Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday, 22 March 2014

မြတ်စွာဘုရားရှင် ပဋိသန္ဓေနေစဉ် ရှေ့ပြေးနိမိတ်ကြီး(၃၂)ပါးအကြောင်း



မြတ်စွာဘုရားရှင် ပဋိသန္ဓေနေစဉ် ရှေ့ပြေးနိမိတ်ကြီး(၃၂)ပါးအကြောင်း
အတုမရှိ၊အတူမရှိ အနန္တဥာဏ်တော်ရှင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းတော်ကြီးများသည် ပညာဓိက ဘုရားဆုပန်လျှင်လေးသင်္ချေကမ္ဘာတစ်သိန်းတိတိ(စွန့်ခြင်းငါးပါးနှင့်တကွ ပါရမီတော်(၁၀)ပါး အပြား(၃၀)တို့ကို အတုမရှိဖြည်ကျင့်ဆည်းပူးရလေသည်)။သဒ္ဓါဓိကဘုရားဆုပန်လျှင် ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ဝီရိယဓိက ဘုရားဆုပန်လျှင် ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ဆည်းပူးရပါတယ်။ထို့ကဲ့သို့ဖြည့်ကျင့်ဆည်းပူးတော်မူသောကြောင့် အသဒိသ၊အတုလ၊ဆ,အသာဓာရဏရွှေဥာဏ်တော်ရှင်ဖြစ်တော်မူမည့်ဘဝမှာ ယူဇနာပေါင်း(၂)သိန်း၊(၄)သောင်းရှိသော မြေအထု၊ ယူဇနာပေါင်း(၄)သိန်း၊(၈)သောင်းရှိသော ရေအထု၊
ယူဇနာပေါင်း(၉)သိန်း၊(၆)သောင်းရှိသော လေအထု၊
ယူဇနာပေါင်း(၁)သန်း၊(၉)သိန်း (၂)သောင်းရှိသော မီးအထု
မဟာဘူတဓာတ်ကြီးလေးပါး၏ အဆောက်အဦးဖြစ်သော ဘုံ(၃၁)၊စကြဝဠာ၊ထိုစကြဝဠာတိုက်ပေါင်း(၁၀၀၀၀)ကို
(၁)။ဘုရားလောင်းတော် ပဋိသန္ဓေနေသည်နှင့် မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီးသည် ပျံ့နှံ့၏။
(၂)။ဘုရားလောင်းတော်၏ ဘုန်းအသရေတော်ကို ဖူးမျှော်လိုကြသည့်ပမာ မျက်စေ့နှစ်ကွင်းအလင်းမရသူတို့သည် ထိုခဏ၌ မျက်စိနှစ်ကွင်းအလင်းရ၍ မြင်ကြကုန်၏။
(၃)။နားပင်းကြကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကိုကြားကြရကုန်၏။
(၄)။အ,သဖြင့်၊စကားမပြောနိုင်သူတို့သည်လည်း၊ အ,အပျောက်ကာ စကားပြောနိုင်ကြကုန်၏။
(၅)။ကုန်း၊ကွ၊ကောက်၊ခွင်သောကိုယ်ရှိသော သူတို့သည်လည်း ထိုခဏ၌ ဖြောင့်မတ်သော ကိုယ်ရှိကြကုန်၏။
(၆)။ခြေဆွံ့သောသူ(မသွားလာနိုင်သူ)တို့သည်လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့်ကောင်းစွာသွားလာနိုင်ကြကုန်၏။
(၇)။နှောင်အိမ် အနှောင်အဖွဲ့(ထူး၊ထိတ်၊သံခြေကျဉ်း စသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျှက်နေကြရသောသူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွတ်လွတ်ကြကုန်၏။
(၈)။အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီး ငြိမ်းအေး၏။
(၉)။ပြိတ္တာဘုံ(ပြိတ္တာလောက)၌ ဆာလောင်ခြင်း၊ရေသိပ်(ရေငတ်)ခြင်း ကင်းစဲငြိမ်းအေး၏။
(၁၀)။တိရိစ္ဆာန်တို့အား ဘေးရန် တစ်စုံတစ်ရာမျှမရှိ။(ဘေးရန်ခပ်သိမ်းတို့မှ လွတ်ငြိမ်းကြရကုန်၏။)
(၁၁)။ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်းပျောက်ကင်းကြကုန်၏။
(၁၂)။သတ္တဝါခပ်သိမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည်နူးချစ်ခင်ဖွယ်ရာ စကားကိုသာပြောဆိုကြကုန်၏။
(၁၃)။မြင်းတို့သည် ချိုမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ ဟီကြကုန်၏။
(၁၄)။ဆင်တို့သည် ချိုမြိန်သာယာသော အခြင်းအရာအားဖြင့် မြည်ကြကုန်၏။
(၁၅)။စည်း၊စောင်း၊ညှင်းစသော တူရိယာမျိုး ခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါဘဲလျက် မိမိတို့အလိုလို မိမိတို့ မြည်မြဲသောအသံကို ရင့်သီကျူးမြည်ကြကုန်၏။
