တနေ့ ကျရင် မိဘနေရာ၊ဆရာနေရာေ၇ာတ်လာကြမယ့် သူတွေ ၊လတ်ရှိရောတ်နေကြတဲ့ သူတွေ
အတွက်၊ဆရာဆုံမခဲသောအဆုံးအမလေတွေနှင့်  ကျွန်တော်အတွေ့ အကြုံလေးတွေနဲ့ ပေါင်ပြီး
ဆောင်းပါးလေးတပုဒ်ရေးသားလိုတ်ပါတယ်။ဆတ်ကြည့် ကြပါနော်...................
မိဘ၊ဆရာ တိုင်း၊ကိုယ်သားသမီး၊တပည့် လေးတွေကို မိမိတို့ သီစေချင်၊တတ်စေချင်တာလေးတွေကို။
လပ်ထပ်သင်ပြပေးရမှာပါ........အမွေပေးတယ်ဆိုတာ ကိုယ်သေပြီးမှ လုပ်ရတဲ့ အလုပ်လို့ ၊ဒါမှမဟုတ်
ကိုယ့် မစွမ်းနိုင်တဲ့ အချိန် ရောက်မှ လုပ်ရမယ့် အလုပ်လို့ သတ်မှတ်ထားရင် တက်တက်စင်အောင်
လွဲမှားနေပါတယ်....."ဘယ်အသတ်အရွယ်မှာ၊ဘယ်ရောဂါနဲ့ ၊ဘယ်ခါကာလ၊ဘယ်ဒေသရှိ၊ဘယ်ဂတိမှာ
သေရမည်တာ၊တို့ သူငါ၊မှန်စွာမသိပါ တကား''ဆိုတဲ့လူတိုင်းကြုံတွေ့ နိုင်တဲ့  တရားတွေလဲ ရှိနေပါတယ်......
ဒါတွေကို ထည့် သွင်းစဉ်းစားပြီး မိဘဆရာတွေက ကိုယ့် သားသမီး၊တပည့် လေးတွေနဲ့  အတူနေတဲ့ အခိုတ်မှာ
အခုရောနောင်ရော၊သားသမီး၊တပည့် တွေ အတွတ်အကျိုးရှိမယ့်  လပ်ဆင့် ကမ်းအမွေမျိုးတွေ
ပေးသင့် ပါတယ်...
မိဘက သားသမီး ကို အမွေပေးတော့ မယ်ဆိုရင် သူတို့ စိတ်ပါလပ်ပါ လုပ်နိုင်မယ့် နည်းလေးတွေ
နဲ့ စတင်သင့် ပါတယ်၊။ဥမမာ.....သားနဲ့ သမီး လာကြဟေ့။အမေနဲ့ အတူ ဘုရားမှာပန်လှူကြရအောင်....
သမီးက ပန်အိုးလေးတွေ သန့် စင်အောင်ဆေး၊သားကဘုရားခန်းမှာ တံမြတ်စည်းလှည်း၊အမေကတော့ 
ဘုရားပန်းလေးတွေ လှအောင်ပြင်မယ်။ပြီးရင်အမေတို့  မိသားစုတွေ ဘုရားမှာ လိုရာဆုတောင်း ကြမယ်လေ......
ဒီလိုပေါ့ ပေါ့ ပါးပါး အလုပ်လေးတွေနဲ့ စတင်ကာ မိဘနဲ့ သားသမီး အတွဲညီညီလုပ့်သင့် ပါတယ်၊။
မိဘဆရာတွေ သတိထား သင့်တဲ့အချက်က အတင်းအကျပ်ခိုင်းတဲ့ အလုပ်ကို ဘယ်သူမှ မလုပ်ချင်ဘူး
ဆိုတာပါပဲ။တချို မိဘ၊ဆရာ၊အထက်လူကြီးများဟာ သားသမီး၊တပည့် ၊လက်အောက်ငယ်သား တွေကို
ရိုးရိုး အကြံပေးရုံ၊ထောက်ခံအားပေးရုံနဲ့  ပြီးနိုင်သော အကြောင်းတွေကို၊အာဏာပြတာ၊သြဇာပေးတာ
အမိန့် ပေးတာတွေကို မလိုအပ်ပဲ လုပ်တတ်ကြတယ်၊။အမိန်ပေးခိုင်းရင် သူတို့ က ဘယ်လိုတုံပြန်တတ်လဲ၊
ပူးပေါင်းလုပ်ဆောင်ရင်၊ ဘယ်လို အကျိုးတွေ ရရှိတယ် ဆိုတာကို သတိ၊ပညာနဲ့  ဆင်ခြင်သင့် ပါတယ်။
ကျွန်တော် အပေါ်မှာ ဥမမာ ပေးခဲ့ သလို ဘုရားပန်းလှူးတာ၊တခြားအလုပ်တွေမှာ မိဘနဲ့ သားသမီး
အတူတူ ရက်ရှည်လများ တွဲလုပ်လာတဲ့ အခါ၊ မိဘတို့ နေမကောင်းတဲ့ အချိန်တွေမှာ သူတို့ ရဲ တာဝန်ယူပြီး
လုပ်ကိုင်နိုင်တာကိုတွေ့ ရှိရပါမယ် ၊။မိဘနဲ့ အတူတူတွဲပြီး လုပ်ကိုင်ဖူးတာမို့  အခက်အခဲ မရှိပဲ
လုပ်တတ်နေပါလိမ့်မယ်။တာဝန်ယူ လုပ်ကိုင်ရတာလည်း၊သူတို့ မှာ ၀န်လေးမှုဆိုတာ မရှိပါဘူး၊။
သားသမီးကိုသိပ်ချစ်တဲ့  တချို့မိဘတွေကလဲ "ဟင်....ဒါက သားသမီးကိုခိုင်းစားတဲ့ နည်းပဲ။.
တို့ ကသားသမီးကို ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင်၊ရွှေပေါ်မြတင်ထားတာ၊ဘာလို့ သားသမီးကို
အိမ်အလုပ်တွေခိုင်းမှာ လဲ၊အိမ်ဖော်တွေလုပ်မှာပေါ့ (ပြည့် စုံတဲ့ မိသားစု)။ငါဘာသာငါပဲ လုပ်လိုတ်ပါမယ်
(မပြည့် စုံတဲ့ မိသားစု)ဆိုတဲ့ မိဘတွေက သာသမီးနဲ့ မိဘ လုပ်ငန်းတူလုပ်တဲ့ ဝါဒကို အပြစ်ဆိုကြပါတယ်။
သားသမီးကို ချစ်လွန်းလို့  ဘယ်အရာမှ မခိုင်းပြန်ရင်လဲ ဘာကိုမှမလုပ်တတ်တဲ့ ဘ၀ကို ရောက်ကြမှာပါ။
ကျောင်းသွားချိန်၊စာကျပ်ချိန်တွေပါမကျန်၊ခိုင်းနေပြန်ရင်လဲ၊အညွန့် တလူလူတတ်လာမယ့်  သာသမီးတွေ
ဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်လေးနည်းသွားမှာပါ။
ဆင်းရဲ..ချမ်းသာမရွေး၊ မိဘဆရာတွေက သင်ရင်သင်။မသင်ရင်ပတ်ဝန်ကျင်က သင်ပါလိမ့် မယ်။
မိဘဆရာက ပတ်ဝန်းကျင်ကောင်းကိုေ၇ွးချယ်ပေးရင်ပေး။မပေးရင် ပတ်ဝန်းကျင်ကရွေးပေးပါလိမ့် မယ်။
ဒီအခါမှာ အသိဥာဏ်နုနယ်တဲ့  ကလေးတွေဟာ ပတ်ဝန်းကျင်ကပေးတဲ့ ပညာ၊မိတ်ဆွေတွေကြောင့် 
လမ်းမှားကိုလျှောတ်တတ်ကြပါတယ်။အဲအခါမှ ရိုက်လား၊ပုတ်လား၊လုပ်ကြဟာ မိဘ၊ဆရာတွေရဲ့ 
သင့် လျှော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မိဘ၊ဆရာတွေဟာ သား သမီး၊တပည့် တွေကို အသိဥာဏ်အမွေပေးတယ်ဆိုတာ၊ကိုယ့် ကိုယ်ကို
ယုံကြည်မှုရှိအောင်၊ဖြစ်လာတဲ့ ပြသနာကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းတတ်အောင်၊လုပ်ပေးတာပါပဲ။
ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူဟာ၊ဘယ်နေရာနေရနေရ အဆင်ပြေအောင် ဆောင်ရွတ်နိုင်တာ
ကြတာပါပဲ။သား သမီး၊တပည့် တွေဟာ ငယ်စဉ်မှာ အသေးအဖွဲလိုယူဆရတဲ့ အလုပ်တွေကို ၊မိဘ၊ဆရာတွေက
ပီပီပြင်ပြင် လုပ်တတ်အောင်၊သင်ပြပေးဖို့ လိုအပ်ပါတယ်။
တချို့ မိဘ၊ဆရာတွေဟာသူများသား သမီး၊တပည့် တွေဟာ၊သင်ပြရတာလွယ်လိုတ်တာ၊တို့ သား
သမီး ၊တပည့် တွေကတော့ ၊သင်ပေးသလောတ်ကိုမရဘူး၊၊ပြောရဆိုရတာခတ်လိုတ်တာ၊ကြာလာတော့ 
မပြောချင်တော့ ဘူး။မိဘ၊ဆရာတွေတာဝန်ရှိသလောတ်ပဲပြောတော့ မယ်။ဖြစ်စေချင်လို့ ၊ကောင်စေချင်လို
့ပြောပြတာ နာမထောင်ရင်အလကားပဲ၊ လိုပြောတတ်ကြပါတယ်။မိဘ၊ဆရာတွေရဲ့ အဆုံး အမဟာ
အများအားဖြင်၊ သား သမီး၊တပည့် တွေကို ဆူပူကြိမ်းမောင်းတာ၊ဗျစ်တောက်..ဗျစ်တောက်လုပ်တာ ၊
အမိန့် ပေးတာတွေ ဖြစ်နေတတ်ပါတယ်၊။သားသမီး၊ တပည့် လေးတွေကလဲ အဲအခါကျရင်
သူတို့ လူငယ်ပျော်ရွှင်မှုအပေါ်၊နှောင့် ယှက်တယ် ၊ပိတ်ပင်နေတယ်လို့ ၊ မိဘ၊ဆရာတွေအပေါ်
မြင်လာနိုင်ပါတယ်။
မိဘ၊ဆရာတွေအတွတ် သား သမီး၊တပည့် တွေကို ရှေ့ ဆောင်လမ်း ပြတယ်ဆိုတာ သူတို့ 
ဥာဏ်မှီသလောတ်၊ သူတို့ လတ်ခံနိုင်သလောတ်လေး၊ဦဆောင်လမ်းပြသင့် တယ်လို့ ထင်ပါတယ်၊၊ဥမမာ....
မိဘက သား သမီး ငယ်ရွယ်စဉ်က ထမင်းခွံကျွေးတဲ့ အခါ၊ထမင်း လုတ်ကြီးကြီးနဲ့ ခွံကျွေးတယ် ဆိုကြပါစို့ ...
ကိုယ့် က များများစားစေချင်လို့  အလုတ်ကြီးကြီး ခွံပေမယ့်  သူတို့ ခံတွင်းဆံသလောတ်ပဲ သူတို့ 
လတ်ခံနိုင်ပါတယ်။ဒါကိုသဘောပေါတ်ပြီး သူတို့ ဥာဏ်မှီသလောက်၊သူတို့ လက်ခံနိုင်သလောက်လေး
ပြောဆိုဆုံမသင့် ပါတယ်။ခံတွင်းထဲ မ၀င်တဲ့ ထမင်းတွေဟာ ဘယ်လောတ်ကောင်းကောင်း၊
အမှိုတ်တောင်းထဲ့ ရောတ်ရသလို၊ကလေးဥာဏ်မမှီတဲ့ အဆုံးအမတွေဟာလည်း သူတို့ နားထဲ မ၀င်ရင်
အကျိုးမထင်ပါဘူး၊၊
ဥယျာဉ်မှုးကောင်းတွေဟာ၊ ကိုယ့် ဥယျာဉ်မှာ ပန်းကောင်းပွင့် အောင် စွမ်းနိုင်သလို
မိဘကောင်း၊ဆရာကောင်းတွေဟာလည်း ၊ကိုယ့် အသိုင်းအ၀ိုင်းမှာ၊သား သမီးကောင်၊တပည့် ကောင်းတွေ
ပေါ်ထွန်းအောင် စွမ်းဆောင်နိုင်ကြမှာ အမှန်ပါပဲ၊၊ဘ၀အတွေ့ အကြုံရှိကြတဲ့  မိဘကောင်း၊ဆရာကောင်းတွေ
ပီပီ၊ကိုယ့် သား သမီး၊တပည့် တွေအပေါ်မှာ ဂရုဏာပညာနဲ့  စနစ်တကျ သင်ပြလက်ဆင်ကမ်းနိုင်ပါစေလို့ 
ဆုတောင်းရင်း နိဂုံးချုပ်လိုတ်ပါတယ်.....
သူငယ်ချင်းအားလုံးပျော်ရွှင် ချမ်းမြေ့ပါစေ
mraungmintun
မှတ်ချတ်.........သူငယ်ချင်းတို့ ကို ကျွန်တော် ဆရာလုပ်ခြင်းမဟုတ်ပါ.......ကျွန်တော်ဆရာရဲ အဆုံးအမလေးတွေနှင့်  ကျွန်တော်ရဲ အတွေ့ အကြုံလေးတွေပေါင်ပြီး သူငယ်ချင်းတို အားမျှဝေခြင်း ဖြစ်ပါသည်။သူငယ်ချင်းတို့ ကျွန်တော်ရေးခဲ့ သော ဆောင်းပါလေး ဖတ်ပြီးအသိလေးတခုရခဲ့ တယ်ဆိုရင် ကျွန်တော်ကျေနပ်ပါသည်။
No comments:
Post a Comment