ဒေါ်အောင်ဆန်းစုကြည်၏ မရမ်းကုန်း-လှည်းကူး မဲဆွယ်စည်းရုံးရေးခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်၏
မရမ်းကုန်း-လှည်းကူး မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅
ရက်နေ့နံနက် ကိုးနာရီ လေးဆယ်မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှ ကားများ စတင်ထွက်ခွာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ၁၂ နာရီတွင် ထောက်ကြန့်လမ်းဆုံသို့ရောက်ရှိကာ ကားပေါ်မှပင်နှုတ်ဆက်စကားပြောမည်ဖြစ်သည်။ ထို့နောက် လှည်းကူးမြို့သို့
ဆက်လက်ထွက်ခွာမည်ဖြစ်ကာ မြို့နယ်အားကစားကွင်းတွင်
မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ရန်ကုန်သို့ ညနေ လေးနာရီအရောက်
ပြန်လာမည်ဖြစ်ကာ ညနေ ငါးနာရီခွဲတွင် ဂျာမန်နိုင်ငံလွှတ်တော်အမတ် ရှစ်ဦးနှင်
့တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်အားကစားကွင်းကို
ပြည်ထောင်စုအားကစားဝန်ကြီးမှ အသုံးပြုခွင့်မပေးနိုင်ကြောင်း ယနေ့နံနက်က
ပြောဆိုခဲ့သော်လည်း ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
ဦးတင်အေးမှ အသုံးပြုခွင့်ပေးရန် ပြန်လည်ခွင့်ပြုလိုက်ကြောင်း
သတင်းရရှိသည်။
““ကြားဖြတ်ရွေးကောက်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အရည်အတွက်နဲ့ မဆိုင်ပါဘူး။
အရည်အချင်းနဲ့ပဲဆိုင်ပါတယ်။ တချို့က ၄၈ နေရာ နည်းတယ်ပြောကြတယ်။
အဲဒါနည်းတယ်ဆိုရင် ၄၈ နေရာစလုံးကိုမဲပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
ရွေးကောက်ပွဲဆိုတာ ပြည်သူတွေက ကိုယ်လိုချင်တဲ့ အပြောင်းအလဲရဖို့အတွက်
အေးအေးချမ်းချမ်းနဲ့ ရွေးချယ်လိုက်တဲ့ နည်းပဲဖြစ်ပါတယ်။သန်းခြောက်ဆယ်ရှိတဲ့ ပြည်သူအားလုံးအစိုးရတက်လုပ်မယ်ဆိုရင် တော့ တော်တော်ပြဿနာများသွားမယ်(ရယ်လျက်)””
(ယနေ့နံနက် ၁၀ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော
မိန့်ခွန်း ကောက်နှုတ်ချက်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခု
ထောက်ကြန့်လမ်းဆုံသို့ထွက်ခွာနေပြီဖြစ်ပြီး လှည်းကူးမြို့နယ်သို့ ဆက်လက်သွားရောက်မည်ဖြစ်သည်
ဒေါ်အောင်ဆန်းစုကြည်
လှည်းကူးမြို့အတွင်းသို့ ၀င်ရောက်လာနေပြီဖြစ်သည်။ လမ်းတစ်လျှောက်တွင်
အိုးစည်ဗုံမောင်းများဖြင့် ကခုန်ကြိုဆိုသူများ၊ ပန်းစည်းပေးသူများဖြင့်
ပြည့်နှက်နေသည်။ ဆိုင်ကယ်အစီးထောင်ကျော်ကလည်း ဘေးမှ အလံများကိုင်ဆောင်ကာ
လိုက်ပါလာကြသည်။
ထောက်ကြန့်လမ်းဆုံတွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဥက္ကာကိုကို)
လှည်းကူးမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသူများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဝေယံ)
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား မြန်မာမွတ်ဆလင်များမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ဟူသည့်
စာတန်းများ ကိုင်ဆောင်ထားသော လှည်းကူးမြို့ခံ မြန်မာမွတ်ဆလင်များကို
ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ- ဝေယံ)
No comments:
Post a Comment