထနိုင်တာ၊ ဝခြင်းရဲ့ဆိုးကျိုးတွေကို ဆေးဆောင်းပါးတွေ ဖတ်ပြီးလည်း သိနေရတာပါ။ ခွဲစိတ်ပြီးတောင် ပိန် အောင်လုပ်ကြရတာကို လည်းကြားသိရပါတယ်။ ပိန်နည်းမျိုးစုံကို ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကလည်း ရေးပြနေကြတာပါပဲ။ ဒီတော့စာရေးသူလည်း ကိုယ်စွမ်းနိုင် လောက်လေး မြတ်စွာဘုရား ဟောပြထားတဲ့ ပိန်နည်းလေးကို ဓမ္မဒါနမျှဝေတာပါ။ ပသေနဒီကောသလ မင်းကြီးဟာ သူစားတဲ့ စားနှုန်းအရဆိုရင် တော်တော်ဝတဲ့ပုံပါပဲ။ မြတ်စွာဘုရားစကား နားထောင်ပြီး လေ့ကျင့် လိုက်တော့ တောကစားတောင် ထွက်နိုင်တဲ့အထိ ကိုယ်ရေစစ်သွားပါတယ်။ ပသေနဒီကောသလ မင်းကြီးကျတော့ တစ်လုတ်တစ်လုတ် လျှော့စားသလို ချက်တဲ့အခါမှာလည်း တစ်လုတ်စာတစ်လုတ်စာ လျှော့လျှော့ချက်သွားတာပါ။ လျှော့စားရုံ သက်သက်ဆိုရင် ပိုတဲ့အလုတ်က ဘာလုပ်ရမှန်းမသိပါဘူး။ လျှော့ချက်တော့ ကုန်ကျ စားရိတ်လည်း သက်သာသွားပါတယ်။ ထမင်းလုတ်ဆိုပေမယ့် ထမင်းနဲ့ညီမျှတဲ့ ဟင်းကိုပါ တွဲလျှော့ရမှာပါ။ ကုသိုလ်ဘက်က ကြည့်ရင်တော့ ပိုတာလေးတွေကို ငှက်ကလေးတွေ ကျွေးပေးလို့ လည်းရပါတယ်။ မြတ်စွာဘုရားရှင်က လျှော့တဲ့နေရာမှာ တခါတည်းအများကြီး မလျှော့ခိုင်းပါဘူး၊ တစ်လုတ်စာပဲ လျှော့ခိုင်းတာပါ။ အများကြီးဆို လျှော့ရခက်နေမှာ စိုးလို့ပါ။ ပသေနဒီကောသလ မင်းကြီးစားလို့ တစ်လုတ်ပဲ ကျန်တော့ရင် သူ့တူ တော်မောင်က မြတ်စွာ ဘုရားဟောတဲ့ဂါထာ လေးကိုဆိုပေးလိုက်တာပါ။ ဂါထာမကျက် နိုင်ရင် လင်္ကာလေး ဆိုခိုင်းထားလည်း ရပါတယ်။ ဒါပေမယ့် ဂါထာကတစ်ပုဒ် တည်းဆိုတော့ ကျက်ရတာလည်း မခက်ပါဘူး။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်တာ ကောင်းပါတယ်။ နောက်ဆုံးအလုတ်မှာ ကိုယ့်ဟာကိုရွတ်ပြီး
လျှော့သွားရုံပါပဲ။ကိုယ်တိုင်ရွတ်ရင်ကိုယ် တိုင်ကုသိုလ်ရမှာပါ။ ပိန်လည်းပိန်ကုသိုလ်လည်းရတာပါ။
လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကိုရပ်လိုက်ရုံပါ။
ကိုယ်တိုင်ရွတ်ရင်ကိုယ် တိုင်ကုသိုလ်ရမှာပါ။ ပိန်လည်းပိန်ကုသိုလ်လည်းရတာပါ။ လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကိုရပ်လိုက်ရုံပါ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
ဣနြေ္ဒထက်ကြောင်းကိုးပါးတရားတော်
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။
မှတ်ချတ်......ရဝေနွယ်(အင်းမ)ရေးသားသော ဘုရားဟောသာပိန်နည်း မှကောတ်နုတ်တင်ပြပါသည်
အပြည့် အစုံ့ကိုအောတ်ကလင့် ကလေးတွင်သွားရောတ်ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment