Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Wednesday, 28 December 2011

ဝဋ်ဆိုတာလည်တက်ပါတယ်(မလေးရှားမှဖြစ်ရပ်)

မြန်မာလူမျိုးဆိုတာကမ္ဘာမှာအယဉ်ကျေးဆုံးတဲ့...ဟုတ်ပါလိမ့်မယ်ယဉ်ကျေးတယ်ဆိုတာတော့...ဒါပေမဲ့
အခုကျနော်တို့ကြုံတွေ့နေရတာတော့ မလေးရှားမှာယဉ်ကျေးတဲ့မြန်မာရှားပါတယ်။များသောအားဖြင့်တော့စိတ်ဓါတ်တွေမကောင်းကြဘူး။
အကုန်မဆိုလိုပါဘူး။ကြုံတွေ့နေရတဲ့အထဲကများသောအားဖြင့်ပါ။တကယ်တာ့လူ့ဘ၀ဆိုတာ
တယောက်ထဲနေလို့မရပါဘူးမိဘဆွေမျိုးအသိုင်းအ၀ိုင်းချစ်သူတွေနဲ့လူ့ပတ်ဝန်းကျင်ဆိုတာဖွဲ့တည်လာတာပါ။ဒါပေမဲ့နိုင်ငံရပ်ခြားရောက်နေတဲ့လူတွေအတွက်ကတော့မိဝေးဖဝေးဆိုတော့ပတ်ဝန်းကျင်မှာရှိနေတဲ့အပေါင်းအဖော်ကောင်းဟာဆွေမျိုးလိုပါပဲ။တချို့သောလူတွေဟာမိမိကောင်းရင်မိမိတက်ရင်ဖြစ်တယ်ဆိုတဲ့တယူသန်အတွေးတွေနဲ့ဘ၀ကိုတကိုယ်ကောင်းဆန်ဆန်ဖြတ်သန်းနေကြတယ်။ဒီလိုလူတွေကျနော်တို့ပတ်ဝန်းကျင်မှာလဲရှိကောင်းရှိလိမ့်မယ်။တချို့သောလူများကျတော့လဲကိုယ့်ထမင်းကိုယ်စားတာဘယ်သူမှဂရုစိုက်စရာမလိုဘူးဆိုပြီး လူကြီးကိုလူကြီးမှန်းမသိလေးစားရမှန်းမသိ ရိုင်းစိုင်းနေတဲ့မြန်မာတွေလဲအများကြီးပါ။မြန်မာ မိန်းကလေးအများစုထဲမှာလဲဘင်္ဂလား၊ပါကစ်စတန်တွေနဲ့ရည်းစားဖြစ်နေတာတွေ အများကြီးပါ၊အကုန်လုံးပြောရမယ်ဆိုရင်တော့ဒီဆောင်းပါးတော်တော်ရှည်သွားပါလိမ့်မယ်။အဓိက
ကျနော်တို့သတိထားရမှာက။ကျနော်တို့တတွေဟာမြန်မာနိုင်ငံကနေမလေးရှားနိုင်ငံကိုလာရောက်
စီးပွါးရှာနေကြတဲ့လူမျိုးတူဘာသာတူသွေးရင်းချာတွေပါ။ဧရာဝတီဖြစ်ရဲ့ရေကိုအတူတူသောက်
တမြေတရေထဲမှာကြီးပြင်းလာကြသူတွေပါ။တစုံတခုဆိုလူမျိုးတူတဲ့ကိုယ့်အမျိုးဘက်ဘက်ကပဲနာပေးရမှာပါ။ဘာလို့နိုင်ငံခြားသားကိုအဖေခေါ်ရမှာလဲဗျာ။ဘာလို့အချင်းချင်းခြေထိုးခံနေရာလုရမှာလဲဗျာ။ကိုယ်ထိုက်သင့်တဲ့လစာနဲ့ကိုယ့်နေရာလေးမှာအေးချမ်းစွာလုပ်နေကြသူအချင်းချင်းဘာလို့မနာလိုဝန်တိုစိတ်တွေနဲ့နေရာလုနေကြမှာလဲ?သခင်အားရကျွန်ပါးဝပြီး အချင်းချင်းဘာလို့ဟောက်စားလုပ်ရမှာလဲ။ကိုယ့်အလုပ်မှာကိုယ်အဆင်ပြေဖို့လစာလေးမှန်မှန်ရဖို့။
မိသားစုကိုငွေမှန်မှန်ပို့နိုင်ဖို့ဒီရည်ရွယ်ချက်လေးနဲ့ဘာသာတရားကိုကျောခံထားပြီး စိတ်ထားဖြူဖြူလေးနဲ့လုပ်ကြရင်မြန်မာတွေ အချင်းချင်းမပုတ်ခက်ပဲစည်းလုံးကြရင် ပိုကောင်းမှာပါ။ဘးနားမှာရှိနေတဲ့ကိုယ့်မြန်မာအချင်းချင်းကိုလဲတန်ဖိုးထားကူညီ မယ်ဆိုရင် မြန်မာဆိုတာကမ္ဘာမှာပိုပြီးနိုင်ငံတကာကလေးစားစံတင်လောက်တဲ့လူမျိုးဖြစ်လာမှာပါ။
လူတဦးတယောက်ချင်းဆီမှာစိတ်ဓါတ်ကအရေးကြီးပါတယ်။သာ..ရ...စား…ကျောဆိုတဲ့မြန်မာတွေ ရှိနေသမျှတော့ လူမျိုးမစည်းလုံးသမျှတော့နိုင်ငံခြားသားရဲ့လက်အောက်ခံအနှိမ်ခံက ဘယ်တော့မှလွတ်မှာမဟုတ်ပါဘူး။အသာစီးကရနေမယ်အစားချောင်နေမယ်ငါတော့သူ့
အပေါ်ကျောလိုက်မယ်ဆိုတဲ့စိတ်ထားလေးတွေပြင်ပြီးအချင်းချင်းစေတနာထားဖေးမ
ကူညီစေချင်ပါတယ်။လူအချင်းချင်းတန်ဖိုးထားတက်ဖို့နဲ့လူတယောက်ရဲ့တန်ဖိုး၊စကားတခွန်းရဲ့ တန်ဖိုးဟာ ဘယ်လောက်အားတက်စေတယ်ဆိုတာ ဆရာဖေမြင့်ရဲ
့နှလုံးသားအဟာရထဲက ဇာတ်အပိုင်းလေးတခု ပြောပါရစေ။တခါကဆေးရုံတရုံရဲ့ အခန်းတခန်းထဲကို အသက်ရှုမရလို့အသဲအသန်ဖြစ်နေ တဲ့လူနာတယောက်ရောက်လာပါတယ်။ဘေးကုတင်မှာ သူ့လိုပဲလူနာတယောက်လဲရှိနေပါတယ်။အဲတိလူနာရဲ့ဘေးမှာပြတင်းပေါက်တပေါက်ရှိပါတယ်
။ရောဂါနဲနဲသက်သာလာတော့ အသစ်ရောက်လာတဲ့လူနာက ပြတင်းပေါက်ဘေးကလူနာနဲ့မိတ်ဖွဲ့ပါတယ်။မိတ်ဆွေချင်ဗျားက ပြတင်းပေါက်ဘေးမှာ ဆိုတော့ အပြင်ကိုကြည့်လို့ရမှာပဲနော် ကျနော်ကတော့မမြင်ရလို့ ခင်ဗျားတွေ့တာလေးတွေ ပြောပြပါလာားဆိုတော့။ပြတင်းပေါက်နားကလူနာက သူပြတင်းပေါက်ကလှမ်းကြည့်တော့ ရေကန်လေးရယ်၊သစ်ပင်စိမ်းစိမ်းလေးတွေရယ်၊ခုံတန်းလေးတွေမှာ ချစ်သူစုံတွဲလေးတွေ ကြည်နူးနေတဲ့ အကြောင်း ပြောပြပါတယ်။နောက်နေ့မှာလဲဒီလိုပဲ ခွေးကလေးဆွဲလာတဲ့ မိန်းကလေးတွေ…ဘောလုံးနဲ့ကစားနေတဲ့ ကလေးတွေ ရှိနေတယ်။ရေကန်လေးကအရမ်း လှပသာယာတယ်ဆိုတာတွေ…နေ့စဉ်မရိုးရအောင်ပြောပြနေပါတယ်။ဒီလိုနဲ့ အသစ်ရောက်လာတဲ့လူနာက ပြတင်းပေါက်နားကလူနာကို တဖြေးဖြေး မနာလိုဖြစ်လာတယ်လေ။သူကျတော့မြင်ရပြီးငါကျတော့မမြင်ရဘူးပေါ့။ငါလဲသူ့နေရာ
ပြတင်းပေါက်နားမှနေချင်လိုက်တာဆိုပြီး မနာလိုစိတ်တွေဝင်လာတော့တယ်။တညတော့လူနာစောင့် တွေ
ဆရာဝန်တွေမရှိတုန်း ပြတင်းပေါက်နားကလူနာကို အောက်ဆီဂျင်ဖြုတ်ပစ်လိုက်တယ် ဆေးပိုက်တွေ အကုန်ဖြုတ်ပစ်လိုက်တယ်။နောက်တနေ့မနက်မှာဆေးရုံကတာဝန်ရှိသူတွေက ပြတင်းပေါက်နားကလူနာမနေ့ညက ဆုံးသွားပြီဖြစ်လို့လူနာအသစ်ထပ်ရောက်မှာဖြစ်တဲ့ အတွက် ထိုမနာလိုတဲ့လူနာကို ပြတင်ပေါက်နားပြောင်းထားလိုက်ပါတယ်။အဲတိလူနာက တော့ငါလဲဒီလိုလှပတဲ့မြင်ကွင်းတခုကို မျက်ဝါးထင်ထင်တွေ့ရတော့မယ်ဆိုပြီ ပျော်နေခဲ့ပါတယ်။ ဒါပေမဲ့ သူပြတင်းပေါက်ကနေအောက်ကိုလှမ်းကြည့်လိုက်တဲ့ အခါမှာတော့..သံဆူးကြိုးတွေနဲ့အုတ်တံတိုင်းတစ်ခုကလွဲပြီးဘာမှမတွေ့ရပါဘူး…သူလဲ
နောက်၂ရက်အကြာမှာ သေဆုံးသွားပါတယ်။ ဒါဟာဘာလဲဆိုတော့ မနာလိုစိတ်နဲ့ ရောင့်ရဲမှု မရှိတာပါ.ပြီးတော့တခဏတာ မိတ်ဆွေစစ်ကိုလဲတန်ဖိုးမထားတက်တာပါ။ တဖက်လူက ကြည်နူးခြင်းနဲ့အပျော်တွေကိုမိတ်ဆွေကောင်းပီသစွာပေးနေပေမဲ့ သူစိတ်ထဲကရောင့်ရဲနိုင်မှု့ မရှိတာပါ။ပြီးတော့သူတပါးအပေါ်မနာလိုစိတ်ရယ်နဲ့တန်ဖိုးမထားတက်တာပါ။အခုကျနော် တို့ပတ်ဝန်းကျင်မှာဆိုရင်ဒီလိုလူမျိုးတွေအများမှ…အများကြီးပါ။ပြီးတော့လူတွေရဲ့ သဘော..ကျနော်တို့မြန်မာတွေရဲ့သဘောဟာသနားတက်တယ် ဂရုနာထားတက်ကြပါတယ်။ ဒါပေမဲ့မုတိတာတော့ လုံးဝ ကိုပွါးမပေးနိုင်ကြပါဘူးဗျာ။ဒါတော့လက်တွေ့ပါ။ဂရုဏာဆိုတာ ကိုယ့်ထက်နိမ့်ကျရင်ထားတဲ့သနားဂရုဏာစိတ်ပါ။မုဒိတာဆိုတာကတော့ ကိုယ့်ထက်မြင့်သွားတဲ့အခါမနာလိုစိတ်မဖြစ်ပဲမုဒိတာပွါးပေးတာပါ။ဒါမျိုး မရှိသလောက်ရှား
ပါတယ်ဗျာ..။ပြီးတော့ကျနော်တို့ကုမဏီမှာဆိုရင် တခေတ်တခါ..တဗိုလ်တမင်း မြန်မာတွေ ရှိခဲ့ပါတယ်။ဒါပေမဲ့တကိုယ်ကောင်းစိတ်တွေ၊သူတပါးအပေါ်နိုင်လိုမင်းထက်ပြုမူတာတွေကြောင်
့ဝဋ်လည်နေတဲ့လူတွေလဲအများကြီးပါ။ဝဋ်ဆိုတာသိသိသာသာလည်တာရယ်။မသိမသာ ရင်ထဲမှာစိတ်ဆင်းရဲပင်ပန်းကြီးစွာနဲ့ခံစားနေရတာတွေကြောင့်အဆင်မပြေတာတွေပေါ့
။ဝဋ်ဆိုတာအမျိုးမျိုးပါပဲ။ကျနော့်ကိုယ်တွေ့တခုပြောပါရစေ။နာမည်ကိုတော့မပြောချင်ပါဘူးကျနော်နဲ
့အတူတူမလေးကိုလာတဲ့ညီအမလိုခင်ရတဲ့ အမတယောက်ရှိပါတယ်။မြန်မာပြည်မှာကထဲက သင်တန်း
အတူတူတက်ကောလင်းအတူတူကျပြီး ကုမဏီတခုထဲကိုရောက်လာတာပါ။ကျနော့် ကို သူနာလိုဖြစ်နေခဲ့တာကျနော်မရိပ်မိခဲ့ပါဘူး။ကျနော့ကိုကုမဏီမှာရစရာမရှိအောင် ပြောခဲ့တယ်။
ကြားလို့မကောင်းတဲ့စကားတွေလဲပါပါတယ်။ဗိုက်တလုံးနဲ့ကလေးတယောက်နဲ့ မြန်မာပြည်မှာ ရှိကြောင်းပေါ့။ကျနော်ကြားကြားချင်းငိုခဲ့ရတယ်။မထင်တဲ့လူကပြောလို့ ပိုဝမ်းနဲ ခဲ့ရတယ်။အဖေ့ကိုလှမ်းပြောပြတော့လူဆိုတာစေတနာကောင်းရင်ကံကောင်းပါတယ်သမီး ဘာပြောပြောသီးခံကိုယ့်အလုပ်ကိုယ်လုပ်။ချစ်သူပေါအောင်နေ မုန်းသူနဲအောင်ရှောင်တဲ့။ ကျနော်ဘာမှလက်တုန့်ပြန်ချင်းခွန်းတုန့်ပြန်ချင်း မလုပ်ခဲ့ပါဘူး။ပထမဆုံးသူပြန်ခံရတာ ကကျနော်တို့ကုမဏီမှာလုပ်နေရင်သူဌေးကအေးဂျင့်ကိုပြန်အပ်လိုက်တယ်မကြိုက်လို့တဲ့
။နောက်တော့စားသောက်ဆိုင်တဆိုင်မှာ ပဂံပြင်ဆင်ပေးရပါတယ်။နောက်၆လလောက်အ ကြာမှာတော့အေးဂျင့်လေယဉ်လက်မှတ်ဝယ်ပြီးပြန်ပို့လိုက်ပါတော့တယ်။သူပြန်သွားတော့ ကိုယ်ဝန်၎လနဲ့ပါ။ဘယ်သူနဲ့ ဆိုတာမသိ၇ပဲအခုမြန်မာပြည်မှာ သားလေးတယောက်နဲ့ပါ။ ခင်ပွန်းတော့မရှိပါဘူး။နောက်ပြီး ကျနော်နဲ့အတူလုပ်ခဲ့တဲ့အကောင့်ခန်းထဲက အမတယောက်အကြာင်းပါ။အဲတိအမက ခုနပြန်သွားတဲ့အမနဲ့အရမ်းခင်ပါတယ်။ သူကဘာဝင်ပြောသလဲဆိုတော့ ကျနော်ယောကျားင်္ကအရက်သမားအဆင့်နိမ့်တဲ့ကောင်မို့ ကျနော်က ကလေး၂ယောက်နဲ့ကျန်ခဲ့လို့ပါတဲ့။အခုအဲတိ အကောင့်ခန်းထဲက အမကလဲမြန်မာပြည်မှာအိမ်ထောင်ကျနေပါတယ်တဲ့။သာကေတမှာ သူ့တို့ဘေးအိမ်ကရေစက်မှာေ၇ထမ်းပို့ရတဲ့ အရက်တအားသောက်တဲ့ ကောင်လေးနဲ့ မဖြစ် မနေယူလိုက်ရပါတယ်တဲ့။ ၀ဋ်ဆိုတာအရမ်းကြောက်ဖို့ကောင်းပါတယ်။နောက်ကျနော့သူငယ်ချင်းတစ်ယောက်ကတော့သူများကို
ပါးစပ်နဲ့တင်အားမရလို့စာနဲ့ရေးထားခဲ့တယ်ကောင်မလေးတယောက်ပါ။ဆိုင်စောင့်ဖို့
လူချင်းချိန်းတဲ့အချိန်မှာအဲတိကောင်မလေးကငွေမက်လို့မယားငယ်လုပ်တဲ့မိန်းမ..ဘာ..ညာဆိုပြီး
တော်တော်ဆိုးတဲ့စာကိုတမင်မြင်အောင်ရေးထားခဲ့တာပါ။အခု ရေးထားခဲ့တဲ့ကောင်မလေးကို
လူတိုင်းကပြောနေကြတာတော့တရုတ်အကောင်ကြီးကြီးတယောက်ရဲ့စမောလေးပါတဲ့။အော်…သူကမှ သူရေးထားတဲ့အတိုင်းတကယ်ဖြစ်သွားခဲ့တာကိုး။ ငွေကြောင့်အ၀တ်အစားမက်မှု့ကြောင့်လူမျိုးခြားကို ဘ၀ပေးလိုက်ရတာ။သူ့ကံကြောင့်ပါသလို။သူ့ဝဇီကြောင့်လဲပါပါတယ်။ခုဆိုပတ်ဝန်းကျင်တခုလုံးက သူကနိုင်ငံခြားသားရဲ့စပွန်ဆာဆိုတာ ပြောစမတ်ပါပဲ။ အော်…၀ဋ်ဆိုတာ ဘ၀မကူးပါလားနော်…..။သူတပါးကို ပြောလိုက်တဲ့ဝဇီတွေက မိမိထံကိုပဲ ပြန်လာတက်တယ်ဆိုတာလဲသတိထားဖို့ပါ။ကျနော်တို့ ကုမဏီက ၀ဋ်လည်တဲ့လူတွေမှာ စိတ်ဒုက္ခရောက်ပြီး အကျပ်အတည်းများစွာနဲ့ရင်ဆိုင်နေရသူတွေလဲ ရှိပါတယ်။ အများကြီးထဲက တစ်ယောက်ကတော့…ကျနော်ကိုယ်တိုင်ပါ။ အခုတော့ အဆင်ပြေသွားပါပြီ။ဒါကလဲဘုရားတန်ခိုးနဲ့မိဘကျေးဇူးပါ။ကျနော်လူတယောက်ကိုစိတ်ဆင်းရဲအောင်
တခါကလုပ်ခဲ့ဖူးလို့ ကုမဏီနဲ့ပြသနာဖြစ်ပြီးပြန်ရတယ်။ခုတခေါက်ဖရီးကောလင်းနဲ့ ပြန်ရောက်လာတော့ လဲဗီးကြေးဆောင်ဖို့ပါမစ်ဖိုးတို့နဲ့တော်တော်လေးစိတ်ဆင်းရဲခဲ့ရပါတယ်။ ကျနော်မထင်မှတ်တဲ့လူတယောက်ကအစအဆုံးကူညီလိုက်လို့ ကျနော်အခုဆိုကုမဏီတခုမှာ အလုပ်ရနေပါပြီ။ကျနော်လဲဝဋ်လည်ဖူးပါတယ်။သူငယ်ချင်းတို့လဲ စကားတွေဟာပဲ့တင်သလိုကိုယ့်ဆီပြန်လာတယ်ဆိုတာရယ်။ စိတ်စေတနာအတိုင်း အကျိုး ပေးတယ် ဆိုတာရယ်ကိုသတိလေးနဲ့ အချင်းချင်းတန်ဖိုးထား ကူညီဆက်ဆံပေးကြစေလိုပါတယ်။တချို့တွေကတော့သူဌေးမျက်နှာရအောင်မြန်မာ အချင်းချင်းနှိမ့်ကွပ်တာမျိုးလဲ ရှိပါတယ်။တကယ်ဆိုသူဌေးကျွေးတဲ့ထမင်းကိုစား။ သူဌေးအပေါ် သစ္စာရှိပြီး လူမျိုးချင်းလဲကူညီစောင့်ရှောက်ပြီးဖေးဖေးမမ လုပ်လို့ရပါတယ်။ ကိုယ်တဘို့ထဲလုပ်လို့ရတယ်ဆိုပေမဲ့မြန်မာပြည် မှာပြန်တွေ့ကြရအုံးမှာပါ..သူငယ်ချင်းတို့။ ဒီမှာအားလုံးဟာနိုင်ငံခြားသားလက်အောက်ကမြန်မာအလုပ်သမားတွေချည်းပါပဲ။ အားလုံးက တတန်းတစားထဲပဲနော်။ချမ်းသာရင် စိတ်ရှုပ်ခံပြီးမလေးရှားမှာ သူများလက်အောက်လာမလုပ်ဘူးနော်…။ဒို့ဘ၀အစစ်တွေက မြန်မာပြည်ကျမှ လေ….။အချင်းချင်းနားလည်မှု့..စာနာမှု့တွေနဲ့ စေတနာထားကာ၊ဖေးဖေးမမ လုပ်ကိုင်နိုင်ကြပါစေ။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်