(၁၆)။လူတို့၏ လက်ကောက်၊ခြေကျဉ်းအစရှိသော အဆင်တန်ဆာတို့သည် တစ်ခုနှင့်တစ်ခု မထိမခိုက်မိကြပဲလျက် အလိုအလျောက်အသံမြည်ကြကုန်၏။
(၁၇)။အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း၊ရှုမြင်ကွင်းတို့သည် သန့်ရှင်းကြည်လင်ကြကုန်၏။
(၁၈)။သတ္တဝါတို့အား အေးမြချမ်းသာခြင်းကို ဖြစ်စေလျက် နူးညံ့သိမ်မွေ့သော လေပြေလေညှင်းတို့သည် ဖြည်းညှင်းသာယာစွာ တိုက်ခတ်လာကုန်၏။
(၁၉)။အခါမဲ့မိုးကြီးရွာသွန်းလာ၏။(မိုးရွာချိန်မဟုတ်ဘဲ)အုတ်အုတ်သဲသဲ လွန်ကဲသည်းထန်စွာ မိုးကြီးရွာသွန်းလာ၏။
(၂၀)။မဟာပထဝီ ဤမြေကြီးများမှလည်း ရေသည်အလိုလိုစိမ့်ထွက်ကာ ထိုထိုဤဤ စီးသွားလေ၏။
(၂၁)။ငှက်အများ ကောင်ကင်၌ ပျံသန်းခြင်းကိုမပြုကြ။(ထိုခဏ၌ ငှက်များကောင်းကင်၌ ပျံသွားခြင်းမရှိ။)
(၂၂)။တသုန်သုန် တသွင်သွင် အစဉ်မပြတ် စီးသွားစုန်ဆင်းမြဲဖြစ်သော မြစ်ရေအယဉ်တို့သည် အရှင်က ငေါက်၍ ကြောက်ရွံ့ရပ်နားသည့် ကျွန်အလား စီးသွားစုန်ဆင်းခြင်းမရှိဘဲ ပကတိရပ်တန့်ငြိမ်သက်၍ ရပ်နေကုန်၏။
(၂၃)။မဟာသမုဒ္ဒရာ၌ ပကတိက ငန်သည့် အရရှိသော ရေသည် ထိုခဏ၌ ချိုမြိန်၍လာလေ၏။
(၂၄)။အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာ ကြာမျိုးငါးပါးတို့ ဖြန့်လွှားဖုံးကွယ်လျက်ရှိကုန်၏။(ရေကန် ရေအိုင်တိုင်း ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းအပ်သော ရေမျက်နှာပြင်ရှိ၏။)
(၂၅)။အလုံးစုံသော ကြည်းပန်း(ကုန်းပန်း) ရေပန်းတို့သည် ထိုခဏ၌ တစ်ပြိုင်နက်ပွင့်ကြကုန်၏။
(၂၆)။သစ်ပင်တို့၏ ပင်လုံးပင်စည်တို့၌ ခန္ဓ ပဒုမခေါ် ပင်စည်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။
(၂၇)။သစ်ပင်တို့၏ အခက်တို့၌ သာခါပဒုမ မည်သော အခက်ပန်းတို့ အဆန်းတကြယ်ပွင့်ကြကုန်၏။
(၂၈)။သစ်ပင်တို့၏ အနွယ်တို့၌ လတာပဒုမ မည်သော အနွယ်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။
(၂၉)။ဒဏ္ဍ ပဒုမမည်သော အရိုးတန်ပန်းတို့သည်လည်း ကုန်မြေတစ်ခွင် ကျောက်ဖြာအပြင် တို့ကို ဖောက်ထွင်းကာ ခုနစ်ဆင့် ခုနစ်ဆင့်ဖြစ်၍ ပွင့်ထွန်းပေါ်ပေါက်လာကုန်၏။
(၃၀)။ကောင်းကင်၌ ပဒုမာကြာပန်းတို့သည် အောင်သို့ တူရူ မျက်နှာ မူလျက် တွဲရရွဲ ဆွဲကြကုန်၏။
(၃၁)။အရပ်ထပ်ဝန်းကျင်မှ ပန်းမိုးတို့ တဖြိုးဖြိုး ရွာသွန်းကုန်၏။
(၃၂)။ကောင်းကင်၌ နတ်ဖြစ် တူရိယာတို့လည်း မတီးမမှုတ်ရဘဲ အလိုအလျှောက် အသံမြည်ကုန်၏။
ဇာတိခေတ်(ပဋိသန္ဓေ)နေစဉ် စကြာဝဠာ တိုက်ပေါင်း လောက ဓာတ် တစ်သောင်းသည် ဤဆိုအပ်ပြီးသည့် ပုဗ္ဗ နိမိတ်ကြီး အံ့ဖွယ်ကြီး(၃၂)တို့ဖြင့် တန်ဆာဆင်ရကား၊အလုံးပြု၍ လွှင့်ပစ်အပ်သော ပန်းလုံးကြီးကဲ့သို့လည်းကောင်း၊အပြည့်အကြပ် ကြားမလပ်အောင်ဖွဲ့အပ်သော ပန်းစည်းကြီးကဲ့သို့လည်းကောင်း၊တန်ဆာပြင်ဆင် ခင်းကျင်းအပ်သော ပန်းနေရာကြီးကဲ့သို့လည်းကောင်း၊ပန်းနှင့်ပန်းချင်းထပ်မျှရှိလျက် သားမြီးယပ်ဖြင့် တလွှဲလွှဲ ခတ်အပ်သည့်ပမာ ပန်းအထုံအခိုးနံ့သာတို့ဖြင့် ထက်ဝန်းကျင် ကြိုင်လှိုင်လျက် လွန်မြတ်သော ကြက်သရေအစုသို့ ရောက်လေတော့သည်။
ဒါက မြတ်စွာဘုရားရှင် ဖွားတော်မမူမီ ပဋိသန္ဓေနေစဉ်အခါ စကြာဝဠာတိုက်ပေါင်းမှာကြိုတင်ပြီး ဖြစ်ပေါ်လေ့ရှိတဲ့ ပုဗ္ဗနိမိတ်ကြီး(၃၂)ပါးဖြစ်ပါတယ်။
ကိုးကား။ ။နဝဓုတင်္ဂါစာရ မဟာထေရ်၏ ကမ္ဘာ့ဂန္ထဝင် သာသနာ့သင်ခန်းစာကျမ်းမှ အရေးအသားများသာဖြစ်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

ကိုယ်ပိုင်ဥစ္စာ မရှိပါ (အသောကမင်းကြီးရဲ့ ဘ၀နိဂုံး)


ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် တိရိစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာရယ်လို့မရှိပါဘူး။ လောကအလိုအားဖြင့်တော့ ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုတာ အနည်းနှင့်အများသာကွာခြားပါတယ်။ ရှိတန်သလောက်တော့ ရှိနေကြတာပါ။ ဒါပေမယ့် ပစ္စည်းဥစ္စာဆိုတာက (ရေ မီး မင်း ခိုးသူ သားဆိုးသမီး)ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး ပျက်စီး ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ အဲဒီရန်သူမျိုးငါးပါးနဲ့ မကြုံသေးခင်မှာတော့ ကိုယ်ပိုင်ဥစ္စာလို့ ထင်နေတတ်ကြပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီပြောမယ်ဆိုရင် ပြည့်စုံခြင်းဆိုတဲ့အရာဟာ ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်တဲ့။ လောကမှာ ပြည့်စုံနေ၊ ကြီးပွားချမ်းသာနေခြင်းဟာ နောက်ဆုံးတစ်ချိန်မှာတော့ ပျက်ဆီးသွားကြတာချည်းပါပဲ။ မွေးဖွားခြင်းသည် သေခြင်းမှာအဆုံးရှိတယ်ဆိုသလိုပေါ့။ ပြည့်စုံချမ်းသာခြင်းသည်လည်း ပျက်ဆစီးခြင်းလျှင်အဆုံးရှိတယ်လို့ပြောရမှာပါ။ တကယ်တော့ ဒီစကားလုံးလေးက ဦးဇင်းတို့ဥာဏ်ကနေ ထွက်ပေါ်လာတာမဟုတ်ပဲ မြတ်စွာဘုရားရှင်ရဲ့ စကားလုံးတော်လေးပါ။ မှန်ပါတယ်။ စောစောက ပစ္စည်းဥစ္စာများ ဘယ်လိုပဲပြည့်စုံနေပါစေ၊ နောက်ဆုံးမှာတော့ (သေဆုံးချိန်)မှာတော့ဘာတစ်ခုမှယူသွားလို့မရပါဘူး။ထို့အတူ အခြံအရံများခြင်းဟာလည်း အခြံရံမဲ့ခြင်းမှာအဆုံးသတ်ပါတယ်။ လောကဘက်က ကောင်းတာမှန်သမျှ နောက်ဆုံးကျတော့ အကုန်လုံး ကင်းမဲ့ သွားတော့တာပဲလေ။ အဲဒီအကြောင်းလေးကိုသက်သေပြတဲ့အနေနဲ့ အာသောကမင်းကြီး၏အတ္ထုပ္ပတ္တိကိုဖတ်ခြင်းဖြင့်သိနိုင်ပါတယ်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် (၂၁၈)နှစ်လောက်မှာ အိန္ဒိယနိုင်ငံမှာ အသောကမင်းကြီးဆိုတာပေါ်ထွန်းခဲ့ပါတယ်။ ဇဗ္ဗူဒီပါတစ်ကျွန်းလုံးကို အစိုးရတယ်လို့ ဆိုပါတယ်။ အဋ္ဌကထာဆရာတွေရဲ့အဆိုရ ပြောမယ်ဆိုရင် အထက်ကောင်းကင် တစ်ယူဇနာအထိအစိုးရတယ်၊ ဘုန်းတန်ခိုးကြီးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် နောက်ဆုံးနတ်ရွာစံခါနီး အချိန်မှာတော့ ဆီးဖြူသီးတစ်ခြမ်းမျှသာပိုင်ဆိုင်အစိုးရတော့တယ်လို့ ဝိသုဒ္ဓိမဂ်မှာပြဆိုထားပါတယ်။ အသောကမင်းကြီးက စောစောပိုင်းကတော့ အလွန်တန်ခိုးကြီးတယ်။ ဇဗ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရတယ်လို့လည်းချီးကျူးရတယ်။ ပစ္စည်းဥစ္စာတွေလည်း အလွန်ပေါများပြည့်စုံပါတယ်။ တစ်နေ့တည်းနဲ့ကို (၉၆)ကုဋေတောင်လှူခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ဘုန်းတန်ခိုး သြဇာ အာဏာ အခြံအရံ စည်းစိမ်ဥစ္စာပြည့်စုံခဲ့တဲ့မင်းကြီး နောက်ဆုံး နတ်ရွာစံခါနီးကျတော့ ကျန်းမာရေးက ဖောက်ပြန်လာတယ်။ အာသောကမင်းကြီးထံမှာ ခစားနေတဲ့ မှူးကြီး အမတ်ကြီး စတဲ့သူတွေကလည်း ရိုသေမှုတွေပေါ့သွားဟန်တူပါတယ်။
အာသောကမင်းကြီးကျန်းမာရေးမကောင်းတဲ့အချိန်မှာ စားဖွယ်များကို မူလက ဆက်သနေကျအတိုင်း ရွှေခွက်နဲ့ဆက်သပါတယ်။ စားသုံးပြီးတဲ့အခါကျတော့ အာသောကမင်းကြီးက အဲဒီရွှေခွက်ကို ကုက္ကုဋာရာမကျောင်းကို ပို့လှူစေတယ်။ အဲဒီနောက် ငွေခွက်နဲ့ ဆက်သတယ်။ ရိုသေမှုတွေ တစ်စတစ်စ လျော့နည်းသွားပုံပါ။ အဲဒီငွေခွက်ကိုလည်း ကုက္ကုဋာရာမကျောင်းကိုလှူစေပြန်တယ်။ အဲဒီလို ရွှေခွက် ငွေခွက်တွေကိုလှူတယ်ဆိုတာကလည်း ကုဋေ တစ်ရာပြည့်ရန် လေးကုဋေလိုနေတဲ့အတွက် ပြည့်အောင်လှူတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ မှူးမတ်များက စားစရာ သောက်စရာများကို မြေခွက်နဲ့ဆက်သကြတယ်တဲ့။ ရိုသေမှုတွေ လေးစားမှုတွေ ကြောက်ရွံ့မှုတွေ အတော်နည်းသွားတဲ့သဘောပါ။ နောက်ဆုံးမှာတော့ မင်းကြီးရဲ့လက်ထဲကို ဇီးဖြူသီးတစ်ခြမ်းမျှသာရောက်လာပါတယ်။ အဲဒီတော့ အာသောကမင်းကြီးလည်း အင်မတန် ထိတ်လန့် တုန်လှုပ်ခြောက်ခြားသွားတော့ မှူးမတ်တွေ နန်းတွင်သူ နန်းတွင်သားတွေ ကိုစည်းဝေးစေပါတယ်။ စည်းဝေးပြီးတဲ့အခါမှာတော့ အာသောကမင်းကြီးက ဒီနိုင်ငံမြေကို ဘယ်သူအစိုးရသလဲလို့မေးတော့ မှူးမတ်တွေက အရှင်မင်းကြီးအစိုးရပါတယ်၊ ပိုင်ပါတယ်လို့လျှောက်ပါတယ်။ အဲဒီတော့ မင်းကြီးက မင်းတို့ပြောတဲ့အတိုင်း ငါပိုင်တာ ငါအစိုးရတာမဟုတ်တော့ဘူး။ အခုအခါမှာ ငါပိုင်တာ ငါအစိုးရတာဆိုလို့ ဆီးဖြူသီးတစ်ခြမ်းပဲရှိတော့တယ်လို့ပြောပြလိုက်တယ်တဲ့။ ပြီးတော့ “ပြည့်စုံခြင်းဟူသမျှ ပျက်ဆီးခြင်း အဆုံးရှိတယ်"လို့ဟောတော်မူတဲ့ မြတ်စွာဘုရားစကားတော် တရားတော် မှန်ကန်ကြောင်းကိုလည်း မြွတ်ဆိုသွားပါတယ်။
ဒါကြောင့် သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာမရှိဘူး။ သေတဲ့အခါ အားလုံးကို စွန့်လွှတ်သွားကြရမယ် ဆိုတာ တကယ်မှန်တဲ့ တရားတော်ပါ။ ငါ့ဟာ ငါဥစ္စာနဲ့ အစွဲအလမ်းကြီးနေကြပေမယ့် သေတဲ့အခါကျတော့ (သေတဲ့အခါကိုထားဦး။ အခုအာသောမင်းကြီးဆို သေတောင်မသေသေးခင် နာရုံပဲရှိပါသေးတယ်) ပိုင်ဆိုင်သမျှကိုစွန့်လွှတ်သွားခဲ့ရတာပါ။ သေချိန်ရောက်ရင်တော့ ပြောဖွယ်ရမရှိပါ။ အားလုံး အကုန်လုံးကိုစွန့်လွှတ်သွားကြရပါတယ်။ ကိုယ်မှာဝတ်ထားတဲ့ အဖိုးတန်တဲ့အရာဆို ဘယ်အရာမှတောင် ပါအောင်မယူနိုင်ကြပါဘူး။ ဘယ်သူ့မှာ ငါ့မိဘ ငါ့ဆရာသမားဆိုပြီး အဘိုးတန်းရွှေ ငွေတွေထည့်ပေးလိုက်တာမရှိပါဘူး။ မိမိတို့ပိုင်ဆိုင်တယ်လို့ ထင်ထားတဲ့ ရုပ်ခန္ဓာကိုယ်ပင် စွန့်ခွာကြရတာဆိုတော့ ကျန်တာပြောဖွယ်ရာမရှိတော့ပါဘူး။ အဲဒီလို ဘဝတိုင်း ကိုယ်ပိုင်တယ်လို့ထင်ထားတဲ့ ပစ္စည်းဥစ္စာများကို စွန့်လွှတ်သွားကြရတာတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က မွေးဖွားခြင်းသည် သေဆုံးခြင်းလျှင်အဆုံးရှိတယ်၊ ပြည့်စုံခြင်းသည် ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်၊ လှပပျိုမြစ်ခြင်းသည် အိုခြင်းလျှင်အဆုံးရှိတယ် စသည်ဖြင့်ဟောတော်မူခဲ့တာပါ။ ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်း အာသောကမင်းကြီး၏အဖြစ်ကိုသံဝေဂယူပြီး မအိုခင် မနာခင် မသေခင်မှာ ကိုယ်ပိုင်ဥစ္စာရှိအောင် ဒါန သီလ သမထ ဝိပဿနာများကိုကြိုးးစားပွားများအားထုတ်ပြီး ကိုယ်ပိုင်မယ့် ဥစ္စာများကိုထုတ်ယူနိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်....

အမျိုးဟူသည် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြသော တ...ိုင်းရင်းသားအားလုံးပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြသော မြန်မာတိုင်းရင်းသားဟု အကျုံးဝင်သည့် လူမျိုး(၁၃၅)မျိုးရှိပါသည်။
ဘာသာဟူသည် မြန်မာနိုင်ငံသားအများစု အစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပါသည်။
သာသနာဟူသည် ဗုဒ္ဓဘုရားရှင် ဆိုဆုံးမခဲ့သည့်
တရားတော်များဖြစ်ပါသည်။
ရိုးသားဖြူစင်၍ သူတစ်ပါးကို အားနာတတ်သော(အယုံလွယ်သော)
မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံကြီးကို သဘောကျသည့် ဘာသာခြား လူမျိုးခြားတို့သည်
မြန်မာမိန်းကလေးများကို စည်းရုံးသိမ်းသွင်းလက်ထပ်ပြီး မြန်မာနိုင်ငံမှာ
ခြေကုတ်ယူလိုက်ကြပါတော့သည်။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးလေးတွေကိုယူပြီး သူတို့၏ ဘာသာတရားအားကောင်းအောင် ပြုလုပ်လိုက်ပါသည်။ ဆင်းရဲနွမ်းပါးပြီး အသိဉာဏ်နည်းပါးသော ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးအချို့လည်း ဘာသာခြားဖြစ်သွားပါသည်။ တစ်စပြီးတစ်စ
ချည်နှောင်ခံလိုက်ရခြင်းကြောင့် မြန်မာနိုင်ငံမှာ
ဘာသာခြားအရေအတွက် ကိန်းဂဏန်းနှစ်စဉ်
တိုးပွားလာသည်မှာ မြင်တတ်သူများ အသိပင်ဖြစ်သည်။
မြန်မာနိုင်ငံတော်ကြီးလွတ်လပ်ရေး ရခဲ့သော်လည်း
မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွေမှာ (အခြားသောမလေးရှား အီရတ်စသည်တို့ကဲ့သို့
ဘာသာရေးဥပဒေ မျိုးစောင့်ဥပဒေ)မရှိခဲ့ပဲ ဘာသာခြားများနှင့် စည်းမရှိကမ်းမရှိ လွတ်လပ်စွာ
လက်ထပ်ခွင့်ပြုထားသောကြောင့် ဘာသာခြားအန္တရာယ်ကြီးမားလှပါသည်။
အကြောင်းအကျိုးကိုစဉ်းစားကြည့်သောအခါ..
၁။ မြတ်ဗုဒ္ဓ၏ တရားတော်များကို လိုက်နာကျင့်သုံးမှု အားနည်းခြင်း။
၂။ စီးပွားရေးနိမ့်ကျခြင်း။
၃။ လူမျိုးခြား ဘာသာခြားတို့နှင့် အိမ်ထောင်ပြုလိုက်ခြင်းအားဖြင့် ကိုယ့်အမျိုး
ကိုယ့်ဘာသာ ကိုယ့်သာသနာ ဘယ်၍ဘယ်မျှ
နစ်နာဆုံးရှုံးသွားကြောင်းကို မသိခြင်း။
၎။ မြို့နယ် ရပ်ကွက် ကျေးရွာရှိ လူကြီးမိဘ ဆရာသမား အသင်းအဖွဲ့တို့သည် ဤအရေးကိစ္စ
နှင့်ပတ်သက်၍ ဆုံးမသြဝါဒပေးရန် အသိနည်းခြင်း
ကိုယ့်အမျိုး ကိုယ့်ဘာသာ ပျောက်ဆုံးမည်ကို သတိမမူခြင်း။
၅။ လူမျိုးခြားဘာသာခြားများနှင့်ရောနှောနီးကပ်စွာ
လက်ပွန်းတစ်တီး ဆက်ဆံနေထိုင်ခြင်း။
၆။ ဘာသာရေး လူမျိုးရေးအရ လူမျိုးခြား ဘာသာခြားတို့နှင့်လက်မထပ်နိုင်ရန် တားမြစ်ထားသည့် ဥပဒေများမရှိခြင်း။
၇။ ဇာတ်သီးခြားမရှိခြင်း(မျိုးချစ်စိတ်မရှိခြင်း)။
၈။ ယခုခေတ် စားဝတ်နေရေးအရ လူမျိုးခြားဘာသာခြားတို့၏ အရောင်းဆိုင်တွေမှာ
မြန်မာသမီးပျိုလေးများ အလုပ်ဝင်ရောက် လုပ်ကိုင်နေရခြင်း(မိဘများကသဘောတူခြင်း)။
ဤအချက်တွေအပြင် နယ်စပ်ဒေသကတိုင်းရင်းသားကျေးရွာလေးများသို့
ဗုဒ္ဓဘာသာပျံ့နှံ့အားနည်းမှုကို အခွင့်ကောင်းယူကာ ဘာသာခြားတို့၏ သာသနာပြုခြင်းတည်းဟူသော အကြောင်းတရားတွေလည်း ပါဝင်ခဲ့ပါသည်။
အကြောင်းတရားအားလုံးကို ခြုံငုံသုံးသပ်ပြီး
သူတစ်ပါး(ဘာသာခြား)များကို အပြစ်မတင်ပဲ
`ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်း၏။´
ဆိုသကဲ့သို့ မြန်မာလူမျိုးတို့အနေနှင့်မိမိတို့ ခြံစည်းရိုးကို လုံအောင်ခတ်ပါက သူတစ်ပါး အလွယ်တကူ ဝင်ရောက်၍ မရနိုင်ပါ။
လူမျိုးနှင့် ဘာသာ၏တန်ဖိုးကိုသိကြပါ..
(နယ်လှည့်ဓမ္မကထိက အရှင်ပညာသီရိ၏
ဆောင်းပါးမှ ကောက်နုတ်ချက်)

Wednesday, 4 September 2013

အီရေးဇား ( Eraser )

အီရေးဇား ( Eraser )


“ အမှားတစ်ကြောင်း ၊ပျက်စေကြောင်းဆို
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လံုးပါးပါးခု၊ ငါမမွဳဘူးေ
ပလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။ ”
မြင်ကွင်းမှတစ်ဆင့် နှလုံးသားဆီသို့ ထိမှန်လာသော ပခုက္ကူမောင်သုတ၏ “ခဲဖျက်တစ်ခု၏ နိယာမ” ကဗျာလေးအား အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ခဲဖျက်တစ်ခု၏ နိယာမဆိုသည့်အတိုင်း ခဲဖျက်နှင့်ပတ်သက်သည့် အမှန်တရားတစ်ခု ကို ဖော်ကျူးထားသည်။ အမှားတစ်ခုကို ပြင်ပေးချင်သော စေတနာ၊ အမှားကိုသိပြီး အမှန်ပြင်ရင်းမှ မိမိဘ၀နစ်မွမ်းချင်နစ်မွမ်း ပါစေ ကူညီဖေးမချင်သော အနစ်နာ စသည့် နိယာမများသည်ကား ခဲဖျက်၏ အမှန်တရားတစ်ခုပင်ဖြစ်သည်။
ခဲဖျက်နှင့်ပတ်သက်ပြီး ကျွန်မတွင် ထူးခြားသော စိတ်ခံစားမှုများ၊ ဖြစ်ရပ်များစွာရှိလေသည်။ ငယ်စဉ် ပထမတန်းကျောင်းသူ ဘ၀ကတည်းက အီး-အာ-အေ-အက်စ်-အီး-အာ (အီရေးဆား) ခဲဖျက်ဟု  အင်္ဂလိပ်စာ မီးနင်းကို ငပိသံတစ်တစ်ခွခွနှင့် ကျက်ခဲ့ ရသည်ကို မက်မက်မောမောရှိခဲ့ဖူးသည်။ ပထမတန်း အရွယ်အနေဖြင့် ၄င်းအီရေဆားဆိုသော စာလုံးပေါင်းသည် ခက်ကောင်း ခက်မည်မှန်သော်လည်း ကျွန်မအဖို့ တော့ ထိုမီးနင်းလေးကို ကျက်မှတ်တိုင်း စိတ်ထဲမှ အမျိုးအမည်မသိသော ခံစား ချက်လေး ခံစားရစမြဲပင်။ တစ်ခြားစာလုံးပေါင်းများကို မကြာခဏ မေ့တတ်သော်လည်း ၄င်းအီရေးဆားဆိုသော ခဲဖျက် ကလေး၏ စာလုံးပေါင်းကိုတော့ ဘယ်သောအခါမှ ကျွန်မ မမေ့တတ်ချေ။ ကွက်လပ်ဖြည့်သည့်အခါတိုင်းလည်း အမြဲလိုလို မှန်အောင်ဖြည့်တတ်သည်။ တစ်ဆက်တည်း ၄င်းအီရေးဆားနှင့်တွဲဖက် အာတီကယ်စာလုံးမှာ အေ-အန် (အန်) ဆိုသည်ကို လည်း တွဲမှတ်ထားတတ်သေးသည်။ ထိုမှတစ်ဆင့် အတန်းတစ်ဆင့်ပြီးတစ်ဆင့် တက်လာသောအခါတွင်လည်း ၄င်း အီရေး ဆားသည် ဗာဝယ်လ်(သရ)နှင့် စသည်ကိုပါ သိမှတ်လာရသည်။ ၄င်းအပြင် ထိုအီရေးဆားလေးသည် ကျွန်မ ကျောင်းသူ ဘ၀ သက်တမ်းတစ်လျောက်လုံးတွင် အကောင်းဆုံးသူငယ်ချင်းအဖြစ် ကျွန်မဘေးမှ ရပ်တည်လာခဲ့လေသည်။ မူလ တန်းကျောင်းသူမှ အလယ်တန်းကျောင်းသူဘ၀သို့ ရောက်သည့်အခါတွင်လည်း ထိုခဲဖျက်ကလေးသည် ကျွန်မနှင့် တစ်ဖ၀ါး မှ မခွာကပ်ပါလာစမြဲပင်ဖြစ်သည်။ အမှန်တရားတစ်ခုသို့ ဦးတည်ရင်း အမှားတွေ့ သည့်အခါတိုင်း ထိုအီရေးဆားလေး သည် ကျွန်မအတွက် အကောင်းဆုံး လမ်းပြပေးသူတစ်ဦးလည်းဖြစ်လေသည်။ မိမိလိုအပ်နေချိန်တွင် မိမိအား ဖေးမညှာတာ လမ်းညွှန်သူတိုင်းကို လိုလားသော လူ့ စိတ်၏ သဘာဝအရလည်းကောင်း၊ ထိုအရာနှင့်ပတ်သက်လျှင် ထူးခြားသောစိတ်ခံစား ချက်ရှိသည်ကလည်းကောင်း ခဲဖျက်ကလေးသည် ကျွန်မ တန်ဖိုးအထားဆုံးသော ကျောင်းသုံးပစည်း တစ်ခု ဖြစ်လာလေ သည်။
ထိုသို့ နှစ်ခြိုက်စွဲလမ်းရာမှ ကျောင်းသုံးပစည်းရောင်းသည့်ဆိုင်ရောက်တိုင်း ကျွန်မ အမြဲလိုလိုဝယ်ဖြစ်သည့် အရာမှာလည်း  ခဲဖျက်ပင်ဖြစ်သည်။ ပုံစံမျိုးစုံ ကာလာစုံ ခဲဖျက်ကလေးများသည် ကျွန်မဆီတွင် အသစ်အတိုင်း အများကြီးရှိလေသည်။ ကျွန်မ အကြောင်းကိုသိသော သူငယ်ချင်းများကပင် ခဲဖျက်တွေပြန်ရောင်းစားမလို့ လားဟု ပြောယူရသည်အထိ ကျွန်မ၏မုန့်ဖိုး   တော်တော်များများသည် ခဲဖျက်ကလေးအတွက် ရင်းနှီးထားခဲ့မိလေသည်။
တစ်ခါကတည်း ကျွန်မချစ်သောခဲဖျက်နှင့်ပတ်သက်သည့် အမှတ်တရအဖြစ်အပျက်တစ်ခုက ဖြစ်ပျက်လို့ လာခဲ့လေသည်။ စင်္ကာပူမှပြန်လာသော ကျွန်မဦးလေး (ကျွန်မအမေ၏အစ်ကို)က မေမေ့ဆီမှသိလို့ ပဲလားတော့မသိ သူပြန်လာသောအခါ တစ်ခြားသူတွေအတွက် အ၀တ်အစား၊နာရီအစရှိသဖြင့် လက်ဆောင်များပါသော်လည်း ကျွန်မအတွက် ထူးထူးခြားခြား ခဲဖျက်ကလေးဝယ်လာလေသည်။ ခဲဖျက်လေးသည် အနီ၊အ၀ါ၊အပြာစသည့် ကာလာသုံးမျိုးဖြင့်စပ် ထားသော လေယာဉ် ပျံပုံစံ ဖြစ်သည်။ ကျွန်မ ထိုခဲဖျက်လေးကို အင်မတန်ကြိုက်သည်။ ထို့ကြောင့် မဖျက်ရက် မသုံးရက်ဘဲ အမှတ်တရ ဒီတိုင်းလေးပဲ ထားခဲ့မိသည်။ သို့ သော် အိမ်မှာတော့ မသိမ်းဆည်းခဲ့မိ။ ကလေးသဘာဝ သူငယ်ချင်းများကို ကြွားချင်သည် မို့ ကျောင်းသို့ ထည့်လာခဲ့မိသည်။ ထိုစဉ်ကတော့ နိုင်ငံခြားက ပစည်းဆိုရင် အကောင်းစားဟု ဂုဏ်ယူဝံ့ကြွား ချင်သောစိတ် က အပြည့်မို့  သူငယ်ချင်းများကြားတွင် “ ဒါ ငါ့ဦးလေး စင်္ကာပူက ၀ယ်လာတာ”ဟု ခပ်မော့မော့ကလေး ကြွားချင်စိတ်သာ ကြီးစိုးနေလေသည်။ ထိုကြွားဝါချင်သောစိတ်ကြောင့်ပင် ကျွန်မဘ၀တွင် ဘယ်တော့မှ မမေ့နိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ် ခဲ့လေသည်။ထိုနေ့ က ကျွန်မတို့ ကို ပထ၀ီဆရာမက မြန်မာပြည်မြေပုံဆွဲခိုင်းလေသည်။ အတန်းတွင်းစစ်ဆေးခြင်းတစ်မျိုးမို့  အချိန် ကန့် သတ်ထားသည်။ သေသေသပ်သပ်နှင့် လှလှပပဆွဲနိုင်သူကို ဆုပေးမည်မို့  ကျွန်မတို့  စာနှင့်ပတ်သက်သည့် စွာတေး လန်အုပ်စု သူ့ ထက်ငါအပြိုင်ဆွဲနေကြလေသည်။ ကျွန်မလည်း အကြိမ်ကြိမ်လေ့ကျင့်ထားပြီးသားမို့  အလွယ်တကူ ဆွဲနေမိ သည်။ ထိုသို့ ဆွဲနေတုန်း ကျွန်မဘေးမှ သူငယ်ချင်းလက်နှင့် တွန်းတိုက်မိသွားသောကြောင့် ကျွန်မခဲခြစ်ရာသည် ယိုင် သွားလေသည်။ တစ်နည်းဆိုရသော် ကျွန်မ ပုံမှာ မှားသွားလေသည်။ ထို့ ကြောင့် ခဲဖျက်နှင့်ဖျက်ရန် ကျွန်မဘေးမှ သူငယ် ချင်း၏ ခဲဖျက်ကို ကောက်ယူလိုက်မိသည်။ သို့ ရာတွင် ထိုခဲဖျက်သည် ကျွန်မလက်ထဲသို့ ပါမလာခဲ့ချေ။ အကြောင်းမှာ ကျွန်မလှမ်းယူလိုက်သော ခဲဖျက်သည် ကျွန်မသူငယ်ချင်းလက်ထဲတွင်ရောက်ရှိနေသောကြောင့်ဖြစ်သည်။
ကျွန်မလည်း ကျွန်မသူငယ်ချင်းကို နားမလည်နိုင်သည့်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ကျွန်မ သူငယ်ချင်း က “နင့်မှာလည်း နင့်ဦးလေးပေးလိုက်တဲ့ခဲဖျက်ရှိနေတာပဲ ငါ့ခဲဖျက်ဘာလို့ လာဖျက်တာလဲ မပေးနိုင်ပါဘူး”ဟုဆိုလာသည်။ အတန်းထဲတွင် စာပြိုင်ဖက်ချင်းမို့ ထိုသို့ ပြောလာသည်မှာ ဆန်းတော့မဆန်းပါချေ။ ခက်တာက ကျွန်မလည်း ထိုနေ့မှ တစ်ခြားသုံးနေကျခဲဖျက်က ပါမလာခဲ့ချေ။ အိမ်မှာကျန်ခဲ့တာလား ပျောက်တာပဲလားတော့မသိ။ ယခုအရေးကြီးတဲ့အချိန်ကျမှ ကျွန်မတော်တော်လေးအခက်တွေ့ နေသည်။ ဒီလိုဆိုရင် ကျွန်မဦးလေးပေးထားတဲ့ ခဲဖျက်လေးကို ထုတ်သုံးလိုက်ရ မလား။ ဟင့်အင်း ကျွန်မခဲဖျက်လေး ကုန်သွားမှာစိုးတယ်။ ကျွန်မသူငယ်ချင်းတွေကြားမှာ နိုင်ငံခြားကခဲဖျက်ကိုင်သုံးနိုင်တယ် ဆိုပြီး ဂုဏ်မယူရဘဲနေမှာပေါ့။ အတွေးများနဲ့  ကျွန်မသူငယ်ချင်းကို ပြန်ပြောမည်အလုပ် သူမဆက်ပြောလာသည်က
“ ဘာလဲ နင်နှမျောနေတာလား။ လုပ်မနေနဲ့  အဲဒါလည်း ခဲဖျက်ပဲ ၊ နိုင်ငံခြားကလာလာ ဘယ်ကလာလာ ခဲဖျက်က ခဲဖျက်ပဲ ၊ သူ့ သဘာဝကိုက အမှားလုပ်ရင် ဖျက်ရမှာပဲ၊ ခဲဖျက်ဖြစ်ပြီး အမှားမဖျက်ရင် ဘယ်လိုလုပ် ခဲဖျက်တန်ဖိုးရှိတော့မှာလဲ”  ။
ကျွန်မလည်း ဘယ်လိုမှ လုပ်မရတော့တာမို့  (သူမဆီက ခဲဖျက်ငှားလို့  ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သိတာမို့  ကျွန်မ ခဲဖျက်လေးကို နှမျောမျောနှင့် ထုတ်သုံးလိုက်ရလေသည်။ အရာအယွင်းပျက်မှာစိုးသည်မို့  ခပ်ဖွဖွလေး ဖျက်ခဲ့မိသည်။ ထိုနေ့  က ဆရာမပေးသောဆုကို ကျွန်မရခဲ့သည်။ သို့သော် စိတ်ဝယ်သိပ်တော့ မပျော်မိချေ။အကြောင်းမှာ ကျွန်မ ခဲဖျက်လေးကို မသုံးချင်ဘဲ ထုတ်သုံးလိုက်ရသောကြောင်ပင်။
ဒီလိုနှင့် အတန်းတွေ တစ်တန်းပြီးတစ်တန်းတက်လာရင်း ခဲဖျက်ကလေးကို မသုံးတော့သည့်အချိန်ထိ ကျွန်မ ဘောပင်အိတ် ထဲတွင် နေရာယူခိုင်းရင်း ကျွန်မသည်လည်းပဲ လူပီသသောစိတ်ထားလေး အနည်းငယ်ပိုင်ဆိုင်လို့ လာခဲ့လေသည်။ ကျွန်မ ငယ်စဉ်က ကျွန်မသူငယ်ချင်းပြောသော စကားများသည် ယခုအချိန်တွင် အင်မတန်မှ တန်ဖိုးရှိနေလေပြီ။ ထိုစကား အတိုင်း ကျင့်ကြံနေထိုင်နိုင်ရင် ကျွန်မ အားထုတ်နေမိပြီဖြစ်သည်။
အကယ်၍ ကျွန်မတို့ လူသားများကို ခဲဖျက်တစ်ခုနှင့် နှိုင်ယှဉ်မည်ဆိုပါစို့။ခဲဖျက်သည် မိမိအကျိုးအတွက် ခဲဖျက်ဟူသော ဝေါ ဟာရကိုပိုင်ဆိုင်ထားခြင်းမဟုတ်။ သူတစ်ပါး၏ အမှားများကို အမှန်ပြင်ပေးရင်း မိမိဘ၀ နစ်မွမ်းနေပါစေ ဂုဏ်ယူစွာနေ ထိုင်ရင်း အချိန်များကို ကုန်လွန်နေသည်မှာ ခဲဖျက်ပင်ဖြစ်သည်။ ဒီလိုဆိုလျှင် ခဲဖျက်တစ်ခုပမာပြုထားသော ကျွန်မတို့ လူသားများသည်လည်း မိမိတို့ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ အလှဆင်ရင်း…၊လျှောက်လှမ်းနေသော လမ်းခုလတ် တွင် တွေ့လာရသော အမှားဟူသမျှကို တတ်နိုင်သမျှ တတ်စွမ်းသမျှ အမှန်ပြင်ပေးရင်း မိမိ၏ အချိန်၊ မိမိ၏ဘ၀ကို ရင်းနီးပေး ဆပ်ထားသင့်သည်မဟုတ်ပါလော။ အမှားတစ်ခုကို ပြင်ပေးဖို့ အသုံးပြုပါမှ ခဲဖျက်တစ်ခုက နိယာမ ပီပြင်မည်ဖြစ်သကဲ့သို့  မိမိနေထိုင်ရာ ၀န်းကျင်ကို တတ်စွမ်းသမျှ အလင်းပေးပါမှ လူသားဟူသော ဝေါဟာရ ပီပြင်မည်ဖြစ်ပေမည်။
အတိတ်ဆီသို့ ကွန်းခိုနေသော အတွေးများက လက်ရှိအချိန်သို့ ကပ်မိသည်နှင့် မျက်စိရှေ့ မှ ကဗျာလေးကို နောက် တစ်ခေါက် ထပ်ဖတ်မိသည်။
“ ခဲဖျက်တစ်ခု၏ နိယာမ ”
အမှားတစ်ကြောင်း ၊ပျက်စေကြောင်းဆို
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လံုးပါးပါးခု၊ ငါမမွဳဘူးေ
ပလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။
(ပခုက္ကူမောင်သုတ)
ချစ်ခင်လေးစားလျက်
ဆုဂျေ

Sunday, 25 August 2013

မျိုးကြီး Collection

 
Funny Harmony – မျိုးကြီး @ MAMC.mp3 1.6Mb
ကျွှန်ုပ်ဘ၀ – မျိုးကြီး @ MAMC.mp3 2.2Mb
Rock သီချင်းတစ်ပုဒ် – မျိုးကြီး @ MAMC.mp3 3.3Mb
Rock N Roll ခရီးသည် – မျိုးကြီး @ MAMC.mp3 4.2Mb
ကတ္ထီပါလမ်းခွဲ – မျိုးကြီး @ MAMC.mp3 4.3Mb
ကြယ်တွေကြွေသွားသည့်တိုင် – မျိုးကြီး @ MAMC.mp3 4.5Mb
ကြည့်လို့မကောင်းတဲ့ပွဲ – မျိုးကြီး @ MAMC.mp3 5.7Mb
ခွင့်လွှတ်ခြင်း – မျိုးကြီး @ MAMC.mp3 3.9Mb
ကျွမ်းလောကင်ခြင်း – မျိုးကြီး @ MAMC.mp3 6.1Mb
ခံစားချက်မျက်နှာ – မျိုးကြီး @ MAMC.mp3 5.8Mb
M.y.a.n.m.a.r – မျိုးကြီး @ MAMC.MP3 8.0Mb
ငှက်တစ်ကောင်၏ အိပ်မက် – မျိုးကြီး @ MAMC.mp3 3.4Mb
တိုင်ပတ်တယ့်ကမ္ဘာ – မျိုးကြီး @ MAMC.mp3 3.5Mb
ငါတို့ခွန်အား – မျိုးကြီး @ MAMC.mp3 2.6Mb
ဆန့်ကျင်ဘက် – မျိုးကြီး @ MAMC.wma 2.0Mb
ညနေ – မျိုးကြီး @ MAMC.mp3 3.0Mb
ငါတို့ခရီးစဉ် – မျိုးကြီး @ MAMC.mp3 7.3Mb
ဆန့်ကျင်ဘက် – မျိုးကြီး @ MAMC.mp3 3.8Mb
ဆက်ရန်မရှိ – မျိုးကြီး @ MAMC.wma 3.0Mb
ငါ့ရဲ့ဘုရင်မ – မျိုးကြီး @ MAMC.mp3 4.3Mb
ငြီးငွေ့ပြီ – မျိုးကြီး @ MAMC.mp3 5.9Mb
ဒီကစောင့်နေသူ – မျိုးကြီး @ MAMC.mp3 4.0Mb
ဆက်လျှောက် – မျိုးကြီး @ MAMC.mp3 6.7Mb
နှလုံးသားရဲ့အသိုက်တစ်ခုစီသို့ – မျိုးကြီး @ MAMC.mp3 4.4Mb
ဓါတ်ပြားဟောင်းကြီး – မျိုးကြီး @ MAMC.mp3 5.1Mb
နိစ္စဒူဝ – မျိုးကြီး @ MAMC.mp3 3.6Mb
နားခိုရာ – မျိုးကြီး @ MAMC.mp3 3.5Mb
ဖန်ဆင်းရှင် – မျိုးကြီး @ MAMC.mp3 4.2Mb
နူးညံစွာပြောင်းလဲခြင်း – မျိုးကြီး @ MAMC.mp3 4.6Mb
ပြန်ရဦး မလား – မျိုးကြီး @ MAMC.mp3 5.0Mb
ပြန်လာချိန်လေး – မျိုးကြီး @ MAMC.mp3 6.3Mb
နားနားပြီးပြော – မျိုးကြီး @ MAMC.mp3 7.1Mb
မိန်းမရိုင်းလား – မျိုးကြီး @ MAMC.mp3 3.9Mb
မင်းငြင်းပယ်ပြီးနောက် – မျိုးကြီး @ MAMC.mp3 4.1Mb
မင်းသိဖို့ကောင်းတယ် – မျိုးကြီး @ MAMC.MP3 4.7Mb
မနက်ခင်းတစ်ခုမွေးဖွားခြင်း – မျိုးကြီး @ MAMC.mp3 5.3Mb
ဘာအကြောင်းကြောင့် – မျိုးကြီး @ MAMC.mp3 4.8Mb
မသိခြင်းအချစ် – မျိုးကြီး @ MAMC.mp3 5.0Mb
မီးပြတိုက် – မျိုးကြီး @ MAMC.mp3 2.2Mb
မလာပါနဲ့ – မျိုးကြီး @ MAMC.mp3 9.2Mb
ရင်ခုန်စရာရှုခင်း – မျိုးကြီး @ MAMC.mp3 2.9Mb
မှားယွင်းပြီ – မျိုးကြီး @ MAMC.mp3 3.9Mb
မာယာအတွက်သင်ခန်းစာ – မျိုးကြီး @ MAMC.mp3 4.5Mb
မိုး – မျိုးကြီး @ MAMC.mp3 5.1Mb
ယဉ်ယဉ်လေးပဲ – မျိုးကြီး @ MAMC.mp3 5.3Mb
ရှာလိုက်ဦး – မျိုးကြီး @ MAMC.wma 2.1Mb
ရိုးရှင်းသောဘ၀ရဲ့ပျော်ရွှင်မှု – မျိုးကြီး @ MAMC.mp3 3.1Mb
မျက်ဝန်းသစ် – မျိုးကြီး @ MAMC.mp3 7.5Mb
ရန်သူ ၁၀၀၀ – မျိုးကြီး @ MAMC.mp3 5.2Mb
လက်ခံပေးပါ – မျိုးကြီး @ MAMC.mp3 4.7Mb
ရင်ခုန်သံ အရင်းနှီးဆုံး – မျိုးကြီး @ MAMC.mp3 5.7Mb
လမိုက်ည – မျိုးကြီး @ MAMC.mp3 5.7Mb
သခင့်ရဲ့သိုး – မျိုးကြီး @ MAMC.mp3 1.8Mb
ရန်ကုန်ယူနိုက်တက် – မျိုးကြီး @ MAMC.mp3 8.6Mb
သဘာဝရဲ့လက်ဆောင် – မျိုးကြီး @ MAMC.mp3 4.1Mb
သတိရလိုက်ပါ – မျိုးကြီး @ MAMC.mp3 3.9Mb
အချစ်ရဲ့ပုံရိပ် – မျိုးကြီး @ MAMC.mp3 4.4Mb
သူစိမ်းတစ်ယောက် – မျိုးကြီး @ MAMC.mp3 5.0Mb
အခမ်းနားဆုံးအချစ် – မျိုးကြီး @ MAMC.mp3 5.8Mb
လွမ်းတယ့်စိတ် – မျိုးကြီး @ MAMC.mp3 5.2Mb
သီချင်း တစ်ပုဒ်ပြီးဆုံးခြင်း – မျိုးကြီး @ MAMC.mp3 6.0Mb
အချိန်မတိုင်ခင် – မျိုးကြီး @ MAMC.mp3 2.7Mb
အစိမ်းရောင်လမ်း – မျိုးကြီး @ MAMC.wma 2.2Mb
အတိတ်ရဲ့နွေ – မျိုးကြီး @ MAMC.mp3 3.9Mb
အဆိပ်ခွက် – မျိုးကြီး @ MAMC.mp3 3.9Mb
အချစ်တွေမရပ် နိုင်ဘူး – မျိုးကြီး @ MAMC.mp3 6.2Mb
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် – မျိုးကြီး @ MAMC.mp3 8.2Mb
အပြစ်တစ်ခု ဖန်ဆင်း – မျိုးကြီး @ MAMC.mp3 4.3Mb
အပြန်လမ်း – မျိုးကြီး @ MAMC.mp3 4.9Mb
အပြာရောင်ည – မျိုးကြီး @ MAMC.mp3 3.5Mb
အမိုက်မပစ်နဲ့ – မျိုးကြီး @ MAMC.wma 1.9Mb
အလင်းရောင်လေး – မျိုးကြီး @ MAMC.mp3 2.2Mb
အမုန်းရဲ့ကျေးကျွန် – မျိုးကြီး @ MAMC.wma 2.4Mb
အလွမ်းည – မျိုးကြီး @ MAMC.wma 1.5Mb
အရင်အတိုင်းပဲမင်းကိုချစ်တယ် – မျိုးကြီး @ MAMC.mp3 4.5Mb
အိပ်ဖန်စောင့် – မျိုးကြီး @ MAMC.mp3 4.6Mb
အပြာရောင်အချစ်ည ( DJ Wine Synthetic Remix ) – မျိုးကြီး @ MAMC.mp3 12.4Mb
အာဒံ နဲ့ဧ၀ – မျိုးကြီး @ MAMC.mp3 1.6Mb
အမေ – မျိုးကြီး @ MAMC.mp3 3.3Mb
အရောင်ဆောင်အချစ်ဇတ်လမ်း – မျိုးကြီး @ MAMC.mp3 3.2Mb
အလွမ်းည – မျိုးကြီး @ MAMC.wma 1.5Mb
နေ့သစ်တွေရှိတယ် – မျိုးကြီး @ MAMC.wma 1.6Mb
ဆေး – မျိုးကြီး @ MAMC.mp3 3.3Mb
ဆေးပေးပါ – မျိုးကြီး @ MAMC.mp3 4.4Mb
ကျောက်စာများ – မျိုးကြီး @ MAMC.mp3 6.5Mb
နေမဝင်အချစ် – မျိုးကြီး @ MAMC.mp3 4.7Mb
နေခဲ့တော့ – မျိုးကြီး @ MAMC.mp3 5.1Mb
နောက်ထပ်ဆုံးရှုံးမှာကြောက်တယ် – မျိုးကြီး @ MAMC.mp3 5.6Mb
ရေအေးလေးတပေါက် – မျိုးကြီး @ MAMC.mp3 1.7Mb
မေ့လိုက်ပါ – မျိုးကြီး @ MAMC.mp3 3.4Mb
လောဘဒေါသ၂၅ – မျိုးကြီး @ MAMC.mp3 3.6Mb
မျှော်လင့်ချက်မဲ့ – မျိုးကြီး @ MAMC.mp3 4.4Mb
ပြေးလို့ကြိုပါ – မျိုးကြီး @ MAMC.mp3 5.5Mb
လေပြေ – မျိုးကြီး @ MAMC.mp3 4.9Mb
ပြေးလို့ကြိုပါ – မျိုးကြီး @ MAMC.mp3 5.5Mb
ပြောင်းလဲပေးတယ့်မိုး – မျိုးကြီး @ MAMC.mp3 5.9Mb
နေရောင်အောက်က အသက်ရှုသံများ – မျိုးကြီး @ MAMC.mp3 7.1Mb
လေပြည် – မျိုးကြီး @ MAMC.mp3 8.7Mb
ဝေး – မျိုးကြီး @ MAMC.mp3 9.6Mb

မျိုးကြီး Collection Part-1 ( 1 t0 15 )
မျိုးကြီး Collection Part-2 ( 16 t0 30 )
မျိုးကြီး Collection Part-3 ( 31 t0 45 )
မျိုးကြီး Collection Part-4 ( 46 t0 60)
မျိုးကြီး Collection Part-5 ( 61 t0 75 )
မျိုးကြီး Collection Part-6 ( 76 t0 90 )
IRON CROSS IC(ah Nge’ Collection ) အငဲ Collection Download Link
IRON CROSS IC(Lay Phyu’ Collection ) လေးဖြူ Collection Download Link 
 
 
  
လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်